ျမတ္စြာဘုရားရွင္ရဲ႕စိတ္ဝင္စားဖြယ္ေကာင္းတဲ့မုျဒာမ်ားအေၾကာင္းသိေကာင္းစရာ

Unicode

မြတ်စွာဘုရားရှင်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့မုဒြာများအကြောင်းသိကောင်းစရာ

စာဖတ်သူ မိတ်ဆွေများ ဗဟုသုတသိမှတ်ဖွယ်ရာအနေဖြင့်ဘုရားရှင်၏လက်ဟန် ခြေဟန် သင်္ကေတများကို မှတ်သား သိရှိစေရန် အလိုငှာ ရေးသားမိသည်။

မုဒြာဆိုသည်မှာပါဠိစကားဖြစ်ပါသည်။အဓိပ္ပါယ်ကားလက်ချောင်းလို မြန်မာပြန်ရသည်။ မြတ်စွာဘုရားရှင်၏ လက်တော်အနေထား၊

လက်ဟန်ပုံစံ၊ ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို မုဒြာဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်ရဲ့ မုဒြာများ အများအပြား ရှိပေမယ့်လည်း

ယခု ဆောင်းပါးတွင် အသုံးများသော မုဒြာများကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်-၁။ ပဒုမာသန မုဒြာ ပဒုမာသန မုဒြာဆိုသည်ကား ပဒုမ္မာကြာပန်းကဲ့သို့

ထိုင်နေတော်မူသည့်ပုံစံဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ပုံတော်တွင် ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်ပေါ်၌တင်လျက်၊ ဘယ်ဘက်ခြေဖဝါးကို

ညာဘက်ပေါင်ပေါ်၌တင်ထားပြီး တင်ပလ္လင်ခွေ အနေအထားပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊ လက်နှစ်ဖက်ကိုတော့ လက်ချင်းထပ်ထားပြီးတော့

တင်ပလ္လင်ခွေပေါ်၌တင်ထားသည့်ဘုရားပုံသဏ္ဍာန်တော်ကိုပဒုမာသနမုဒြာဟုခေါ်ပါသည်။

Zawgyi

၂။ ဓမ္မစကြာ မုဒြာ ဓမ္မစကြာမုဒြာဆိုသည်မွာပဉ္စဝဂ္ဂီ-၅-ဦးအားသစ္စာလေးပါး၊မဂ္ဂင်ရှစ်ပါးတရားတို့ကို တစ်ပါးချင်းတစ်ပါးချင်းစီ လက်ချိုးရေတွက်ပြီးသကာလ

ဓမ္မစကြားတရားဦး ဟောတော်မူနေသည့် ပုံစံဖြစ်ပါသည်။ မြတ်စွာဘုရား၏လက်တော်နှစ်ဖက်မှာရုပ်ပွားတော်၏ ရင်ညွှန့်လောက်မှာ ရှိပါသည်။

လက်ချောင်းအနေအထားမှာ ညာဖက်လက်က လက်ညှိုးကလေးကို ကွေးထားပြီး၊လက်မနှင့် ထိထားသည့် ပုံစံဖြစ်ပြီးဘယ်ဖက်လက်က လက်ခလယ်ကို ထိထားရသည်။

ညာဖက် လက်မနှင့် လက်ညှိုးသည်ဘယ်ဖက်လက်ခလယ်ကိုထိထားရသည်။အဓိပ္ပါယ်ကား-မြတ်စွာဘုရားရွင်သည် သစ္စာလေးပါး၊ မဂ္ဂင်တရားရှစ်ပါးတို့ကို

တစ်ပါးချင်းတစ်ပါးချင်းစီလက်ချိုးရေတွက်ပြီးဓမ္မစကြားတရားတော်အား ဟောကြားတော်မူနေသည့် ပုံစံဖြစ်ကြောင့် “ဓမ္မစကြာ မုဒြာဟု ခေါ်ဆိုပါသည်။

၃။ ဘူမိဖဿ မုဒြာဘူမိဖဿမုဒြာဆိုသည်မှ ာမဟာပထဝီမြေကြီးကို သက်သေညွှန်ပြီးတော့ မာရ်နတ်သားကိုအောင်မြင်တော်မူသည့် တင်ပလ္လင်ခွေထိုင်နေတော်မူသည့်ပုံစံကို

ဘူမိဖဿမုဒြာဟု ခေါ်ပါသည်။ ဘူမိဖဿမုဒြာသည် ဘယ်ဖက်လက်ဖဝါးကို လှန်ပြီး၊ တင်ပလ္လင်‌ခွေပေါ်၌ ထားရှိပြီး၊ ညာဘက်လက် ဖဝါးကိုတော့

ညာဘက်ဒူးပေါ်၌ မှောက်လျှက်တင်ထားရသည်။ လက်ချောင်းတော်အနေထားကား အောက်သို့ စိုက်နေသည့်ပုံစံဖြစ်ပြီး၊ ဘယ်ဘက်လက်ကတော့ အထက်သို့ လှန်ထားသည်။

မဟာပထဝီမြေကြီးကို သက်သေတည်ပြီး မာရ်နတ်သားကိုအောင်မြင်သည့် ပုံစံကို ဘူမိဖဿမုဒြာဟု ခေါ်ဆိုပါသည်။

၄။ ဈာန မုဒြာ ဈာနမုဒြာဆိုသည်မှာ မြတ်စွာဘုရား ဈာန်သမာပတ်ဝင်စားနေသည့် ပုံစံပင် ဖြစ်သည်။ အနေအထားမှာ မြတ်စွာ ဘုရားရှင်သည် ထိုင်နေပြီးသကာလ

မျက်လုံးအစုံကို မှတ်ထားနေသည့် ပုံစံ ဖြစ်ပါသည်။ ညာဖက်လက်ဖဝါး၊ ဘယ်ဖက်လက်ဖဝါး နှစ်ဖက်ကို လှန်ထားပြီး တင်ပလ္လင်ခွေပေါ်တင်ထား၍ အချင်းချင်

း ထပ်ထားသည့် ပုံစံဖြစ်ပါတယ်။ တင်ပလ္လင်ခွေထိုင်နေပြီး မျက်လုံးအစုံမှိတ်ထားက လက်ဖဝါးနှစ်ဖက်တို့ကို လှန်၍ အချင်းချင်းထပ်ထားပြီး ဈာန်သမာပတ်

ဝင်စားနေသည့် ပုံသဏ္ဍာန်ကို ဈာနမုဒြာဟု ခေါ်ပါသည်။၅။ အဘယ မုဒြာ အဘယမုဒြာဆိုသည်မှာ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ ချမ်းသာပါစေလို

့ ဆုတောင်းပေးနေသည့် ပုံစံကို “အဘ မုဒြာဟု ခေါ်ဆိုပါသည်။ အဘယမုဒြာပုံတော်ဟာ မတ်တတ်ရပ်နေတဲ့ ပုံတော်ဖြစ်ပါသည်။ လက်တော်အနေထားက

ညာဘက်လက်တော်မှ လက်ဖဝါးကို ပခုံးတော်နှင့်ညီအောင် တံတောင်ဆစ်မှ ကွေးထားရပါတယ်။ လက်ဖဝါးကို ရှေ့ဘက်လှည့်ထားပြီး၊ ဘယ်ဘက်လက်တော်ကို

မှောက်ထားကာ အောက်ဘက်ဆီသို့ဆန့်တန်းထားရသည်။ အဲဒီလိုပုံသဏ္ဍန်ကို “အဘယ မုဒြာဟုခေါ်ပါသည်။ [တနည်း ဝရ မုဒြာဟုလည်း ခေါ်ကြသည်။

၆။ ပိဏ္ဍ မုဒြာ ပိဏ္ဍ မုဒြာဆိုသည်မှာ သပိတ်ကိုပိုက်ပြီး ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကိုခေါ်ပါသည်။ ပုံစံမှာ လက်နှစ်ဖက်ဖြင့်သပိတ်ကို ပိုက်ထားပြီး

မတ်တတ်ရပ်အနေထားဖြင့် ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို ပိဏ္ဍ မုဒြာဟုခေါ်ပါသည်။၇။ ပရိနိဗ္ဗာန မုဒြာ လျောင်းတော်မူပြီး ပရိနိဗ္ဗာန်စံနေတော်မူသည့်

ပုံစံကို ပရိနိဗ္ဗာနမုဒြာဟု ခေါ်ခြင်းဖြစ်သည်။ အနေအားမှာ မြောက်ဘက်အရပ်သို့ ဦးခေါင်းပြုထားပြီး၊ အနောက်ဘက်အရပ်သို့ မျက်နှာမူလျက် မျက်လုံးတော်အစုံမှာ

မှိတ်ထားသည့် ပရိနိဗ္ဗာန် စံနေတော်မူသည့် ပုံသဏ္ဍာန်ကို ပရိနိဗ္ဗာန မုဒြာဟုခေါ်သည်။ မှတ်ချက်။ အရှေ့သာလျောင်း၊ တောင်ပေါင်းလောင်း၊

အနောက်နေရဗာန်၊ မြောက်ပရိနိဗ္ဗာန်ဆိုသည့်အတိုင်း အရှေ့သာလျောင်းဆိုသည်က လဲ လျောင်းနေသည့်ပုံတော်သည်အရှေ့ဘက်ကိုဦးခေါင်းတော်ထားတယ်

ဆိုလျင်ရွှေသာလျောင်းပုံတော်ဟု ခေါ်ပါသည်။ တောင်ပေါင်းလောင်းဆိုသည်ကလဲ လျောင်းနေသည့် ပုံတော်သည် တောင်ဘက်သို့ ဦးခေါင်တော်

ပြုထားတယ်ဆိုလျှင် ပေါင်းလောင်းပုံတော်ဟု ခေါ်ပါသည်။ အနောက်နေရဗာန်ဆိုသည်က အနောက်ဖက်သို့ ဦးခေါင်းတော်ထားသည့် လဲ လျောင်းနေသည့်ပုံတော်သည်

နေရဗာန်ပုံတော်ဟု ခေါ်ပါသည်။ မြောက်ပရိနိဗ္ဗာန်ဆိုသည်ကမြောက်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့်ပုံစံသည်ပရိနိဗ္ဗာန်စံသည့် လဲ လျောင်းနေသည့်ပရိနိဗ္ဗာနပုံတော်ဟု ခေါ်ဆိုပါသည်။

၈။ ဥတ္တရဗောဓိမုဒြာ လက်ဝဲလက်ညိုးနှင့်လက်မ လက် ယာလက်ညိုးနှင့်လက်မတို့ကိုထိထား၍ ရင်ဘတ်ကိုထိလုနီးပါ ထောင်ပြထားသော

လက်ဟန်အနေအထားကိ ဥတ္တရမုဒြာဟုခေါ်သည်။ ဓမ္မစကြာမုဒြာပုံနှင့်ဆင်တူရိုးမှား ဖြစ်သည်။ပါရမီ၁၀ပါး ပြီးပြည့်စုံခြင်းကို ပြတော်မူသော သဘောရှိသည်။

အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာန်နကစ္ဆိကိရိယမင်္ဂလာကိုသရုပ်ဆောင်ထားခြင်းကြောင့်ဝိမုတ္တိရသနှင့် သန္တရသတို့ကို ပေါ်လင်ထင်ရှားစေပါ သည်။

ဥတ္တရဗောဓိမုဒြာပါသောဘုရားကိုကိုးကွယ်သူသည်ဉာဏ်ပညာကောင်းခြင်းစာမေးပွဲစာပြန်ပွဲတို့၌ လွယ်ကူစွာအောင်မြင်ခြင်းအကျိုးကျေးဇူးများရရှိနိင်သည်ဟု

တန္တရာယာနကျမ်းများ၌ ဖော်ပြပါရှိပါသည်ဟူ၍မှတ်သားမိပါသည်။

Crd

ျမတ္စြာဘုရားရွင္ရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ မုျဒာမ်ား အေၾကာင္း သိေကာင္းစရာ

စာဖတ္သူ မိတ္ေဆြမ်ား ဗဟုသုတ သိမွတ္ဖြယ္ရာအေနျဖင့္ ဘုရားရွင္၏ လက္ဟန္ ေျခဟန္ သေကၤတမ်ားကို မွတ္သား သိရွိေစရန္ အလိုငွာ ေရးသားမိသည္။

မုျဒာဆိုသည္မွာ ပါဠိစကားျဖစ္ပါသည္။ အဓိပၸါယ္ကားလက္ေခ်ာင္းလို ျမန္မာျပန္ရသည္။ ျမတ္စြာဘုရားရွင္၏ လက္ေတာ္အေနထား၊

လက္ဟန္ပုံစံ၊ ေျခေတာ္အေနထား၊ ေျခဟန္ပုံစံတို႔ကို မုျဒာဟုေခၚပါသည္။ ျမတ္စြာဘုရားရွင္ရဲ႕ မုျဒာမ်ား အမ်ားအျပား ရွိေပမယ့္လည္း

ယခု ေဆာင္းပါးတြင္ အသုံးမ်ားေသာ မုျဒာမ်ားကိုသာ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္-၁။ ပဒုမာသန မုျဒာ ပဒုမာသန မုျဒာဆိုသည္ကား ပဒုမၼာၾကာပန္းကဲ့သို႔

ထိုင္ေနေတာ္မူသည့္ပုံစံျဖစ္ပါသည္။ ျမတ္စြာဘုရားရွင္၏ပုံေတာ္တြင္ ညာဘက္ေျခဖဝါးကို ဘယ္ဘက္ေပါင္ေပၚ၌တင္လ်က္၊ ဘယ္ဘက္ေျခဖဝါးကို

ညာဘက္ေပါင္ေပၚ၌တင္ထားၿပီး တင္ပလႅင္ေခြ အေနအထားပုံသ႑ာန္သည္ ပဒုမာသန မုျဒာ၊ လက္ႏွစ္ဖက္ကိုေတာ့ လက္ခ်င္းထပ္ထားၿပီးေတာ့

တင္ပလႅင္ေခြေပၚ၌ တင္ထားသည့္ ဘုရားပုံသ႑ာန္ေတာ္ကို ပဒုမာသနမုျဒာဟုေခၚပါသည္။

၂။ ဓမၼစၾကာ မုျဒာ ဓမၼစၾကာမုျဒာဆိုသည္မြာ ပၪၥဝဂၢီ-၅-ဦးအားသစၥာေလးပါး၊ မဂၢင္ရွစ္ပါးတရားတို႔ကို တစ္ပါးခ်င္းတစ္ပါးခ်င္းစီ လက္ခ်ိဳးေရတြက္ၿပီးသကာလ

ဓမၼစၾကားတရားဦး ေဟာေတာ္မူေနသည့္ ပုံစံျဖစ္ပါသည္။ ျမတ္စြာဘုရား၏ လက္ေတာ္ႏွစ္ဖက္မွာ ႐ုပ္ပြားေတာ္၏ ရင္ၫႊန႔္ေလာက္မွာ ရွိပါသည္။

လက္ေခ်ာင္းအေနအထားမွာ ညာဖက္လက္က လက္ညႇိဳးကေလးကို ေကြးထားၿပီး၊ လက္မႏွင့္ ထိထားသည့္ ပုံစံျဖစ္ၿပီး ဘယ္ဖက္လက္က လက္ခလယ္ကို ထိထားရသည္။

ညာဖက္ လက္မႏွင့္ လက္ညႇိဳးသည္ ဘယ္ဖက္ လက္ခလယ္ကို ထိထားရသည္။အဓိပၸါယ္ကား-ျမတ္စြာဘုရား႐ြင္သည္ သစၥာေလးပါး၊ မဂၢင္တရားရွစ္ပါးတို႔ကို

တစ္ပါးခ်င္းတစ္ပါးခ်င္းစီ လက္ခ်ိဳးေရတြက္ၿပီး ဓမၼစၾကားတရားေတာ္အား ေဟာၾကားေတာ္မူေနသည့္ ပုံစံျဖစ္ေၾကာင့္ “ဓမၼစၾကာ မုျဒာဟု ေခၚဆိုပါသည္။

၃။ ဘူမိဖႆ မုျဒာ ဘူမိဖႆမုျဒာဆိုသည္မွ ာမဟာပထဝီေျမႀကီးကို သက္ေသၫႊန္ၿပီးေတာ့ မာရ္နတ္သားကိုေအာင္ျမင္ေတာ္မူသည့္ တင္ပလႅင္ေခြထိုင္ေနေတာ္မူသည့္ပုံစံကို

ဘူမိဖႆမုျဒာဟု ေခၚပါသည္။ ဘူမိဖႆမုျဒာသည္ ဘယ္ဖက္လက္ဖဝါးကို လွန္ၿပီး၊ တင္ပလႅင္‌ေခြေပၚ၌ ထားရွိၿပီး၊ ညာဘက္လက္ ဖဝါးကိုေတာ့

ညာဘက္ဒူးေပၚ၌ ေမွာက္လွ်က္တင္ထားရသည္။ လက္ေခ်ာင္းေတာ္အေနထားကား ေအာက္သို႔ စိုက္ေနသည့္ပုံစံျဖစ္ၿပီး၊ ဘယ္ဘက္လက္ကေတာ့ အထက္သို႔ လွန္ထားသည္။

မဟာပထဝီေျမႀကီးကို သက္ေသတည္ၿပီး မာရ္နတ္သားကိုေအာင္ျမင္သည့္ ပုံစံကို ဘူမိဖႆမုျဒာဟု ေခၚဆိုပါသည္။

၄။ စ်ာန မုျဒာ ဈာနမုျဒာဆိုသည္မွာ ျမတ္စြာဘုရား ဈာန္သမာပတ္ဝင္စားေနသည့္ ပုံစံပင္ ျဖစ္သည္။ အေနအထားမွာ ျမတ္စြာ ဘုရားရွင္သည္ ထိုင္ေနၿပီးသကာလ

မ်က္လုံးအစုံကို မွတ္ထားေနသည့္ ပုံစံ ျဖစ္ပါသည္။ ညာဖက္လက္ဖဝါး၊ ဘယ္ဖက္လက္ဖဝါး ႏွစ္ဖက္ကို လွန္ထားၿပီး တင္ပလႅင္ေခြေပၚတင္ထား၍ အခ်င္းခ်င္

း ထပ္ထားသည့္ ပုံစံျဖစ္ပါတယ္။ တင္ပလႅင္ေခြထိုင္ေနၿပီး မ်က္လုံးအစုံမွိတ္ထားက လက္ဖဝါးႏွစ္ဖက္တို႔ကို လွန္၍ အခ်င္းခ်င္းထပ္ထားၿပီး ဈာန္သမာပတ္

ဝင္စားေနသည့္ ပုံသ႑ာန္ကို ဈာနမုျဒာဟု ေခၚပါသည္။၅။ အဘယ မုျဒာ အဘယမုျဒာဆိုသည္မွာ ေဘးကင္းပါေစ၊ ရန္ကင္းပါေစ၊ ခ်မ္းသာပါေစလို

႔ ဆုေတာင္းေပးေနသည့္ ပုံစံကို “အဘ မုျဒာဟု ေခၚဆိုပါသည္။ အဘယမုျဒာပုံေတာ္ဟာ မတ္တတ္ရပ္ေနတဲ့ ပုံေတာ္ျဖစ္ပါသည္။ လက္ေတာ္အေနထားက

ညာဘက္လက္ေတာ္မွ လက္ဖဝါးကို ပခုံးေတာ္ႏွင့္ညီေအာင္ တံေတာင္ဆစ္မွ ေကြးထားရပါတယ္။ လက္ဖဝါးကို ေရွ႕ဘက္လွည့္ထားၿပီး၊ ဘယ္ဘက္လက္ေတာ္ကို

ေမွာက္ထားကာ ေအာက္ဘက္ဆီသို႔ဆန႔္တန္းထားရသည္။ အဲဒီလိုပုံသ႑န္ကို “အဘယ မုျဒာဟုေခၚပါသည္။ [တနည္း ဝရ မုျဒာဟုလည္း ေခၚၾကသည္။

၆။ ပိ႑ မုျဒာ ပိ႑ မုျဒာဆိုသည္မွာ သပိတ္ကိုပိုက္ၿပီး ဆြမ္းခံႂကြေနသည့္ ပုံသ႑ာန္ကိုေခၚပါသည္။ ပုံစံမွာ လက္ႏွစ္ဖက္ျဖင့္သပိတ္ကို ပိုက္ထားၿပီး

မတ္တတ္ရပ္အေနထားျဖင့္ ဆြမ္းခံႂကြေနသည့္ ပုံသ႑ာန္ကို ပိ႑ မုျဒာဟုေခၚပါသည္။၇။ ပရိနိဗၺာန မုျဒာ ေလ်ာင္းေတာ္မူၿပီး ပရိနိဗၺာန္စံေနေတာ္မူသည့္

ပုံစံကို ပရိနိဗၺာနမုျဒာဟု ေခၚျခင္းျဖစ္သည္။ အေနအားမွာ ေျမာက္ဘက္အရပ္သို႔ ဦးေခါင္းျပဳထားၿပီး၊ အေနာက္ဘက္အရပ္သို႔ မ်က္ႏွာမူလ်က္ မ်က္လုံးေတာ္အစုံမွာ

မွိတ္ထားသည့္ ပရိနိဗၺာန္ စံေနေတာ္မူသည့္ ပုံသ႑ာန္ကို ပရိနိဗၺာန မုျဒာဟုေခၚသည္။ မွတ္ခ်က္။ အေရွ႕သာေလ်ာင္း၊ ေတာင္ေပါင္းေလာင္း၊

အေနာက္ေနရဗာန္၊ ေျမာက္ပရိနိဗၺာန္ဆိုသည့္အတိုင္း အေရွ႕သာေလ်ာင္းဆိုသည္က လဲ ေလ်ာင္းေနသည့္ပုံေတာ္သည္အေရွ႕ဘက္ကိုဦးေခါင္းေတာ္ထားတယ္

ဆိုလ်င္ေ႐ႊသာေလ်ာင္းပုံေတာ္ဟု ေခၚပါသည္။ ေတာင္ေပါင္းေလာင္းဆိုသည္ကလဲ ေလ်ာင္းေနသည့္ ပုံေတာ္သည္ ေတာင္ဘက္သို႔ ဦးေခါင္ေတာ္

ျပဳထားတယ္ဆိုလွ်င္ ေပါင္းေလာင္းပုံေတာ္ဟု ေခၚပါသည္။ အေနာက္ေနရဗာန္ဆိုသည္က အေနာက္ဖက္သို႔ ဦးေခါင္းေတာ္ထားသည့္ လဲ ေလ်ာင္းေနသည့္ပုံေတာ္သည္

ေနရဗာန္ပုံေတာ္ဟု ေခၚပါသည္။ ေျမာက္ပရိနိဗၺာန္ဆိုသည္ကေျမာက္ဘက္သို႔ ဦးေခါင္းထားၿပီး လဲေလ်ာင္းေနသည့္ပုံစံသည္ပရိနိဗၺာန္စံသည့္ လဲ ေလ်ာင္းေနသည့္ပရိနိဗၺာနပုံေတာ္ဟု ေခၚဆိုပါသည္။

၈။ ဥတၱရေဗာဓိမုျဒာ လက္ဝဲလက္ညိဳးႏွင့္လက္မ လက္ ယာလက္ညိဳးႏွင့္လက္မတို႔ကိုထိထား၍ ရင္ဘတ္ကိုထိလုနီးပါ ေထာင္ျပထားေသာ

လက္ဟန္အေနအထားကိ ဥတၱရမုျဒာဟုေခၚသည္။ ဓမၼစၾကာမုျဒာပုံႏွင့္ဆင္တူ႐ိုးမွား ျဖစ္သည္။ပါရမီ၁၀ပါး ၿပီးျပည့္စုံျခင္းကို ျပေတာ္မူေသာ သေဘာရွိသည္။

အရိယသစၥာနဒႆနမဂၤလာႏွင့္ နိဗၺာန္နကစၦိကိရိယမဂၤလာကိုသ႐ုပ္ေဆာင္ထားျခင္းေၾကာင့္ဝိမုတၱိရသႏွင့္ သႏၲရသတို႔ကို ေပၚလင္ထင္ရွားေစပါ သည္။

ဥတၱရေဗာဓိမုျဒာပါေသာဘုရားကိုကိုးကြယ္သူသည္ဉာဏ္ပညာေကာင္းျခင္းစာေမးပြဲစာျပန္ပြဲတို႔၌ လြယ္ကူစြာေအာင္ျမင္ျခင္းအက်ိဳးေက်းဇူးမ်ားရရွိနိင္သည္ဟု

တႏၲရာယာနက်မ္းမ်ား၌ ေဖာ္ျပပါရွိပါသည္ဟူ၍မွတ္သားမိပါသည္။

Crd