Unicode
ငါးအမိုင်နို သဘာဝ မြေအားဖြည့် မြေသြဇာအရည် ပြုလုပ်ခြင်း နှင့် အကျိုးရလာဒ်များ
၁။ နိဒါန်း ဈေးကွက်မှာအလွယ်တကူရနိုင်တဲ့ ဓါတ်မြေ မြေသြဇာတွေဟာ ငွေကုန် ကြေးကျများသလောက်တကယ်လည်း အသုံးပြုရလျင်မြန်လွယ်ကူပါတယ်။
သို့သော်ညားလည်း စနစ် တကျမသုံးတတ်လျင်သော်လည်း ကောင်း၊ ဆိုးပြစ်တွေကို မသိနားမလည်လို့မို့ အတိုင်းအဆ လွန်ကဲစွာသုံးမိလျှင်သော်လည်း ကောင်
း (ဥပမာယူရီးယားမြေသြဇာ)သုံးရင်သုံးသလောက်အကျိုးမခံစားရဘဲ ရေထဲလေထဲမှာ ဆုံးရှုံးသွားတတ်ယုံမျှမက လေထု ရေထု သဘာ ပတ်ဝန်းကျင် နဲ့
ဆက်စပ်ပြီး နောက်ဆက်တွဲပြသနာတွေ တွဲလျက် ကပ်ပါတတ်ပါတယ်။ဒီအတွက် Best Management Practices for Fertilizers (BMPF) လို့ခေါ်တဲ့
တွေထဲမှာဆိုရင် Indigenous Microorganisms (IMO) လို့ခေါ်တဲ့ သဘာဝအခြေခံ မြေဆီလွာ ကောင်းမွန်လာစေတဲ့ နည်းပညာတွေလအသုံးပြုပြီး
အပင်အတွက်ကျွေးလိုက်တဲ့ အစာအဟာရဓါတ်များ လေထဲရေထဲကို ဆုံးရှုံးပျောက်ကွယ်ခြင်းနဲ့ အဆိုပါဆုံးရှုံးခြင်းမှ နောက်ဆက်တွေ
လေထုရေထုညစ်ညမ်းမှုပြဿနာများကိုလျှော့ချနိုင်ပါတယ်။ဒီနည်းတွေထဲကမှ ဒေသအကျိုးပြုအဏုဇီဝပိုးတွေကိုမြေထဲမှာ
မွေးမြူကြီးပွားလာအောင်ပြုလုပ်ခြင်းနဲ့ Fish Amino Acid (FAA)လို့ ခေါ်တဲ့ငါးအမိုင်နိုအက်ဆစ်အသုံးပြုခြင်းစတဲ့နည်းတွေလဲ အပါအဝင်ဖြစ်ပါတယ်။
၂။ ငါးအမိုင်နိုအက်ဆစ်ဆိုတာဘာပါလိမ့် ၁၉၈၀ ခုနှစ်လောက်ကတည်းကစိုက်ပျိုးရေးလောကမှာFish emulsion လို့ ခေါ်တဲ့ငါးအဆီကို အခြေခံထားတဲ့
ငါးမြေသြဇာဟာအစေ့ပေါက်နှုံး အသီးတင်နှုံးနဲ့ မြေထဲကအကျိုးပြုအဏုဇီဝတွေရဲ့ဇီဝလုပ်ငန်းတွေကို ကောင်းစေတယ်ဆိုတာကို လက်ခံထားပြီးဖြစ်ပါတယ်။
၎င်း ငါးကြေးဆီမြေသြဇာနဲ့အလားတူအခြားသဘာဝမြေသြဇာကတော့ ငါးအမိုင်နိုအက်ဆစ်ပဲ ဖြစ်ပါတယ်။ငါးအမိုင်နိုဟာအထူး အဆန်းကြီးမဟုတ်ပါဘူး။
ငါးအစိမ်းရဲ့ ဘေးထွက်တွေဖြစ်တဲ့ ပါးဟက်အကြေးခွံ အဆီဖောင်း အူတွေ ရေယက်တောင်တွေကိုသကြားညိုနဲ့ ရောပြီး အချဉ်ဖောက်ထားတဲ့အရည်ပုံစံမြေသြဇာပါပဲ။
သူ့ကိုချည်းလဲသုံးလို့ရသလိုအခြားဓါတုရွက်ဖျန်းမြေသြဇာရည်တွေနဲ့ အတူရောစပ်သုံးနိုင်ပါတယ်။အဲ့လို ရောသုံးခြင်းဖြင့် အထက်မှာပြောခဲ့သလို
အပင်ကမရလိုက်ဘဲ လေထဲရေထဲကို ဆုံးရှုံးသွားမယ့် ဓါတ်မြေသြဇာတွေကိုမဆုံးရှုံးတော့စေတော့ပဲအပင်စုပ်ယူမှု ပိုမိုအားကောင်းစေပြီး ဓါတ်မြေသြဇာ
အသုံးပြုမှု နှုံးထားတွေလဲ လျှော့ချသုံးစွဲလာနိုင်လို့အကုန်အကျ သက်သာစေမယ့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုပါ သက်သာစေမှာဖြစ်ပါတယ်။
၃။ ငါးအမိုင်နိုကိုဘယ်လိုလုပ်ရမှာပါလိမ့်ထမင်းကိုသကြားနဲ့နယ်ပြီးသိုးသွားအောင်ထားရပါမယ် မှိုတွေအရောင်စုံတက်ပြီး
အရည်တရွဲရွဲရလာတော့မငါးအမိုင်နိုစလုပ်ပါမယ်)ငါးတစ်ကောင်ရဲ့မစားရတဲ့အစိတ်အပိုင်းအားလုံးကိုငါးအမိုင်နိုလုပ်ဖို့အသုံးပြုနိုင်ပါတယ်။
ငါး တစ်ပိဿာကိုသကြားညိုတပိဿာ(ငါးသကြားဆတူရောရန်) နဲ့ရောရမှာဖြစ်ပါတယ်။ကိုယ်ကဘာနဲ့ ထဲ့အချဉ်ဖောက်မလဲဆိုတာအရင်ပြင်ထားရပါမယ်။
ပလပ်စတစ၊ စဉ့်မြေအိုး ဘာမဆိုအကုန်သုံးလို့ရပါတယ်။ ကန်သို့မဟုတ် စည်ပိုင်းရဲ့ အောက်မှာ အုတ်ခဲလို ခဲလိုအရာတွေလဲ ထားရပါတယ်
လေဝင်လေထွက်ကောင်းဖို့နဲ့ အချည်ပေါက်လာပြီး နောက်ပိုင်းထွက်လာမယ့် အရည် စတာတွေကို အလွယ်တကူယူလို့ ရတာပေါ့။ စ စ ဦးဆုံး စမ်းမယ့်
သူတွေအနေနဲ့ကတော့ ယူပီဂျီ ပတ်ကေးပုံးလိုဟာမျိုးဆို အနေတော်ပါပဲ။ားလုံးအဆင်သင့်ဖြစ်ပီဆိုရင်တော့ ငါးနဲ့ သကြားကို တလှည့်စီသူ့အလွှာနဲ့
သူ စောစောက ကျောက်ခဲအုတ်ခဲကျိုးတွေပေါ်မှာ ပြင်ပါမယ်။ ကန်သို့မဟုတ် စည်ပိုင်းနဲ့ အပြည့်ရအောင် လုပ်နိုင်ရင်ပိုကောင်းပါတယ်။ နောက်ဆုံးအလွှာက
ငါးမဖြစ်ရပါဘူး။သကြားလွှာပဲ ဖြစ်ရပါမယ်။ ငါးတွေကို ပေါ်မနေစေအောင် သတိထားပြီး သကြားနဲ့ လိုက်ဖုံးပါမယ်နော်။ အားလုံးပြီးသွားရင်
IMO လို့ခေါ်တဲ့ထမင်းသိုးဟင်းသိုးတွေကိုရဖျော်ပြီးပဲ ဖြစ်ဖြစ် သူ့အတိုင်းတိုင်းပဲဖြစ်ဖြစ် အပေါ်ကနေ ဝဲလိုက်ပါ။
အဝတ်စနဲ့အုပ်လို့ ရပါပြီယင်ကောင်တွေနဲ့အခြားပိုးတေ မဝင်ယုံပါပဲ။ လေဝင် လေထွက်ရှိနေအောင် ပုဆိုးစုတ် စသည်နဲ့ အုပ်ပြီး နေရောင်တိုက်ရိုက်မထိတွေ့
တဲ့ နေရာမှာထားလိုက်ပါတော့ သုံးလေးငါးရက် ကြာတဲ့အခါမှာတော့ ငါးတွေစပြီး ရိရွဲလာပါပြီ။ အသုံးပြုလိုက်တဲ့ ငါးဖတ်တွေရဲ့ ဆိုဒ်နဲ့ ရေယက်တောင်တွေ
ကြေးခွံတွေ သုးခဲ့သလား ငါးနုပ်လား ငါးကြီးလားဆိုတာတွေမှာ မူတည်ပြီး နှစ်လကနေ ခြောက်လလောက်ထိကြာမှ အသုံးပြုဖို့ အသင့်အနေအထားကို ရောက်ပါတယ်။
အနံလေးက ချိုအီအီနဲ့ငါးမုန့်ကြော်အနံလေးဖြစ်လာပါမယ်။ အရည်တွေပဲ စစ်ယူပြီးတော့ ပုလင်း ဗူးတွေနဲ့ ပြောင်းယူထဲ့ပြီး အသုံးပြုနိုင်ပါတယ်။ အဖတ်တွေကို
နောက်အသုတ် ငါးအမိုင်နိုလုပ်တဲ့အခါ ထမင်းသိုးအစား IMO သို့မဟုတ် မြေဆွေးပုံတဲ့အခါ Enhancer အဖြစ် သုံးနိုင်ပါတယ်။
၄။ ငါးအမိုင်နိုကို ဘယ်လို သုံးရမှာပါလိမ့် ငါးအမိုင်နိုကို ယူရီးယားလိုပဲ အပင်ရဲ့ ကြီးထွားမှုကာလအတွင်း အားဆေးအနေနဲ့ သုံးနိုင်ပါတယ်။ ပန်းပွင့်လုဆဲဆဲ
အသီးသီးလုဆဲဆဲမှာ မသုံးရပါဘူး။ ငါးအမိုင်နို တစ်ဆ ရေ အဆ တစ်ထောင် (၁:၁၀၀၀) ရောပြီး သုံးရပါမယ်။ ယူရီးယားလိုပဲ နေပြင်းပြင်ပူနေချိန် မဖျန်းရပါဘူး။
Crd
Zawgyi
ငါးအမိုင္ႏို သဘာဝ ေျမအားျဖည့္ ေျမၾသဇာအရည္ ျပဳလုပ္ျခင္းႏွင့္အက်ိဳးရလာဒ္မ်ား
၁။ နိဒါန္း ေဈးကြက္မွာ အလြယ္တကူရႏိုင္တဲ့ဓါတ္ေျမ ေျမၾသဇာေတြဟာ ေငြကုန္ ေၾကးက်မ်ားသေလာက္တကယ္လည္း အသုံးျပဳရ လ်င္ျမန္လြယ္ကူပါတယ္။
သို႔ေသာ္ညားလည္းစနစ္တက်မသုံးတတ္လ်င္ေသာ္လည္း ေကာင္း၊ ဆိုးျပစ္ေတြကို မသိနားမလည္လို႔မို႔ အတိုင္းအဆ လြန္ကဲစြာသုံးမိလွ်င္ေသာ္လည္း ေကာင္
း (ဥပမာ ယူရီးယားေျမၾသဇာ)သုံးရင္သုံးသေလာက္အက်ိဳးမခံစားရဘဲ ေရထဲေလထဲမွာဆုံးရႈံးသြားတတ္ယုံမွ်မက ေလထု ေရထု သဘာ၀ ပတ္၀န္းက်င္ နဲ႔
ဆက္စပ္ၿပီး ေနာက္ဆက္တြဲျပသနာေတြ တြဲလ်က္ ကပ္ပါတတ္ပါတယ္။ဒီအတြက္ Best Management Practices for Fertilizers (BMPF) လို႔ေခၚတဲ့
ေတြထဲမွာဆိုရင္ Indigenous Microorganisms (IMO) လို႔ေခၚတဲ့ သဘာ၀အေျခခံ ေျမဆီလြာ ေကာင္းမြန္လာေစတဲ့ နည္းပညာေတြလအသုံးျပဳၿပီး
အပင္အတြက္ေကြၽးလိုက္တဲ့ အစာအဟာရဓါတ္မ်ား ေလထဲေရထဲကို ဆုံးရႈံးေပ်ာက္ကြယ္ျခင္းနဲ႔ အဆိုပါဆုံးရႈံးျခင္းမွ ေနာက္ဆက္ေတြ
ေလထုေရထုညစ္ညမ္းမႈ ျပႆနာမ်ားကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒီနည္းေတြထဲကမွ ေဒသအက်ိဳးျပဳအဏုဇီ၀ပိုးေတြကို ေျမထဲမွာ
ေမြးျမဴႀကီးပြားလာေအာင္ျပဳလုပ္ျခင္းနဲ႔ Fish Amino Acid (FAA)လို႔ ေခၚတဲ့ ငါးအမိုင္ႏိုအက္ဆစ္အသုံးျပဳျခင္း စတဲ့ နည္းေတြလဲ အပါအ၀င္ျဖစ္ပါတယ္။
၂။ ငါးအမိုင္ႏို အက္ဆစ္ဆိုတာ ဘာပါလိမ့္ ၁၉၈၀ ခုႏွစ္ေလာက္ကတည္းက စိုက္ပ်ိဳးေရးေလာကမွာ Fish emulsion လို႔ ေခၚတဲ့ ငါးအဆီကို အေျခခံထားတဲ့
ငါးေျမၾသဇာဟာ အေစ့ေပါက္ႏႈံး၊ အသီးတင္ႏႈံးနဲ႔ ေျမထဲက အက်ိဳးျပဳအဏုဇီ၀ေတြရဲ႕ ဇီ၀လုပ္ငန္းေတြကို ေကာင္းေစတယ္ဆိုတာကို လက္ခံထားၿပီးျဖစ္ပါတယ္။
၄င္း ငါးေၾကးဆီေျမၾသဇာနဲ႔ အလားတူ အျခား သဘာ၀ေျမၾသဇာကေတာ့ ငါးအမိုင္ႏိုအက္ဆစ္ပဲ ျဖစ္ပါတယ္။ ငါးအမိုင္ႏိုဟာ အထူး အဆန္းႀကီးမဟုတ္ပါဘူး။
ငါးအစိမ္းရဲ႕ ေဘးထြက္ေတြျဖစ္တဲ့ ပါးဟက္ အေၾကးခြံ အဆီေဖာင္း အူေတြ ေရယက္ေတာင္ေတြကို သၾကားညိဳနဲ႔ ေရာၿပီး အခ်ဥ္ေဖာက္ထားတဲ့ အရည္ပုံစံေျမၾသဇာပါပဲ။
သူ႔ကိုခ်ည္းလဲ သုံးလို႔ရသလို အျခား ဓါတု ႐ြက္ဖ်န္းေျမၾသဇာရည္ေတြနဲ႔ အတူေရာစပ္သုံးႏိုင္ပါတယ္။ အဲ့လို ေရာသုံးျခင္းျဖင့္ အထက္မွာေျပာခဲ့သလို
အပင္ကမရလိုက္ဘဲ ေလထဲေရထဲကို ဆုံးရႈံးသြားမယ့္ ဓါတ္ေျမၾသဇာေတြကိုမဆုံးရႈံးေတာ့ေစေတာ့ပဲ အပင္စုပ္ယူမႈ ပိုမိုအားေကာင္းေစၿပီး ဓါတ္ေျမၾသဇာ
အသုံးျပဳမႈ ႏႈံးထားေတြလဲ ေလွ်ာ့ခ်သုံးစြဲလာႏိုင္လို႔ အကုန္အက် သက္သာေစမယ့္အျပင္ သဘာ၀ပတ္၀န္းက်င္ထိခိုက္မႈကိုပါ သက္သာေစမွာျဖစ္ပါတယ္။
၃။ ငါးအမိုင္ႏိုကို ဘယ္လိုလုပ္ရမွာပါလိမ့္ (ထမင္းကို သၾကားနဲ႔ နယ္ၿပီး သိုးသြားေအာင္ထားရပါမယ္ မႈိေတြ အေရာင္စုံတက္ၿပီး
အရည္တ႐ြဲ႐ြဲရလာေတာ့မွ ငါးအမိုင္ႏို စလုပ္ပါမယ္) ငါးတစ္ေကာင္ရဲ႕ မစားရတဲ့ အစိတ္အပိုင္းအားလုံးကို ငါးအမိုင္ႏိုလုပ္ဖို႔ အသုံးျပဳႏိုင္ပါတယ္။
ငါး တစ္ပိႆာကို သၾကားညိဳ တပိႆာ (ငါးသၾကား ဆတူေရာရန္) နဲ႔ ေရာရမွာျဖစ္ပါတယ္။ ကိုယ္က ဘာနဲ႔ ထဲ့ အခ်ဥ္ေဖာက္မလဲဆိုတာ အရင္ျပင္ထားရပါမယ္။
ပလပ္စတစ၊ စဥ့္ေျမအိုး ဘာမဆိုအကုန္သုံးလို႔ရပါတယ္။ ကန္သို႔မဟုတ္ စည္ပိုင္းရဲ႕ ေအာက္မွာ အုတ္ခဲလို ခဲလိုအရာေတြလဲ ထားရပါတယ္
ေလ၀င္ေလထြက္ေကာင္းဖို႔နဲ႔ အခ်ည္ေပါက္လာၿပီး ေနာက္ပိုင္းထြက္လာမယ့္ အရည္ စတာေတြကို အလြယ္တကူယူလို႔ ရတာေပါ့။ စ စ ဦးဆုံး စမ္းမယ့္
သူေတြအေနနဲ႔ကေတာ့ ယူပီဂ်ီ ပတ္ေကးပုံးလိုဟာမ်ိဳးဆို အေနေတာ္ပါပဲ။ားလုံးအဆင္သင့္ျဖစ္ပီဆိုရင္ေတာ့ ငါးနဲ႔ သၾကားကို တလွည့္စီသူ႔အလႊာနဲ႔
သူ ေစာေစာက ေက်ာက္ခဲအုတ္ခဲက်ိဳးေတြေပၚမွာ ျပင္ပါမယ္။ ကန္သို႔မဟုတ္ စည္ပိုင္းနဲ႔ အျပည့္ရေအာင္ လုပ္ႏိုင္ရင္ပိုေကာင္းပါတယ္။ ေနာက္ဆုံးအလႊာက
ငါးမျဖစ္ရပါဘူး။သၾကားလႊာပဲ ျဖစ္ရပါမယ္။ ငါးေတြကို ေပၚမေနေစေအာင္ သတိထားၿပီး သၾကားနဲ႔ လိုက္ဖုံးပါမယ္ေနာ္။ အားလုံးၿပီးသြားရင္
IMO လို႔ေခၚတဲ့ထမင္းသိုးဟင္းသိုးေတြကိုရေဖ်ာ္ၿပီးပဲ ျဖစ္ျဖစ္ သူ႔အတိုင္းတိုင္းပဲျဖစ္ျဖစ္ အေပၚကေန ၀ဲလိုက္ပါ။
အ၀တ္စနဲ႔အုပ္လို႔ ရပါၿပီယင္ေကာင္ေတြနဲ႔အျခားပိုးေတ မ၀င္ယုံပါပဲ။ ေလ၀င္ ေလထြက္ရွိေနေအာင္ ပုဆိုးစုတ္ စသည္နဲ႔ အုပ္ၿပီး ေနေရာင္တိုက္႐ိုက္မထိေတြ႕
တဲ့ ေနရာမွာထားလိုက္ပါေတာ့ သုံးေလးငါးရက္ ၾကာတဲ့အခါမွာေတာ့ ငါးေတြစၿပီး ရိ႐ြဲလာပါၿပီ။ အသုံးျပဳလိုက္တဲ့ ငါးဖတ္ေတြရဲ႕ ဆိုဒ္နဲ႔ ေရယက္ေတာင္ေတြ
ေၾကးခြံေတြ သုးခဲ့သလား ငါးႏုပ္လား ငါးႀကီးလားဆိုတာေတြမွာ မူတည္ၿပီး ႏွစ္လကေန ေျခာက္လေလာက္ထိၾကာမွ အသုံးျပဳဖို႔ အသင့္အေနအထားကို ေရာက္ပါတယ္။
အနံေလးက ခ်ိဳအီအီနဲ႔ငါးမုန႔္ေၾကာ္အနံေလးျဖစ္လာပါမယ္။ အရည္ေတြပဲ စစ္ယူၿပီးေတာ့ ပုလင္း ဗူးေတြနဲ႔ ေျပာင္းယူထဲ့ၿပီး အသုံးျပဳႏိုင္ပါတယ္။ အဖတ္ေတြကို
ေနာက္အသုတ္ ငါးအမိုင္ႏိုလုပ္တဲ့အခါ ထမင္းသိုးအစား IMO သို႔မဟုတ္ ေျမေဆြးပုံတဲ့အခါ Enhancer အျဖစ္ သုံးႏိုင္ပါတယ္။
၄။ ငါးအမိုင္ႏိုကို ဘယ္လို သုံးရမွာပါလိမ့္ ငါးအမိုင္ႏိုကို ယူရီးယားလိုပဲ အပင္ရဲ႕ ႀကီးထြားမႈကာလအတြင္း အားေဆးအေနနဲ႔ သုံးႏိုင္ပါတယ္။ ပန္းပြင့္လုဆဲဆဲ
အသီးသီးလုဆဲဆဲမွာ မသုံးရပါဘူး။ ငါးအမိုင္ႏို တစ္ဆ ေရ အဆ တစ္ေထာင္ (၁:၁၀၀၀) ေရာၿပီး သုံးရပါမယ္။ ယူရီးယားလိုပဲ ေနျပင္းျပင္ပူေနခ်ိန္ မဖ်န္းရပါဘူး။
Crd