Unicode
ကျောက်ကြေ ကျောက်ကျတဲ့ ရှူးပျံဆီးအိမ်နှင့် ဒေသခံတွေအသုံးပြုရတဲ့အကြောင်းအရင်း
ကျောက်ကြေ ကျောက်ကျတဲ့ “ရှူးပျံဆီးအိမ်” နှင့် ဒေသခံတွေအသုံးပြုရတဲ့အကြောင်းအရင်း“ရှူးပျံ”ဟူသောအကောင်မျိုးကိုပုဂံတည်စခေတ်က ဝက် ကြီး၊ ငှက်ကြီး၊
ကျားကြီးတို့နှင့်အတူ ပျူစောထီး နှိမ်နင်းခဲ့ရသော ပြည်သူ့ရန်သူကြီးတစ်ပါးအဖြစ် ရာဇဝင်ဒဏ္ဍာရီများမှသိရှိရသည်။ယင်းသို့ဖတ်ရှုသိရှိရသော်လည်း ရှူးပျံ ကို ကိုယ်တွေ့မျက်မြင် ကြုံဖူးသူအလွန်ရှားပေသည်။
“ရှူးပျံ” ဟူသည် ပူတာအိုအထက်ပိုင်း ရေခဲတောင်ဒေသ တောနက်ကြီးများ ထဲမှာ တွေ့ရသောရှဉ့်နှင့်တူသောအကောင်ဖြစ်ပါတယ်၊ရှဉ်ပျံလို့လည်း ခေါ်ကြပါတယ်၊တကယ်တော့ ရှူးပျံ” တွေဟာအတောင်နဲ့ပျံတာမျိုးမဟုတ်ပဲ
သူရဲ့ရှေ့ခြေနဲ့ နောက်ခြေ အထိ ဆက်နေတဲ့ အရေပြားတွေနဲ့သစ်ပင် တောင်ကမ်းပါးအမြင့်ကြီး တွေပေါ်ကနေခုန်ကူးပြီး လေဟုတ်စီးသွားတတ်ကြတာ ဖြစ်ပါတယ်
ပေ ၅၀ မှ ပေ ၂၅၀ခန့်အထိပျံဝဲသွားနိုင်ကြပါတယ်။ရှူးပျံတွေဟာညအချိန်မှပဲအပြင်ထွက်ပြီးအစာရှာစားကြတာပါ။မုဆိုးတွေညအချိန်တောထဲမှာမီးဖိုပြီးအိပ်ရင်မီးဖိုထဲကထင်းစကိုလာလာပြီးဆွဲတတ်ပါတယ် ။
မီးခိုးနံ့ရရင်မီးရှိတဲ့နေရာကိုသစ်ပင်ပေါ်တွကနေပျံဝဲလာပြီးထင်းစတွေလာလာဆွဲတာဘာသဘောလဲမသိပါဘူး။တစ်ခါတလေမီးလောင်နေတဲ့ထင်းစကို တောထဲဆွဲသွားတာမသိတဲ့သူဆိုသရဲခြောက်တယ်လို့ထင်ကြပါတယ်။
ရှူးပျံတွေဟာ ကျောက်တုံးပေါ်မှာဆီးသွားရင်အဲ့ဒီကျောက်တုံးဟာသိပ်မကြာခင် ကွဲသွားပါတယ်။ဒါကြောင့်ရှူးပျံဆီးအိမ်ဟာ ကျောက်ကြေတယ်ဆိုပြီး ဆေးအဖြစ်သုံးကြပါတယ်။
ရှူးပျံကို မုဆိုးတွေပစ်လို့ရပြီဆိုရင်သူ့ဆီးအိမ်ကိုထုတ်ပြီးဆီးအိတ်ထဲ ကောက်ညင်းဆန်စေ့တွေအပြည့်ထည့်လိုက်ပါတယ်။တချို့ဆီးအိတ်က ကောက်ညင်းစေ့သုံးဆယ်တချို့ကငါးဆယ်စေ့ဒါလောက်ပဲထည့်လို့ဆံ့ပါတယ်။
ကျောက်တည်တဲ့သူတေ ရှူးပျံဆီးအိတ်ထဲထည့်ထားတဲ့ ကောက်ညင်းဆန်အစေ့တစ်စေ့ကိုယူပြီးသွားကိုမထိအောင် မြိုချကြပါတယ်။ အဲ့လိုမြိုချရင်ခန္တာကိုယ်တွင်းမှာ ကျောက်တည်နေတာတွေ ကြေပြီးကျသွားတယ်လို့ ပြောကြပါတယ်။
သွားကို မထိအောင်မြိုတာကသွားကိုထိမိရင်သွားပဲ့ကျတယ်လို့ ပြောကြလို့ပါ။အဆိုပါနည်းဟ ဒေသခံများအစဉ်အဆက်သုံးစွဲလာကြသောတိုင်းရင်းဆေးနည်း ဖြစ်ပါတယ်..
Crd
Zawgyi
ေက်ာက္ေၾက ေက်ာက္က်တဲ့ “ရႉးပ်ံဆီးအိမ္”ႏွင့္ ေဒသခံေတြအသုံးျပဳရတဲ့အေၾကာင္းအရင္း
ေက်ာက္ေၾက ေက်ာက္က်တဲ့ “ရႉးပ်ံဆီးအိမ္”ႏွင့္ ေဒသခံေတြအသုံးျပဳရတဲ့အေၾကာင္းအရင္း“ရႉးပ်ံ”ဟူေသာအေကာင္မ်ိဳးကိုပုဂံတည္စေခတ္ကဝက္ ႀကီး၊ငွက္ႀကီး၊
က်ားႀကီးတို႔ႏွင့္အတူ ပ်ဴေစာထီးႏွိမ္နင္းခဲ့ရေသာ ျပည္သူ႔ရန္သူႀကီးတစ္ပါးအျဖစ္ ရာဇဝင္ဒ႑ာရီမ်ားမွသိရွိရသည္။ယင္းသို႔ဖတ္ရႈသိရွိရေသာ္လည္းရႉးပ်ံကိုကိုယ္ေတြ႕မ်က္ျမင္ ႀကဳံဖူးသူအလြန္ရွားေပသည္။
“ရႉးပ်ံ”ဟူသည္ပူတာအိုအထက္ပိုင္း ေရခဲေတာင္ေဒသ ေတာနက္ႀကီးမ်ား ထဲမွာ ေတြ႕ရေသာရွဥ့္ႏွင့္တူေသာအေကာင္ ျဖစ္ပါတယ္၊ ရွဥ္ပ်ံလို႔လည္း ေခၚၾကပါတယ္၊ တကယ္ေတာ့ “ရႉးပ်ံ” ေတြဟာအေတာင္နဲ႔ပ်ံတာမ်ိဳးမဟုတ္ပဲ
သူရဲ႕ေရွ႕ေျခနဲ႔ ေနာက္ေျခအထိဆက္ေနတဲ့ အေရျပားေတြနဲ႔သစ္ပင္ ေတာင္ကမ္းပါးအျမင့္ႀကီး ေတြေပၚကေနခုန္ကူးၿပီး ေလဟုတ္စီးသြားတတ္ၾကတာ ျဖစ္ပါတယ္
ေပ ၅၀ မွ ေပ ၂၅၀ခန႔္အထိပ်ံဝဲသြားႏိုင္ၾကပါတယ္။ရႉးပ်ံေတြဟာညအခ်ိန္မွပဲအျပင္ထြက္ၿပီးအစာရွာစားၾကတာပါ။မုဆိုးေတြညအခ်ိန္ေတာထဲမွာ မီးဖိုၿပီးအိပ္ရင္မီးဖိုထဲကထင္းစကိုလာလာၿပီးဆြဲတတ္ပါတယ္ ။
မီးခိုးနံ႔ရရင္မီးရွိတဲ့ေနရာကိုသစ္ပင္ေပၚတြကေနပ်ံဝဲလာၿပီးထင္းစေတြလာလာဆြဲတာဘာသေဘာလဲမသိပါဘူး။တစ္ခါတေလမီးေလာင္ေနတဲ့ထင္းစကို ေတာထဲဆြဲသြားတာမသိတဲ့သူဆိုသရဲေျခာက္တယ္လို႔ထင္ၾကပါတယ္။
ရႉးပ်ံေတြဟာ ေက်ာက္တုံးေပၚမွာဆီးသြားရင္အဲ့ဒီေက်ာက္တုံးဟာသိပ္မၾကာခင္ ကြဲသြားပါတယ္။ဒါေၾကာင့္ရႉးပ်ံဆီးအိမ္ဟာ ေက်ာက္ေၾကတယ္ဆိုၿပီး ေဆးအျဖစ္သုံးၾကပါတယ္။
ရႉးပ်ံကို မုဆိုးေတြပစ္လို႔ရၿပီဆိုရင္သူ႔ဆီးအိမ္ကိုထုတ္ၿပီးဆီးအိတ္ထဲ ေကာက္ညင္းဆန္ေစ့ေတြအျပည့္ထည့္လိုက္ပါတယ္။တခ်ိဳ႕ဆီးအိတ္က ေကာက္ညင္းေစ့သုံးဆယ္တခ်ိဳ႕ကငါးဆယ္ေစ့ဒါေလာက္ပဲထည့္လို႔ဆံ့ပါတယ္။
ေက်ာက္တည္တဲ့သူေတ ရႉးပ်ံဆီးအိတ္ထဲထည့္ထားတဲ့ ေကာက္ညင္းဆန္အေစ့တစ္ေစ့ကိုယူၿပီးသြားကိုမထိေအာင္ ၿမိဳခ်ၾကပါတယ္။ အဲ့လိုၿမိဳခ်ရင္ခႏၲာကိုယ္တြင္းမွာ ေက်ာက္တည္ေနတာေတြ ေၾကၿပီးက်သြားတယ္လို႔ ေျပာၾကပါတယ္။
သြားကို မထိေအာင္ၿမိဳတာကသြားကိုထိမိရင္သြားပဲ့က်တယ္လို႔ ေျပာၾကလို႔ပါ။အဆိုပါနည္းဟ ေဒသခံမ်ားအစဥ္အဆက္သုံးစြဲလာၾကေသာတိုင္းရင္းေဆးနည္း ျဖစ္ပါတယ္..
Crd