Unicode
ခေါင်းလောင်း၊ ကြေးစည်နဲ့ပတ်သက်၍ထူးဆန်းသောဘာသာရေးအယူအဆများ
ဒီနေ့ ခေါင်းလောင်းအကြောင်း ပြောမယ်ဗျ..
ခေါင်းလောင်းက မကောင်းတဲ့ဓါတ် မကောင်းတဲ့စွမ်းအင်တွေကိုနှင်ထုတ်ပေးတယ်တဲ့၊ ကျွန်တော်ကတော့စိတ်ညစ်ရင် ကြေးခေါင်းလောင်းလေး တီးတယ်။
တယ်လီဖုံးကနေ စိတ်ညစ်စရာတွေဘာတွေ ကြားပြီးရင် ဖုံးချပြီးတာနဲ့ ခေါင်းလောင်းလေးသုံးလေးခါရမ်းလိုက်တာပဲ။အနည်းဆုံး အသံချိုချိုသာသာကြားရတော့ စိတ်ချမ်းသာသွားတာ အကျိုးရတယ်။
ဘယ်ဘာသာတရားမဆို ကုသိုလ်ကောင်းမှုကို ခေါင်းလောင်းနဲ့တွဲသုံးကြတယ်။ ခေါင်းလောင်းဟာ ကောင်းမှုနဲ့ ဆက်စပ်တာ များပါတယ်။
အသံရဲ့ ဖရီကွင်စီမှာ အားရှိတယ် ဆိုတာ လူတိုင်း လက်ခံတယ်။ ဒရမ်တီးရင် စိတ်ဓါတ်ကြွတယ်၊စစ်ချီတဲ့အခါဒရမ်တီးကြတယ်။
နားစည်က နာဗ်ကြောက ဦးဏှောက်ဆီသွားတယ်၊ သူက စားတာ သောက်တာ stress ချတာဟိုမုန်းထုတ်တာ၊စိတ်ကိုပူလောင် အေးချမ်းစေတာတွေလုပ်ပေးတယ်။
သူ့ကြောင့် သွေးတိုးသွေးကျတယ်၊ နှလုံးခုန်မြန်စေ နှေးစေတယ်။ သူကြိုက်တဲ့ အသံ ဖရီကွန်စီ မှန်မှန်ကိုကြားရရင်ဦးဏှောက်က လူရဲ့စိတ်ကို ပြေလျော့စေတယ်။
သီချင်းတို့ ခေါင်းလောင်းသံတို့ကအဲ့လိုအစွမ်းရှိတယ်။အသံနဲ့ ဆေးကုလို့လည်းရတယ်ဆိုတာသိပ္ပံကလက်ခံထားတယ်။အခုထက်ထိစမ်းသပ်ဆဲပဲ။တချို့ကိစ္စတွေကအလွန်လျှိုဝှက်တယ်။
Spa သွားရင် ကြေးစည်သံ ခေါင်းလောင်းသံ စောင်းသံပလွေသံ ပါတဲ့ ဂီတငြိမ့်ငြိမ့်လေးကြားတာနဲ့အကြောတွေ ပြေသွားတာပဲ မဟုတ်လား။
ကင်ဆာလူနာတွေဘာတွေကိုသာယာတဲ့အသံတွေပေးထားရင် ကောင်းတဲ့ဆဲလ်တွေ ပြန်ရှင်လာစေတဲ့နိုက်ထရပ်စ်အောက်ဆိုဒ် ဓါတ်ထွက်လာတယ်လို့သိပ္ပံက တွေ့ထားတယ်။
နောက်ခေါင်းလောင်းကတုန်ခါတော့လှိုင်းတွေအထပ်ထပ် ထွက်တယ်၊တချို့လှိုင်းတွေဟာမကောင်းတဲ့သရဲတစ္ဆေ တွေက ကြောက်တယ် မနေနိုင်ဘူး ပြောကြတယ်။
အသံသာတဲ့ခေါင်းလောင်း တွေဟာစိတ်ကိုကြည်နူးစေတယ်၊ စေတီတွေပေါ် ခေါင်းလောင်းသံဟာ ကုသိုလ်ကောင်းမှုနဲ့တွဲ ကြားပြီးကြားနေကျဆိုတော့ကြားယုံနဲ့ကုသိုလ်စိတ်ဖြစ်တယ်။
စေတီတွေက ခေါင်းလောင်းတွေကိုထိုးရင် လှိုင်သံကြောင့် ဥုံဆိုတဲ့အသံထွက်တယ်လို့ဆိုတယ်။ ဥုံဆိုတဲ့အသံဟာအသံထဲမှာ စင်္ကြာဝဠာရဲ့အသံ၊
အင်အားအကြီးဆုံးအသံလို့တိဘက်တို့ဟိန္ဒူဘာသာတို့ကယူဆကြတယ်။အဲ့ဒီအသံလှိုင်းဟာကိုယ့်ကုသိုလ်ကိုအနန္တစင်္ကြာဝဠာအထိ ရောက်စေတယ်တဲ့။ရှေးအယူအဆတွေ ပြောပြတာပါ။
နောက်ခေါင်းလောင်းမှာ စပ်ထားတဲ့ ကြေးနီ ကြေးဝါ ဆိုတာတွေက လျှပ်ကူးတာမြန်တဲ့သတ္တုဓါတ်တွေ၊မီးကြိုးမှာလည်းအဲ့ဒီကြေးကြိုးတွေသုံးတယ်၊စွမ်းအင်စီးဆင်းတာအလွန်မြန်တယ်။
ကောင်းတဲ့အသံ၊ဓါတ်တွေဟာ မြန်မြန်နဲ့ဝေးဝေးရောက်တယ်။ခေါင်းလောင်းပုံကိုသက္ကတဘာသာနဲ့အနန္တလို့ခေါ်တယ်၊ သေခြင်းမရှိ ရှင်ခြင်း မရှိအဆုံးအစ မဲ့တဲ့သဘောတဲ့။
ခေါင်းလောင်းထဲကအသံမည်တဲ့ အချောင်းလေးကိုသူရဿတီစောင့်တယ် လို့ ဟိန္ဒူတွေကယုံတယ်။ ခေါင်းလောင်းတီးရင် မကောင်းတဲ့ energy တွေပြေးတယ်၊
ကောင်းတဲ့ နတ်ကောင်းနတ်မြတ်စောင့်ရှောက်တယ်လို့ဟိန္ဒူကယုံတယ်၊ တိဘက်ကလည်းယုံတယ်။ ချီးယားလုပ်ပြီး ဖန်ခွက်နှစ်ခွက်ကို ချွင်ကနဲထိလိုက်ရင်
အသံရဲ့ ဖရီကွန်စီကြောင့် မကောင်းတဲ့ မိစ္ဆာတွေထွက်ပြေးကုန်တယ်လို့ အနောက်တိုင်းကယုံတယ်။ စိတ်ဝင်စားစရာပါပဲ။
ခေါင်းလောင်းတီးရင် ခန္တာကိုယ်က ချက်ကရာ ခုနှစ်ခု ပွင့်လာတယ်၊ ဘယ်ဦးဏှောက်အခြမ်းနဲ့ ညာဦးဏှောက်အခြမ်း ချိန်သီးလွဲနေတာ ပြန်တည့်စေတယ်
၊ခေါင်းလောင်းသံကြောင့်မကောင်းကြံစည်နေတဲ့အတွေး လွင့်စင်သွားတယ်။ ခေါင်းလောင်းသံကြောင့် အတွေးတွေလွင့်နေရာကနေ ပစ္စုပ္ပါန်ကို ပြန်ရောက်လာစေတယ်၊
စိတ်ကိုတည်ငြိမ်စေတယ်လို့ ဆိုကြပါတယ်။ကျွန်တော်ကတော့ သိပ္ပံနယ်လွန်တွေ ယုံတယ် မယုံဘူး အများကြီးမစဉ်းစားပါဘူး၊
ကိုဗစ်အချိန်မှာစိတ်မချမ်းသာတာတွေကြားရရင် ဂိုက်လုပ်တုန်းက ဝယ်ထားတဲ့ ခေါင်းလောင်း တလုံးမဟုတ် တလုံး တီးတယ်။ ဘုရားရှိခိုးပြီး ကြေးစည်ထုတယ်။
လုပ်ကြည့်ပါ့လား။ အသံသာယာတော့ အနည်းဆုံးစိတ်ချမ်းသာလာပါလိမ့်မယ်။
Crd
Zawgyi
ေခါင္းေလာင္း၊ ေၾကးစည္နဲ႔ ပတ္သက္၍ ထူးဆန္းေသာ ဘာသာေရး အယူအဆမ်ား
ဒီေန႔ ေခါင္းေလာင္းအေၾကာင္း ေျပာမယ္ဗ်..
ေခါင္းေလာင္းက မေကာင္းတဲ့ဓါတ္ မေကာင္းတဲ့စြမ္းအင္ေတြကို ႏွင္ထုတ္ေပးတယ္တဲ့၊ ကြၽန္ေတာ္ကေတာ့ စိတ္ညစ္ရင္ ေၾကးေခါင္းေလာင္းေလး တီးတယ္။
တယ္လီဖုံးကေန စိတ္ညစ္စရာေတြဘာေတြ ၾကားၿပီးရင္ ဖုံးခ်ၿပီးတာနဲ႔ ေခါင္းေလာင္းေလး သုံးေလးခါရမ္းလိုက္တာပဲ။ အနည္းဆုံး အသံခ်ိဳခ်ိဳသာသာၾကားရေတာ့ စိတ္ခ်မ္းသာသြားတာ အက်ိဳးရတယ္။
ဘယ္ဘာသာတရားမဆို ကုသိုလ္ေကာင္းမႈကို ေခါင္းေလာင္းနဲ႔တြဲသုံးၾကတယ္။ ေခါင္းေလာင္းဟာ ေကာင္းမႈနဲ႔ ဆက္စပ္တာ မ်ားပါတယ္။
အသံရဲ႕ ဖရီကြင္စီမွာ အားရွိတယ္ ဆိုတာ လူတိုင္း လက္ခံတယ္။ ဒရမ္တီးရင္ စိတ္ဓါတ္ႂကြတယ္၊ စစ္ခ်ီတဲ့အခါ ဒရမ္တီးၾကတယ္။
နားစည္က နာဗ္ေၾကာက ဦးေဏွာက္ဆီသြားတယ္၊ သူက စားတာ ေသာက္တာ stress ခ်တာ ဟိုမုန္းထုတ္တာ၊ စိတ္ကိုပူေလာင္ ေအးခ်မ္းေစတာေတြလုပ္ေပးတယ္။
သူ႔ေၾကာင့္ ေသြးတိုးေသြးက်တယ္၊ ႏွလုံးခုန္ျမန္ေစ ေႏွးေစတယ္။ သူႀကိဳက္တဲ့ အသံ ဖရီကြန္စီ မွန္မွန္ကို ၾကားရရင္ ဦးေဏွာက္က လူရဲ႕စိတ္ကို ေျပေလ်ာ့ေစတယ္။
သီခ်င္းတို႔ ေခါင္းေလာင္းသံတို႔ကအဲ့လိုအစြမ္းရွိတယ္။အသံ နဲ႔ ေဆးကုလို႔လည္းရတယ္ဆိုတာသိပၸံက လက္ခံထားတယ္။အခုထက္ထိစမ္းသပ္ဆဲပဲ။တခ်ိဳ႕ကိစၥေတြကအလြန္လွ်ိဳဝွက္တယ္။
Spa သြားရင္ ေၾကးစည္သံ ေခါင္းေလာင္းသံ ေစာင္းသံပေလြသံ ပါတဲ့ ဂီတၿငိမ့္ၿငိမ့္ေလးၾကားတာနဲ႔ အေၾကာေတြ ေျပသြားတာပဲ မဟုတ္လား။
ကင္ဆာလူနာေတြ ဘာေတြကို သာယာတဲ့အသံေတြေပးထားရင္ ေကာင္းတဲ့ဆဲလ္ေတြ ျပန္ရွင္လာေစတဲ့ ႏိုက္ထရပ္စ္ေအာက္ဆိုဒ္ ဓါတ္ထြက္လာတယ္ လို႔သိပၸံက ေတြ႕ထားတယ္။
ေနာက္ေခါင္းေလာင္းက တုန္ခါေတာ့ လႈိင္းေတြ အထပ္ထပ္ ထြက္တယ္၊ တခ်ိဳ႕လႈိင္းေတြဟာ မေကာင္းတဲ့ သရဲတေစၦ ေတြက ေၾကာက္တယ္ မေနႏိုင္ဘူး ေျပာၾကတယ္။
အသံသာတဲ့ေခါင္းေလာင္း ေတြဟာ စိတ္ကို ၾကည္ႏူးေစတယ္၊ ေစတီေတြေပၚ ေခါင္းေလာင္းသံဟာ ကုသိုလ္ေကာင္းမႈနဲ႔တြဲ ၾကားၿပီးၾကားေနက်ဆိုေတာ့ ၾကားယုံနဲ႔ ကုသိုလ္စိတ္ျဖစ္တယ္။
ေစတီေတြက ေခါင္းေလာင္းေတြကို ထိုးရင္ လႈိင္သံေၾကာင့္ ဥဳံဆိုတဲ့အသံ ထြက္တယ္လို႔ဆိုတယ္။ ဥဳံဆိုတဲ့အသံဟာ အသံထဲမွာ စၾကၤာဝဠာရဲ႕အသံ၊
အင္အားအႀကီးဆုံးအသံလို႔ တိဘက္တို႔ ဟိႏၵဴဘာသာတို႔ကယူဆၾကတယ္။ အဲ့ဒီအသံလႈိင္းဟာ ကိုယ့္ကုသိုလ္ကို အနႏၲစၾကၤာဝဠာအထိ ေရာက္ေစတယ္တဲ့။ ေရွးအယူအဆေတြ ေျပာျပတာပါ။
ေနာက္ေခါင္းေလာင္းမွာ စပ္ထားတဲ့ ေၾကးနီ ေၾကးဝါ ဆိုတာေတြက လွ်ပ္ကူးတာျမန္တဲ့ သတၱဳဓါတ္ေတြ၊ မီးႀကိဳးမွာလည္း အဲ့ဒီေၾကးႀကိဳးေတြသုံးတယ္၊ စြမ္းအင္စီးဆင္းတာ အလြန္ျမန္တယ္။
ေကာင္းတဲ့ အသံ၊ ဓါတ္ေတြဟာ ျမန္ျမန္ နဲ႔ေဝးေဝးေရာက္တယ္။ေခါင္းေလာင္းပုံကို သကၠတဘာသာနဲ႔ အနႏၲ လို႔ေခၚတယ္၊ ေသျခင္းမရွိ ရွင္ျခင္း မရွိ အဆုံးအစ မဲ့တဲ့သေဘာတဲ့။
ေခါင္းေလာင္းထဲကအသံမည္တဲ့ အေခ်ာင္းေလးကို သူရႆတီေစာင့္တယ္ လို႔ ဟိႏၵဴေတြက ယုံတယ္။ ေခါင္းေလာင္းတီးရင္ မေကာင္းတဲ့ energy ေတြေျပးတယ္၊
ေကာင္းတဲ့နတ္ေကာင္းနတ္ျမတ္ေစာင့္ေရွာက္တယ္လို႔ဟိႏၵဴကယုံတယ္၊တိဘက္ကလည္းယုံတယ္။ ခ်ီးယားလုပ္ၿပီး ဖန္ခြက္ႏွစ္ခြက္ကို ခြၽင္ကနဲထိလိုက္ရင္
အသံရဲ႕ ဖရီကြန္စီေၾကာင့္ မေကာင္းတဲ့ မိစာၦေတြထြက္ေျပးကုန္တယ္လို႔ အေနာက္တိုင္းကယုံတယ္။ စိတ္ဝင္စားစရာပါပဲ။
ေခါင္းေလာင္းတီးရင္ခႏၲာကိုယ္ကခ်က္ကရာခုႏွစ္ခုပြင့္လာတယ္၊ဘယ္ဦးေဏွာက္အျခမ္းနဲ႔ ညာဦးေဏွာက္အျခမ္း ခ်ိန္သီးလြဲေနတာ ျပန္တည့္ေစတယ္
၊ေခါင္းေလာင္းသံေၾကာင့္ မေကာင္းႀကံစည္ေနတဲ့အေတြးလြင့္စင္သြားတယ္။ ေခါင္းေလာင္းသံေၾကာင့္ အေတြးေတြလြင့္ေနရာကေန ပစၥဳပၸါန္ကို ျပန္ေရာက္လာေစတယ္၊
စိတ္ကိုတည္ၿငိမ္ေစတယ္လို႔ဆိုၾကပါတယ္။ကြၽန္ေတာ္ကေတာ့သိပၸံနယ္လြန္ေတြယုံတယ္မယုံဘူးအမ်ားႀကီးမစဥ္းစားပါဘူး၊
ကိုဗစ္အခ်ိန္မွာစိတ္မခ်မ္းသာတာေတြၾကားရရင္ဂိုက္လုပ္တုန္းကဝယ္ထားတဲ့ ေခါင္းေလာင္းတလုံးမဟုတ္တလုံးတီးတယ္။ဘုရားရွိခိုးၿပီး ေၾကးစည္ထုတယ္။
လုပ္ၾကည့္ပါ့လား။အသံသာယာေတာ့အနည္းဆုံးစိတ္ခ်မ္းသာလာပါလိမ့္မယ္။
Crd