အိမ်ဆောက်ရင်သိထားရမယ့်လူသေတဲ့အထိဒုက္ခပေးတဲ့သစ်ဆက်နည်းအကြောင်း

Unicode

အိမ် တအိမ်မှာ စီးပွားပျက်ပြီး လူသေတဲ့အထိ ဒုက္ခပေးတဲ့ ပင်လယ်ကူးသစ် လို့ခေါ်တဲ့ အကြောင်း

အဲ့ဒါ အိမ်တစ်အိမ်မှာပင်လယ်ကူးလို့ခေါ်တယ်အလွန်ခိုက်ပါတယ်..

အိုက်အိမ်မှာ နေသူများ စီးပွားမဖြစ်တတ်ဘူး။လူသေသည်အထိအောင်ဒုက္ခ ပေးတတ်ပါတယ်။

အဲ့ဒီသစ်ကိုဆက်တဲ့နေရာဟာ တိုင်ရှိရင်ဆက်လို့ ရပါတယ်။တိုင်မရှိပဲဆက်ထားရင်တော့ကျိမ်းသေပင်လယ်ကူးအိမ် လို့ခေါ်ပါတယ်။

ရှိနေခဲ့ရင် ချက်ချင်းသာ ပြင်ဖို့လုပ်ပါလေ။

နောက်.. အိမ် ပု ခက်လွှဲဆိုတာ ရှိသေးတယ် ခေါင်းရင်း အိမ်နဲ့ ခြေရင်းအိမ် ဟာ အမြင့် တူနေပြီး အလယ်အိမ်က ပုနေရင် အိမ် ပုခက်လွှဲပါ..

ဒီလိုအိမ်မျိုး လည်းပဲ.ခိုက်ပါတယ်။ မနေသင့်တဲ့အိမ်မျိုးပါ။ ဗဟုသုတအနေနဲ့ ပြောပြတာပါ။

နောက်ပြီး ခေါင်းရင်းကငယ်သူ ခြေရင်းက ကြီးသူနေတဲ့ အိမ်ကြား သွားနေမိရင် ရှိတာကုန်ဖို့သာပြင်ထား။

ကျွန်ပ်ကိုယ်တိုင်ခံခဲ့ရဖူးလို့အိမ်ထောင်ကျကာစက အိမ်တစ်လုံး ဝယ်လို့ရတဲ့ အခြေနေမျိုးမှာရှိတာအကုန်ကုန်ဖူးပါတယ်။

နောက်ပြီးလမ်းထောင့်စွန်းက အိမ်သစ်ဆောက်ရင်အိမ်ရှေ့မျက်နှာစာမှာသစ်သုံးတဲ့အခါ အဟောင်းတစ်ချောင်းထည့်သုံးသင့်ပြီး လမ်းအလယ်ကအိမ်ဟောင်း ပြင်ရင် မျက်နှာစာမှာအသစ်တစ်ချောင်းထည့်ပြီးသုးရတယ်ဆိုတာကော.သင်သိပါသလား။

Crd

Zawgyi











Crd