Unicode
၎င်းတို့ဟာ အထူးအဆန်းဖြစ်နိုင်ပေမဲ့လည်း တိရိစ္ဆာန်လောကဟာ သင်မြင်ဖူးသမျှ အဖိုးတန်သော အပြန်အလှန်တုံ့ပြန်မှုကိုလည်း ပေးစွမ်းနိုင်ပြီး၊ ခုပြသမဲ့အရာကလည်း
ကွဲပြားမည်မဟုတ်ပါဘူး။ ကြောင်ငယ်လေးသုံးကောင်ကို ပြုစုစောင့်ရှောက်နေတဲ့ ကြက်တစ်ကောင်ဟာဒဏ္ဍာရီပုံပြင်လို ဖြစ်နေပုံရပေမယ့်၎င်းဟာ
ဒီလယ်သမားတစ်ဦးရဲစပါးကျီထဲမှာတကယ်ဖြစ်ပျက်ခဲ့တာပါ။ထိုအမျိုးသားဟာဗီဒီယိုမှာချစ်စရာကောင်းသောမြင်ကွင်းကိုပင်ဖမ်းယူထားခဲ့ပြီးအွန်လိုင်းမှာလည်း
ပျံ့နှံ့သွားစေခဲ့ပါတယ်။ ပုံမှန်အားဖြင့်၊ တူရကီနိုင်ငံရှိ Goran A. Surchi အမည်ရှိအမျိုးသားရဲ့ခြံမှာ သဟဇာတဖြစ်အောင် ခွေးမှကြောင်၊ ဆိတ်၊
သိုး၊ ငှက်များအထိ အတူတကွနေထိုင်သော တိရစ္ဆာန်များစွာရှိပါတယ်။ဘယ်လိုဘဲဖြစ်နေပါစေ လယ်သမား Goran ဟာ သူ့တိရစ္ဆာန်တွေကို
ဘယ်သောအခါမှ အချိုမြိန်ဆုံးနည်းလမ်းဖြင့် မသွန်သင်ပေးခဲ့ဖူးပါဘူး။ ဒါပေမယ့် မိဘမဲ့ ကြောင်သုံးကောင်က အကူအညီလိုတဲ့အခါ
ဘယ်သူမှ မမျှော်လင့်ထားတဲ့ နေရာကို ရှာတွေ့သွားခဲ့ပြီး သူ့ရဲ့မိခင်ကြက်မကြီးတစ်ကောင်က ၎င်းတို့အား အမိုးအကာနှင့် နှစ်သိမ့်မှုပေးဖို့ ဖြစ်လာခဲ့ပါတယ်။
တစ်နေ့မှာ Goran က ကြောင်လေးတွေရဲ့ ငိုသံကြားလို့ စုံစမ်းဖို့ သွားခဲ့ပေမယ့် ၎င်းအသံက ကြက်လှောင်အိမ်ထဲကနေ ထွက်လာတာကိုသိလိုက်ချိန်မှာ
သူဟာ ကြက်မနဲ့သူ့ကြက်ကလေးတွေ အန္တရာယ်ဖြစ်နေပြီလို့ အစပိုင်းမှာ ထင်သွားခဲ့ပါတယ်။
ဒါပေမယ့် အဲဒါက သူထင်သလိုဖြစ်မနေဘဲ ၊ အံ့သြစရာကောင်းအောင် မိခင်ကြက်မကြီးက ကူကယ်ရာမဲ့ကြောင်လေးတွေကို နွေးထွေးသွားအောင်
သူမရဲ့အတောင်ပံတွေအောက်မှာ ဝပ်ထားပေးနေခဲ့ပါတယ်။ ကြောင်လေး ၃ ကောင်ဟာ မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် မိဘမဲ့ဖြစ်ခဲ့ရတဲ့အတွက်
မိခင်တစ်ဦးတည်းသာ ပေးစွမ်းနိုင်တဲ့ချစ်ခြင်းမေတ္တာနှင့်နှစ်သိမ့်မှုကို အထူးလိုအပ်နေကြကာ မိခင်တွေအားလုံးက
အကာအကွယ်ပေးပြီးဂရုစိုက်တတ်တဲ့အတွက်လီလို့ခေါ်တဲ့၎င်းကြက်မကြီးက၎င်းတို့အတွက် မိခင်ဖြစ်လာခဲ့ပါတယ်။
ထို့ကြောင့် Goran ဟာ TikTokမှာ၎င်းကြည်နူးစရာကောင်းသောဗီဒီယိုဖိုင်ကို မျှဝေခဲ့ပြီး မျှော်လင့်ချက်မဲ့ကြောင်လေးများအတွက်ခိုလှုံရာပေးစွမ်းခဲ့တဲ့
မိခင်ကြက်မကြီးကိုလည်းလူတိုင်းကချစ်ခင်သဘောကျနေခဲ့ကြပါတယ်။
Crd
Zawgyi
၎တို႔ဟာ အထူးအဆန္းျဖစ္ႏိုင္ေပမဲ့လည္း တိရိစာၦန္ေလာကဟာ သင္ျမင္ဖူးသမွ် အဖိုးတန္ေသာ အျပန္အလွန္တုံ႔ျပန္မႈကိုလည္း ေပးစြမ္းႏိုင္ၿပီး၊ ခုျပသမဲ့အရာကလည္း
ကြဲျပားမည္မဟုတ္ပါဘူး။ ေၾကာင္ငယ္ေလးသုံးေကာင္ကို ျပဳစုေစာင့္ေရွာက္ေနတဲ့ ၾကက္တစ္ေကာင္ဟာဒ႑ာရီပုံျပင္လို ျဖစ္ေနပုံရေပမယ့္၎ဟာ
ဒီလယ္သမားတစ္ဦးရဲစပါးက်ီထဲမွာတကယ္ျဖစ္ပ်က္ခဲ့တာပါ။ထိုအမ်ိဳးသားဟာဗီဒီယိုမွာခ်စ္စရာေကာင္းေသာျမင္ကြင္းကိုပင္ဖမ္းယူထားခဲ့ၿပီးအြန္လိုင္းမွာလည္း
ပ်ံ႕ႏွံ႔သြားေစခဲ့ပါတယ္။ ပုံမွန္အားျဖင့္၊ တူရကီႏိုင္ငံရွိ Goran A. Surchi အမည္ရွိအမ်ိဳးသားရဲ႕ၿခံမွာ သဟဇာတျဖစ္ေအာင္ ေခြးမွေၾကာင္၊ ဆိတ္၊
သိုး၊ ငွက္မ်ားအထိ အတူတကြေနထိုင္ေသာ တိရစာၦန္မ်ားစြာရွိပါတယ္။ဘယ္လိုဘဲျဖစ္ေနပါေစ လယ္သမား Goran ဟာ သူ႔တိရစာၦန္ေတြကို
ဘယ္ေသာအခါမွ အခ်ိဳၿမိန္ဆုံးနည္းလမ္းျဖင့္ မသြန္သင္ေပးခဲ့ဖူးပါဘူး။ ဒါေပမယ့္ မိဘမဲ့ ေၾကာင္သုံးေကာင္က အကူအညီလိုတဲ့အခါ
ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ ေနရာကို ရွာေတြ႕သြားခဲ့ၿပီး သူ႔ရဲ႕မိခင္ၾကက္မႀကီးတစ္ေကာင္က ၎တို႔အား အမိုးအကာႏွင့္ ႏွစ္သိမ့္မႈေပးဖို႔ ျဖစ္လာခဲ့ပါတယ္။
တစ္ေန႔မွာ Goran က ေၾကာင္ေလးေတြရဲ႕ ငိုသံၾကားလို႔ စုံစမ္းဖို႔ သြားခဲ့ေပမယ့္ ၎အသံက ၾကက္ေလွာင္အိမ္ထဲကေန ထြက္လာတာကိုသိလိုက္ခ်ိန္မွာ
သူဟာ ၾကက္မနဲ႔သူ႔ၾကက္ကေလးေတြ အႏၲရာယ္ျဖစ္ေနၿပီလို႔ အစပိုင္းမွာ ထင္သြားခဲ့ပါတယ္။
ဒါေပမယ့္ အဲဒါက သူထင္သလိုျဖစ္မေနဘဲ ၊ အံ့ၾသစရာေကာင္းေအာင္ မိခင္ၾကက္မႀကီးက ကူကယ္ရာမဲ့ေၾကာင္ေလးေတြကို ေႏြးေထြးသြားေအာင္
သူမရဲ႕အေတာင္ပံေတြေအာက္မွာ ဝပ္ထားေပးေနခဲ့ပါတယ္။ ေၾကာင္ေလး ၃ ေကာင္ဟာ မိခင္ျဖစ္သူကြယ္လြန္သြားၿပီးေနာက္ မိဘမဲ့ျဖစ္ခဲ့ရတဲ့အတြက္
မိခင္တစ္ဦးတည္းသာ ေပးစြမ္းႏိုင္တဲ့ခ်စ္ျခင္းေမတၱာႏွင့္ႏွစ္သိမ့္မႈကို အထူးလိုအပ္ေနၾကကာ မိခင္ေတြအားလုံးက
အကာအကြယ္ေပးၿပီးဂ႐ုစိုက္တတ္တဲ့အတြက္လီလို႔ေခၚတဲ့၎ၾကက္မႀကီးက၎တို႔အတြက္ မိခင္ျဖစ္လာခဲ့ပါတယ္။
ထို႔ေၾကာင့္ Goran ဟာ TikTokမွာ၎ၾကည္ႏူးစရာေကာင္းေသာဗီဒီယိုဖိုင္ကို မွ်ေဝခဲ့ၿပီး ေမွ်ာ္လင့္ခ်က္မဲ့ေၾကာင္ေလးမ်ားအတြက္ခိုလႈံရာေပးစြမ္းခဲ့တဲ့
မိခင္ၾကက္မႀကီးကိုလည္းလူတိုင္းကခ်စ္ခင္သေဘာက်ေနခဲ့ၾကပါတယ္။
Crd