သရဲရှိတယ်ဆိုတာ ယုံကြည်တဲ့သူတွေနဲ့ မယုံကြည်တဲ့သူတွေ ကြားမှာ ခေတ်အဆက်ဆက်က အငြင်းပွားဖွယ်ရာ ဓာတ်ပုံတွေ ဟိုးတုန်းကတည်းက ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ယုတ္ထိရှိတယ်/မရှိဘူး ငြင်းခဲ့ကြတာလည်း
အခုအချိန်ထိ ရပ်နားခြင်းမရှိ သေးပါဘူး။ ဒီတော့ ခေတ်အဆက်ဆက် အမိအရ မှတ်တမ်းတင်နိုင်ခဲ့တဲ့ သရဲဓာတ်ပုံနဲ့ ၎င်းတိုရဲ့ အသေးစိပ်အချက် အလတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Raynham Hall က အညိုရောင်မိန်းမပျို
ဒီဓာတ်ပုံကိုတော့ 1936 ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ နောဖော့ခ်မှာရှိတဲ့ Raynham Hallမှာရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ လှေကားပေါ်ကနေ ဆင်းလာတဲ့ သရဲမကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အဲဒီ မီးခိုးငွေ့ရောင် သရဲမဟာ Raynham Hall ရဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး Charles Townshend ရဲ့ ဇနီးDorothyTownshenဖြစ်တယ်လို့လည်းဆိုပါတယ်။ဓာတ်ပုံပြင်တဲ့ပညာလုံးဝမထွန်းကားသေးတဲ့ခေတ်မှာ ရိုက်ခဲ့တဲ့ ပုံမို့လို့လူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။
(၂) Freddy Jackson ပြန်လာပြီ
Freddy Jackson ဟာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဗြိတိသျှတော်ဝင်လေတပ်မှာ စက်ပြင်ရာထူးနဲ့ ဝင်ရောက်အမှုထမ်းခဲ့ပါတယ်။ 1919 ခုနှစ်မှာ သူတို့ရဲ့ တပ်စိပ် ရန်သူလေယာဉ်အုပ်ရဲ့ အလစ်ဝင်ရောက်
တိုက်ခိုက်ခံရပြီး Freddy Jackson လည်း ကျဆုံးခဲ့ပါတယ်။ အဲဒီနောက် နှစ်ရက်အကြာမှာ ရဲဘော်တွေ စုပေါင်းဓာတ်ပုံ ရိုက်ကြတော့ Freddy Jackson
ဟာ နောက်ဆုံးတန်းမှာ ခန့်ခန့်ကြီး ပါဝင်ခဲ့ပါတယ်။
(၃) လှေကားလက်တန်းပေါ်က သရဲမလေး
ဒီဓာတ်ပုံကိုတော့ 1966 ခုနှစ်မှာ ပင်စင်စားကြီး Ralph Hardy က အင်္ဂလန်၊ ဂရင်းဝှချ်မှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာရိုက်ခဲ့တာ ဖြစ်ပါတယ်။ လှေကားအောက်က မြင်ကွင်းကို မှတ်တမ်းတင်တာ ဖြစ်ပြီး
အလင်းရောင်လည်း မကောင်းပါဘူး။ ဒါပေမယ့် ဓာတ်ပုံကို ဆေးလိုက်တဲ့ အခါမှာတော့ လှေကားလက်တန်း ပေါ်ကနေ သရဲမလေးဆင်းလာတဲ့ပုံကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။
(၄) သင်္ချိုင်းဝက မိန်းမပျို
ဒီဓာတ်ပုံကိုတော့ အမေရိကန် သရဲသုတေသနအဖွဲဖြစ်တဲ့ Ghost Research Society(GRS) က 1991 သြဂုတ်လ 10 ရက်နေ့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
နေရာကနေ ချီကာဂိုမြို့အနီးက သင်္ချိုင်းတစ်ခုမှာဖြစ်ပြီး ပုံမှာ ပါဝင်တဲ့ သရဲမရဲ့ အဝတ်အစားပုံစံက 1920 ခုနှစ်ဝန်းကျင်က ကြေးရတတ်အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံဖြစ်ပါတယ်။
(၅) သံယောဇဉ်မပြတ်တဲ့ ဖိုးဖိုး
1997 ခုနှစ်မှာတုန်းက ဒီဓာတ်ပုံထဲမှာပါတဲ့ ဘွားဘွားရဲ့ အသက်က 94 နှစ် ရှိနေပါပြီ။ အဲဒီတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာနောက်က လူတစ်ယောက် ပါနေခဲ့တာကို 2000 ခုနှစ်ရောက်မှ
ကျန်ရစ်သူ သားသမီးတွေ မြေးတွေက သတိထားမိခဲ့တာပါ။ အဲဒီအချိန်မှာ ဘွားဘွားကလည်း ကွယ်လွန်ခဲ့ပါပြီ။ နောက်မှာ ရပ်နေတဲ့ လူက ဒီဓာတ်ပုံမရိုက်ခင် ဆယ်စုနှစ်လောက်တည်းက ဆုံးပါးခဲ့တဲ့ ခင်ပွန်းသည် ဖြစ်ပါတယ်။ Credit
Zawgyi
သရဲရွိတယ္ဆိုတာ ယုံၾကည္တဲ့သူေတြနဲ႔ မယုံၾကည္တဲ့သူေတြ ၾကားမွာ ေခတ္အဆက္ဆက္က အျငင္းပြားဖြယ္ရာ ဓာတ္ပုံေတြ ဟိုးတုန္းကတည္းက ေပၚထြက္ခဲ့ပါတယ္။ အဲဒီဓာတ္ပုံေတြဟာ ယုတၳိရွိတယ္/မရွိဘူး ျငင္းခဲ့ၾကတာလည္း
အခုအခ်ိန္ထိ ရပ္နားျခင္းမရွိ ေသးပါဘူး။ ဒီေတာ့ ေခတ္အဆက္ဆက္ အမိအရ မွတ္တမ္းတင္ႏိုင္ခဲ့တဲ့ သရဲဓာတ္ပုံနဲ႔ ၎တိုရဲ႕ အေသးစိပ္အခ်က္ အလတ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) Raynham Hall က အညိဳေရာင္မိန္းမပ်ိဳ
ဒီဓာတ္ပုံကိုေတာ့ 1936 ခုႏွစ္မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံ၊ ေနာေဖာ့ခ္မွာရွိတဲ့ Raynham Hallမွာ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး၊ ေလွကားေပၚကေန ဆင္းလာတဲ့ သရဲမကို အမိအရ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။
အဲဒီ မီးခိုးေငြ႕ေရာင္ သရဲမဟာ Raynham Hall ရဲ႕ ဂုဏ္ထူးေဆာင္ပုဂၢိဳလ္ႀကီး Charles Townshend ရဲ႕ ဇနီးDorothyTownshenျဖစ္တယ္လို႔လည္းဆိုပါတယ္။ဓာတ္ပုံျပင္တဲ့ပညာလုံးဝမထြန္းကားေသးတဲ့ေခတ္မွာ ႐ိုက္ခဲ့တဲ့ ပုံမို႔လို႔လူေတြၾကားမွာ ေရပန္းစားခဲ့ပါတယ္။
(၂) Freddy Jackson ျပန္လာၿပီ
Freddy Jackson ဟာ ဒုတိယကမာၻစစ္ျဖစ္ေတာ့ ၿဗိတိသွ်ေတာ္ဝင္ေလတပ္မွာ စက္ျပင္ရာထူးနဲ႔ ဝင္ေရာက္အမႈထမ္းခဲ့ပါတယ္။ 1919 ခုႏွစ္မွာ သူတို႔ရဲ႕ တပ္စိပ္ ရန္သူေလယာဥ္အုပ္ရဲ႕ အလစ္ဝင္ေရာက္
တိုက္ခိုက္ခံရၿပီး Freddy Jackson လည္း က်ဆုံးခဲ့ပါတယ္။ အဲဒီေနာက္ ႏွစ္ရက္အၾကာမွာ ရဲေဘာ္ေတြ စုေပါင္းဓာတ္ပုံ ႐ိုက္ၾကေတာ့ Freddy Jackson
ဟာ ေနာက္ဆုံးတန္းမွာ ခန႔္ခန႔္ႀကီး ပါဝင္ခဲ့ပါတယ္။
(၃) ေလွကားလက္တန္းေပၚက သရဲမေလး
ဒီဓာတ္ပုံကိုေတာ့ 1966 ခုႏွစ္မွာ ပင္စင္စားႀကီး Ralph Hardy က အဂၤလန္၊ ဂရင္းဝွခ်္မွာရွိတဲ့ အမ်ိဳးသားဇာတ္႐ုံမွာ႐ိုက္ခဲ့တာ ျဖစ္ပါတယ္။ ေလွကားေအာက္က ျမင္ကြင္းကို မွတ္တမ္းတင္တာ ျဖစ္ၿပီး
အလင္းေရာင္လည္း မေကာင္းပါဘူး။ ဒါေပမယ့္ ဓာတ္ပုံကို ေဆးလိုက္တဲ့ အခါမွာေတာ့ ေလွကားလက္တန္း ေပၚကေန သရဲမေလးဆင္းလာတဲ့ပုံကို မွတ္တမ္းတင္ထားႏိုင္ခဲ့ပါတယ္။
(၄) သခ်ႋဳင္းဝက မိန္းမပ်ိဳ
ဒီဓာတ္ပုံကိုေတာ့ အေမရိကန္ သရဲသုေတသနအဖြဲျဖစ္တဲ့ Ghost Research Society(GRS) က 1991 ၾသဂုတ္လ 10 ရက္ေန႔မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။
ေနရာကေန ခ်ီကာဂိုၿမိဳ႕အနီးက သခ်ႋဳင္းတစ္ခုမွာျဖစ္ၿပီး ပုံမွာ ပါဝင္တဲ့ သရဲမရဲ႕ အဝတ္အစားပုံစံက 1920 ခုႏွစ္ဝန္းက်င္က ေၾကးရတတ္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ပုံစံျဖစ္ပါတယ္။
(၅) သံေယာဇဥ္မျပတ္တဲ့ ဖိုးဖိုး
1997 ခုႏွစ္မွာတုန္းက ဒီဓာတ္ပုံထဲမွာပါတဲ့ ဘြားဘြားရဲ႕ အသက္က 94 ႏွစ္ ရွိေနပါၿပီ။ အဲဒီတုန္းက ႐ိုက္ခဲ့တဲ့ ဓာတ္ပုံမွာေနာက္က လူတစ္ေယာက္ ပါေနခဲ့တာကို 2000 ခုႏွစ္ေရာက္မွ
က်န္ရစ္သူ သားသမီးေတြ ေျမးေတြက သတိထားမိခဲ့တာပါ။ အဲဒီအခ်ိန္မွာ ဘြားဘြားကလည္း ကြယ္လြန္ခဲ့ပါၿပီ။ ေနာက္မွာ ရပ္ေနတဲ့ လူက ဒီဓာတ္ပုံမ႐ိုက္ခင္ ဆယ္စုႏွစ္ေလာက္တည္းက ဆုံးပါးခဲ့တဲ့ ခင္ပြန္းသည္ ျဖစ္ပါတယ္။ Credit