Unicode
“ပုတက်လေးတွေကိုမသတ်ကြပါနဲ့”၁နှစ်မှာ၁ကြိမ်သာပျော်ရွှင် ရတာမို့လွတ်လပ်ခွင့်လေး ပေးပါ
“ပုတက်လေး တွေကိုမသတ်ကြပါနဲ့”
၁နှစ်မှာ ၁ကြိမ်သာပျော်ရွှင်ရတာမို့လွတ်လပ်ခွင့်လေး ပေးပါ
မိုးဦးကျ တာနဲ့ ပျော်ခဲ့ရ ပေမဲ့မင်းတို့ရဲ့ချိုပေစွဟင်းချိုတစ်ခွက်အဖြစ်ငါတို့ရဲ့အပျော်တွေကိုစွန့်လွှတ်ခဲ့ရတယ်
ငါတို့ရဲ့ရင်ကိုခွဲမီးကြီးခဲရဲရဲပေါ်မှာငါတို့တစ်တွေရဲ့သွေးစက် တွေခြောက်ကပ်ခဲ့ရတယ်…
မင်းတို့တွေတုတ်လက်နက်အစုံနဲ့လာရင်ငါ့တို့အသိုက်အမြုံစီ အပြေးအလွှား ဝင်ပြီး ပုန်းခိုခဲ့ရတယ်
လူဆိုတဲ့မင်းတို့ဟာအသိဉာဏ်ရှိတော့ငါတို့ရဲ့ ပုန်းခိုကျင်းလေးဟာမကာကွယ်နိုင်ခဲ့ဘူးလေ အပြေးအလွှား ဆော့ကစားချင်တဲ့ ငါတို့မှာ ရန်ငြိုးမရှိပဲအသက်အဖျက်ခံနေရတယ်
မင်းတို့ရဲ့ ခြေသံတွေ ကြားရင်ငါတို့ တွေနှလုံးသားတွေ ကြောက်ရွံ့နေ ရရှာတယ်
မင်းတို့သတ်ကွင်းမလွှတ်မှန်းသိလျှက်ငါတို့တွေရုန်းကန် ပြေးလွှားခဲ့ရတယ်
ရရှိတဲ့ဘဝလေးမှာငါတို့လဲလွတ်လပ် ပျော်ရွှင်စွာ နေချင်တာပေါ့အိုမိတ်ဆွေတို့ရယ်…။
ဒီစာကိုဖတ်ပြီးအသိတရား ရ၍မသတ်ဖြတ်ပဲ ရှောင်ရှားနိုင်ကြပါစေ…။
Crd
Zawgyi
Crd