စာသင်ခန်းထဲမှာဖုန်းများလျှို့ဝှက်စွာအသုံးပြုတဲ့ ကျောင်းသားများကိုမိပြီးနောက်ဖုန်းများသိမ်းယူကာ မီးရှို့ပစ်လိုက်တဲ့ ဆရာမတစ်ဦး

Unicode

အင်ဒိုနီးရှားနဲ့ မလေးရှားရှိအွန်လိုင်းအတိုင်းအဝိုင်းမှာအပြင်းအထန် ငြင်းခုံမှုဖြစ်စေတဲ့ ဗီဒီယိုဖိုင်က စည်းကမ်းဖောက်ဖျက်မှုအတွက် ကျောင်းသားတစ်ဦးရဲ

့ဖုန်းကို မီးရှို့ပစ်ခဲ့တဲ့ ဆရာမတစ်ဦးရဲ့ ဗီဒီယိုဖိုင်ပါ ။ ဆရာများအဖွဲ့တစ်ဖွဲ့က ကျောင်းသားများထံမှ သိမ်းဆည်းရမိတဲ့ ဖုန်းများကို မီးထဲသို့

တစ်လုံးပြီးတစ်လုံး ပစ်ချပြီးနောက် ပျံ့နှံ့သွားတဲ့ သတင်းတစ်ပုဒ်ကို World of Buzz မှာ ဖော်ပြခဲ့ပါတယ် ။ ဖုန်းများကို စာသင်ခန်းထဲမှ

ာ လျှို့ဝှက်အသုံးပြုတဲ့ ကျောင်းသားထံမှ သိမ်းဆည်းရမိခဲ့တာပါ ။ ဒီအဖြစ်အပျက်ကို တစ်စုံတစ်ယောက်က ကလစ်ယူကာ အွန်လိုင်းမှာ မျှဝေခဲ့ပါတယ် ။

လူ့အဖွဲ့အစည်းအတွင်း အပြင်းအထန် ငြင်းခုံမှုများ မဖြစ်ပေါ်စေမီ ထိုကဲ့သို့သော ပြစ်ဒဏ်များကို သဘောမတူသူများ ရှိနေသောကြောင့် ဖြစ်ပါတယ် ။

စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သူများက ပြစ်ဒဏ်ထိုက်သင့်ပေမဲ့ ဒီလို ပြစ်ဒဏ်ပေးတာ မသင့်တော်ဘူးလို့ မြင်တဲ့သူတွေရှိပါတယ် ။

ဆရာမများက ၎င်းတို့ပိုင်မဟုတ်တဲ့ ပစ္စည်းများကို ဖျက်ဆီးပိုင်ခွင့်မရှိသောကြောင့် ဖြစ်ပါတယ် ။ ဖြစ်စဉ်က ဘော်ဒါဆောင်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

ကျောင်းသားများ ဖုန်းကိုင်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းများ ရှိပါတယ် ။

Crd

Zawgyi









Crd