Unicode
ခုဖော်ပြမှာကတော့သမိုင်းမှာယနေ့အချိန်အထိပြောစမှတ်တွင်အောင်ဖြစ်သွားခဲ့ရတဲ့အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ဟီးရိုးရှီးမားမြို့အကြောင်းပဲဖြစ်ပါတယ်။အားလုံးပဲ
သိတဲ့အတိုင်းဒုတိယကမ္ဘာစစ်ကြီးမှာဂျပန်တွေလက်နက်ချခြင်းရဲ့နိဂုံးအဆုံးသတ်ကတော့အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံရဲ့ မြို့နှစ်မြို့ဖြစ်တဲ့ ဟီးရိုးရှီးမားမြို့နဲ့
နာဂါစကီမြို့ကို အနုမြူဗုံးကြဲခဲ့လို့ပဲ ဖြစ်ပါတယ်။ဒီဗုံးဒဏ်ကြောင့်ဟီးရိုးရှီးမားမြို့တွင်းနေထိုင်တဲ့မြို့သူ၊မြို့သား၇၀၀၀၀ကျော်ဟာဗုံးကွဲအပြီးမှာချက်ချင်းသေဆုံးသွားခဲ့တာဖြစ်ပြီး
ကျန်တဲ့ လူထောင်ပေါင်းများစွာကတော့အနုမြူရောင်ခြည်ဒဏ်သင့်ပြီးနောက်ပိုင်းမှာသေဆုံးကုန်ကြတာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်ကြီး အပြီးမှာ
လူတိုင်း အံ့ဩသင့်သွားစေတဲ့ အဖြစ်ကတော့နှစ်ပေါင်း၇၀ကျော်ကဗုံးဒဏ်ခံခဲ့ရအပြီးဟီရိုရှီးမားမြို့မှာဖျက်မရဘဲအမြဲတမ်း စွဲကျန်ခဲ့တဲ့ လူရိပ်တွေ
ဟာ နံရံတွေလှေကားတွေလမ်းတွေပေါ်မှာ ကြောက်မက်ဖွယ် ကျန်ရှိ နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။နှစ်ပေါင်း၇၀ကျော်ကြာတာတောင်ဘယ်လိုဖြစ်ပြီး
အခုအချိန်အထိအရိပ်တွေထင်ကျန်နေရတာလဲဆိုတာကိုတော့ဘယ်သူမှမရှင်းပြနိုင်သေးပါဘူး။တချို့နေရာကအရိပ်တွေဟာဆိုရင်ကြည့်မိသူတိုင်းကို
အတွေးတစ်ခုဝင်သွားစေပြီးထိတ်လန့်စရာတောင်ကောင်းလှပါတယ်။ဒီလိုထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဟာနိုင်ငံတိုင်းလိုလိုမှာရှိပြီး
သိပ္ပံပညာရှင်တွေကိုခေါင်းစားစေတဲ့ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိလို့နေပါတယ်။
Crd
Zawgyi
Crd