
Unicode

သန္တာကျောက်တန်းပေါ်တက်ထိုင်မိလို့ဘတ်၁သန်းနဲ့ ထောင် ၁၀ နှစ်ကျခံရနိုင်တဲ့ထိုင်းခရီးသွား

ထိုင်းပင်လယ်နဲ့ကမ်းရိုးတန်းသဘာဝအရင်းအမြစ် ဌာနကမျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ သန္တာကျောက်တန်း အပေါ်ထိုင်ခဲ့တဲ့ခရီးသွား

၁ ယောက်ကိုအရေးယူပေးဖို့ ရဲဌာနကိုတိုင်ကြားခဲ့ပါတယ်။ ဌာနက တာဝန်ရှိသူက အဆိုပါ ခရီးသွားရဲ့ ဖေ့ဘုတ်မှာ တင်ထားတဲ့ ဓါတ်ပုံကို သက်သေ အဖြစ် အသုံးပြုခဲ့ပါတယ်။

အဆိုပါ ခရီးသွားဟာ Sattahip ဒေသ၊ Koh Khram ရှိပင်လယ် ရေအောက်ကသန္တာကျောက်တန်း အပေါ်မှာ ထိုင်နေတာကို ဓါတ်ပုံရိုက်ကူးထားတာပါ။

ဓါတ်ပုံထဲကသန္တာကျောက်တန်းဟာ မျိုးတုံးလုနီးပြီ ဖြစ်ပြီး ထိုင်း ဥပဒေနဲ့ ကာကွယ်ထားတဲ့အတွက်အဲဒီလူကိုအရေးယူနိုင်တယ်လို့ ပြောပါတယ်

ခရီးသွားဟာ ပြစ်မှုထင်ရှားရင်ဒဏ်ငွေဘတ်၁သန်း ပေးဆောင်ရနိုင်သလို ထောင်၁၀နှစ်အထိကျခံရနိုင်ပါတယ်။ဒဏ်ငွေနဲ့ ထောင်ဒဏ်၂ခုစလုံးနဲ့လည်းရင်ဆိုင်ရနိုင်ပါတယ်။

အဆိုပါခရီးသွားဟာ နောက်ပိုင်းမှာ ရဲတွေနဲ့ တွေ့ဆုံခဲ့ပြီးသန္တာကျောက်တန်းတွေကို ပျက်ဆီးစေလိုတဲ့ ဆန္ဒ မရှိဘူးလို့ ပြောပြခဲ့ပါတယ်။

အဲဒီ ဓါတ်ပုံကို ပြီးခဲ့တဲ့ နှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့ကမှ ဖေ့ဘုတ် မှာ တင်ခဲ့တာပါ။

Crd

Zawgyi









Crd