ကမာၻ႔အႀကီးဆုံးေခါင္းေလာင္းႀကီးမ်ား

Unicode

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ခန့်ကတည်းကတရုတ်နိုင်ငံမှာ ခေါင်း‌လောင်းတွေကိုစတင်အသုံးပြုခဲ့ကြပါတယ်။အစောပိုင်းခေါင်းလောင်းတွေကို မြေနဲ့ဖန်တီးပြီး

အလယ်မှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ခလောက်တစ်ခုပါရှိပါတယ်။အဲဒီနောက်မှာတော့ သတ္တုခေါင်းလောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ တိုးမြှင့်ဖန်တီးလာကြပြီး

နေရာမျိုးစုံမှာအသုံးပြုလာကြပါတယ်။ ခရစ်ယာန်ကျောင်းတွေမှာခါင်းလောင်းတွေထားတတ်ကြသလိုဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုးတွေမှာလည်း

ခေါင်းလောင်းတွေကို ချိတ်ဆွဲထားကာကို တွေ့ရှိရမှာဖြစ်ပါတယ်။နိုင်ငံအသီးသီးတွေမှာ ခေါင်းလောင်းတွေကိုအကြောင်းအမျိုးမျိုးကြောင့်

အသုံးပြုကြသလိုသာသနာရေးကိစ္စများမှ နန်းတက်ပွဲ၊လက်ထပ်ပွဲစသော မင်္ဂလာအခမ်းအနားများ၊ လွတ်လပ်ရေး အခမ်းအနား၊

ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားတွေမှာ ခေါင်းလောင်းတွေကို ထိုးတတ်ကြပါတယ်။စာဖတ်ပရိသတ်ကြီးအတွက် ကမ္ဘာပေါ်မှာရှိတဲ့

အကြီးဆုံး ခေါင်းလောင်းကြီးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၄။ ချီယွန်အင်ဘုရားကျောင်း ခေါင်းလောင်း (Chion-in Temple Bell)Chion-in Temple Bellဟာဂျပန်နိုင်ငံ၊ကျိုတိုမြို့ ဂျိုဒိုဗုဒ္ဓဘာသာဂိုဏ်းရဲ

့နယ်မြေ Chion-in မှာတည်ရှိတဲ့ ခေါင်းလောင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ခေါင်းလောင်းတွေကို Bonshoလို့ ခေါ်ပြီး ဘုန်းကြီးတွေ

စုရုံးတဲ့အခါမျိုးဒါမှမဟုတ် ဘုရား ဝတ်ပြုဖို့ ဆင့်ခေါ်တဲ့အခါမျိုးမှာ အချက်ပေးဖို့ အနေနဲ့အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။Chion-in ဘုရားကျောင်း

ခေါင်းလောင်းကတော့ ဂျပန်မှာ အကြီးဆုံးခေါင်းလောင်းဖြစ်ပြီး အလေးချိန် ၁၄၈၀၀၀ ပေါင်ရှိပါတယ်။ ဒီ ခေါင်းလောင်းကြီးကို ၁၆၃၃ ခုနှစ်မှာ

သွန်းလောင်းခဲ့တာဖြစ်ပြီး ခေါင်းလောင်းထိုးဖို့ လူ ၁၇ ဦး လိုအပ်ပါတယ်။

၃။ မင်းကွန်း ခေါင်းလောင်း (Mingun Bell)

ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းဖြစ်တဲ့ မင်းကွန်းခေါင်းလောင်းတော်ကြီးကတော့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိပါတယ်။

၁၈ဝ၈ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ပန်းတဉ်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သားပညာရှင်များက သွန်းလောင်းခဲ့ကြရာ ၁၈၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။

ခေါင်းလောင်းကြီးရဲ့ အချင်း ၁၆ ပေ ၈ လက်မ၊ လုံးပတ် ၅၀ ပေ ၉ လက်မ၊ အစောက် ၂၀ ပေ ၃ လက်မ၊ အလေးချိန် ၉၀ ဒသမ ၅၂ တန် (၁၉၅,၀၀၀ပေါင်)
ပိဿာချိန် ၅၅၅၅၅ ပိဿာရှိပြီး “မင်းဖြူမှန်မှန်ပြော” ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားဖော်ပြထားခြင်းဖြစ်ပါတယ်။

အေဒီ ၁၈၃၈ ခုနှစ်မှာ မြေငလျင်လှုပ်ခဲ့တာကြောင့် အနည်းငယ်နေရာရွှေ့ခဲ့ပြီး ၅ ပိဿာခန့် ပဲ့ဖူးပါတယ်။ ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုးအရာရှိတစ်ဦးက

မူလသစ်သားရက်မပေါ်မှ ယခုရှိသော သံရက်မပေါ်သို့ ရွှေ့ပြောင်းတပ်ဆင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင် ၁၆ တိုင်နဲ့ ဘုံပြာသာဒ် ၃ ဆင့်အမိုးတပ်ဆင်ထားပြီး ယနေ့ထိတိုင် ထိုး၍ အသံလွင်လွင်ပြည်ဆဲဖြစ်ပါတယ်။

၂။ Bell of Good Luck

ဒီခေါင်းလောင်းကြီးကတော့ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် Pingdingsham မြို့က Foquan ဘုရားကျောင်းမှာတည်ရှိပါတယ်။

အမြင့်၁၇ ပေနီးပါးခန့်ရှိတဲ့ဒီခေါင်းလောင်းကြီးကို၂၀၀၀ ပြည့်နှစ်မှာ Tianrui Groupကုမ္ပဏီက သွန်းလောင်းခဲ့တာဖြစ်ပါတယ်။

အလေးချိန် ၂၅၅၂၀၀ ပေါင်ရှိပါတယ်။အမြင့်၈ဒသမ ၁၀၈မီတာ၊အချင်း၅ဒသမ၁၁၈မီတာရှိတဲ့ဒီခေါင်းလောင်းကြီးဟာကမ္ဘာ ပေါ်က

အသံမြည်နိုင်တဲ့ခေါင်းလောင်းတွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။

Crd

Zawgyi

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀၀၀ ခန႔္ကတည္းက တ႐ုတ္ႏိုင္ငံမွာ ေခါင္း‌ေလာင္းေတြကို စတင္အသုံးျပဳခဲ့ၾကပါတယ္။ အေစာပိုင္းေခါင္းေလာင္းေတြကို ေျမနဲ႔ဖန္တီးၿပီး

အလယ္မွာ ႀကိဳးနဲ႔ခ်ိတ္ဆြဲထားတဲ့ ခေလာက္တစ္ခုပါရွိပါတယ္။အဲဒီေနာက္မွာေတာ့ သတၱဳေခါင္းေလာင္းေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ တိုးျမႇင့္ဖန္တီးလာၾကၿပီး

ေနရာမ်ိဳးစုံမွာ အသုံးျပဳလာၾကပါတယ္။ ခရစ္ယာန္ေက်ာင္းေတြမွာခါင္းေလာင္းေတြ ထားတတ္ၾကသလိုဗုဒၶဘာသာနဲ႔ဆိုင္တဲ့ ဘုရား၊ ေက်ာင္းကန္၊ ေစတီ၊ ပုထိုးေတြမွာလည္း

ေခါင္းေလာင္းေတြကို ခ်ိတ္ဆြဲထားကာကို ေတြ႕ရွိရမွာျဖစ္ပါတယ္။ႏိုင္ငံအသီးသီးေတြမွာ ေခါင္းေလာင္းေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္

အသုံးျပဳၾကသလိုသာသနာေရးကိစၥမ်ားမွ နန္းတက္ပြဲ၊ လက္ထပ္ပြဲစေသာ မဂၤလာအခမ္းအနားမ်ား၊ လြတ္လပ္ေရး အခမ္းအနား၊

ဝမ္းနည္းျခင္း အထိမ္းအမွတ္ အခမ္းအနားေတြမွာ ေခါင္းေလာင္းေတြကို ထိုးတတ္ၾကပါတယ္။စာဖတ္ပရိသတ္ႀကီးအတြက္ ကမာၻေပၚမွာရွိတဲ့

အႀကီးဆုံး ေခါင္းေလာင္းႀကီးေတြအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၄။ ခ်ီယြန္အင္ ဘုရားေက်ာင္း ေခါင္းေလာင္း (Chion-in Temple Bell)Chion-in Temple Bellဟာ ဂ်ပန္ႏိုင္ငံ၊ က်ိဳတိုၿမိဳ႕ ဂ်ိဳဒိုဗုဒၶဘာသာဂိုဏ္းရဲ

႕နယ္ေျမ Chion-in မွာတည္ရွိတဲ့ ေခါင္းေလာင္းျဖစ္ပါတယ္။ ဂ်ပန္မွာေတာ့ ေခါင္းေလာင္းေတြကို Bonsho လို႔ ေခၚၿပီး ဘုန္းႀကီးေတြ

စု႐ုံးတဲ့အခါမ်ိဳးဒါမွမဟုတ္ ဘုရား ဝတ္ျပဳဖို႔ ဆင့္ေခၚတဲ့အခါမ်ိဳးမွာ အခ်က္ေပးဖို႔ အေနနဲ႔အသုံးျပဳခဲ့ၾကတာျဖစ္ပါတယ္။Chion-in ဘုရားေက်ာင္း

ေခါင္းေလာင္းကေတာ့ ဂ်ပန္မွာ အႀကီးဆုံးေခါင္းေလာင္းျဖစ္ၿပီး အေလးခ်ိန္ ၁၄၈၀၀၀ ေပါင္ရွိပါတယ္။ ဒီ ေခါင္းေလာင္းႀကီးကို ၁၆၃၃ ခုႏွစ္မွာ

သြန္းေလာင္းခဲ့တာျဖစ္ၿပီး ေခါင္းေလာင္းထိုးဖို႔ လူ ၁၇ ဦး လိုအပ္ပါတယ္။

၃။ မင္းကြန္း ေခါင္းေလာင္း (Mingun Bell)

ကမာၻ႔တတိယအႀကီးဆုံး ေခါင္းေလာင္းျဖစ္တဲ့ မင္းကြန္းေခါင္းေလာင္းေတာ္ႀကီးကေတာ့ ျမန္မာႏိုင္ငံ၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း တည္ရွိပါတယ္။

၁၈ဝ၈ ခုႏွစ္ ဘိုးေတာ္ဘုရားလက္ထက္ ပန္းတဥ္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ ေၾကးသြန္းလုပ္သားပညာရွင္မ်ားက သြန္းေလာင္းခဲ့ၾကရာ ၁၈၁၀ ျပည့္ႏွစ္တြင္ ၿပီးစီးခဲ့ပါတယ္။

ေခါင္းေလာင္းႀကီးရဲ႕ အခ်င္း ၁၆ ေပ ၈ လက္မ၊ လုံးပတ္ ၅၀ ေပ ၉ လက္မ၊ အေစာက္ ၂၀ ေပ ၃ လက္မ၊ အေလးခ်ိန္ ၉၀ ဒသမ ၅၂ တန္ (၁၉၅,၀၀၀ေပါင္)
ပိႆာခ်ိန္ ၅၅၅၅၅ ပိႆာရွိၿပီး “မင္းျဖဴမွန္မွန္ေျပာ” ဆိုသည္မွာ မင္းကြန္းေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ကို မွတ္သားေဖာ္ျပထားျခင္းျဖစ္ပါတယ္။

ေအဒီ ၁၈၃၈ ခုႏွစ္မွာ ေျမငလ်င္လႈပ္ခဲ့တာေၾကာင့္ အနည္းငယ္ေနရာေ႐ႊ႕ခဲ့ၿပီး ၅ ပိႆာခန႔္ ပဲ့ဖူးပါတယ္။ ဧရာဝတီမီးသေဘၤာကုမၸဏီမွ စေကာ့တလန္လူမ်ိဳးအရာရွိတစ္ဦးက

မူလသစ္သားရက္မေပၚမွ ယခုရွိေသာ သံရက္မေပၚသို႔ ေ႐ႊ႕ေျပာင္းတပ္ဆင္ေပးခဲ့ျခင္းျဖစ္ပါတယ္။

မင္းကြန္းေခါင္းေလာင္းႀကီးမွာ တိုင္ ၁၆ တိုင္နဲ႔ ဘုံျပာသာဒ္ ၃ ဆင့္အမိုးတပ္ဆင္ထားၿပီး ယေန႔ထိတိုင္ ထိုး၍ အသံလြင္လြင္ျပည္ဆဲျဖစ္ပါတယ္။

၂။ Bell of Good Luck

ဒီေခါင္းေလာင္းႀကီးကေတာ့ တ႐ုတ္ႏိုင္ငံ၊ ဟီနန္ျပည္နယ္ Pingdingsham ၿမိဳ႕က Foquan ဘုရားေက်ာင္းမွာတည္ရွိပါတယ္။

အျမင့္၁၇ ေပနီးပါးခန႔္ရွိတဲ့ဒီေခါင္းေလာင္းႀကီးကို၂၀၀၀ ျပည့္ႏွစ္မွာ Tianrui Groupကုမၸဏီက သြန္းေလာင္းခဲ့တာျဖစ္ပါတယ္။

အေလးခ်ိန္ ၂၅၅၂၀၀ ေပါင္ရွိပါတယ္။အျမင့္၈ဒသမ ၁၀၈မီတာ၊အခ်င္း၅ဒသမ၁၁၈မီတာရွိတဲ့ဒီေခါင္းေလာင္းႀကီးဟာကမာၻ ေပၚက

အသံျမည္ႏိုင္တဲ့ေခါင္းေလာင္းေတြထဲမွာအႀကီးဆုံးျဖစ္ပါတယ္။

Crd