
Unicode

ပန်းသီးတွေကို လိုင်းပေါ်ကနေ Liveလွှင့်ပြီး ရောင်းခြင်းဖြင့် ဝယ်သူတွေရဲ့စိတ်ဝင်စားမှုကို ရရှိကာ အရင်ကထက် ၅ဆလောက်ပိုရောင်းကောင်းခဲ့သော အဖွားအို

ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းလေးရှိရုံနဲ့ ကိုယ်လိုချင်တဲ့ အရာများစွာကို မှာယူခြင်းဖြင့် အချိန်ကုန် လူပင်ပန်းရခြင်းက သက်သာစေပြီး ဈေးသည်အများစုကလည်း

လိုင်းပေါ်ကနေသာ Liveလွှင့်ပြီး ရောင်းချလာပါတော့သည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၈၀နှစ်အရွယ် အဖွားအိုတစ်ဦးသည် ပန်းသီးတွေကို ဈေးထဲမှာ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလာခဲ့ရာ

တဖြည်းဖြည်းနဲ့ အရောင်းပါးလာပြီး ကပ်ရောဂါတွင်းကို ဆိုင်ပိတ်လိုက်ရသည်

ထို့ကြောင့် အဖွားအိုသည် လူငယ်ဈေးသည်တွေအတိုင်း ဖုန်းလေးနဲ့ လိုင်းပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ကာ သူမရဲ့ပန်းသီးတွေကို လက်လီလက်ကား ရောင်းချပေးခဲ့သည်။

အဖွားအိုရဲ့ Livestreamလေးသည် စပြီးထုတ်လွှင့်ချိန်မှာပဲ လူအများဧ။်အာရုံစိုက်ခြင်းကို ခံရကာ ဝယ်သူဖောက်သည်များလည်း အရင်ကထက်

၅ဆလောက် ပိုများလာ၍ ဈေးပိုရောင်းကောင်းခဲ့သည့်အတွက် အပြင်မှာသွားမရောင်းတော့ပဲ အိမ်မှာနေရင်းနဲ့သာ မြေးဖြစ်သူကို ဖုန်းဖွင့်ခိုင်းပြီး ကိုယ်တိုင်Liveလွှင့် ရောင်းခဲ့သည်။

Crd

Zawgyi









Crd