Unicode
ဇနီးဖြစ်သူမှအိမ်အလုပ်မလုပ်ကူပဲဂိမ်းပဲဆော့နေလို့ဆဲဆိုနေသော်လည်း နေရာပြောင်းပြီးဂိမ်းအဆော့မပျက်ခဲ့သည့်ခင်ပွန်းသည်
ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများကိုအသုံးပြုသူများလာပြီးအွန်လိုင်းပေါ်ကဂိမ်းများကိုလည်းလူကြီးလူငယ်အတော်များများ ဆော့လာခဲ့ကြ၍
အချို့သောသူများမှာဂိမ်းဆော့ရင်းပိုက်ဆံရကာအောင်မြင်တဲ့သူဖြစ်လာကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှအမျိုးသားတစ်ဦးသည် ခေတ်စားနေသော
အွန်လိုင်းဂိမ်းတစ်ခုအားဆော့လိုက်မိရာစွဲသွားပြီးနောက်အလုပ်ထဲတွင်စိတ်မပါတော့သည့်အပြင်ဇနီးသည်ကိုလည်းအရင်လိုမျိူး ဂရုစိုက်ကြင်နာတာမျိုးမရှိတော့ပဲ
ဂိမ်းကိုသာဦးစားပေးပြီးအာရုံစိုက်ခဲ့သည်။ထို့နောက် ဇနီးဖြစ်သူသည် တစ်နေ့လုံး မနားရပဲ အိမ်အလုပ်တွေလုပ်ရကာ ခင်ပွန်းဖြစ်သူမှကူဖော်မရပဲ
ဂိမ်းကိုသာတစ်နေကုန်တစ်နေခန်းထိုင်ဆော့နေ၍ဇနီးဖြစ်သူမှစိတ်ပျက်လာကာတတွတ်တွတ်နှင့် ရွတ်နေခဲ့သည်။
ထိုစဉ် အမျိုးသားသည်သူ့အားဆူဆဲနေသောဇနီးသည်ပြောသမျှကို မကြားသလိုလုပ်ကာားမှပြန်မပြောပဲအခန်းထဲရှိဗီရိုပေါ်သို့တက်ထိုင်ကာ
ဖုန်းအားကုန်နေတာကိုမနားပဲအားသွင်းကြိုးကိုပလပ်ပေါက်လေးမှာထိုးထားရင်းဂိမ်းဆက်ဆော့နေခဲ့သည်။
နောက်ဆုံးတွင်ဇနီးဖြစ်သူသည် ပြောရင်းမောလာတာပဲအဖက်တင်သည့်အတွက် ဗီရိုပေါ်ကနေ ဆင်းပြီးအောက်မှာပဲ ဆော့ရန် ချော့မြူကာ ပြောဆိုခဲ့ရသည်။
Crd
Zawgyi
ဇနီးျဖစ္သူမွ အိမ္အလုပ္မလုပ္ကူပဲ ဂိမ္းပဲေဆာ့ေနလို႔ဆဲဆိုေနေသာ္လည္း ေနရာေျပာင္းၿပီး ဂိမ္းအေဆာ့မပ်က္ခဲ့သည့္ ခင္ပြန္းသည္
ယေန႔ေခတ္တြင္ မိုဘိုင္းဖုန္းမ်ားကို အသုံးျပဳသူမ်ားလာၿပီး အြန္လိုင္းေပၚကဂိမ္းမ်ားကိုလည္း လူႀကီးလူငယ္အေတာ္မ်ားမ်ား ေဆာ့လာခဲ့ၾက၍
အခ်ိဳ႕ေသာသူမ်ားမွာ ဂိမ္းေဆာ့ရင္းပိုက္ဆံရကာ ေအာင္ျမင္တဲ့သူျဖစ္လာၾကသည္။သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ ေခတ္စားေနေသာ
အြန္လိုင္းဂိမ္းတစ္ခုအား ေဆာ့လိုက္မိရာ စြဲသြားၿပီးေနာက္ အလုပ္ထဲတြင္ စိတ္မပါေတာ့သည့္အျပင္ ဇနီးသည္ကိုလည္း အရင္လိုမ်ိဴး ဂ႐ုစိုက္ၾကင္နာတာမ်ိဳးမရွိေတာ့ပဲ
ဂိမ္းကိုသာဦးစားေပးၿပီးအာ႐ုံစိုက္ခဲ့သည္။ထို႔ေနာက္ဇနီးျဖစ္သူသည္တစ္ေန႔လုံး မနားရပဲအိမ္အလုပ္ေတြလုပ္ရကာခင္ပြန္းျဖစ္သူမွ ကူေဖာ္မရပ
ဂိမ္းကိုသာတစ္ေနကုန္တစ္ေနခန္းထိုင္ေဆာ့ေန၍ ဇနီးျဖစ္သူမွစိတ္ပ်က္လာကာတတြတ္တြတ္ႏွင့္ ႐ြတ္ေနခဲ့သည္။
ထိုစဥ္အမ်ိဳးသားသည္သူ႔အားဆူဆဲေနေသာဇနီးသည္ေျပာသမွ်ကိုမၾကားသလိုလုပ္ကာဘားမွျပန္မေျပာပဲအခန္းထဲရွိဗီ႐ိုေပၚသို႔တက္ထိုင္ကာ
ဖုန္းအားကုန္ေနတာကို မနားပဲ အားသြင္းႀကိဳးကို ပလပ္ေပါက္ေလးမွာထိုးထားရင္း ဂိမ္းဆက္ေဆာ့ေနခဲ့သည္။
ေနာက္ဆုံးတြင္ ဇနီးျဖစ္သူသည္ ေျပာရင္းေမာလာတာပဲအဖက္တင္သည့္အတြက္ ဗီ႐ိုေပၚကေန ဆင္းၿပီးေအာက္မွာပဲ ေဆာ့ရန္ ေခ်ာ့ျမဴကာ ေျပာဆိုခဲ့ရသည္။
Crd