ခ်စ္ေရးလာဆိုတဲ့အဖိုကင္းၿမီးေကာက္ေတြကိုစားသုံးေလ့ရွိတဲ့အမကင္းၿမီးေကာက္မ်ား

Unicode

ကင်းမြီးကောက်ကို ကမ္ဘာအနှံ့အပြား အပူပိုင်း သစ်တော၊ သဲကန္တာရနှင့်တကွနှင်းကျတဲ့အရပ်ဒေသမှာပင်တွေ့ရပါတယ်။ ကင်းမြီးကောက်တို့ရဲ့

အစာများမှာသေးငယ်သောပိုးမွှား၊ပင့်ကူ၊ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ဖားပြုပ်၊ပက်ကျိ၊ခရုပက်ကျိစတဲ့အကောင်ကလေးများအပြင်ကြွက်စသောနို့တိုက်

သတ္တဝါကလေးများဖြစ်ကြပါတယ်။ကင်းမြီးကောက်တွေဟာသူတို့ကိုနှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ခက်ခဲလှပါတယ်။

ထူးဆန်းတဲ့အချက်ကတော့ကင်းမြီးကောက်တွေရဲ့ချစ်တင်းနှီးနှောပုံမှာများစွာစိတ်ဝင်စားဖွယ်ကောင်းလှပြီးကင်းမြီးကောက်အမဟာအဖိုထက်

ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံ ကင်းမြီးကောက်အဖိုတစ်ကောင်လာပြီးချစ်ရေးဆိုလျက်ရှိစဉ်သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီး

စိတ်ကြိုက်နှင့်တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်ပါက အဲ့ဒီအဖိုကိုကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။ နှစ်ဦးနှစ်ဝချစ်ရေးကြည်ဖြူခဲ့လျှင်

အဖိုဟာအမရဲ့လက်မ၂ဖက်ကိုမိမိ၏လက်မများဖြင့်ညှပ်လျက်အချိန်အတော်ကြာအောင်စုံတွဲလျှက်နေပြီးနောက်မိမိခိုအောင်းရာသို့ခေါ်ဆောင်သွားတတ်ပါတယ်။

ဒါပေမယ့်လည်းကာလအတော်ကြာမျှအတူတကွနေထိုင်ပြီးတဲ့အခါအမဟာအဖိုကို စားပစ်လိုက်တာက များပါတယ်။

ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေဟာမိမိသားငယ်များအပေါ်မှာတော့များစွာခင်မင်ကြင်နာသည်ကိုတွေ့ရတတ်ပါတယ်။ကင်းမြီး ကောက်တွေဟာ

အကောင်လိုက်ပေါက်ဖွားကြပြီး မိခင် ကင်းမြီးကောက်မကြီးဟာသားငယ်များကိုကျောပေါ်မှာသယ်ဆောင်ပြီး သွားလာလေ့ရှိပါတယ်။ ကင်းမြီးကောက်ပေါက်စတွေဟာ

ကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပအမိအဖဖြစ်သောကင်းမြီးကောက် ကြီးများနှင့်ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာတဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။

Crd

Zawgyi

ကင္းၿမီးေကာက္ကို ကမာၻအႏွံ႔အျပား အပူပိုင္း သစ္ေတာ၊ သဲကႏၲာရႏွင့္တကြႏွင္းက်တဲ့အရပ္ေဒသမွာပင္ေတြ႕ရပါတယ္။ ကင္းၿမီးေကာက္တို႔ရဲ႕

အစာမ်ားမွာေသးငယ္ေသာပိုးမႊား၊ပင့္ကူ၊ဖြတ္ပုတတ္မ်ိဳးဝင္အေကာင္ငယ္မ်ား၊ဖားျပဳပ္၊ပက္က်ိ၊ခ႐ုပက္က်ိစတဲ့အေကာင္ကေလးမ်ားအျပင္ႂကြက္စေသာႏို႔တိုက္

သတၱဝါကေလးမ်ားျဖစ္ၾကပါတယ္။ကင္းၿမီးေကာက္ေတြဟာသူတို႔ကိုေႏွာင့္ယွက္ရန္စျခင္းမျပဳလွ်င္ ရန္မမူ တတ္ပဲ လူကိုလည္း သာမန္အားျဖင့္ ရန္ျပဳဖို႔ ခက္ခဲလွပါတယ္။

ထူးဆန္းတဲ့အခ်က္ကေတာ့ကင္းၿမီးေကာက္ေတြရဲ႕ခ်စ္တင္းႏွီးေႏွာပုံမွာမ်ားစြာစိတ္ဝင္စားဖြယ္ေကာင္းလွၿပီးကင္းၿမီးေကာက္အမဟာ အဖိုထက္

ကိုယ္လုံးကိုယ္ထည္ ႀကီးမားၿပီး မိမိထံ ကင္းၿမီးေကာက္အဖိုတစ္ေကာင္လာၿပီးခ်စ္ေရးဆိုလ်က္ရွိစဥ္သေဘာေကာင္းခ်ိန္နဲ႔ ႀကဳံႀကိဳက္ၿပီး

စိတ္ႀကိဳက္ႏွင့္ေတြ႕ပါက ၾကည္သာစြာပင္ လက္ခံတတ္ၿပီး အခန႔္မသင့္ပါက အဲ့ဒီအဖိုကိုကိုက္သတ္ၿပီး စားပစ္တတ္ပါတယ္။ ႏွစ္ဦးႏွစ္ဝခ်စ္ေရးၾကည္ျဖဴခဲ့လွ်င္

အဖိုဟာအမရဲ႕လက္မ၂ဖက္ကိုမိမိ၏လက္မမ်ားျဖင့္ညႇပ္လ်က္အခ်ိန္အေတာ္ၾကာေအာင္စုံတြဲလွ်က္ေနၿပီးေနာက္မိမိခိုေအာင္းရာသို႔ေခၚေဆာင္သြားတတ္ပါတယ္။

ဒါေပမယ့္လည္းကာလအေတာ္ၾကာမွ်အတူတကြေနထိုင္ၿပီးတဲ့အခါအမဟာအဖိုကို စားပစ္လိုက္တာက မ်ားပါတယ္။

ဒါေပမယ့္လည္း ကင္းၿမီးေကာက္အမေတြဟာမိမိသားငယ္မ်ားအေပၚမွာေတာ့မ်ားစြာခင္မင္ၾကင္နာသည္ကိုေတြ႕ရတတ္ပါတယ္။ကင္းၿမီး ေကာက္ေတြဟာ

အေကာင္လိုက္ေပါက္ဖြားၾကၿပီး မိခင္ ကင္းၿမီးေကာက္မႀကီးဟာသားငယ္မ်ားကိုေက်ာေပၚမွာသယ္ေဆာင္ၿပီး သြားလာေလ့ရွိပါတယ္။ ကင္းၿမီးေကာက္ေပါက္စေတြဟာ

ကိုယ္လုံးကိုယ္ထည္ငယ္သည္မွအပအမိအဖျဖစ္ေသာကင္းၿမီးေကာက္ ႀကီးမ်ားႏွင့္ပုံသဏၭာန္ခ်င္းတူလွၿပီး ႀကိမ္ဖန္မ်ားစြာအေရလဲၿပီးမွသာတျဖည္းျဖည္း ႀကီးျပင္းၾကရတာပဲ ျဖစ္ပါတယ္။

Crd