ခုတစ်ခါမှာတော့ နမ်မီးဘီယားနိုင်ငံမြောက်ပိုင်းနှင့် အင်ဂိုလာနိုင်ငံ၊ ကူနေးနေး မြစ်တစ်ဖက်ကမ်းမှာ နေထိုင်ကြတဲ့ ဟင်မ်ဘာ လူမျိုးများအကြောင်းကို ဖော်ပြသွားမှာပါ။ အဲ့ဒီမျိုးနွယ်စုဟာဆိုရင် ယခုအခါမှာ
လူဦးရေ ၅၀၀၀၀ သာကျန်ရှိတော့တဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်ပါတယ်။ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးများဟာ တစ်နေရာတည်းမှာ အခြေချပြီး အမြဲနေထိုင်တာမျိုးမဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်ကြကာ တိရိစ္ဆာန်များမွေးမြူကြပါတယ်။ Bantu ဘာသာစကား အုပ်စုဝင် OtjiHimba စကားကိုပြောဆိုကြပါတယ်။
အဲ့ဒီလူမျိုးများကို နမ်မီးဘီယားနိုင်ငံရဲ့ နောက် ဆုံးကျန်ရှိနေတဲ့ ရွေ့ပြောင်းတစ်ပိုင်း၊ အခြေနေထိုင်ခြင်းတစ်ပိုင်း လူမျိုးစုအဖြစ် သတ်မှတ်ထားပါတယ်။ အိုဗယ်လ်ဟင်မ်ဘာများဟာ အဓိကအားဖြင့် မွေးမြူရေးနှင့် လယ်ယာလုပ်သားများဖြစ်ကြပြီး
အမြီးတုတ်သိုးနှင့် ဆိတ်များကို မွေးမြူကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ကျွဲ၊ နွား အရေအတွက်ဖြင့် တိုင်းတာကြပါတယ်။ ပြောင်းနှင့် မုယောကဲ့သို့ မိုးသီးနှံများကိုလည်း စိုက်ပျိုးကြပါတယ်။ တိရိစ္ဆာန်များကို နို့နှင့်အသားအတွက်မွေးမြူကြကာ အသားနှင့်နို့ကိုတော့ ပြောင်း၊ နှံစား၊ ကြက်ဥများနှင့် ရောနှော စားသုံးလေ့ရှိပါတယ်။
အဲ့အပြင် ဆေးဘက်ဝင် ပရဆေးပင်ရိုင်းများနှင့် ပျားရည်ကိုလည်း ထည့်စွက် စားသုံးကြတက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အိုဗယ်လ်ဟင်မ်ဘာတို့ဟာ အိမ်မွေးတိရိစ္ဆာန်များကို ငွေကြေးဖြင့် ရောင်းချတာမျိုးလည်း ရှိပါတယ်။
လယ်ယာ လုပ်ငန်း မဟုတ်သော လုပ်ငန်းများ၊ လုပ်ခလစာများ၊ ပင်စင်ကြေးများနှင့် အခြားငွေကြေး လွှဲပြောင်းမှုများဟာ အိုဗယ်လ်ဟင်မ်ဘာ လူမျိုးစုရဲ့ ဘဝနေထိုင်မှု အတွင်း သေးငယ်သော တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပါတယ်။ နမ်မီးဘီးယားအစိုးရက သက်ကြီး ပင်စင်ကြေး များ၊ မိုးခေါင်ရေရှားမှု အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိပါတယ်။
ဟင်မ်ဘာလူမျိုး အမျိုးသားများဟာ ဇနီးတစ်ယောက်ထက်ပို ယူလေ့ရှိကြပြီး ပျမ်းမျှအားဖြင့် ဟမ်ဘာအမျိုးသား တစ်ဦးဟာ ဇနီး နှစ်ယောက်နှင့် တစ်ပြိုင်တည်းပေါင်းသင်းနေထိုင်လေ့ရှိကြပါတယ်။
မိမိတို့ရဲ့ အိမ်ထောင်ဘက်များကို ကလေးဘ၀မှာကတည်းက ရွေးချယ် သတ်မှတ်တဲ့ ဓလေ့ကို ကျင့်သုံးကာ ဟင်မ်ဘာမိန်းကလေးငယ်များကတော့ ဖခင်များ ရွေးချယ်ပေးသူများနှင့် လက်ထပ်ကြရပါတယ်။
ဟင်မ် ဘာလူမျိုးများဟာ လူပျို အပျိုဖြစ်သည်နှင့် အိမ်ထောင်ပြုကြပြီး ၁၀ နှစ်အောက်အရွယ် မိန်းကလေးများကို အိမ်ထောင်ပြုခွင့်ထားသော်လည်း နမ်မီးဘီးယားဥပေဒအရ တရား၀င် ခွင့်ပြုခြင်းမရှိချေ။
ဟင်မ်ဘာတွေဟာ ယောက်ျားလေးများဆို အသက်အရွယ်ကို မကြည့်ဘဲ အိမ်ထောင်ကျလျှင် အရွယ်ရောက်ပြီဟု သတ်မှတ်ကြပြီး မိန်းကလေးများကိုမူ ကလေးတစ်ယောက်ရရှိချိန်ရောက်မှ အပြည့်အ၀ အရွယ်ရောက်သည့် မိန်းမ တစ်ဦးဟု အသိအမှတ် ပြုကြပါတယ်။ Creit
Zawgyi
ခုတစ္ခါမွာေတာ့ နမ္မီးဘီယားႏိုင္ငံေျမာက္ပိုင္းႏွင့္ အင္ဂိုလာႏိုင္ငံ၊ ကူေနးေနး ျမစ္တစ္ဖက္ကမ္းမွာ ေနထိုင္ၾကတဲ့ ဟင္မ္ဘာ လူမ်ိဳးမ်ားအေၾကာင္းကို ေဖာ္ျပသြားမွာပါ။ အဲ့ဒီမ်ိဳးႏြယ္စုဟာဆိုရင္ ယခုအခါမွာ
လူဦးေရ ၅၀၀၀၀ သာက်န္ရွိေတာ့တဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စု တစ္ခုျဖစ္ပါတယ္။ အိုဗယ္လ္ဟင္မ္ဘာ လူမ်ိဳးမ်ားဟာ တစ္ေနရာတည္းမွာ အေျခခ်ၿပီး အၿမဲေနထိုင္တာမ်ိဳးမဟုတ္ဘဲ ေ႐ႊ႕ေျပာင္းေနထိုင္ၾကကာ တိရိစာၦန္မ်ားေမြးျမဴၾကပါတယ္။ Bantu ဘာသာစကား အုပ္စုဝင္ OtjiHimba စကားကိုေျပာဆိုၾကပါတယ္။
အဲ့ဒီလူမ်ိဳးမ်ားကို နမ္မီးဘီယားႏိုင္ငံရဲ႕ ေနာက္ ဆုံးက်န္ရွိေနတဲ့ ေ႐ြ႕ေျပာင္းတစ္ပိုင္း၊ အေျခေနထိုင္ျခင္းတစ္ပိုင္း လူမ်ိဳးစုအျဖစ္ သတ္မွတ္ထားပါတယ္။ အိုဗယ္လ္ဟင္မ္ဘာမ်ားဟာ အဓိကအားျဖင့္ ေမြးျမဴေရးႏွင့္ လယ္ယာလုပ္သားမ်ားျဖစ္ၾကၿပီး
အၿမီးတုတ္သိုးႏွင့္ ဆိတ္မ်ားကို ေမြးျမဴၾကပါတယ္။ သူတို႔ရဲ႕ ပိုင္ဆိုင္မႈကို ကြၽဲ၊ ႏြား အေရအတြက္ျဖင့္ တိုင္းတာၾကပါတယ္။ ေျပာင္းႏွင့္ မုေယာကဲ့သို႔ မိုးသီးႏွံမ်ားကိုလည္း စိုက္ပ်ိဳးၾကပါတယ္။ တိရိစာၦန္မ်ားကို ႏို႔ႏွင့္အသားအတြက္ေမြးျမဴၾကကာ အသားႏွင့္ႏို႔ကိုေတာ့ ေျပာင္း၊ ႏွံစား၊ ၾကက္ဥမ်ားႏွင့္ ေရာေႏွာ စားသုံးေလ့ရွိပါတယ္။
အဲ့အျပင္ ေဆးဘက္ဝင္ ပရေဆးပင္႐ိုင္းမ်ားႏွင့္ ပ်ားရည္ကိုလည္း ထည့္စြက္ စားသုံးၾကတက္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ အိုဗယ္လ္ဟင္မ္ဘာတို႔ဟာ အိမ္ေမြးတိရိစာၦန္မ်ားကို ေငြေၾကးျဖင့္ ေရာင္းခ်တာမ်ိဳးလည္း ရွိပါတယ္။
လယ္ယာ လုပ္ငန္း မဟုတ္ေသာ လုပ္ငန္းမ်ား၊ လုပ္ခလစာမ်ား၊ ပင္စင္ေၾကးမ်ားႏွင့္ အျခားေငြေၾကး လႊဲေျပာင္းမႈမ်ားဟာ အိုဗယ္လ္ဟင္မ္ဘာ လူမ်ိဳးစုရဲ႕ ဘဝေနထိုင္မႈ အတြင္း ေသးငယ္ေသာ တစ္စိတ္တစ္ပိုင္းအျဖစ္ တည္ရွိေနပါတယ္။ နမ္မီးဘီးယားအစိုးရက သက္ႀကီး ပင္စင္ေၾကး မ်ား၊ မိုးေခါင္ေရရွားမႈ အေထာက္အပံ့မ်ားကို ပံ့ပိုးေပးလ်က္ရွိပါတယ္။
ဟင္မ္ဘာလူမ်ိဳး အမ်ိဳးသားမ်ားဟာ ဇနီးတစ္ေယာက္ထက္ပို ယူေလ့ရွိၾကၿပီး ပ်မ္းမွ်အားျဖင့္ ဟမ္ဘာအမ်ိဳးသား တစ္ဦးဟာ ဇနီး ႏွစ္ေယာက္ႏွင့္ တစ္ၿပိဳင္တည္းေပါင္းသင္းေနထိုင္ေလ့ရွိၾကပါတယ္။
မိမိတို႔ရဲ႕ အိမ္ေထာင္ဘက္မ်ားကို ကေလးဘ၀မွာကတည္းက ေ႐ြးခ်ယ္ သတ္မွတ္တဲ့ ဓေလ့ကို က်င့္သုံးကာ ဟင္မ္ဘာမိန္းကေလးငယ္မ်ားကေတာ့ ဖခင္မ်ား ေ႐ြးခ်ယ္ေပးသူမ်ားႏွင့္ လက္ထပ္ၾကရပါတယ္။
ဟင္မ္ ဘာလူမ်ိဳးမ်ားဟာ လူပ်ိဳ အပ်ိဳျဖစ္သည္ႏွင့္ အိမ္ေထာင္ျပဳၾကၿပီး ၁၀ ႏွစ္ေအာက္အ႐ြယ္ မိန္းကေလးမ်ားကို အိမ္ေထာင္ျပဳခြင့္ထားေသာ္လည္း နမ္မီးဘီးယားဥေပဒအရ တရား၀င္ ခြင့္ျပဳျခင္းမရွိေခ်။
ဟင္မ္ဘာေတြဟာ ေယာက္်ားေလးမ်ားဆို အသက္အ႐ြယ္ကို မၾကည့္ဘဲ အိမ္ေထာင္က်လွ်င္ အ႐ြယ္ေရာက္ၿပီဟု သတ္မွတ္ၾကၿပီး မိန္းကေလးမ်ားကိုမူ ကေလးတစ္ေယာက္ရရွိခ်ိန္ေရာက္မွ အျပည့္အ၀ အ႐ြယ္ေရာက္သည့္ မိန္းမ တစ္ဦးဟု အသိအမွတ္ ျပဳၾကပါတယ္။ Creit