ကမာၻ႔ေရနံေဈး တက္ရတဲ့ အေၾကာင္းရင္းေတြနဲ႔ စက္သုံးဆီေဈးေတြ ျပန္က်မယ့္အခ်ိန္

Unicode

ကမ္ဘာ့ရေနံဈေး တက်ရတဲ့ အကြောင်းရင်းတွေနဲ့ စက်သုံးဆီဈေးတွေ ပြန်ကျမယ့်အချိန်

ရေနံဈေး ဘာလို့တက်? ဘယ်တော့ကျမလဲ? ရေးသားသူ – Kyaw Swa Min ၁။ ရုရှ ဟာ ဥရောပနိုင်ငံတွေမှာ လိုအပ်နေတဲ့ အနွေးဓါတ် နဲ့

ချက်ပြုတ်ရေး အတွက် သဘာဝဓါတ်ငွေ့ ၅၀% ပေးနေတယ်။ ဓါတ်ငွေ့ပိုက်လိုင်း ကို ဖြတ်ချပစ်ရင် အခုလို ဥရောပဆောင်းကာလ မှာ ဒီဇယ်၊

ဓါတ်ဆီကို ပြောင်းသုံးရမယ်၊ အဲ့ဒီအတွက် ဥရောပနိုင်ငံတွေဟာ ရေနံကို အလန့်တကြား စုနေရတယ်။ ၂။ ကိုဗစ်ကာလ ရေနံဈေး အရမ်းကျသွားတယ်၊

ရေနံဟာ ရင်းနှီးမြုပ်နှံလို့ကောင်းတဲ့ အခြေအနေမရှိဘူး လို့ မြင်ထားတယ်၊ သဘာဝပါတ်ဝန်းကျင်သမားတွေကြောင့် ရေနံကုမ္ပဏီတွေဟာ တွင်းတွေ

တိုးပြီး မတူးရဲဘူး။ အခုလို စစ်ရိပ်သန်းတဲ့အခြေအနေမှာ ပုံမှန်ထက် စုဆောင်းနေတာမို့ သုံးစွဲတာ နဲ့ ထုတ်လုပ်တာ မမျှဘူး။

၃။ ရေနံထုတ်တဲ့ အီကွေဒေါ၊ ကာဇစ်စတန်၊ လစ်ဗျား တို့မှာ သဘာဝဘေးအန္တရာယ်ကျရောက်တာကြောင့် ရေနံပုံမှန်မထုတ်နိုင်ဘူး။

၄။ ကိုဗစ်ပြီးစ ဆိုတော့ ခရီးတွေပိုထွက်လာကြတယ်။

၅။ အကြောငိးကြောင်းကြောင့်ရုရှ က ရေနံမပို့နိုင်တော့ရင် ကမ္ဘာ့လိုအပ်ချက် မြင့်တာကို ဖာနိုင်တဲ့ လက်တလော အစီအစဉ် မရှိသေးဘူး။

၆။ ရေနံရောင်းတဲ့ နိုင်ငံများအသင်း (အိုပက်) က ရေနံထပ်ပြီး တိုးမထုတ်ချင်ဘူး၊ အမြတ်ကောင်းနေလို့။ ဘယ်လို ကျလာနိုင်ခြေရှိလဲ၊ ရေနံဟာ

တက်လိုက်ကျလိုက်ပါပဲ။ တက်လွန်းရင် ပြန်ကျပါတယ်။ ၂၀၀၈ တုန်းကရေနံဈေး ၁၄၇ ဒေါ်လာအထိ တက်ခဲ့ဖူးတယ်။ အခုက ၁၀၅။

၁။ ရုရှ နဲ့ အနောက်နိုင်ငံတွေ စစ်ပြေငြိမ်းရေး ညှိနှိုင်းနိုင်ရင် ရေနံဈေး လန့်ပြီး ထိုးကျမယ်။ ၂။ ကိုဗစ် တကြောပြန်ထရင် ရေနံဈေးကျမယ်။

၃။ အီရန် က ညူကလီးယားစမ်းသပ်နေလို့ ကမ္ဘာက ရေနံကိုအကန့်အသတ် နဲ့ပဲ နဲနဲ ရောင်းခွင့်ပေးထားတယ်၊ အခု အီရန်ကို ဖြောင့်ဖြပြီး

ညူ ကိစ္စဆက်မလုပ်တော့ပါဘူး ဆိုတဲ့ စာချုပ် လက်မှတ်ထိုးခိုင်းတယ်၊ အီရန်ကလည်း အပိတ်ခံထားရတော့ မတောင့်နိုင်တော့ဘူး၊ ဒီရက်ပိုင်း

ထိုးမယ် လို့ယူဆတယ်။ ထိုးရင် ရေနံ ဆတိုးရောင်းခွင့်အီရန် ရမယ်။ ရရင် ဈေးငြိမ်နိုင်တယ်။

၄။ ရေနံဈေး အဲ့လောက်တက်နေတော့ ကမ္ဘာမှာ လူတွေ အသွားအလာလျော့ကျနေတယ်၊ ဒီလပိုင်းမှာ အသွားအလာလျော့ကျသွားတော့

ဈေးကို ဆွဲချသွားနိုင်တယ်။ လူတွေ စက်ဆီထက် ပိုသက်သာတဲ့ လျှပ်စစ်ကား ကို ပြောင်းသုံးလာကြတယ်။

၅။ ဒီထက်တက်လာရင် တရုတ်၊ အမေရိကန်၊ ဥရောပ စုထားတဲ့ အရန်ဆီ တွေ ထုတ်သုံးမယ်။ ပူတင် ကို ဒုတ် နဲ့ ဝိုင်းရိုက်လိုက်၊

နတ်သံနှောပြီးချော့လိုက်၊ ပြည်တွင်းနဲ့ ရန်တိုက်ပေးလိုက်၊ တရုတ် ကိုဝင်ညှိခိုင်းလိုက် နဲ့ ကမ္ဘာဟာ ပတ်လည်ရိုက်နေမှာပဲ။ လက်ရှိအချိန်အထိ

ရေနံဟာကမ္ဘာ့အရေးအကြီးဆုံးကိစ္စ ဆိုတော့ ရေနံ နဲ့ ပါတ်သက်ရင် အဲ့လိုပဲ ကစားပါတယ်။

တခြားက ဝင်ငွေရနေသေးရင် ရုရှဟာ ရေနံဂျိုကာနဲ့ ထုတ်ကစားရင် ဥရောပ ပြဿနာတက်မှာ။ အခုတော့ အဲ့ဒီဂျိုကာထုတ်မသုံးနိုင်အောင်

အကုန်ပိတ်ဆို့ထားလိုက်တာ ရုရှကလည်း ရေနံမှ မရောင်းရင် ကုန်းကောက်စရာ မရှိတော့ဘူး။ Real politics ကို တဖြည်းဖြည်း မြင်လာကြမှာပါ။

အမေရိကန်ဟာ ကုတ်နဲ့ကော်ထုတ်တောင် အရှေ့အလယ်ပိုင်းကမထွက်နိုင်တာ ရေနံကြောင့်ပဲ။ ဒီရေနံဈေး နဲ့ မြန်မာလည်း လာမယ့် စိုက်ပျိုးရာသီ

မချောင်ဘူး၊ ကိုဗစ် နဲ့ ကိုစစ် နဲ့ အပြင် လုပ်သမျှရှုံးတော့ စိုက်ပျ်ုးနှုံး ဒီနှစ် ကျတယ်။ အဲ့ဒါအပြင် ဆီဈေး မြေဆီဈေးနဲ့ မကိုက်လို့ စိုက်ပျိုးတဲ့ ရာခိုင်နှုံး ဒီနှစ်ထက် ဆက်ကျနိုင်တယ်။

သိပ်ခက်ခဲတဲ့အခါ stakeholders တွေဟာ ပြည်သူတွေတတ်နိုင်သမျှ ချောင်လည်ဖို့ မဟာဗျူဟာ ပြောင်းရပါတယ်။ အဓိက ကတော့

လက်ရှိ နိုင်ငံရေးအခြေအနေကို သက်သာနိုင်တဲ့ နည်းအကုန်သုံးပြီး ကွေ့ချရဲရမယ်။ ရှေ့က ချောက် ကို ကြိုမြင်နိုင်တာပဲဟာ။

Crd

Zawgyi

ကမာၻ႔ေရနံေဈး တက္ရတဲ့ အေၾကာင္းရင္းေတြနဲ႔ စက္သုံးဆီေဈးေတြ ျပန္က်မယ့္အခ်ိန္

ေရနံေဈး ဘာလို႔တက္? ဘယ္ေတာ့က်မလဲ? ေရးသားသူ – Kyaw Swa Min ၁။ ႐ုရွ ဟာ ဥေရာပႏိုင္ငံေတြမွာ လိုအပ္ေနတဲ့ အေႏြးဓါတ္ နဲ႔

ခ်က္ျပဳတ္ေရး အတြက္ သဘာဝဓါတ္ေငြ႕ ၅၀% ေပးေနတယ္။ ဓါတ္ေငြ႕ပိုက္လိုင္း ကို ျဖတ္ခ်ပစ္ရင္ အခုလို ဥေရာပေဆာင္းကာလ မွာ ဒီဇယ္၊

ဓါတ္ဆီကို ေျပာင္းသုံးရမယ္၊ အဲ့ဒီအတြက္ ဥေရာပႏိုင္ငံေတြဟာ ေရနံကို အလန္႔တၾကား စုေနရတယ္။ ၂။ ကိုဗစ္ကာလ ေရနံေစ်း အရမ္းက်သြားတယ္၊

ေရနံဟာ ရင္းႏွီးျမဳပ္ႏွံလို႔ေကာင္းတဲ့ အေျခအေနမရွိဘူး လို႔ ျမင္ထားတယ္၊ သဘာဝပါတ္ဝန္းက်င္သမားေတြေၾကာင့္ ေရနံကုမၸဏီေတြဟာ တြင္းေတြ

တိုးၿပီး မတူးရဲဘူး။ အခုလို စစ္ရိပ္သန္းတဲ့အေျခအေနမွာ ပုံမွန္ထက္ စုေဆာင္းေနတာမို႔ သုံးစြဲတာ နဲ႔ ထုတ္လုပ္တာ မမွ်ဘူး။

၃။ ေရနံထုတ္တဲ့ အီေကြေဒါ၊ ကာဇစ္စတန္၊ လစ္ဗ်ား တို႔မွာ သဘာဝေဘးအႏၲရာယ္က်ေရာက္တာေၾကာင့္ ေရနံပုံမွန္မထုတ္ႏိုင္ဘူး။

၄။ ကိုဗစ္ၿပီးစ ဆိုေတာ့ ခရီးေတြပိုထြက္လာၾကတယ္။

၅။ အေၾကာငိးေၾကာင္းေၾကာင့္႐ုရွ က ေရနံမပို႔ႏိုင္ေတာ့ရင္ ကမာၻ႔လိုအပ္ခ်က္ ျမင့္တာကို ဖာႏိုင္တဲ့ လက္တေလာ အစီအစဥ္ မရွိေသးဘူး။

၆။ ေရနံေရာင္းတဲ့ ႏိုင္ငံမ်ားအသင္း (အိုပက္) က ေရနံထပ္ၿပီး တိုးမထုတ္ခ်င္ဘူး၊ အျမတ္ေကာင္းေနလို႔။ ဘယ္လို က်လာႏိုင္ေျခရွိလဲ၊ ေရနံဟာ

တက္လိုက္က်လိုက္ပါပဲ။ တက္လြန္းရင္ ျပန္က်ပါတယ္။ ၂၀၀၈ တုန္းကေရနံေစ်း ၁၄၇ ေဒၚလာအထိ တက္ခဲ့ဖူးတယ္။ အခုက ၁၀၅။

၁။ ႐ုရွ နဲ႔ အေနာက္ႏိုင္ငံေတြ စစ္ေျပၿငိမ္းေရး ညႇိႏႈိင္းႏိုင္ရင္ ေရနံေစ်း လန္႔ၿပီး ထိုးက်မယ္။ ၂။ ကိုဗစ္ တေၾကာျပန္ထရင္ ေရနံေစ်းက်မယ္။

၃။ အီရန္ က ညဴကလီးယားစမ္းသပ္ေနလို႔ ကမာၻက ေရနံကိုအကန္႔အသတ္ နဲ႔ပဲ နဲနဲ ေရာင္းခြင့္ေပးထားတယ္၊ အခု အီရန္ကို ေျဖာင့္ျဖၿပီး

ညဴ ကိစၥဆက္မလုပ္ေတာ့ပါဘူး ဆိုတဲ့ စာခ်ဳပ္ လက္မွတ္ထိုးခိုင္းတယ္၊ အီရန္ကလည္း အပိတ္ခံထားရေတာ့ မေတာင့္ႏိုင္ေတာ့ဘူး၊ ဒီရက္ပိုင္း

ထိုးမယ္ လို႔ယူဆတယ္။ ထိုးရင္ ေရနံ ဆတိုးေရာင္းခြင့္အီရန္ ရမယ္။ ရရင္ ေစ်းၿငိမ္ႏိုင္တယ္။

၄။ ေရနံေစ်း အဲ့ေလာက္တက္ေနေတာ့ ကမာၻမွာ လူေတြ အသြားအလာေလ်ာ့က်ေနတယ္၊ ဒီလပိုင္းမွာ အသြားအလာေလ်ာ့က်သြားေတာ့

ေစ်းကို ဆြဲခ်သြားႏိုင္တယ္။ လူေတြ စက္ဆီထက္ ပိုသက္သာတဲ့ လွ်ပ္စစ္ကား ကို ေျပာင္းသုံးလာၾကတယ္။

၅။ ဒီထက္တက္လာရင္ တ႐ုတ္၊ အေမရိကန္၊ ဥေရာပ စုထားတဲ့ အရန္ဆီ ေတြ ထုတ္သုံးမယ္။ ပူတင္ ကို ဒုတ္ နဲ႔ ဝိုင္း႐ိုက္လိုက္၊

နတ္သံေႏွာၿပီးေခ်ာ့လိုက္၊ ျပည္တြင္းနဲ႔ ရန္တိုက္ေပးလိုက္၊ တ႐ုတ္ ကိုဝင္ညႇိခိုင္းလိုက္ နဲ႔ ကမာၻဟာ ပတ္လည္႐ိုက္ေနမွာပဲ။ လက္ရွိအခ်ိန္အထိ

ေရနံဟာကမာၻ႔အေရးအႀကီးဆုံးကိစၥ ဆိုေတာ့ ေရနံ နဲ႔ ပါတ္သက္ရင္ အဲ့လိုပဲ ကစားပါတယ္။

တျခားက ဝင္ေငြရေနေသးရင္ ႐ုရွဟာ ေရနံဂ်ိဳကာနဲ႔ ထုတ္ကစားရင္ ဥေရာပ ျပႆနာတက္မွာ။ အခုေတာ့ အဲ့ဒီဂ်ိဳကာထုတ္မသုံးႏိုင္ေအာင္

အကုန္ပိတ္ဆို႔ထားလိုက္တာ ႐ုရွကလည္း ေရနံမွ မေရာင္းရင္ ကုန္းေကာက္စရာ မရွိေတာ့ဘူး။ Real politics ကို တျဖည္းျဖည္း ျမင္လာၾကမွာပါ။

အေမရိကန္ဟာ ကုတ္နဲ႔ေကာ္ထုတ္ေတာင္ အေရွ႕အလယ္ပိုင္းကမထြက္ႏိုင္တာ ေရနံေၾကာင့္ပဲ။ ဒီေရနံေစ်း နဲ႔ ျမန္မာလည္း လာမယ့္ စိုက္ပ်ိဳးရာသီ

မေခ်ာင္ဘူး၊ ကိုဗစ္ နဲ႔ ကိုစစ္ နဲ႔ အျပင္ လုပ္သမွ်ရႈံးေတာ့ စိုက္ပ်္ုးႏႈံး ဒီႏွစ္ က်တယ္။ အဲ့ဒါအျပင္ ဆီေစ်း ေျမဆီေစ်းနဲ႔ မကိုက္လို႔ စိုက္ပ်ိဳးတဲ့ ရာခိုင္ႏႈံး ဒီႏွစ္ထက္ ဆက္က်ႏိုင္တယ္။

သိပ္ခက္ခဲတဲ့အခါ stakeholders ေတြဟာ ျပည္သူေတြတတ္ႏိုင္သမွ် ေခ်ာင္လည္ဖို႔ မဟာဗ်ဴဟာ ေျပာင္းရပါတယ္။ အဓိက ကေတာ့

လက္ရွိ ႏိုင္ငံေရးအေျခအေနကို သက္သာႏိုင္တဲ့ နည္းအကုန္သုံးၿပီး ေကြ႕ခ်ရဲရမယ္။ ေရွ႕က ေခ်ာက္ ကို ႀကိဳျမင္ႏိုင္တာပဲဟာ။

Crd