ကမာၻႀကီးေပၚ မွာရွားပါး ၿပီး ေတြ႕ရခဲလွတဲ့အနက္ေရာင္မ်ိဳးစိတ္သတၱဝါ မ်ား

Unicode

ပရိသတ်ကြီး ကို အခုတစ်ခေါက် မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေး ကတော့ ပုံမှန်မျိုးစိတ်တူသတ္တဝါတွေထဲမှာမှ ထူးထူးဆန်းဆန်း အနက်ရောင်

ပိုင်ဆိုင်ထားတဲ့အကောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ဒီလိုအနက်ရောင်သတ္တဝါတွေဟာ ပုံမှန်ကနေခွဲ ထွက်လာပြီး အလွန် ရှားပါးတာကြောင့်ဗဟုသုတရစေရန် ဖတ်ကြည့်လိုက်ပါဦးနော်…

၁။ အနက်ရောင်ကျားသစ်

တစ်ကယ်လို့သင်ဟာရှားရှားပါးပါး အမဲရောင် သတ္တဝါတွေကို စိတ်ဝင်စားတယ်ဆိုရင် အနက်ရောင် ကျားသစ်က တစ်ကယ့်ကို စိတ်ဝင်စားစရာပါ ။

အနက်ရောင် ကျားသစ်တွေတွေဟာဆိုရင်ကမ္ဘာပေါ် ကတိုက်ကြီးတွေ မှာ ရှင်သန် ကျက်စားကြပြီး မျိုးစိတ်တွေက လည်း ကွဲပြားကြပါသေးတယ်။

ဥပမာ ပြောရမယ်ဆိုရင်တော့အာရှတိုက်မှာသစ်နက်( Panther ) ၊အာဖရိကတိုက် မှာဆိုရင်ကျားသစ် ( Leopard ) နဲ့အမေရိကတိုက်

မှာ ဆိုရင်ဂျာဂွာကျားသစ် ( Jaguar ) ဆိုပြီးတော့ရှိ ကြပါတယ်။

၂။ အနက်ရောင်ဒရယ်

ပုံမှန် ဒရယ်တွေကို ကြည့်လိုက်မယ်ဆိုရင် အညိုရင့်ရောင် ( ဒါမှမဟုတ် ) အညိုနုရောင်ပ ရှိတယ်လို့ ထင်ကြမှာပါ။ တစ်ကယ်တမ်းမှာတော့

ဒရယ်မျိုးစိတ်တွေထဲမှာလည်း အနက်ရောင် ဒရယ်ဆိုတာ ရှိပါသေးတယ် ။ ထူးခြားချက် တစ်ခုက ဒီဒရယ်တွေဟာ တစ်ကို ယ်လုံး အမဲရောင် ရှိပေမယ့် အမြီးရဲ့ ထိပ်ဖျား မှာတော့ အဖြူ ရောင်လေး ဖြစ်နေပါတယ်။

၃။ အနက်ရောင် မြွေ

မြွေတွေရဲ့ မျိုးစိတ် ကို လေ့လာကြည့်မယ်ဆိုရင် မျိုး ကွဲ အများကြီးရှိတာကို တွေ့ရမှာ ဖြစ်ပြီး ဒီ အထဲ မှာ အနက်ရောင် မြွေ မျိုးစိတ်ဟာ

ဆိုရင် ရှားပါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအနက်ရောင် မြွေတွေဟာ ဆိုရင် လက်တင် အမေရိက မြွေအမျိုးစား ထဲမှာ ပါဝင်ပြီး အဆိပ်မပြင်းတဲ့ မြွေမျိုးစိ တ်ပဲ ဖြစ်ပါတယ်။

လူတွေ အတွက် အန္တရာယ် မရှိနိုင်ပေမယ့်လည်း သူ့ကို ရန်မူမယ် ဆိုရင်တော့ သားကောင်ကို ဒေါသတကြီး လိုက်ကိုက်တတ်ပါတယ်။

၄။ အနက်ရောင် ပင်ဂွင်

အခုမြင်နေရတဲ့ အနက်ရောင် ပင်ဂွင်း ငှက်လေးကတော့ ၂၀၁၀ ခုနှစ် တုန်းက ဂျော်ဂျီယာတောင်ပိုင်းက အန္တာတိက ကျွန်းဆွယ်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ပုံကိုတော့ National Geographic Channel က မှတ်တမ်း တင် ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

၅။ အနက်ရောင် အိမ်မြှောင်

ရုတ်တရက် ကြည့်လိုက်ရင် အရုပ် လို့ ထင်ရပေမယ့် တစ်ကယ်တမ်း ကတော့ အနက် ရောင် အိမ်မြှောင် မျိုးစိတ်တွေပဲ ဖြစ်ပါတယ်

။ ဒီအနက်ရောင် အိမ်မြှောင် မျိုးစိတ်တွေ ဟာဆို ရင် သာမန် အိမ်မြှောင်တစ်ကောင်ရဲ့ အရွယ် အစားလောက် သာ ရှိပြီး သူတို့ရဲ့ ခန္တာကိုယ် အရောင်ဟာ

နရောင်ခြည်ရဲ့ အပူပမာဏ ကို လုံလုံလောက် စုပ်ယူနိုင် ဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။

၆။ အနက်ရောင် ခြင်္သေ့

ဒါကိုတော့ လူအတော် များများက အထင်မှားပြီး သိနေကြတာပါ။ တစ်ကယ် ကတော့ အနက်ရောင် ခြင်္သေ့ဆိုတာ မရှိပါဘူး ။ Online မှာ များသောအားဖြင့်

တွေ့နေရတဲ့ အနက်ရောင် ခြင်္သေ့တွေဟာ ဆိုရင် Photoshop နဲ့ အရောင်ပြောင်းပြီး ပြုပြင် ဖန်တီးထားကြတာတွေပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးထားတာတွေ ကတော့ ကမ္ဘာကြီးပေါ်မှာ အလွန်တွေ့ ရခဲပြီး ရှားပါးလှတဲ့ အနက်ရောင် မျိုးစိတ် သတ္တဝါတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းတွေမှာ လည်း အခုလို ဗဟုသုတ ရစရာ အကြောင်းအရာတွေ ကို ရှာဖွေ တင်ဆက်ပေးမှာ မို့ လို့ Shwe Khit ကိုစောင့်မျှော် ဖတ်ရှု ပေးကြပါ ဦးနော်…..

Crd

Zawgyi

ပရိသတ္ႀကီး ကို အခုတစ္ေခါက္ မွာ ေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလး ကေတာ့ ပုံမွန္မ်ိဳးစိတ္တူ သတၱဝါေတြထဲမွာမွ ထူးထူးဆန္းဆန္း အနက္ေရာင္

ပိုင္ဆိုင္ထားတဲ့ အေကာင္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီလို အနက္ေရာင္ သတၱဝါေတြဟာ ပုံမွန္ကေနခြဲ ထြက္လာၿပီး အလြန္ ရွားပါးတာေၾကာင့္ ဗဟုသုတရေစရန္ ဖတ္ၾကည့္လိုက္ပါဦးေနာ္…

၁။ အနက္ေရာင္က်ားသစ္

တစ္ကယ္လို႔ သင္ဟာ ရွားရွားပါးပါးအမဲေရာင္သတၱဝါေတြကို စိတ္ဝင္စားတယ္ဆိုရင္အနက္ေရာင္က်ားသစ္ကတစ္ကယ့္ကိုစိတ္ဝင္စားစရာပါ ။

အနက္ေရာင္က်ားသစ္ေတြေတြဟာဆိုရင္ကမာၻေပၚကတိုက္ႀကီးေတြ မွာရွင္သန္က်က္စားၾကၿပီးမ်ိဳးစိတ္ေတြကလည္းကြဲျပားၾကပါေသးတယ္

ဥပမာ ေျပာရမယ္ဆိုရင္ေတာ့အာရွတိုက္မွာသစ္နက္( Panther ) ၊အာဖရိကတိုကမွာဆိုရင္ ကားသစ္ ( Leopard ) နဲ႔ အေမရိကတိုက္

မွာ ဆိုရင္ ဂ်ာဂြာ က်ားသစ္ ( Jaguar ) ဆိုၿပီးေတာ့ရွိ ၾကပါတယ္။

၂။ အနက္ေရာင္ဒရယ္

ပုံမွန္ ဒရယ္ေတြကို ၾကည့္လိုက္မယ္ဆိုရင္အညိဳရင့္ေရာင္ ( ဒါမွမဟုတ္ ) အညိဳႏုေရာင္ပ ရွိတယ္လို႔ ထင္ၾကမွာပါ။ တစ္ကယ္တမ္းမွာေတာ့

ဒရယ္မ်ိဳးစိတ္ေတြထဲမွာလည္း အနက္ေရာင္ ဒရယ္ဆိုတာ ရွိပါေသးတယ္ ။ထူးျခားခ်က္တစ္ခုကဒီဒရယ္ေတြဟာတစ္ကိုယ္လုံးအမဲေရာင္ ရွိေပမယ့္ အၿမီးရဲ႕ ထိပ္ဖ်ား မွာေတာ့ အျဖဴ ေရာင္ေလး ျဖစ္ေနပါတယ္။

၃။ အနက္ေရာင္ ေႁမြ

ေႁမြေတြရဲ႕မ်ိဳးစိတ္ ကို ေလ့လာၾကည့္မယ္ဆိုရင္ မ်ိဳး ကြဲ အမ်ားႀကီးရွိတာကို ေတြ႕ရမွာ ျဖစ္ၿပီး ဒီ အထဲ မွာ အနက္ေရာင္ ေႁမြ မ်ိဳးစိတ္ဟာ

ဆိုရင္ ရွားပါးမ်ိဳးစိတ္ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒီအနက္ေရာင္ ေႁမြေတြဟာ ဆိုရင္ လက္တင္ အေမရိက ေႁမြအမ်ိဳးစား ထဲမွာ ပါဝင္ၿပီး အဆိပ္မျပင္းတဲ့ ေႁမြမ်ိဳးစိ တ္ပဲ ျဖစ္ပါတယ္။

လူေတြ အတြက္ အႏၲရာယ္ မရွိႏိုင္ေပမယ့္လည္း သူ႔ကို ရန္မူမယ္ ဆိုရင္ေတာ့ သားေကာင္ကို ေဒါသတႀကီး လိုက္ကိုက္တတ္ပါတယ္။

၄။ အနက္ေရာင္ ပင္ဂြင္

အခုျမင္ေနရတဲ့ အနက္ေရာင္ ပင္ဂြင္း ငွက္ေလးကေတာ့ ၂၀၁၀ ခုႏွစ္ တုန္းက ေဂ်ာ္ဂ်ီယာေတာင္ပိုင္းက အႏၲာတိက ကြၽန္းဆြယ္မွာ ေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။

ပုံကိုေတာ့ National Geographic Channel က မွတ္တမ္း တင္ ႐ိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။

၅။ အနက္ေရာင္ အိမ္ေျမႇာင္

႐ုတ္တရက္ ၾကည့္လိုက္ရင္ အ႐ုပ္ လို႔ ထင္ရေပမယ့္ တစ္ကယ္တမ္း ကေတာ့ အနက္ ေရာင္ အိမ္ေျမႇာင္ မ်ိဳးစိတ္ေတြပဲ ျဖစ္ပါတယ္

။ ဒီအနက္ေရာင္ အိမ္ေျမႇာင္ မ်ိဳးစိတ္ေတြ ဟာဆို ရင္ သာမန္ အိမ္ေျမႇာင္တစ္ေကာင္ရဲ႕ အ႐ြယ္ အစားေလာက္ သာ ရွိၿပီး သူတို႔ရဲ႕ ခႏၲာကိုယ္ အေရာင္ဟာ

နေရာင္ျခည္ရဲ႕ အပူပမာဏ ကို လုံလုံေလာက္ စုပ္ယူႏိုင္ ဖို႔အတြက္ အကူအညီ ျဖစ္ေစပါတယ္။

၆။ အနက္ေရာင္ ျခေသၤ့

ဒါကိုေတာ့ လူအေတာ္ မ်ားမ်ားက အထင္မွားၿပီး သိေနၾကတာပါ။ တစ္ကယ္ ကေတာ့ အနက္ေရာင္ ျခေသၤ့ဆိုတာ မရွိပါဘူး ။ Online မွာ မ်ားေသာအားျဖင့္

ေတြ႕ေနရတဲ့ အနက္ေရာင္ ျခေသၤ့ေတြဟာ ဆိုရင္ Photoshop နဲ႔ အေရာင္ေျပာင္းၿပီး ျပဳျပင္ ဖန္တီးထားၾကတာေတြပဲ ျဖစ္ပါတယ္။

အခုေဖာ္ျပေပးထားတာေတြ ကေတာ့ ကမာၻႀကီးေပၚမွာ အလြန္ေတြ႕ ရခဲၿပီး ရွားပါးလွတဲ့ အနက္ေရာင္ မ်ိဳးစိတ္ သတၱဝါေတြ အေၾကာင္းကို ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။

ေနာက္ပိုင္းေတြမွာ လည္း အခုလို ဗဟုသုတ ရစရာ အေၾကာင္းအရာေတြ ကို ရွာေဖြ တင္ဆက္ေပးမွာ မို႔ လို႔ Shwe Khit ကိုေစာင့္ေမွ်ာ္ ဖတ္ရႈ ေပးၾကပါ ဦးေနာ္…..

Crd