Unicode
ကျွန်တော်တို့အားလုံးဟာ ကောလိပ် သို့မဟုတ်တက္ကသိုလ်တစ်ခုမှာ ကျောင်းသားဖြစ်နေစဉ်အတွင်း ကျွန်တော်တို့မှာ ငွေအလုံအလောက်မရှိတဲ့အခါစိတ်ဓာတ်ကျစရာ အဖြစ်အပျက်များစွာကိုကြုံတွေ့လာရတတ်ပါတယ်။
ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာသူတချို့နှင့် အခြားသောသူတွေက ကံကောင်းကြပေမဲ့ မရှိဆင်းရဲသောမိသားစုမှ ကျောင်းသားများမှာ မိဘများထံမှ
ထောက်ပံ့ကြေးများသာ ရရှိတာကြောင့် ခက်ခဲသော နေ့ရက်များ ရှိနေခဲ့ပြီး ကျပ်တည်းတဲ့ ဘတ်ဂျက်ဟာ စိတ်ကြိုက် အစားအစာအတွက် မတတ်နိုင်တဲ့အခြေအနေမျိုးတွေမှာလည်း ရှိနေတတ်ပါတယ်။
သို့ပေမဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှ “The King of Dumplings” ဟုလူသိများတဲ့ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ဟာ အစားအသောက်စရိတ်မပေးနိုင်တဲ့
ကျောင်းသားများကို အစားအစာဈေးနှုန်းနှင့် လဲလှယ်ပြီး မိနစ် ၃၀ ကြာ ပန်းကန်ဆေးရန် ခွင့်ပြုပေးခဲ့ပါတယ်။
ယင်းကဲ့သို့ပြုလုပ်လာသည်မှာ ဆယ်စုနှစ်များကြာခဲ့ပြီဖြစ်ပြီး ယခုအချိန်အထိ ချို့တဲ့နွမ်းပါးတဲ့ ကျောင်းသားများအတွက် ထမင်း 30,000 ကျော်ကိုထောက်ပံ့ပေးခဲ့ပါတယ်။
စားသောက်ဆိုင်ပိုင်ရှင်ဟာ ယခုအခါ အသက် ၇၀ ရှိပြီဖြစ်ပြီး အဆိုပါစားသောက်ဆိုင်ဟာလည်း ယခုလကုန်မှာ ပိတ်တော့မည်ဖြစ်ကြောင်း သိရပါတယ်။
၎င်း “The King of Dumplings” စားသောက်ဆိုင်ဟာ ကျိုတိုတက္ကသိုလ်နှင့် Doshisha တက္ကသိုလ်တို့နှင့် နီးကပ်စွာ တည်ရှိပြီး စားသောက်ဆိုင်မှာ “
ဝယ်စားဖို့ ပိုက်ဆံမရှိတဲ့သူများ အလကားစားလို့ရတယ်” လို့ရေးထားတဲ့ ဆိုင်တံခါးမှာ ပိုစတာတစ်ခုလည်း ကပ်ထားပါတယ်။
ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Touhiro Inoue ကို ကျိုတို၊ Fushimiku တွင် မွေးဖွားခဲ့ပြီး သူ့အသက် 20 မှာ သူ့ဇနီးနဲ့ လက်ထပ်တာကိုဆန့်ကျင်တဲ့အတွက် သူ့မိသားစုထံမှ ထားခဲ့ခြင်းခံခဲ့ပါတယ်။
၎င်းတို့စုံတွဲဟာ လက်ထပ်ပြီးနောက် အိုဆာကာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပေမဲ့လည်း ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ခဲ့ကြကာ စားစရာဝယ်ဖို့တောင် မတတ်နိုင်ခဲ့ပါဘူး။
ထို့နောက် Inoue ဟာ “The King of Dumplings” ဟုခေါ်တဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရန် ကျိုတိုသို့ ပြန်လာခဲ့ပြီး၊ 1982 ခုနှစ်မှာ စားသောက်ဆိုင်မန်နေဂျာအဖြစ်ရာထူးတိုးလာတဲ့အခါ
သူဟာ ငယ်စဉ်ကပင် များစွာဒုက္ခခံခဲ့ရသည်ကိုအမှတ်ရခဲ့ပြီး သူကဲ့သို့ပင် ကြုံတွေ့နေရသော အခြားသူများကို ကူညီရန် အချိန်ရောက်ပြီဖြစ်ကြောင်းတွေးခဲ့ပါတယ်။
ဒါ့ကြောင့် ကျောင်းသားတွေကို အစားအစာ အခမဲ့ လဲလှယ်ပြီး ပန်းကန်တွေကို မိနစ်(၃၀)ကြာ ဆေးခိုင်းဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။
သူဟာ 1995ခုနှစ်မှာ လက်ရှိဖက်ထုပ်စားသောက်ဆိုင် ပိုင်ရှင်ဖြစ်လာပြီးနောက်၊ သူဟာ ဤအကြံအစည်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီးနောက်
မတော်တဆ ဒေသခံကျောင်းသားများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။
စိတ်နှလုံးအနွေးထွေးဆုံးအရာကတော့ ဘွဲ့ရပြီးတဲ့ကျောင်းသားတချို့က သူ့စားသောက်ဆိုင်ကို ပြန်လာကြခြင်းဖြစ်တယ်လို့ Inoue က ဆိုခဲ့ပါတယ်။
တစ်ခါက Doshisha University မှ ဘွဲ့ရသွားတဲ့ အမျိုးသားကျောင်းသားတစ်ဦးဟာ တိုကျိုသို့ရောက်လာကာ သူ့ဆီ ပထမအလည်သွားခဲ့ပါတယ်။
အဆိုပါ ကျောင်းသားဟာ နောက်ပိုင်း လက်ထပ်ပြီး ကလေးရသွားသည်တိုင် Inoue ဆီသို့ အလည်သွားပြီး မိတ်ဆက်ပေးကာ သူဟာ Inoue ကြောင့်
လက်ထပ်ပြီး ကလေးပါယူနိုင်ခဲ့လို့ ကျေးဇူးတင်ကြောင်းဆိုခဲ့ပြီး Inoue ကလည်း သူ့အား ပွေ့ဖက်ကာ ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။
Inoue ဟာ အခုဆို အနားယူရမယ့် အရွယ်ကို ရောက်နေပြီဖြစ်ပြီး စားသောက်ဆိုင်ကို ဘယ်သူကမှ အမွေဆက်ခံမှာ မဟုတ်တဲ့အတွက် ဆိုင်ကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သို့ပေမဲ့ သူဟာ အထူးသဖြင့် ယခုကမ္ဘာ့ကူးစက်ရောဂါကြီးကြောင့် ကျောင်းသားများရဲ့အကျပ်အတည်းကို စိုးရိမ်နေဆဲ ဖြစ်ပုံရပါတယ်။
Crd
Zawgyi
ကြၽန္ေတာ္တို႔အားလုံးဟာ ေကာလိပ္ သို႔မဟုတ္ တကၠသိုလ္တစ္ခုမွာ ေက်ာင္းသားျဖစ္ေနစဥ္အတြင္း ကြၽန္ေတာ္တို႔မွာ ေငြအလုံအေလာက္မရွိတဲ့အခါ စိတ္ဓာတ္က်စရာ အျဖစ္အပ်က္မ်ားစြာကို ႀကဳံေတြ႕လာရတတ္ပါတယ္။
ခ်မ္းသာတဲ့မိသားစုမွာ ေမြးဖြားလာသူတခ်ိဳ႕ႏွင့္ အျခားေသာသူေတြက ကံေကာင္းၾကေပမဲ့ မရွိဆင္းရဲေသာမိသားစုမွ ေက်ာင္းသားမ်ားမွာ မိဘမ်ားထံမွ
ေထာက္ပံ့ေၾကးမ်ားသာ ရရွိတာေၾကာင့္ ခက္ခဲေသာ ေန႔ရက္မ်ား ရွိေနခဲ့ၿပီး က်ပ္တည္းတဲ့ ဘတ္ဂ်က္ဟာ စိတ္ႀကိဳက္ အစားအစာအတြက္ မတတ္ႏိုင္တဲ့အေျခအေနမ်ိဳးေတြမွာလည္း ရွိေနတတ္ပါတယ္။
သို႔ေပမဲ့ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွ “The King of Dumplings” ဟုလူသိမ်ားတဲ့ဂ်ပန္စားေသာက္ဆိုင္ပိုင္ရွင္ဟာ အစားအေသာက္စရိတ္မေပးႏိုင္တဲ့
ေက်ာင္းသားမ်ားကို အစားအစာေဈးႏႈန္းႏွင့္ လဲလွယ္ၿပီး မိနစ္ ၃၀ ၾကာ ပန္းကန္ေဆးရန္ ခြင့္ျပဳေပးခဲ့ပါတယ္။
ယင္းကဲ့သို႔ျပဳလုပ္လာသည္မွာ ဆယ္စုႏွစ္မ်ားၾကာခဲ့ၿပီျဖစ္ၿပီး ယခုအခ်ိန္အထိ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ ေက်ာင္းသားမ်ားအတြက္ ထမင္း 30,000 ေက်ာ္ကိုေထာက္ပံ့ေပးခဲ့ပါတယ္။
စားေသာက္ဆိုင္ပိုင္ရွင္ဟာ ယခုအခါ အသက္ ၇၀ ရွိၿပီျဖစ္ၿပီး အဆိုပါစားေသာက္ဆိုင္ဟာလည္း ယခုလကုန္မွာ ပိတ္ေတာ့မည္ျဖစ္ေၾကာင္း သိရပါတယ္။
၎ “The King of Dumplings” စားေသာက္ဆိုင္ဟာ က်ိဳတိုတကၠသိုလ္ႏွင့္ Doshisha တကၠသိုလ္တို႔ႏွင့္ နီးကပ္စြာ တည္ရွိၿပီး စားေသာက္ဆိုင္မွာ “
ဝယ္စားဖို႔ ပိုက္ဆံမရွိတဲ့သူမ်ား အလကားစားလို႔ရတယ္” လို႔ေရးထားတဲ့ ဆိုင္တံခါးမွာ ပိုစတာတစ္ခုလည္း ကပ္ထားပါတယ္။
ဆိုင္ပိုင္ရွင္ျဖစ္တဲ့ Touhiro Inoue ကို က်ိဳတို၊ Fushimiku တြင္ ေမြးဖြားခဲ့ၿပီး သူ႔အသက္ 20 မွာ သူ႔ဇနီးနဲ႔ လက္ထပ္တာကိုဆန႔္က်င္တဲ့အတြက္ သူ႔မိသားစုထံမွ ထားခဲ့ျခင္းခံခဲ့ပါတယ္။
၎တို႔စုံတြဲဟာ လက္ထပ္ၿပီးေနာက္ အိုဆာကာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကေပမဲ့လည္း ဘဝကို ခက္ခဲၾကမ္းတမ္းစြာ ႐ုန္းကန္ခဲ့ၾကကာ စားစရာဝယ္ဖို႔ေတာင္ မတတ္ႏိုင္ခဲ့ပါဘူး။
ထို႔ေနာက္ Inoue ဟာ “The King of Dumplings” ဟုေခၚတဲ့ စားေသာက္ဆိုင္မွာ အလုပ္လုပ္ရန္ က်ိဳတိုသို႔ ျပန္လာခဲ့ၿပီး၊ 1982 ခုႏွစ္မွာ စားေသာက္ဆိုင္မန္ေနဂ်ာအျဖစ္ရာထူးတိုးလာတဲ့အခါ
သူဟာ ငယ္စဥ္ကပင္ မ်ားစြာဒုကၡခံခဲ့ရသည္ကိုအမွတ္ရခဲ့ၿပီး သူကဲ့သို႔ပင္ ႀကဳံေတြ႕ေနရေသာ အျခားသူမ်ားကို ကူညီရန္ အခ်ိန္ေရာက္ၿပီျဖစ္ေၾကာင္းေတြးခဲ့ပါတယ္။
ဒါ့ေၾကာင့္ ေက်ာင္းသားေတြကို အစားအစာ အခမဲ့ လဲလွယ္ၿပီး ပန္းကန္ေတြကို မိနစ္(၃၀)ၾကာ ေဆးခိုင္းဖို႔ စိတ္ကူးေပၚလာခဲ့ပါတယ္။
သူဟာ 1995ခုႏွစ္မွာ လက္ရွိဖက္ထုပ္စားေသာက္ဆိုင္ ပိုင္ရွင္ျဖစ္လာၿပီးေနာက္၊ သူဟာ ဤအႀကံအစည္ကို ဆက္လက္လုပ္ေဆာင္ခဲ့ၿပီးေနာက္
မေတာ္တဆ ေဒသခံေက်ာင္းသားမ်ားရဲ႕စိတ္ဝင္စားျခင္းကိုခံခဲ့ရပါတယ္။
စိတ္ႏွလုံးအေႏြးေထြးဆုံးအရာကေတာ့ ဘြဲ႕ရၿပီးတဲ့ေက်ာင္းသားတခ်ိဳ႕က သူ႔စားေသာက္ဆိုင္ကို ျပန္လာၾကျခင္းျဖစ္တယ္လို႔ Inoue က ဆိုခဲ့ပါတယ္။
တစ္ခါက Doshisha University မွ ဘြဲ႕ရသြားတဲ့ အမ်ိဳးသားေက်ာင္းသားတစ္ဦးဟာ တိုက်ိဳသို႔ေရာက္လာကာ သူ႔ဆီ ပထမအလည္သြားခဲ့ပါတယ္။
အဆိုပါ ေက်ာင္းသားဟာ ေနာက္ပိုင္း လက္ထပ္ၿပီး ကေလးရသြားသည္တိုင္ Inoue ဆီသို႔ အလည္သြားၿပီး မိတ္ဆက္ေပးကာ သူဟာ Inoue ေၾကာင့္
လက္ထပ္ၿပီး ကေလးပါယူႏိုင္ခဲ့လို႔ ေက်းဇူးတင္ေၾကာင္းဆိုခဲ့ၿပီး Inoue ကလည္း သူ႔အား ေပြ႕ဖက္ကာ ဝမ္းသာမ်က္ရည္က်ခဲ့ရပါတယ္။
Inoue ဟာ အခုဆို အနားယူရမယ့္ အ႐ြယ္ကို ေရာက္ေနၿပီျဖစ္ၿပီး စားေသာက္ဆိုင္ကို ဘယ္သူကမွ အေမြဆက္ခံမွာ မဟုတ္တဲ့အတြက္ ဆိုင္ကို ပိတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
သို႔ေပမဲ့ သူဟာ အထူးသျဖင့္ ယခုကမာၻ႔ကူးစက္ေရာဂါႀကီးေၾကာင့္ ေက်ာင္းသားမ်ားရဲ႕အက်ပ္အတည္းကို စိုးရိမ္ေနဆဲ ျဖစ္ပုံရပါတယ္။
Crd