အိမ္ေနာက္ေဖးမွာေရတြင္းတူရင္းအမွတ္မထင္ကမာၻ႔အႀကီးမားဆုံးေသာနီလာတုံးႀကီးကို ေတြ႕ရွိခဲ့တဲ့အမ်ိဳးသား

Unicode

အိမ်နောက်ဖေးမှာ ရေတွင်းတူရင်း အမှတ်မထင် ကမ္ဘာ့အကြီးမားဆုံးသော နီလာတုံးကြီးကို တွေ့ရှိခဲ့တဲ့အမျိုးသား

သီရိလင်္ကာနိုင်ငံရဲ့ Ratnapura မြို့မှာနေထိုင်တဲ့ Gamageအမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အိမ်အသစ်ဆောက်ရင်း သူ့ရဲ့ခြံဝန်းအနောက်ဖက်မှာ ရေတွင်းတူးချင်နေခဲ့တာပါ ။

ဒါကြောင့် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ ရေတွင်းတူးနေကြစဉ်အစိုင်အခဲကျောက်တုံးကြီးတစ်ခုကို တူးမိခဲ့ကြပါတယ် ။ ဆက်လက်တူးဖော်ခဲ့ကြရင်းနဲ့

အလွန်ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။

အခြားသော ကျောက်မျက်ရတနာတွေကိုပါ ရှာဖွေတွေ့ခဲ့လို့ သူတို့မိသားစုဟာ အဆိုပါကျောက်တုံးဟာ ဘာတွင်းထွက်ပစ္စည်းများဖြစ်မလဲဆိုပြီး

စိတ်လှုပ်ရှားကာ ကျွမ်းကျင်သူတွေကိုခေါ်ယူပြီး ဆုံးဖြတ်ခိုင်းခဲ့ပါတယ် ။

အံ့သြဖို့ကောင်းလောက်အောင်ပဲ အဆိုပါကျောက်တုံးကြီးက သူတို့ရဲ့ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ် ။

အကြောင်းကတော့ နီလာကျောက်ကြီးဖြစ်နေခဲ့ပြီး 2.5 million carats ရှိကာ အလေးချိန်မှာ 510 kg နှင့် အရှည် 100 cm ၊အကျယ် 72 cm နှင့် အမြင့် 50 cm ရှိနေခဲ့ပါတယ် ။

ပျမ်းမျှတန်ဖို့မှာ အမေရိကန်ဒေါ်လာ 100 million ခန့်ရှိကြောင်း သိရပါတယ် ။

အဆိုပါကျောက်မျက်ရတနာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Gamage ဟာ အစိုးရကို အကြောင်းကြားခဲ့ပြီး နောက်ဆုံး သန့်စင်ခွဲခြမ်းစိတ်ဖြာခဲ့ပြီးနောက်မှာတော့ အရမ်းကိုတန်ဖိုးကြီးတဲ့ နီလာကျောက်တွေဖြစ်နေခဲ့ပါတယ် ။

အဆိုပါ နီလာကို တကယ့် ကျောက်မျက်ရတနာပညာရှင်တွေက ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော နီလာ ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ် ။

Crd

Zawgyi

အိမ္ေနာက္ေဖးမွာ ေရတြင္းတူရင္း အမွတ္မထင္ ကမာၻ႔အႀကီးမားဆုံးေသာ နီလာတုံးႀကီးကို ေတြ႕ရွိခဲ့တဲ့အမ်ိဳးသား

သီရိလကၤာႏိုင္ငံရဲ႕ Ratnapura ၿမိဳ႕မွာေနထိုင္တဲ့ Gamage အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ အိမ္အသစ္ေဆာက္ရင္း သူ႔ရဲ႕ၿခံဝန္းအေနာက္ဖက္မွာ ေရတြင္းတူးခ်င္ေနခဲ့တာပါ ။

ဒါေၾကာင့္ ေဆာက္လုပ္ေရးလုပ္သားေတြနဲ႔ ေရတြင္းတူးေနၾကစဥ္ အစိုင္အခဲေက်ာက္တုံးႀကီးတစ္ခုကို တူးမိခဲ့ၾကပါတယ္ ။ ဆက္လက္တူးေဖာ္ခဲ့ၾကရင္းနဲ႔

အလြန္ႀကီးမားတဲ့ ေက်ာက္တုံးတစ္တုံးကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္ ။

အျခားေသာ ေက်ာက္မ်က္ရတနာေတြကိုပါ ရွာေဖြေတြ႕ခဲ့လို႔ သူတို႔မိသားစုဟာ အဆိုပါေက်ာက္တုံးဟာ ဘာတြင္းထြက္ပစၥည္းမ်ားျဖစ္မလဲဆိုၿပီး

စိတ္လႈပ္ရွားကာ ကြၽမ္းက်င္သူေတြကိုေခၚယူၿပီး ဆုံးျဖတ္ခိုင္းခဲ့ပါတယ္ ။

အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ပဲ အဆိုပါေက်ာက္တုံးႀကီးက သူတို႔ရဲ႕ဘဝကို ေျပာင္းလဲပစ္ခဲ့ပါတယ္ ။

အေၾကာင္းကေတာ့ နီလာေက်ာက္ႀကီးျဖစ္ေနခဲ့ၿပီး 2.5 million carats ရွိကာ အေလးခ်ိန္မွာ 510 kg ႏွင့္ အရွည္ 100 cm ၊အက်ယ္ 72 cm ႏွင့္ အျမင့္ 50 cm ရွိေနခဲ့ပါတယ္ ။

ပ်မ္းမွ်တန္ဖို႔မွာ အေမရိကန္ေဒၚလာ 100 million ခန႔္ရွိေၾကာင္း သိရပါတယ္ ။

အဆိုပါေက်ာက္မ်က္ရတနာကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ Gamage ဟာ အစိုးရကို အေၾကာင္းၾကားခဲ့ၿပီး ေနာက္ဆုံး သန႔္စင္ခြဲျခမ္းစိတ္ျဖာခဲ့ၿပီးေနာက္မွာေတာ့ အရမ္းကိုတန္ဖိုးႀကီးတဲ့ နီလာေက်ာက္ေတြျဖစ္ေနခဲ့ပါတယ္ ။

အဆိုပါ နီလာကို တကယ့္ ေက်ာက္မ်က္ရတနာပညာရွင္ေတြက ကမာၻေပၚမွာ အႀကီးမားဆုံးေသာ နီလာ ဆိုၿပီး သတ္မွတ္ခဲ့ၾကပါတယ္ ။

Crd