
Unicode

”အမြဲတမ်း ငွေမပြတ် စေတဲ့ “ယတြာ”ဆရာကြီးမင်းသိင်္ခ ရဲ့ ပညာရပ်များ ထဲကတင်ပြ လိုက်တာ ဖြစ်ပါ တယ်

ဆရာကြီးမင်းသိင်္ခရဲ့ပညာရပ်များထဲကတင်ပြလိုက်တာဖစ်ပါတယ်အမြဲတမ်း ငွေမပြတ်စေတဲ့ ယတြာ နှင့် ဈေးဆိုင် အရောင်းဆိုင်မှာဧည့်သည်စည်ကားစေရန် ယတြာ တွေ

ငွေဖလားဒါမှမဟုတ်ကြေးဖလားတစ်လုံးထဲမှာ ငွေစက္ကူထဲကတန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက် ကိုဖြန့်ခင်းထား လိုက်ပါ ကိုယ်တတ်နိုင်တဲ့ငွေစက္ကူအတိုင်းအတာနဲ့တွက်ပြီးထည့်နိုင်ပါတယ်၊

တတ်နိုင် တဲ့လူအတွက်ကတော့တစ်သောင်းတန်ပေါ့၊ဒေါ်လာနဲ့အလုပ်လုပ် နေသူဆိုရင်တော့ ဒေါ်လာထည့်ပေါ့ ပြီးရင်အဲဒီငွေစက္ကူထည့်ထားတဲ့ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်းထည့်ပါ ။

ရေစက်ခွက်ထဲကို ရေစက်ချတဲ့အခါလောင်းသလိုမျိုးလောင်းထည့်ပါရလောင်းနေတဲ့အချိုန်မှာဂုဏ်တော်၉ပါးကို၉ ခေါက်ပြည့်အောင်ရွတ်နေပါ

ပြီးတာနဲ့ရေမြုပ်နေတဲ့ ငွေစက္ကူပေါ်ကိုခေါင်းလောင်းတစ်လုံးတင်ထားလိုက်ပါ မကြာခဏအဲဒီခေါင်းလောင်းကိုယူပြီးတီးပါ၊ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်းဂုဏ်တော်၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်ပါ။

အဲဒီဓါတ် ဆင်ထားတဲ့ ငွေစက္ကူထည့် ထားသောဖလားနဲ့ခေါင်းလောင်းကိုဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာတင်ထားပါ။

အဲဒ ီငွေဓါတ်ဆင်တာကိုလုပ်ရမယ့် အချိန်ကတနင်္လာနဝင်းစီးနေ တဲ့အချိန်မှာလုပ်ရပါမယ်တနင်္လာနဝင်းစီးတဲ့ အချိန်တွေကတော့၊

တနင်္ဂနွေနေ့ဆိုရင်

နေ့လည်၁နာရီခွဲမှ၃နာရီအတွင်း၊

တနင်္လာနေ့ဆိုရင်

နံက် ၉ နာရီမ၁၀နာရီခွဲအတွင်း

အင်္ဂါနေ့ဆိုရင်

ညနေ၃ ာရီမှ၄နာရီခွဲအတွင်း၊

ဗုဒ္ဓဟူးနေ့ဆိုရင်

နံက် ၁၀ နာရီခွဲမှ၁၂ နာရီအ တွင်း၊

ကြာသပတေးနေ့

ဆိုရင် နံက် ၆ နာရီ မှ၇နာရီခွဲ အတွင်း၊

သောကြာနေ့ဆိုရင်

မွန်းလွဲ ၁၂ နာရီမှ၁ နာရီခွဲအတွင်း၊

စနေနေ့ဆိုရင်

နံက်၇နာရီခွဲ မှ၉နာရီအတွင်း၊

တနင်္လာနဝင်းစီးတဲ့အချိန်ဟာအချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ညဦးပိုင်းတွေမှာလည်းရှကြပေမယ့်လည်း နေရောင်ရှိသောအချိန်များမှာသာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲထက်ကျော်ပြီးမလုပ်သင့်ပါ၊

ဒါဆို ငွေ နဲ့လက်နဲ့မပြတ်တော့ဘူးပေါ့အားလုံးငွေမပြတ်ဝင်ပြီးအဆင်ပြေကြပါစေ။

ဈေးဆိုင် အရောင်းဆိုင် မှာဧည့်သည်စည်ကားစေရန်

အရောင်းအဝယ် ပွင့်လန်းစေရန် ကြေးဖလားသို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့ မျက်နှာစာကို ဖျန်းပတ်ပါလဧည့်သည်စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်းလာလိမ့်မည်။

Crd

Zawgyi









တနင်္ဂနွေနေ့ဆိုရင်


တနင်္လာနေ့ဆိုရင်

နံက်၉နာရီ မှ၁၀ နာရီခွဲ အတွင်း၊

အင်္ဂါနေ့ဆိုရင်

ညနေ၃နာရီ မှ၎ာရီခွဲအတွင်း၊

ဗုဒ္ဓဟူးနေ့ ဆိုရင်


ကြာသပတေးနေ့


သောကြာနေ့ ဆိုရင်


စနေနေ့ ဆိုရင်


တနင်္လာနဝင်းစီးတဲ့ အချိန်ဟာ အချို့နေ့တွေမှာ ဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေ မှာလည်းရှိကြပေမယ့် လည်း နေရောင်ရှိသောအချိန်များမှာသာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီးမလုပ်သင့်ပါ၊




Crd