Unicode
ကျွန်မတို့ နေ့စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့တော့ ကောင်းပါရဲ့။ ငပိရည် ဘယ်လိုဖြစ်လာတာကို သိသူ နည်းပါး ပါလိမ့်မယ်။ ဒါကြောင့် ပထမ ငပိလုပ်နည်းကို ပြောပြချင်ပါတယ်။
ငပိတစ်ပိဿာအတွက် ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငပြေမကတော့ ပြောစမှတ် ဖြစ်ရအောင် အချိုဓာတ် လေးလေးပင်ပင် ရှိလှပါတယ်။
ဈေးမှာ လွယ်လွယ်ဝယ်လို့ရတဲ့ ငရံ့၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး ရေပြောင်အောင် ဆေးပေးပါ။
ငါးတစ်ကောင်ချင်းစီကို တစ်ထွာ လောက်ထက် ပို၍မကြီးသင့်ပါဘူး။ ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ့မှာပဲအတော်အသင့် အစိုဓာတ်နဲသွားမှာပါ။
ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက် ပိုပြီးနယ်ရ မှာပါ။ သို့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါးတွေပုပ်တတ်ပါတယ်။
သဘာဝနည်းဖြစ်လို့ အချိုမှုန့်နဲ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။*(သတိပြုရန်။ ငါးနေလှန်းတဲ့အခါ ယင်ကောင်များနားပါက၊
ဥချခဲ့ရင် ငပိထဲမှာ လောက်ကောင်များ တွေ့ရတတ်လို့ ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့အထိ နေမလှန်းပဲ အစိုဓာတ် ထက်ဝက်လောက်
လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီး ထောင်းပေးပါ။ သို့သော် အထူးညက်စရာမလိုပါ။ ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ့၍ ဖိသိပ်ထဲ့လို့ရတဲ့
အနေအထားထိ ပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍ (အနဲဆုံး လက်တစ်ဆုပ်ခန့်)အဖုံးကို
လုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာ၀ နည်းဖြင့် ငါးငပိလုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့်ကြာမှာ ဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန့်ကြာနိုင်ပါတယ်။
ငပိနပ်လို့ အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ့ရပါလိမ့်မယ်။ အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ့ ငံပြာရည်များဖြစ်လို့ ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။
ဒီအတိုင်း သုံးရင် အနံ့မကောင်းတဲ့အတွက် အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီး ပွက်ပွက်ဆူအောင် ကျိုချက်ထားရပါမယ်။
ငံပြာရည်အချို ကြိုက်ရင်တော့ သကြားထည့်ပေးနိုင်ပါတယ်။ ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာ သိမ်းပြီး သဘာဝငါးငံပြာရည် စစ်စစ်အဖြစ်လိုသလို အသုံးပြုနိုင်ပါတယ်။
ဒါဆိုရင်ဖြင့်အိမ်ရှင်မများမိမိအိမ်မှာငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။
Crd
Zawgyi
ကြၽန္မတို႔ ေန႔စဥ္ထမင္းၿမိန္ေစတဲ့ ငပိရည္ဟာ စားလို႔ေတာ့ ေကာင္းပါရဲ႕။ ငပိရည္ ဘယ္လိုျဖစ္လာတာကို သိသူ နည္းပါး ပါလိမ့္မယ္။ ဒါေၾကာင့္ ပထမ ငပိလုပ္နည္းကို ေျပာျပခ်င္ပါတယ္။
ငပိတစ္ပိႆာအတြက္ ငါးတစ္ပိႆာ ႏွစ္ဆယ့္ငါးက်ပ္သားေလာက္ ဝယ္ရပါမယ္။ ငေျပမကေတာ့ ေျပာစမွတ္ ျဖစ္ရေအာင္ အခ်ိဳဓာတ္ ေလးေလးပင္ပင္ ရွိလွပါတယ္။
ေဈးမွာ လြယ္လြယ္ဝယ္လို႔ရတဲ့ ငရံ႕၊ ငခူ၊ ငက်ီး၊ ငေမြထိုး စတဲ့ ေရခ်ိဳငါးတို႔ကိုလည္း သုံးႏိုင္ပါတယ္။ ဦးစြာ ငါးေတြကို ဗိုက္ခြဲ အူထုတ္ၿပီး ေရေျပာင္ေအာင္ ေဆးေပးပါ။
ငါးတစ္ေကာင္ခ်င္းစီကို တစ္ထြာ ေလာက္ထက္ ပို၍မႀကီးသင့္ပါဘူး။ ငါးအေကာင္ႀကီးရင္ေတာ့ ထက္ျခမ္းခြဲသင့္ပါတယ္။ ဒါမွသာ ပထမေန႔မွာပဲအေတာ္အသင့္ အစိုဓာတ္နဲသြားမွာပါ။
ဆားနယ္တဲ့အခါမွာ ပုံမွန္ဟင္းခ်က္တာထက္ ပိုၿပီးနယ္ရ မွာပါ။ သို႔ေသာ္ ဆားထဲ့မ်ားရင္ ငံလြန္းေနၿပီး ဆားနည္းရင္ေတာ့ ငါးေတြပုပ္တတ္ပါတယ္။
သဘာဝနည္းျဖစ္လို႔ အခ်ိဳမႈန႔္နဲ႔ ယမ္းစိမ္း လုံးဝထည့္စရာ မလိုပါ။*(သတိျပဳရန္။ ငါးေနလွန္းတဲ့အခါ ယင္ေကာင္မ်ားနားပါက၊
ဥခ်ခဲ့ရင္ ငပိထဲမွာ ေလာက္ေကာင္မ်ား ေတြ႕ရတတ္လို႔ ယင္မနားပါေစႏွင့္) *ငါးေျခာက္ျဖစ္တဲ့အထိ ေနမလွန္းပဲ အစိုဓာတ္ ထက္ဝက္ေလာက္
ေလ်ာ့က်သြားခ်ိန္မွာ င႐ုပ္ဆုံထဲထည့္ၿပီး ေထာင္းေပးပါ။သို႔ေသာ္အထူးညက္စရာမလိုပါ။ ငါးပုံပ်က္ၿပီး အနဲငယ္ပဲ့႐ြဲ႕၍ ဖိသိပ္ထဲ့လို႔ရတဲ့
အေနအထားထိ ေပ်ာ့ေပ်ာင္းလာရင္ေတာ့ ပလပ္စတစ္ဗူး၊ ဖန္ဘူးမ်ားထဲ သိပ္ထည့္ထားပါ။ ၿပီးရင္အေပၚမွ ဆားမ်ားကိုျဖဴး၍ (အနဲဆုံး လက္တစ္ဆုပ္ခန႔္)အဖုံးကို
လုံေအာင္ ပိတ္ထားလိုက္႐ုံပါဘဲ။ ယခုလို သဘာ၀ နည္းျဖင့္ ငါးငပိလုပ္နည္းက ငါးကေလးဆိုရင္ ႏွစ္လခြဲခန႔္ၾကာမွာ ျဖစ္ၿပီး၊ ငါးႀကီးဆိုလွ်င္ သုံးလခြဲခန႔္ၾကာႏိုင္ပါတယ္။
ငပိနပ္လို႔ အိုးစဖြင့္တယ္ ဆိုရင္ဘဲ ငပိအိုးတက္ရည္မ်ားကိုေတြ႕ရပါလိမ့္မယ္။ အဲဒီအိုးတက္ရည္ေတြဟာ သဘာဝငပိမွထြက္တဲ့ ငံျပာရည္မ်ားျဖစ္လို႔ ေဘးအႏၲရယ္ကင္းစြာ အသုံးျပဳႏိုင္ပါတယ္။
ဒီအတိုင္း သုံးရင္ အနံ႔မေကာင္းတဲ့အတြက္ အိုးထဲမွငံျပာရည္ (အိုးတက္ ရည္)မ်ားကို ခပ္ယူၿပီး ပြက္ပြက္ဆူေအာင္ က်ိဳခ်က္ထားရပါမယ္။
ငံျပာရည္အခ်ိဳ ႀကိဳက္ရင္ေတာ့ သၾကားထည့္ေပးႏိုင္ပါတယ္။ ၿပီးရင္ ပုလင္းအလြတ္ တစ္လုံးထဲမွာ သိမ္းၿပီး သဘာဝငါးငံျပာရည္ စစ္စစ္အျဖစ္လိုသလို အသုံးျပဳႏိုင္ပါတယ္။
ဒါဆိုရင္ျဖင့္အိမ္ရွင္မမ်ားမိမိအိမ္မွာငါးငပိလုပ္ရင္း၊ ငါးငံျပာစစ္စစ္ကိုပါ သုံးစြဲလို႔ရပါၿပီ။
Crd