တစ္ခ်ိန္တစ္ခါ ကမာၻေက်ာ္ခဲ့ေသာမႏၲေလးၿမိဳ႕မွထူးထူးဆန္းဆန္းအေမႊးအမွ်င္မ်ားရွည္လ်ားေနေသာျမန္မာ့လူေမ်ာက္မိသားစုအေၾကာင္း

Unicode

တစ်ချိန်တစ်ခါ ကမ္ဘာကျော်ခဲ့သော မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသောမြန်မာ့လူမျောက် မိသားစုအကြောင်း

မြန်မာပြည်အတွင်း(သို့မဟုတ် ပြည်ပ)ရှိလူအတော်များများ မန္တလေးမြို့မှ ထူးထူးဆန်းဆန်း အမွှေးအမျှင်များ ရှည်လျားနေသောမိသားစုအကြောင်းသိရှိကြလိမ့်မည်ဟုမထင်မိပါ။

တစ်ချိန်တစ်ခါက ထိုမိသားစုသည် ကမ္ဘာကျော်ခဲ့လေသည်။ ဘကြီးတော်မင်းသည် လာအိုတောင်တန်းဒေသများမှ ရွှေမောင်ဟု အမည်ရှိသော

အမျိုးသားငယ်တစ်ဦးကို အင်းဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်းမှ အစပြုခဲ့သည်။မွေးရာပါအမွှေးအမျှင်များထူထပ်သည့်ရောဂါကို ထိုမိသားစု

မျိုးဆက်သုံးဆက်ခန့်မျှ ခံစားခဲ့ရသည်။ရွှေမောင်နှင့် သူ၏အဆွေအမျိုးများကို မြန်မာဘုရင်များက ၁၈၂၀ ပြည့်နှစ်များမှ စတင်၍ ကာကွယ်စောင့်ရှောက် ထောက်ပံ့ခဲ့ကြသည်။

သူတို့သည် ဘုရင့်နန်းတော်တွင် နေထိုင်ရပြီး ပညာသင်ကြားတတ်မြောက်ခဲ့သည်။ အလည်အပတ် ရောက်ရှိလာသော ဥရောပတိုက်သားများရှေ့တွင်

မိမိကိုယ်ကို ပွဲထုတ် အကြည့်ရှုခံခြင်းဖြင့် ဝင်ငွေရှာခဲ့ကြသည်။

၁၈၈၅ ခုနှစ်တွင် မန္တလေး အသိမ်းခံရသောအခါ အသက်ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးခဲ့ကြသည်။ နောက်ပိုင်းတွင် ဦးရွှေမောင်၏

သမီး (မဖုံ)နှင့် မြေးဖြစ်သူ (မောင်ဘိုးဆက်နှင့် မမီး) တို့ လန်ဒန်နှင့်ပါရီသို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် ယင်းတို့အား ဆပ်ကပ်အဖွဲ့တွင် လူထူးဆန်းအဖြစ် ပြသရန် လူအများက အလုအယက် ဝိုင်းဝန်း ငှားရမ်းကြလေသည်။

နောက်ဆုံးငှားရမ်းရရှိသွားသူမှာ ပီတီဘာနမ် (PT Barnum – နောင်တွင် ဘာနမ်နှင့်ဘေလီ ဦးစီးသော ကမ္ဘာ့အကောင်းဆုံးပွဲ Barnum and Bailys Greatest Show on Earth) ဖြစ်ပြီး

ဒေါ်လာတစ်သိန်း (ယနေ့ငွေကြေးဖြင့် ဒေါ်လာသန်းနှင့်ချီသော ပမာဏ) ဖြင့် စာချုပ်ချုပ်ခဲ့သည်။ အဆိုပါမိသားစုကို လန်ဒန် ဆပ်ကပ်ပြပွဲများတွင် လူထူးဆန်းအဖြစ် ခေါ်ယူပြသခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင်ပါ ဆက်လက်ပြသခဲ့သည်။၁၈၈၈ ခုနှစ် ဝါရှင်တန်သို့ ရောက်ပြီး မကြာမီ မဖုံ ကွယ်လွန်ခဲ့ပြီး ထိုဇာတိမြေနှင့်

မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတွင်ပင် ရုပ်အလောင်းကို မြှုပ်နှံထားသည်။

မဖုံ၏သားသမီးများဖြစ်သော မောင်ဘိုးဆက်နှင် မမီးတို့ မည်သို့မည်ပုံ ဆက်လက်နေထိုင်သွားသည်ကိုမူ မသိရ။ အမေရိကန်ပြည်ထောင်စုတွင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

Crd

Zawgyi

တစ္ခ်ိန္တစ္ခါ ကမာၻေက်ာ္ခဲ့ေသာ မႏၲေလးၿမိဳ႕မွ ထူးထူးဆန္းဆန္း အေမႊးအမွ်င္မ်ား ရွည္လ်ားေနေသာျမန္မာ့လူေမ်ာက္ မိသားစုအေၾကာင္း

ျမန္မာျပည္အတြင္း (သို႔မဟုတ္ ျပည္ပ)ရွိ လူအေတာ္မ်ားမ်ား မႏၲေလးၿမိဳ႕မွ ထူးထူးဆန္းဆန္း အေမႊးအမွ်င္မ်ား ရွည္လ်ားေနေသာ မိသားစုအေၾကာင္း သိရွိၾကလိမ့္မည္ဟု မထင္မိပါ။

တစ္ခ်ိန္တစ္ခါက ထိုမိသားစုသည္ ကမာၻေက်ာ္ခဲ့ေလသည္။ ဘႀကီးေတာ္မင္းသည္ လာအိုေတာင္တန္းေဒသမ်ားမွ ေ႐ႊေမာင္ဟု အမည္ရွိေသာ

အမ်ိဳးသားငယ္တစ္ဦးကို အင္းဝေနျပည္ေတာ္သို႔ ေခၚေဆာင္လာခဲ့ျခင္းမွ အစျပဳခဲ့သည္။ေမြးရာပါအေမႊးအမွ်င္မ်ားထူထပ္သည့္ေရာဂါကို ထိုမိသားစု

မ်ိဳးဆက္သုံးဆက္ခန႔္မွ် ခံစားခဲ့ရသည္။ေ႐ႊေမာင္ႏွင့္ သူ၏အေဆြအမ်ိဳးမ်ားကို ျမန္မာဘုရင္မ်ားက ၁၈၂၀ ျပည့္ႏွစ္မ်ားမွ စတင္၍ ကာကြယ္ေစာင့္ေရွာက္ ေထာက္ပံ့ခဲ့ၾကသည္။

သူတို႔သည္ ဘုရင့္နန္းေတာ္တြင္ ေနထိုင္ရၿပီး ပညာသင္ၾကားတတ္ေျမာက္ခဲ့သည္။ အလည္အပတ္ ေရာက္ရွိလာေသာ ဥေရာပတိုက္သားမ်ားေရွ႕တြင္

မိမိကိုယ္ကို ပြဲထုတ္ အၾကည့္ရႈခံျခင္းျဖင့္ ဝင္ေငြရွာခဲ့ၾကသည္။

၁၈၈၅ ခုႏွစ္တြင္ မႏၲေလး အသိမ္းခံရေသာအခါ အသက္ေဘးလြတ္ရာ ေတာထဲသို႔ ထြက္ေျပးခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ဦးေ႐ႊေမာင္၏

သမီး (မဖုံ)ႏွင့္ ေျမးျဖစ္သူ (ေမာင္ဘိုးဆက္ႏွင့္ မမီး) တို႔ လန္ဒန္ႏွင့္ပါရီသို႔ ေရာက္ရွိသြားခဲ့သည္။

ထိုေနရာတြင္ ယင္းတို႔အား ဆပ္ကပ္အဖြဲ႕တြင္ လူထူးဆန္းအျဖစ္ ျပသရန္ လူအမ်ားက အလုအယက္ ဝိုင္းဝန္း ငွားရမ္းၾကေလသည္။

ေနာက္ဆုံးငွားရမ္းရရွိသြားသူမွာ ပီတီဘာနမ္ (PT Barnum – ေနာင္တြင္ ဘာနမ္ႏွင့္ေဘလီ ဦးစီးေသာ ကမာၻ႔အေကာင္းဆုံးပြဲ Barnum and Bailys Greatest Show on Earth) ျဖစ္ၿပီး

ေဒၚလာတစ္သိန္း (ယေန႔ေငြေၾကးျဖင့္ ေဒၚလာသန္းႏွင့္ခ်ီေသာ ပမာဏ) ျဖင့္ စာခ်ဳပ္ခ်ဳပ္ခဲ့သည္။ အဆိုပါမိသားစုကို လန္ဒန္ ဆပ္ကပ္ျပပြဲမ်ားတြင္ လူထူးဆန္းအျဖစ္ ေခၚယူျပသခဲ့သည္။

ထို႔ေနာက္ အေမရိကန္ ျပည္ေထာင္စုတြင္ပါ ဆက္လက္ျပသခဲ့သည္။၁၈၈၈ ခုႏွစ္ ဝါရွင္တန္သို႔ ေရာက္ၿပီး မၾကာမီ မဖုံ ကြယ္လြန္ခဲ့ၿပီး ထိုဇာတိေျမႏွင့္

မိုင္ေပါင္းမ်ားစြာ ကြာေဝးေသာ ေနရာတြင္ပင္ ႐ုပ္အေလာင္းကို ျမႇဳပ္ႏွံထားသည္။

မဖုံ၏သားသမီးမ်ားျဖစ္ေသာ ေမာင္ဘိုးဆက္ႏွင္ မမီးတို႔ မည္သို႔မည္ပုံ ဆက္လက္ေနထိုင္သြားသည္ကိုမူ မသိရ။ အေမရိကန္ျပည္ေထာင္စုတြင္ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္သြားခဲ့သည္။

Crd