ကတုံးပြောင်သူတွေက အချစ်ရေးမှာစန်းပိုပွင့်ဟု ပညာရှင်များပြောကြား
လူတွေရဲ့အပြုအမူနဲ့သဘောသဘာဝတွေကို လေ့လာတဲ့ ဒေါက်တာ Albert E. Mannes ဦးဆောင်တဲ့ University of Pennsylvania သုတေသနအဖွဲ့ဟာ လူယောက်ျားတွေကို စံပြုထားပြီး စစ်တမ်း
အမျိုးမျိုး ကောက်ယူခဲရာမှာ ခေါင်းတုံးဆံပင်နဲ့ အမျိုးသားတွေဟာ အခြားဆံပင်နဲ့သူတွေထက် 13% အထိပိုပြီး အမျိုးသမီးတွေအပေါ် စွဲဆောင်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၎င်းတို့ဟာ အဲဒီစစ်တမ်းအတွက် အမျိုးသမီးပေါင်းများစွာကို ဓာတ်ပုံတွေပြကာ Vote လုပ်စေခဲ့ရာမှ အဆိုပါရလာဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင် အောက်ပါအချက်တွေမှာလည်း ခေါင်းတုံးနဲ့ အမျိုးသားတွေက သာမန်ဆပင်ရှိ အမျိုးသားတွေထက် ပိုကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
(၁) သြဇာကြီးသည်ဟု ယူဆခံရ
ခေါင်းတုံးနဲ့အမျိုးသားရဲ့ သွင်ပြင်လက္ခဏာဟာ အခြားအမျိုးသားတွေနဲ့ ယှဉ်ရင် သြဇာအာဏာ ပိုကြီးတယ်လို့ ဆိုပါတယ်။ ဒီမေးခွန်းအတွက် ဒီဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားတဲ့ ခေါင်းတုံးနဲ့
အမျိုးသားဓာတ်ပုံအပါအဝင် အခြားအမျိုးသား တွေရဲ့ ဓာတ်ပုံပုံစံကွဲ 24 ပုံကို ပူးတွဲဖော်ပြပြီး “မည်သူက သြဇာပိုကြီးသလဲ “ဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသမီးတွေဆီကနေ Vote ယူခဲ့ရမှာ ခေါင်းတုန်းနဲ့အမျိုးသားဟာ အခြားအမျိုးသားတွေထက် မဲအပြတ်အသတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
(၂) ပိုပြီးခန့်ညားတယ်လို့ ယူဆခံရတယ်
အထက်ပါနည်းအတိုင်း ဓာတ်ပုံလေးပုံကို အမျိုးသမီးတွေထံ Vote တောင်းရာမှာလည်း ရုပ်ရည်ခန့်ညားမှုအပိုင်းမှာ ခေါင်းတုံးနဲ့အမျိုးသားဟာ အမျိုးသမီးတွေရဲ့ ရွေးချယ်မှုမှာ 38% နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
(၃) ယောက်ျားပိုပီသတယ်လို့ ယူဆခံရ
အရွယ်ရောက်ပြီး အမျိုးသမီး (၅၀၀) ကို ဆက်လက် စစ်တမ်းကောက်ယူရာမှာလည်း ခေါင်းတုံးနဲ့အမျိုးသားတွေကသာ အပြတ်အသတ် အသာရခဲ့ပါတယ်။ ထင်မြင်ချက်တွေကို ပူတွဲဖော်ပြနိုင်တဲ့ အဲဒီအစီအစဉ်မှာတော့ ခေါင်းတုံးနဲ့အမျိုးသားတွေဟာ
အခြားယောက်ျားများထက် ယောက်ကျားပီသမှု၊ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း၊ ခေါင်းဆောင်ဖြစ်နိုင်မယ့် ဥပဓိ၊ အားအင်နဲ့ပြည့်စုံမှုတွေမှာ အမျိုးသမီးတွေရဲ့ မှတ်ချက်ပိုပြီး ရခဲ့တယ်လို့ သိရပါတယ်။ Credit
Zawgyi