ျမန္မာႏိုင္ငံဘက္သို႔သာမ်က္ႏွာမူေနတယ္ဆိုတဲ့ထူးဆန္းလွေသာထိုင္းႏိုင္ငံမွျမဘုရားအေၾကာင္း

Unicode

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံးဦးတိုက် ရှိခိုးလေ့ ရှိပါ တယ်။မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။

ဘုရားဖူးသွားမည့်ဧည့်သည်များအနေဖြင့် ဘောင်းဘီအတို၊အကြပ်များ၊စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။

အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှား ဝတ်နိုင် ပါတယ်။

ဘုရားဝင်းပြင်ပတွင်လည်းစပန့်သားဘောင်းဘီများအရှည်များကိုလည်းရောင်းချပေးနေသည့်အတွက်ဧည့်သည်များအနေဖြင့် အဆင် ပြေစွာ ဝယ်ယူဝတ်ဆင်နိုင်ပါတယ် ။

ဒီမြဘုရားဟာအနော်ရထာဘုရင်ကိုသီဟိုဠ်ဘုရင်ကလက်ဆောင်ဆက်သထားပြီးပုဂံကိုအပို့လမ်းမှာမုန်တိုင်းမိပြီးထိုင်းကမ်းခြေ မှာသင်္ဘောဆိုက်တော့ပို့ခိုင်းသူများက ကြောက်ပြီးဆက်မပို့ ရဲတော့လို့ကုန်းလမ်း

ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီးလာအို ဘုရင် က တမြတ်တနိုးကိုးကွယ်ထားတဲ့ဆင်းတုတော်ပါ။

ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးကဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်ကသီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ် ပြီး မြဘုရားကို လာအို ဘုရင်ထံရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။

အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာအဓိကထားတဲ့သီဟိုဠ်ဘုရင် ဟာခုလို အနော်ရထာဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက်ကျေနပ်သလိုစစ်တိုက်ပြီး ဖြစ်စေ၊သံတမန် လွှတ်ပြီးဖြစ်စေပြန်ယူရင်……

အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့်ပြည် သူတွေရဲ့ သဒ္ဓါတရား ကို ခုလို အသိအမှတ်ပြုလေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို

ဘု ရင်ကလဲ အနော် ရထ မင်းမြတ်ကိုပိုကြည်ညို လေးစားခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းကလာအို နိုင်ငံကနေတိုက်ခိုက်သိမ်းပိုက် ယူခဲ့ ပါတယ်။

ထိုင်းဟာလာအို နိုင်ငံကိုတိုက်ခိုက် သိမ်းပိုက် ပြီးလာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်ကမြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင်လာပါတယ်။

မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင်ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁(1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို

သူ၏ နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက် ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။

 

ရာဇဝင်သမိုင်းမှတ်တမ်းထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်း တုတော် ကို အင်္ဂတေများဖုံးအုပ်လျက်တွေ့ရှိခဲ့ရလေသည်။

ဆင်းတုတော် ကို ကျောင်းထိုင်ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင် သွား ခဲ့သည်။တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက်

အ လိပ် လိပ် ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကိုဆရာတော်က တွေ့ရှိ လိုက် ရ လေသည်။ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြ ဘုရား ဆင်း တုတော်ကို ဖူးမြင် လိုက် ရ တော့ သည်။

ထိုသတင်းကိုကြားကြသောအခါ လူအများသည်မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထို အချိန် ကချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင် ၏ လက်အောက်တွင်ရှိနေသည်။

ထို့ နောက် ဘုရင် ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သု့ိပင့်ဆောင်ရန် ဆင်တော် ကို လွှတ် လိုက်လေသည်။သို့သော် အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သောအခါ၌ လမ်းပန်း (Lampang ) မြို့ တွင်

း သို့ ပြေးပြေး ဝင်ရောက် သွား ခဲ့လေ သည်။ ဆင်တော်ကသုံးကြိမ်တိုင်တိုင် လမ်းပန်း မြို့တွင်း သို့ ပြေး ဝင် ပုံ ကိုထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်း ပန်း မြို့၌ စံပယ်တော်မူလိုသည်ဟု အ တွေး ရပြီးနောက်

ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်း မိုင် ဘုရင် တိလော က Tiloka စိုး စံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။

AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီး တော် တစ် ပါး က လာအိုဘုရင်နှင့် စုလျားရစ် ပတ်လေ သည်။ သမီးတော် ချိုင်း ချက် သChaichettha မင်း သား ဖွား မြင်တော် မူ သည်။

ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသား ကို ထီးနန်း အပ် သော အ ခါ လက် ခံ ခဲ့ လေ သည်။သို့သော်ငြားလည်း သူ၏ခမည်းတော် လာအိုဘုရင်နတ်ရွာစံသောအခါ မင်းသားသည်

သူ၏ တိုင်း ပြည် သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင်မင်းသားသည် လာအို နိုင်ငံ၏ မြို့တော် ဖြစ်သော LuangPrabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင် သွား ခဲ့လေသည်။

ချင်းမိုင်ဝန်ကြီးများကို သူပြန်လာပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မ ပြန် ခဲ့ သ လို မြ ဘုရား သည် လည်း လူအမ် ပရာ ဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။

AD- 1564 တွင် ဘုရင်ချိုင်းချက်သသည်လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက် လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကိုဗီရန်တိန် Vientiane သို့ ပြောင်း ရွှေ့ စိုး စံခဲ့ ရ တော့သည်။

ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း၂၁၄ နှစ်တိုင်အောင် စံပယ် နေခဲ့ ရ တော့၏ ။ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri

သည် ဗိုလ်ချုပ် တစ်ဦး အဖြစ် ဗီရန်တိန်းကိုသိမ်း ပိုက် လိုက် ပြီး နောက် မြ ဘု ရား ကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။

ဘန်ကောက်ကိုလည်း မြို့တော်အဖြစ တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်းနန်းတော်အတွင်း ထည့်သွင်း စံပယ်တော် မူစေလေ သည်။

ထိုအချိန်မှစ၍ မြဘုရားသည်ထိုင်းနိုင်ငံကို ကာကွယ် စောင့် ရှောက် ပေးသောအဆောင်တန်ခိုးကြီးဘုရားအဖြစ် ကျော်ခဲ့လေသည်။ ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို

့ AD- 1784 March 22တွင်ပင့်ဆောင်ခဲ့ကြလေသည်။ရာမဘုရင်၁ကမြဆင်းတုတော်ကိုတစ်နှစ်လျှင်နှစ်ကြိမ် နွေနှင့ မိုးတွင်သင်္ကန်းကပ်လေသည်။ရာမဘုရင်၃က (1824 – 1851)တွင်မ တစ် ကြိမ်ထပ်တိုး ၍ ဆောင်းသင်္ကန်းပါကပ်လှူ လေသည်။

မြဆင်းတုတော်သင်္ကန်းကပ်ပွဲတော်ကိုနှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြ ဆင်းတု တော် ၏ရင်တော်သည်၄၈.၃စီတီမီတာ ရှိသည်။ဉာဏ်တော်သည်၆၆စီတီမီတာ ရှိသည်။

ဆင်း တု တော် သည် ထိုင်ကိုယ်တော်ဖြစ်ပြီးညာခြေတော်သည်ဘယ်ခြေတော်အပေါ်တင်ထား လေသည်။

ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန်တရားထိုင်နေပုံမှာ တောင်ပိုင်းအိန္ဒိယနှင့်သီရိလင်္ကာဟန်နှင့်ဆင်တူနေလေသည်။ မြဘုရားကိုထိုင်းတွေကဝပ်ဖကရောက်Wat Phra Kaew ဟုခေါ်သည်။

ဝပ် ဆိုသည်မှာဘုရား၊ကရောက်က ကျောက်စိမ်းဖြစ်သည်။မြဘုရား၏ထူးခြားချက်တစ်ခုမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့သာမျက်နှာလှည့်နေခြင်း ဖြစ်သည် ။

Crd

Zawgyi

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို အလည္ေရာက္ခဲ့ၿပီဆိုရင္ ျမန္မာဗုဒၶဘာသာမ်ားကေတာ့ ျမဘုရားကို ပထမဆုံးဦးတိုက္ ရွိခိုးေလ့ ရွိပါ တယ္။မနက္ပိုင္း (၈)နာရီခြဲမွ ညေနပိုင္း(၃)နာရီအထိ ဖြင့္ပါတယ္။

ဘုရားဖူးသြားမည့္ ဧည့္သည္မ်ားအေနျဖင့္ ေဘာင္းဘီအတို၊ အၾကပ္မ်ား၊ စကတ္အတိုမ်ား၊ လည္ဟိုက္အက်ႌ၊T-shirt ဝတ္ဆင္ျခင္း မျပဳရပါဘူး။

အကယ္၍ ဝတ္သြားမိခဲ့ပါက အဝင္ဝတြင္ အဝတ္လဲခန္းႏွင့္ အဝတ္ငွားရမ္းေသာ ေနရာမ်ားတြင္ က်သင့္ေငြေပးေဆာင္၍ ငွား ဝတ္ႏိုင္ ပါတယ္။

ဘုရားဝင္းျပင္ပတြင္လည္းစပန႔္သားေဘာင္းဘီမ်ားအရွည္မ်ားကိုလည္းေရာင္းခ်ေပးေနသည့္အတြက္ ဧည့္သည္မ်ားအေနျဖင့္ အဆင္ ေျပစြာ ဝယ္ယူဝတ္ဆင္ႏိုင္ပါတယ္ ။

ဒီျမဘုရားဟာ အေနာ္ရထာ ဘုရင္ကို သီဟိုဠ္ ဘုရင္ကလက္ေဆာင္ ဆက္သ ထားၿပီး ပုဂံကို အပို႔ လမ္းမွာမုန္တိုင္း မိၿပီး ထိုင္းကမ္းေျခ မွာ သေဘၤာ ဆိုက္ေတာ့ပို႔ခိုင္းသူမ်ားက ေၾကာက္ၿပီး ဆက္မပို႔ ရဲေတာ့လို႔ကုန္းလမ္း

ကေန လာအို ႏိုင္ငံကို ေရာက္သြားခဲ့ၿပီးလာအို ဘုရင္ က တျမတ္တႏိုး ကိုးကြယ္ ထားတဲ့ဆင္းတုေတာ္ပါ။

ဒီအေၾကာင္းကို သီဟိုဠ္ ဘုရင္က သိေတာ့ အေနာ္ရထာဘုရင္ထံ အေၾကာင္းၾကား လာပါ တယ္။ ႏွစ္ႏိုင္ငံ လုံးကဘုရင္ ေတြနဲ႔ မိတ္မပ်က္ ခ်င္တဲ့ အေနာ္ ရထာ ဘုရင္ကသီဟိုဠ္ ဘုရင္ကိုပါ ဖိတ္ေခၚ ၿပီး ျမဘုရားကို လာအို ဘုရင္ထံေရစက္ခ် လႉဒါန္း ခဲ့ ပါတယ္။

အေနာ္ရထာ ဘုရင္ ဆီက မ်က္ႏွာသာ ရလိုမႈ ကိုသာအဓိကထားတဲ့သီဟိုဠ္ဘုရင္ ဟာခုလို အေနာ္ရထာဘုရင္နဲ႔ အတူ အလႉရွင္ အျဖစ္ ေရစက္ ခ်ခြင့္ ရတဲ့ အတြက္ေက်နပ္သလိုစစ္တိုက္ၿပီး ျဖစ္ေစ၊သံတမန္ လႊတ္ၿပီးျဖစ္ေစျပန္ယူရင္……

အဲဒီ ေခတ္က အင္အားႀကီးတဲ့ အေနာ္ရထာဘုရင္ကို ျမဘုရား ျပန္ေပးရမွာ ေသခ်ာ ေနေပမယ့္ျပည္ သူေတြရဲ႕ သဒၶါတရား ကို ခုလို အသိအမွတ္ျပဳေလးစားစြာ ေရစက္ခ် လႉေပးတဲ့ အတြက္ လာအို

ဘု ရင္ကလဲ အေနာ္ ရထ မင္းျမတ္ကိုပိုၾကည္ညိဳ ေလးစားခဲ့တယ္လို႔ သမိုင္းက ဆိုပါတယ္။ဒီလို သမိုင္း ေၾကာင္း ႀကီးတဲ့ ျမဘုရား ကိုမွ ထိုင္းကလာအို ႏိုင္ငံကေနတိုက္ခိုက္သိမ္းပိုက္ ယူခဲ့ ပါတယ္။

ထိုင္းဟာလာအို ႏိုင္ငံကိုတိုက္ခိုက္ သိမ္းပိုက္ ၿပီးလာအို ႏိုင္ငံရဲ႕ ေရွးေဟာင္း ၿမိဳ႕ေတာ္ လြမ္ပရာဘမ္ကျမ ဘုရားကို ထိုင္းႏိုင္ငံကို ပင့္ ေဆာင္လာပါတယ္။

ျမဘုရားသည္ ဆူကိုထိုင္း ေခတ္ AD- 1438 ကပင္ထိုင္းႏိုင္ငံတြင္ ရွိေနခဲ့သည္။ ထိုင္းရာမ ဘုရင္ ၁(1782-1809) သည္။ AD- 1782 တြင္ လာအိုႏိုင္ငံဗီယင္တိန္းၿမိဳ႕မွ ရရွိေသာ ျမဘုရားကို

သူ၏ နန္းေတာ္ ဘန္ေကာက္ၿမိဳ႕ေတာ္အတြင္း တစ္ပါတည္း တည္ေဆာက္ ခဲ့ေလသည္၊ ျမဘုရားသည္ တကယ္ေတာ့မူႀကီးမားေသာ ေက်ာက္စိမ္းတုံးမွ ထုလုပ္ထားျခင္းျဖစ္ေလသည္။

ရာဇဝင္သမိုင္းမွတ္တမ္းထဲတြင္မူ AD- 1434 ေလာက္က ထိုင္းႏိုင္ငံေျမာက္ပိုင္း ယခု ခ်င္း႐ိုင္ခ႐ိုင္ (Chiangrai) တြင္ ဗုဒၶဆင္း တုေတာ္ ကို အဂၤေတမ်ားဖုံးအုပ္လ်က္ေတြ႕ရွိခဲ့ရေလသည္။

ဆင္းတုေတာ္ ကို ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး၏ ေက်ာင္းထံသို႔ ပင့္ေဆာင္ သြား ခဲ့သည္။တစ္ေန႔ေသာ အခါ ဆင္းတုေတာ္၏ ႏွာေခါင္းေတာ္ေနရာမွ အဂၤေတမ်ားသည္ အဖတ္လိုက္

အ လိပ္ လိပ္ ကြာက်ၿပီး အတြင္းမွာ ေရာင္ျခည္စိမ္းမ်ား ပ်ံ႕လြင့္ေနသည္ကိုဆရာေတာ္က ေတြ႕ရွိ လိုက္ ရ ေလသည္။ဆရာေတာ္က အဂၤေတမ်ားအားလုံးကို ဆင္းတုေတာ္မွ ဖယ္ရွားလိုက္ေသာအခါ ျမ ဘုရား ဆင္း တုေတာ္ကို ဖူးျမင္ လိုက္ ရ ေတာ့ သည္။

ထိုသတင္းကိုၾကားၾကေသာအခါ လူအမ်ားသည္ျမဘုရားကိုဖူးၾကဖို႔ စု႐ုံးလာၾကေတာ့သည္။ ထို အခ်ိန္ ကခ်င္း႐ိုင္နယ္သည္ ခ်င္းမိုင္ (Chiangmai) ဘုရင္ ၏ လက္ေအာက္တြင္ရွိေနသည္။

ထို႔ ေနာက္ ဘုရင္ ဆမ္ဖန္ကင္န္က ျမဘုရားကို ခ်င္းမိုင္သု႔ိပင့္ေဆာင္ရန္ ဆင္ေတာ္ ကို လႊတ္ လိုက္ေလသည္။သို႔ေသာ္ အႀကိမ္တိုင္းတြင္ ဆင္ေတာက လမ္းဆုံေရာက္ေသာအခါ၌ လမ္းပန္း (Lampang ) ၿမိဳ႕ တြင္

း သို႔ ေျပးေျပး ဝင္ေရာက္ သြား ခဲ့ေလ သည္။ ဆင္ေတာ္ကသုံးႀကိမ္တိုင္တိုင္ လမ္းပန္း ၿမိဳ႕တြင္း သို႔ ေျပး ဝင္ ပုံ ကိုေထာက္ရႈၿပီး ဘုရင္က ျမဘုရားသည္ လမ္း ပန္း ၿမိဳ႕၌ စံပယ္ေတာ္မူလိုသည္ဟု အ ေတြး ရၿပီးေနာက္

ဆင္းတုေတာ္ကို ႏွစ္ေပါင္း ၃၂ ႏွစ္တိုင္တိုင္ တန္ခိုးထက္ေသာ ခ်င္း မိုင္ ဘုရင္ တိေလာ က Tiloka စိုး စံေသာ AD- 1468 အထိ လမ္းပန္းၿမိဳ႕တြင္ စံပယ္ထားခဲ့ေလသည္။

AD- 1551 တြင္ ခ်င္းမိုင္ဘုရင္သည္ သားေတာ္မက်န္ရစ္ ဘဲနတ္႐ြာစံေလေတာ္ သမီး ေတာ္ တစ္ ပါး က လာအိုဘုရင္ႏွင့္ စုလ်ားရစ္ ပတ္ေလ သည္။ သမီးေတာ္ ခ်ိဳင္း ခ်က္ သChaichettha မင္း သား ဖြား ျမင္ေတာ္ မူ သည္။

ခ်င္းမိုင္ဝန္ႀကီးမ်ားက ၁၅ ႏွစ္အ႐ြယ္ မင္းသား ကို ထီးနန္း အပ္ ေသာ အ ခါ လက္ ခံ ခဲ့ ေလ သည္။သို႔ေသာ္ျငားလည္း သူ၏ခမည္းေတာ္ လာအိုဘုရင္နတ္႐ြာစံေသာအခါ မင္းသားသည္

သူ၏ တိုင္း ျပည္ သို႔ ျပန္ခ်င္ေနခဲ့ေတာ့သည္။ ထို႔ေၾကာင့္ AD- 1552 တြင္မင္းသားသည္ လာအို ႏိုင္ငံ၏ ၿမိဳ႕ေတာ္ ျဖစ္ေသာ LuangPrabang လူအမ္ပရာဘန္သို႔ ျမဘုရားကို ပင့္ေဆာင္ သြား ခဲ့ေလသည္။

ခ်င္းမိုင္ဝန္ႀကီးမ်ားကို သူျပန္လာပါမည္ဟု ကတိျပဳခဲ့ေလသည္။ သူဘယ္ေတာ့မွ မ ျပန္ ခဲ့ သ လို ျမ ဘုရား သည္ လည္း လူအမ္ ပရာ ဘန္တြင္ ၁၂ ႏွစ္တိုင္တိုင္း စံပယ္ေနခဲ့ရေလသည္။

AD- 1564 တြင္ ဘုရင္ခ်ိဳင္းခ်က္သသည္လာေရာက္တိုက္ခိုက္ေသာ ျမန္မာဘုရင္ ဘုရင္ေနာင္ကို ဆက္ လက္ မခုခံႏိုင္ေတာ့သျဖင့္ သူ၏ၿမိဳ႕ေတာ္ကိုဗီရန္တိန္ Vientiane သို႔ ေျပာင္း ေ႐ႊ႕ စိုး စံခဲ့ ရ ေတာ့သည္။

ထို႔ေၾကာင့္ ျမဘုရားသည္ ဗီရန္တိန္းတြင္ ႏွစ္ေပါင္း၂၁၄ ႏွစ္တိုင္ေအာင္ စံပယ္ ေနခဲ့ ရ ေတာ့၏ ။ထို႔ေၾကာင့္ ေလာႏိုင္ငံတြင္ ၂၂၆ ႏွစ္တိုင္ေအာင္ AD- 1778 တြင္ ဘန္ေကာက္၏ ရာမဘုရင္ ၁ Chao Phraya chakri

သည္ ဗိုလ္ခ်ဳပ္ တစ္ဦး အျဖစ္ ဗီရန္တိန္းကိုသိမ္း ပိုက္ လိုက္ ၿပီး ေနာက္ ျမ ဘု ရား ကို ထိုင္းႏိုင္ငံ ဘန္ေကာက္သို႔ ပင့္ေဆာင္လာခဲ့ေလသည္။

ဘန္ေကာက္ကိုလည္း ၿမိဳ႕ေတာ္အျဖစ တည္ေဆာက္လိုက္ၿပီး ျမဘုရားကိုလည္းနန္းေတာ္အတြင္း ထည့္သြင္း စံပယ္ေတာ္ မူေစေလ သည္။

ထိုအခ်ိန္မွစ၍ ျမဘုရားသည္ထိုင္းႏိုင္ငံကို ကာကြယ္ ေစာင့္ ေရွာက္ ေပးေသာအေဆာင္တန္ခိုးႀကီးဘုရားအျဖစ္ ေက်ာ္ခဲ့ေလသည္။ ဆင္းတုေတာ္ကို သြန္ဘူရီမွ ဘန္ေကာက္ၿမိဳ႕ေတာ္ နန္းေတာ္ဘုရားေက်ာင္းသို

႔ AD- 1784 March 22တြင္ပင့္ေဆာင္ခဲ့ၾကေလသည္။ရာမဘုရင္၁ကျမဆင္းတုေတာ္ကိုတစ္ႏွစ္လွ်င္ႏွစ္ႀကိမ္ ေႏြႏွင့ မိုးတြင္သကၤန္းကပ္ေလသည္။ရာမဘုရင္၃က (1824 – 1851)တြင္မ တစ္ ႀကိမ္ထပ္တိုး ၍ ေဆာင္းသကၤန္းပါကပ္လႉ ေလသည္။

ျမဆင္းတုေတာ္သကၤန္းကပ္ပြဲေတာ္ကိုႏွစ္စဥ္ သုံးႀကိမ္တိုင္တိုင္ က်င္းပခဲ့ေလသည္။ ျမ ဆင္းတု ေတာ္ ၏ရင္ေတာ္သည္၄၈.၃စီတီမီတာ ရွိသည္။ဉာဏ္ေတာ္သည္၆၆စီတီမီတာ ရွိသည္။

ဆင္း တု ေတာ္ သည္ ထိုင္ကိုယ္ေတာ္ျဖစ္ၿပီးညာေျခေတာ္သည္ဘယ္ေျခေတာ္အေပၚတင္ထား ေလသည္။

ဆင္းတုေတာ္၏ ကိုယ္ေန ဟန္ပန္တရားထိုင္ေနပုံမွာ ေတာင္ပိုင္းအိႏၵိယႏွင့္သီရိလကၤာဟန္ႏွင့္ဆင္တူေနေလသည္။ ျမဘုရားကိုထိုင္းေတြကဝပ္ဖကေရာက္Wat Phra Kaew ဟုေခၚသည္။

ဝပ္ ဆိုသည္မွာဘုရား၊ကေရာက္က ေက်ာက္စိမ္းျဖစ္သည္။ျမဘုရား၏ထူးျခားခ်က္တစ္ခုမွာ ျမန္မာႏိုင္ငံဘက္ျခမ္းသို႔သာမ်က္ႏွာလွည့္ေနျခင္း ျဖစ္သည္ ။

Crd