Unicode
မျက်နှာပေါ်က တင်းတိပ်တွေကို အလွယ်ကူဆုံးဖယ်ရှားပစ် နိုင်တဲ့ အိမ်တွင်းဖြစ်ဆေးနည်း
ဒီတစ်ခါမှာတော့အမျိူးသမီးအများစုရဲ့အလှအပရေးရာအတွက် ဆေးနည်းလေးမျှဝေပေးပါ့မယ်
မျက်နှာပေါ်ကတင်းတိပတွေကိုအလွယ်ကူဆုံးဖယ်ရှားပစ်နိုင်မယ့် မြန်မာဆေးနည်းလေးပါ။
တင်းတိပ်ဆိုတာမျက်နှာအသားကိုနေပူလောင်တာ၊မီးပူမိတာက စတာပါ မီးအပူနဲ့ချက်ရ ပြုတ်ရတာတွေလည်းပါတာပေါ့သုံးရမှာက
အိမ်မှာ ငွေလည်းမကုန်လွယ်လွယ်နဲ့ရတဲ့မီးဖိုချောင်ထဲက မြန်မာ့တိုင်းရင်းဆေး စ္စည်းမကျည်းသီးမှည့်ပါဘဲ။
ဆေးနည်း
၁။မကျည်းသီးမှည့် နည်းနည်းကိုခွက်တစ်ခုထဲမှာရေနဲနဲထည့်ပြီးပုံထဲကအတိုင်းမပျစ်မကျဲလေးဖျော်ထားပါ။
၂။အဲဒီ မကျည်းမှည့်ဖျော်ရည်ကိုမနက်အိပ်ရာထ မျက်နှာသစ်ပြီးမျက်နှာမှာလိမ်းထားလိုက်ပါ။
(စလိမ်းခါစမှာ စပ်ဖျင်းဖျင်းကလေးမျက်နှာမှာဖြစ်နေပြီးအေးအေးလေးနဲ့မျက်နှာ တင်းတင်းလေးရှိနေမှာပါ။
အပြင်သွားခါနီး၊အလုပ်သွားခါနီးမှအဲဒီမန်ကျည်းမှည့်လိမ်းထားတာကိုရေနဲ့မျက်နှာသစ်ပြီးဖျက်ပြီးသနပ်ခါး၊မိတ်ကပ် လိမ်းချင်ရာလိမ်းပြီးသွားပေါ့။)
၃။ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီး အဲဒီမန်ကျည်းမှည့်ဖျော်ရည်ကိုမျက်နှာမှာပါးပါးလေးလိမ်းပြီးအိပ်လိုက်ပါ။
အနဲဆုံး တစ်နေ့ နှစ်ကြိမ်လောက်လိမ်းပေးရင်ကိုရပါတယ်။ဆယ်ရက်ဆယ့်ငါးရက်လောက်လိမ်းကြည့်ရင်ကိုသိသာလာမှာပါ။
အန္တရာယ်မရှိတဲ့ မြန်မာ့တိုင်းရင်းဆေးနည်းနဲ့သဘာဝအတိုင်းမျက်နှာလေးတင်းပြီးနုချောလာတာကိုတွေ့ရမှာပါလို့လက်တွေ့စမ်းသပ်ခဲ့ပြီးပြောလိုက်ပါရစေ
လူတစ်ယောက်နဲ့တစ်ယောက်အသားအရည်မတူညီတာကြောင့်အကျိုးသက်ရောက်မှုချင်း အချိန်ကွာနိုင်ပါတယ်
Crd
Zawgyi
ဒီတစ်ခါမှာတော့အမျိုးသမီးအများစုရဲ့အလှအပရေးရာအတွက် ဆေးနည်းလေးမျှဝေပေးပါ့မယ်
ဆေးနည်း
Crd