Unicode
ဆင်မာန်စွယ် ငှက်ပျောမတက်” ဆိုတဲ့စကားအဓိပ္ပာယ်နဲ့ ဆင်မာန်စွယ်အကြောင်း သိကောင်းစရာ
မာန်စွယ်ဆိုသည်မှာသာမာန်ချိုးထား/ဖြတ်ထား သောအစွယ်မျိုးမဟုတ်ဘဲ ဒေါသဖြစ်၍ တိုက်ခိုက်ထိုးနှက်ကျသောအချိန်တွင် ကျိုးကျန်ရစ်သောအစွယ်ကျိုးကိုခေါ်သည်။
တစ်ချို့မာန်စွယ်များသည်သစ်ပင်များတွင် စိုက်ဝင်လျှက်ရှာဖွေတွေ့ရှိရသလို တစ်ချို့မာန်စွယ်များကတော့ သိဒ္ဓိရှိသော ဂမ္ဘီရပစ္စည်းဖြစ်သဖြင့် အိပ်မက်ပေး၍ တွေ့ရှိရခြင်းများလည်းရှိသည်။
ယခုမာန်စွယ်ကတော့အိပ်မက်အရ ညောင်ပင်အတွင်းမှရရှိသောဆင်မာန်စွယ် ဖြစ်သည်။အလေးချိန် ငါးကျပ်သားရှိသော မာန်စွယ်ဖြစ်သည်။
ငှက်ပျောမတက်ဆိုသည်မှာကား သိဒ္ဓိဝင်အစွမ်းရှိသောဆင်မာန်စွယ်၊ဝက်မာန်စွယ်၊ဓါတ်လုံးများအား စမ်းသပ်ကြသော စမ်းသပ်နည်းများထဲမှ တစ်ခုဖြစ်သည်။
ငှက်ပျောပင်အလယ်အူတိုင်သည် ဖြတ်ပြီး ငါးမိနစ် ဆယ်မိနစ်အတွင်းမှာတွင် တစ်လက်မခန့် ပြန်ထွက်လာပေသည်။
ဆင်မာန်စွယ်၊ ဝက်မာန်စွယ်များအား ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီး တင်ထားပါက အချိန်တော်တော်ကြာသည်အထိ ငှက်ပျောပင်မှ ထွက်မလာနိုင်သောအခါမှ
အစွမ်းရှိသည်ဟု သတ်မှတ်ယူဆကြပေသည်။ယခုမာန်စွယ်ကတော့ နာရီဝက်ခန့် ငှက်ပျောမတက်ဟု သိရှိရသည်။ မာန်စွယ်များအား အပွင့်ပိုင်း အားသန်မသန်
အပိတ်ပိုင်း အားသန်မသန် စမ်းသပ်နည်းများလဲ ရှိပေသေးသည်။ဥပမာ လူစည်ကားရာလမ်းလယ်ခေါင်တွင် မာန်စွယ်အားတိုင်တွင်ချိတ်၍ချထားလျှင်
လူများ မော်တော်ယာဉ်များဝင်တိုက်သွား ကြတာများခြင်း၊ ရှောင်ကွင်းသွားကြတာများခြင်း၊ လက်နှင့်ရိုက်ပုတ်သွားသည်များရှိခြင်းတို့အား ကြည့်၍ဆုံးဖြတ်ကြပေသည်။
(အလျဉ်းသင့်ပါကထပ်မံဖော်ပြပေးပါမည်)မာန်စွယ်များအား အဆောင်ရုပ်ထုလုပ်စီရင်၍ပါးစပ်တွင်ငုံကာကာယသိဒ္ဓိပိုင်း ပြီးမပြီးစမ်းသပ်နိုင်ပေသည်။စီရင်နည်းစနစ်များလဲများစွာရှိပေသည်။
ဂမ္ဘီရလောကီပစ္စည်းများသည်ဒီနေရာမှာအစွမ်းပြသော်လည်းဟိုနေရာမှာ ပြချင်မှ ပြသည်” ဆိုသော အချက်များလဲရှိပေသည်။
တန်ဘိုးရှိသောသိဒ္ဓိဝင်ပစ္စည်းများသည်အဖိုးထိုက်တန်ကြောင်းသိရှိကြသဖြင့်ဝိသမလောဘသမားများမှလိမ်လည်ခြင်းများ ရှိကြသောကြောင့်သတိပြု၍ဝယ်ယူသင့်သည်။
ဂမ္ဘီရလောကပစ္စည်းများအားစိတ်ဝင်စားသူအချင်းချင်း လေ့လာဖတ်ရှုနိုင်စေရန်အတွက် မျှဝေခြင်းအလို့ငှာ ရေးသားတင်ပြခြင်းဖြစ်သည်။
ကျန်းမာချမ်းသာကြပါစေ
Crd
Zawgyi
ဆင္မာန္စြယ္ ငွက္ေပ်ာမတက္” ဆိုတဲ့ စကားအဓိပၸာယ္နဲ႔ ဆင္မာန္စြယ္အေၾကာင္း သိေကာင္းစရာ
မာန္စြယ္ဆိုသည္မွာ သာမာန္ခ်ိဳးထား/ျဖတ္ထား ေသာ အစြယ္မ်ိဳးမဟုတ္ဘဲ ေဒါသျဖစ္၍ တိုက္ခိုက္ထိုးႏွက္က်ေသာအခ်ိန္တြင္ က်ိဳးက်န္ရစ္ေသာ အစြယ္က်ိဳးကိုေခၚသည္။
တစ္ခ်ိဳ႕မာန္စြယ္မ်ားသည္ သစ္ပင္မ်ားတြင္ စိုက္ဝင္လွ်က္ရွာေဖြေတြ႕ရွိရသလို တစ္ခ်ိဳ႕မာန္စြယ္မ်ားကေတာ့ သိဒၶိရွိေသာ ဂမၻီရပစၥည္းျဖစ္သျဖင့္ အိပ္မက္ေပး၍ ေတြ႕ရွိရျခင္းမ်ားလည္းရွိသည္။
ယခုမာန္စြယ္ကေတာ့အိပ္မက္အရ ေညာင္ပင္အတြင္းမွ ရရွိေသာဆင္မာန္စြယ္ ျဖစ္သည္။ အေလးခ်ိန္ ငါးက်ပ္သားရွိေသာ မာန္စြယ္ျဖစ္သည္။
ငွက္ေပ်ာမတက္ဆိုသည္မွာကားသိဒၶိဝင္အစြမ္းရွိေသာဆင္မာန္စြယ္၊ဝက္မာန္စြယ္၊ ဓါတ္လုံးမ်ားအား စမ္းသပ္ၾကေသာ စမ္းသပ္နည္းမ်ားထဲမွ တစ္ခုျဖစ္သည္။
ငွက္ေပ်ာပင္အလယ္အူတိုင္သည္ ျဖတ္ၿပီး ငါးမိနစ္ဆယ္မိနစ္အတြင္းမွာတြင္တစ္လက္မခန႔္ ျပန္ထြက္လာေပသည္။
ဆင္မာန္စြယ္၊ ဝက္မာန္စြယ္မ်ားအား ငွက္ေပ်ာပင္ကိုခုတ္ျဖတ္ၿပီးတင္ထားပါကအခ်ိန္ေတာ္ေတာ္ၾကာသည္အထိငွက္ေပ်ာပင္မွ ထြက္မလာႏိုင္ေသာအခါမွ
အစြမ္းရွိသည္ဟု သတ္မွတ္ယူဆၾကေပသည္။ယခုမာန္စြယ္ကေတာ့နာရီဝက္ခန႔္ငွက္ေပ်ာမတက္ဟု သိရွိရသည္။ မာန္စြယ္မ်ားအား အပြင့္ပိုင္း အားသန္မသန္
အပိတ္ပိုင္းအားသန္မသန္စမ္းသပ္နည္းမ်ားလဲ ရွိေပေသးသည္။ဥပမာ လူစည္ကားရာလမ္းလယ္ေခါင္တြင္ မာန္စြယ္အားတိုင္တြင္ခ်ိတ္၍ခ်ထားလွ်င္
လူမ်ား ေမာ္ေတာ္ယာဥ္မ်ားဝင္တိုက္သြား ၾကတာမ်ားျခင္း၊ ေရွာင္ကြင္းသြားၾကတာမ်ားျခင္း၊ လက္ႏွင့္႐ိုက္ပုတ္သြားသည္မ်ားရွိျခင္းတို႔အား ၾကည့္၍ဆုံးျဖတ္ၾကေပသည္။
(အလ်ဥ္းသင့္ပါကထပ္မံေဖာ္ျပေပးပါမည္)မာန္စြယ္မ်ားအား အေဆာင္႐ုပ္ထုလုပ္စီရင္၍ပါးစပ္တြင္ငုံကာကာယသိဒၶိပိုင္း ၿပီးမၿပီးစမ္းသပ္ႏိုင္ေပသည္။စီရင္နည္းစနစ္မ်ားလဲမ်ားစြာရွိေပသည္။
ဂမၻီရေလာကီပစၥည္းမ်ားသည္ဒီေနရာမွာအစြမ္းျပေသာ္လည္းဟိုေနရာမွာ ျပခ်င္မွ ျပသည္” ဆိုေသာ အခ်က္မ်ားလဲရွိေပသည္။
တန္ဘိုးရွိေသာသိဒၶိဝင္ပစၥည္းမ်ားသည္အဖိုးထိုက္တန္ေၾကာင္းသိရွိၾကသျဖင့္ဝိသမေလာဘသမားမ်ားမွလိမ္လည္ျခင္းမ်ား ရွိၾကေသာေၾကာင့္သတိျပဳ၍ဝယ္ယူသင့္သည္။
ဂမၻီရေလာကပစၥည္းမ်ားအားစိတ္ဝင္စားသူအခ်င္းခ်င္း ေလ့လာဖတ္ရႈႏိုင္ေစရန္အတြက္ မွ်ေဝျခင္းအလို႔ငွာ ေရးသားတင္ျပျခင္းျဖစ္သည္။
က်န္းမာခ်မ္းသာၾကပါေစ
Crd