မိသားစုတစ်နိုင်တစ်ပိုင်နဲ့စီပွားဖြစ်ရောင်းချလို့ရတဲ့ဆန်ချိုအေးပြုလုပ်နည်း

Unicode

ရင်ထဲကိုအေးဆန်ချိုအေးအေးလေး ခံတွင်းရှင်းလို့ ထမင်းစားပြီး သောက်ကြစို့

ပါဝင်ပစ္စည်းများ

ကောက်ညင်းဆန်နို့ဆီဘူး -၂ဘူး

ဆန်ချိုဆေးမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း) (ရန်ကုန်မှာဆိုရင် သံဈေးမှာ မေးဝယ်လို့ ရပါတယ် )

သကြား၂၅ကျပ်သား

ပြုလုပ်နည်း

ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်းအနေထားပေါင်းရပါမယ်။ပေါင်းပြီးအအေးခံကာရဆေးချပါ။

သန့်ရှင်းသောဆီကင်းသောအဝကျယ်ပုံးသို့ဘူးတခုတွင်ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင်ရေ ၅လီတာခန့်ထည့်ပါ။

ဆန်ချိုဆေးကိုပိတ်စပါးတခုဖြင့်ထုတ်ပြီး ရေစိမ်ထားသောကောက်ညှင်းဆန်အတွင်းထည့်ကာ ဆေးအရည်ပျော်ရန်အနည်းငယ်ခြေပေးပြီးအထက်အောက်မွေပါ။

အဖုံးလုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်ဖောက်ထားပါ ။ ရာသီဥတုပူနွေးပါက၁ရက်ခွဲခန့်တွင် ရပါပြီ ။

ဖောက်ထားသောကောက်ညင်းဆန်ဖတ်များရေပေါ်ပေါလောပေါ်လာပါကဆန်ချိုအေးပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။

ကောက်ညင်းဆန်ဖတ်လေးတွေ ဖျော်စပ်တဲ့အခါ ပိုပီး ပေါလောပေါ်စေချင်ရင်တော့သကြားရည်နဲ့အဆိုပါ ကောက်ညှင်းဆန်

ဖတ်ကိုရောပီး ပေါင်းအိုးထဲ ထည့်၊ အနွေးခလုတ်ကိုနှိပ်ပြီး၁၀နာရီလောက်ပစ်ထားလိုက်ပါ။

ဆန်ဖတ်လေးတွ ပေါလောပေါ်လာရင်ဆယ်ပြီး သကြားရည်၊ရေခဲ၊သံပုရာသီး၊ဂျင်း၊သဖန်းသီးခြောက်နှစ်သက်ရာ

အရသာချိုချဉ် အနေထားဖျော်စပ်ပီးအမောပြေသောက်ကြစို့နော်

အရသာပြင်းရှတဲ့ဆန်ချိုအေးကိုမှ သောက်ချင်တယ်ဆိုရင်တော့ ဖျော်စပ်ပီးသားဆန်ချိုအေးကိုအပြင်မှာတရက်ထားပါ။

Crd

Zawgyi


ပါဝင်ပစ္စည်းများ



သကြား၂၅ကျပ်သား

ပြုလုပ်နည်း











Crd