Unicode
အဖြူရောင် အဝတ်အထည်တွေကို အစွန်းချွတ်ဆေး မသုံးဘဲ သဘာဝအတိုင်း ဖြူစင်အောင် လျှော်ဖွပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
အဖြူရောင် အဝတ်အစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝါညစ်ညစ် အရောင်မျိုး ဖြစ်လာတတ်ပြီး အသစ်အတိုင်း ဖြူစင်လာဖို့ ခဲယဉ်းတတ်ပါတယ်။
အစွန်းချွတ်ဆေးတွေဟာ အဝတ်တွေကို ဆွေးမြေ့လာစေပြီးအရေပြားကိုလည်း ထိခိုက်စေနိုင်တာကြောင့် အခုဖော်ပြမယ့် သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) ရှာလကာရည်ဝါညစ်ညစ်ဖြစ်နေတဲ့ အဖြူရောင်
အဝတ်အစားတွေကို ဖြူစင်အောင် ပြုလုပ်ဖို့ ရှာလကာရည်ကို ရှာလကာရည် ဘူးအဖုံးခွက် ၁ ခွက် (သို့မဟုတ်) ၂ ခွက်နဲ့ ရေအနည်းငယ်တို့ကို ရောစပ်ကာ
၁၅ မိနစ်ခန့် စိမ်ပြီး အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ပေးရမှာ ဖြစ်ပါတယ်။ရှာလကာရည်ကို အသုံးပြုပြီး အဝတ်လျှော်ခြင်းဟာ အဖြူရောင် အဝတ်အထည်တွေကို ပိုမို ဖြူစင်စေတဲ့အပြင် အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
(၂) မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါဟာ အဝတ်အထည်တွေကို ဖြူစင်စေတဲ့ ဓာတု အစွန်းချွတ်ဆေးတွေလိုမျိုးပဲ သက်ရောက်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့အခါ အဝတ်လျှော် ဆပ်ပြာနဲ့အတူ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ထည့်ပြီးမှ
လျှော်ဖွပ်ခြင်းက အဝတ်အထည်တွေကို ဘက်တီးရီးယား ကင်းစင်စေနိုင်သလို ပိုမို ဖြူစင်တောက်ပစေပါတယ်။
(၃) သံပရာသီးသံပရာသီးဟာ အဝတ်အထည်တွေကို အစွန်းချွတ်ရာမှာ ရှေးယခင်တည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
ရေ ခပ်နွေးနွေးထဲကို သံပရာရည် ထည့်ပြီး အဝတ်အထည်တွေကို နာရီဝက်ခန့် စိမ်ထားပေးပါ။
ပြီးရင်တော့အဝတ်လျှော် ဆပ်ပြာနဲ့ လျှော်ဖွပ်ပေးခြင်းက အဝတ်အထည်တွေကို ပိုမိုဖြူစင်လာစေနိုင်သလို အစွန်းအထင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
Credit
Zawgyi
အျဖဴေရာင္ အဝတ္အထည္ေတြကို အစြန္းခြၽတ္ေဆး မသုံးဘဲ သဘာဝအတိုင္း ျဖဴစင္ေအာင္ ေလွ်ာ္ဖြပ္ႏိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။
အျဖဴေရာင္ အဝတ္အစားေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ဝါညစ္ညစ္ အေရာင္မ်ိဳး ျဖစ္လာတတ္ၿပီး အသစ္အတိုင္း ျဖဴစင္လာဖို႔ ခဲယဥ္းတတ္ပါတယ္။
အစြန္းခြၽတ္ေဆးေတြဟာအဝတ္ေတြကို ေဆြးေျမ့လာေစၿပီးအေရျပားကိုလည္း ထိခိုက္ေစႏိုင္တာေၾကာင့္ အခုေဖာ္ျပမယ့္ သဘာဝနည္းလမ္းေတြနဲ႔ ျပဳလုပ္ၾကည့္ဖို႔ ေဖာ္ျပေပးခ်င္ပါတယ္။
(၁) ရွာလကာရည္ဝါညစ္ညစ္ျဖစ္ေနတဲ့ အျဖဴေရာင္
အဝတ္အစားေတြကို ျဖဴစင္ေအာင္ ျပဳလုပ္ဖို႔ ရွာလကာရည္ကို ရွာလကာရည္ ဘူးအဖုံးခြက္ ၁ ခြက္ (သို႔မဟုတ္) ၂ ခြက္နဲ႔ ေရအနည္းငယ္တို႔ကို ေရာစပ္ကာ၁၅ မိနစ္ခန႔္ စိမ္ၿပီး အဝတ္ေလွ်ာ္ဆပ္ျပာနဲ႔ ေလွ်ာ္ေပးရမွာ ျဖစ္ပါတယ္။
ရွာလကာရည္ကိုအသုံးျပဳၿပီးအဝတ္ေလွ်ာ္ျခင္းဟာအျဖဴေရာင္အဝတ္အထည္ေတြကို ပိုမို ျဖဴစင္ေစတဲ့အျပင္ အနံ႔ဆိုးေတြကိုပါ ဖယ္ရွားေပးႏိုင္ပါတယ္။
(၂) မုန႔္ဖုတ္ဆိုဒါမုန႔္ဖုတ္ဆိုဒါဟာအဝတ္အထည္ေတြကို ျဖဴစင္ေစတဲ့ ဓာတု အစြန္းခြၽတ္ေဆးေတြလိုမ်ိဳးပဲ သက္ေရာက္မႈ ရွိပါတယ္။
အဝတ္ေလွ်ာ္တဲ့အခါအဝတ္ေလွ်ာ္ဆပ္ျပာနဲ႔အတူ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကေန ၂ ဇြန္းအထိ ထည့္ၿပီးမွေလွ်ာ္ဖြပ္ျခင္းကအဝတ္အထည္ေတြကိုဘက္တီးရီးယား ကင္းစင္ေစႏိုင္သလို ပိုမို ျဖဴစင္ေတာက္ပေစပါတယ္။
(၃) သံပရာသီးသံပရာသီးဟာအဝတ္အထည္ေတြကိုအစြန္းခြၽတ္ရာမွာ ေရွးယခင္တည္းကအသုံးျပဳခဲ့ၾကတဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။
ေရ ခပ္ေႏြးေႏြးထဲကိုသံပရာရည္ထည့္ၿပီးအဝတ္အထည္ေတြကို နာရီဝက္ခန႔္စိမ္ထားေပးပါ။
ၿပီးရင္ေတာ့အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ ေလွ်ာ္ဖြပ္ေပးျခင္းက အဝတ္အထည္ေတြကို ပိုမိုျဖဴစင္လာေစႏိုင္သလို အစြန္းအထင္းေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။
Credit