ရခိုင္ပင္လယ္ျပင္ကေနဖမ္းဆီးရမိခဲ့သည့္အလြန္ရွားပါးေသာဧရာမငါးေတာက္တူငါးႀကီး

Unicode

ရခိုင်ပြည်နယ်သံတွဲမြို့ဂျိတ္တောရပ်ကွက်မှ ရေလုပ်သားများရခိုင်ပင်လယ်ပြင်ကနေ ဖမ်းဆီးရမိခဲ့သည့် အလွန်ရှားပါးသောဧရာမငါးတောက်တူငါးကြီး..

ပြည်ပဈေးကွက်တွင်မျက်နှာပန်းလှသည့်ငါးတစ်မျိုးမှာ ကျောက်ငါး (grouper) သည်လည်း ပါဝင်ပါသည်။“ငါးဝက်မ”မျိုးစိတ်ဝင် ကျောက်ငါးကို

ရခိုင်တွင်‘ငါးတောက်တူ’ဟု ခေါ်ဆိုကြပါသည်။ ကျောက်ငါးသည် မွေးမြူရေး ငါးဖြစ်လည်း နာမည်ကြီးပြီးအရသာလည်းထူးခြားကောင်းမွန်လှပါသည်။

ကျောက်ငါးများမှာ အရေခွံထူသလို၎င်း၏အကြေးခွံ ရောင်စုံအကွက်များမှာ လှပကြပါသည်။

ကျောက်ငါးများမှာ ကျောက်ဆောင်၊ ကျွန်းစုငယ်နှင့် သန္တာကျောက်များကြား အစာရှာဖွေခိုအောင်း နေထိုင်တတ်သောကြောင့် တချို့မှာ ဝါးထောက်ချောက်ချပြီး ဖမ်းကြသည်။

တချို့မှာ ၇တောင်၊ ၈တောင် ရှည်လျားသည့် မြှုံးခြင်းကြီးများဖြင့် ရေအောက်ကြမ်းပြင်ဆီချကာ ထောင်ဖမ်းကြပါသည်။ မြှုံးမှာ ကြိမ်ကြီးတွေကို သံဇကာဖြင့် ထိန်းကွပ်ထားသည့် ခြင်းကြီးဖြစ်ပါသည်။

ထူးခြားမှုမှာ သင်ပေါင်းသားများကို ထည့်သုံးထားသဖြင့် ထိုအသား၏ အနံ့မှာ ငါးများကို စွဲဆောင်စေပြီး ထိုအနံ့နောက်သို့ ငါးများလိုက်ရင်း မြှုံးဝသို့

ဝင်မိလျှက်သားဖြစ်သဖြင့် အဝင်ဝကိုလည်း အပြင်လျှာ ၊အတွင်းလျှာ သံဇကာဖြင့် ပြုလုပ်ထား၍ ငါးမှာ ဝင်ပြီးပါက ပြန်မထွက်လာနိုင်တော့ပေ။

ထိုကဲ့သို့ ဖမ်းပါက အားသာချက်မှာ အရှင်အတိုင်းဒဏ်ရာမရှိဘဲ ဖမ်းမိကြပြီး ဒိုင်မှာ ပြန်သွင်းရာတွင် ဈေးကောင်းရရှိကြပါသည်။ လက်ငင်းငွေချေစနစ်ဖြင့် နေ့စဉ်ဝယ်ယူသူများလည်း ရှိကြပါသည်။

ကျောက်ငါးသည် အသားစားသတ္တဝါဖြစ်ပြီး မွေးမြူရေးကန်သို့ ထည့်မည်ဆိုပါက မျိုးတူရာ အကောင်ချင်းရွေးထည့်ရပါသည်။

အရွယ်စုံ၊ ငါးမျိုးစုံထားလျှင် ငါးကြီးများမှာ ငါးငယ်များကို စားပစ်လိုက်ကြသောကြောင့် ဖြစ်သည်။

ပင်လယ်မှ ဖမ်းယူရရှိသော ကျောက်ငါးများကို သဘာဝနည်းအတိုင်း မွေးမြူကြသည်ဟု သိရပြီး သဘာဝအတိုင်းမွေးမြူရာတွင်

ငါးသားပေါက်စုဆောင်းရသည့် အခက်အခဲအနည်းငယ်ရှိသော်လည်း စမွေးမွေးခြင်း (၆) လခန့်အချိန်ယူရပြီး (၆)လအတွင်း အစာကို (၂) ရက်

တစ်ကြိမ် ပုံမှန် ကျွေးရပါသည်။ မွေးမြူပြီး (၆) လခန့်ကြာပါက ရောင်းတန်းဝင်သော အရွယ်အစားသို့ ရောက်ရှိလာပါသည်။

ဈေးနှုန်းမှာ ပြည်ပတင်ပို့မှု အကျိုးအမြတ်အနေဖြင့် ငါးအသေအပျောက်နည်းလျှင် ပိုမိုရရှိကြောင်းသိရပါသည်။ရခိုင်၊ မြိတ်ကျွန်းစု၊

ဧရာဝတီတိုင်းနှင့် ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင် ကျေးရွာတို့မှ ဖမ်းမိကြသော ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို ရန်ကုန်သို့ တင်ပို့ကြပါသည်။

ကျောက်ငါးများကို အများအားဖြင့် ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျမီ ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင်

၃၅ ကျပ်သားမှ အကောင်ကြီးလျှင် ၁ ပိဿာကျော်ထိ ပင်လယ်ပြင်မှ ဖမ်ဆီးရမိကြောင်း သိရပါသည်။ ရန်ကုန်သို့ တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင်

ကျောက်ငါးအရှင် (၉) ပိဿာ ခန့်ဝင်ဆန့်ပြီး ရေငန်ထည့်သွင်း၍ တင်ပို့ကြပြီး ရန်ကုန်မှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ကြကြောင်း သိရပါသည်။

ကျောက်ငါးနှင့် ပတ်သက်၍ နာမည်ကြီးဟင်းလျာများမှာ ကျောက်ငါးကင်၊ ကျောက်ငါးပေါင်း၊ ကျောက်ငါးချိုချဉ်ကြော်၊ သောက်ဆမ်း၊၊ အကြွပ်ကြော်

၊ ကျောက်ငါးခေါင်း ဟင်းချို၊ အစိမ်းသုပ်၊ စွပ်ပြုတ်၊ ကြော်ချက် ဟင်းလျာများမှာ လူကြိုက်များသည့် ဟင်းများ ဖြစ်ကြပါသည်။

ထို့ပြင် ကျောက်ငါးကို ငါးခြောက်ပြုလုပ်၍ ကျောက်ငါး ငါးခြောက်ဆားပေါ့များလည်း ဈေးကောင်းကြပါသည်။

သို့ပါသောကြောင့် ကျောက်ငါးများမှာ အရသာ ထူးခြားကောင်းမွန်ပြီး တန်ဖိုးမြင့် ငါးလည်းဖြစ်၊ မွေးမြူရေးငါးအဖြစ်လည်း မွေးမြူနေကြသော

ပြည်ပဈေးကွက်ဝင် ငါးတစ်မျိုးဖြစ်ကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

Crd

Zawgyi

ရခိုင္ျပည္နယ္သံတြဲၿမိဳ႕ဂ်ိေတၱာရပ္ကြက္မွ ေရလုပ္သားမ်ားရခိုင္ပင္လယ္ျပင္ကေန ဖမ္းဆီးရမိခဲ့သည့္ အလြန္ရွားပါးေသာဧရာမငါးေတာက္တူငါးႀကီး..

ျပည္ပေဈးကြက္တြင္မ်က္ႏွာပန္းလွသည့္ငါးတစ္မ်ိဳးမွာ ေက်ာက္ငါး (grouper) သည္လည္း ပါဝင္ပါသည္။“ငါးဝက္မ”မ်ိဳးစိတ္ဝင္ ေက်ာက္ငါးကို

ရခိုင္တြင္‘ငါးေတာက္တူ’ဟု ေခၚဆိုၾကပါသည္။ ေက်ာက္ငါးသည္ ေမြးျမဴေရး ငါးျဖစ္လည္း နာမည္ႀကီးၿပီးအရသာလည္းထူးျခားေကာင္းမြန္လွပါသည္။

ေက်ာက္ငါးမ်ားမွာ အေရခြံထူသလို၎၏အေၾကးခြံ ေရာင္စုံအကြက္မ်ားမွာ လွပၾကပါသည္။

ေက်ာက္ငါးမ်ားမွာ ေက်ာက္ေဆာင္၊ ကြၽန္းစုငယ္ႏွင့္ သႏၲာေက်ာက္မ်ားၾကား အစာရွာေဖြခိုေအာင္း ေနထိုင္တတ္ေသာေၾကာင့္ တခ်ိဳ႕မွာ ဝါးေထာက္ေခ်ာက္ခ်ၿပီး ဖမ္းၾကသည္။

တခ်ိဳ႕မွာ ၇ေတာင္၊ ၈ေတာင္ ရွည္လ်ားသည့္ ျမႇဳံးျခင္းႀကီးမ်ားျဖင့္ ေရေအာက္ၾကမ္းျပင္ဆီခ်ကာ ေထာင္ဖမ္းၾကပါသည္။ ျမႇဳံးမွာ ႀကိမ္ႀကီးေတြကို သံဇကာျဖင့္ ထိန္းကြပ္ထားသည့္ ျခင္းႀကီးျဖစ္ပါသည္။

ထူးျခားမႈမွာ သင္ေပါင္းသားမ်ားကို ထည့္သုံးထားသျဖင့္ ထိုအသား၏ အနံ႔မွာ ငါးမ်ားကို စြဲေဆာင္ေစၿပီး ထိုအနံ႔ေနာက္သို႔ ငါးမ်ားလိုက္ရင္း ျမႇဳံးဝသို႔

ဝင္မိလွ်က္သားျဖစ္သျဖင့္ အဝင္ဝကိုလည္း အျပင္လွ်ာ ၊အတြင္းလွ်ာ သံဇကာျဖင့္ ျပဳလုပ္ထား၍ ငါးမွာ ဝင္ၿပီးပါက ျပန္မထြက္လာႏိုင္ေတာ့ေပ။

ထိုကဲ့သို႔ ဖမ္းပါက အားသာခ်က္မွာ အရွင္အတိုင္းဒဏ္ရာမရွိဘဲ ဖမ္းမိၾကၿပီး ဒိုင္မွာ ျပန္သြင္းရာတြင္ ေဈးေကာင္းရရွိၾကပါသည္။ လက္ငင္းေငြေခ်စနစ္ျဖင့္ ေန႔စဥ္ဝယ္ယူသူမ်ားလည္း ရွိၾကပါသည္။

ေက်ာက္ငါးသည္ အသားစားသတၱဝါျဖစ္ၿပီး ေမြးျမဴေရးကန္သို႔ ထည့္မည္ဆိုပါက မ်ိဳးတူရာ အေကာင္ခ်င္းေ႐ြးထည့္ရပါသည္။

အ႐ြယ္စုံ၊ ငါးမ်ိဳးစုံထားလွ်င္ ငါးႀကီးမ်ားမွာ ငါးငယ္မ်ားကို စားပစ္လိုက္ၾကေသာေၾကာင့္ ျဖစ္သည္။

ပင္လယ္မွ ဖမ္းယူရရွိေသာ ေက်ာက္ငါးမ်ားကို သဘာဝနည္းအတိုင္း ေမြးျမဴၾကသည္ဟု သိရၿပီး သဘာဝအတိုင္းေမြးျမဴရာတြင္

ငါးသားေပါက္စုေဆာင္းရသည့္ အခက္အခဲအနည္းငယ္ရွိေသာ္လည္း စေမြးေမြးျခင္း (၆) လခန႔္အခ်ိန္ယူရၿပီး (၆)လအတြင္း အစာကို (၂) ရက္

တစ္ႀကိမ္ ပုံမွန္ ေကြၽးရပါသည္။ ေမြးျမဴၿပီး (၆) လခန႔္ၾကာပါက ေရာင္းတန္းဝင္ေသာ အ႐ြယ္အစားသို႔ ေရာက္ရွိလာပါသည္။

ေဈးႏႈန္းမွာ ျပည္ပတင္ပို႔မႈ အက်ိဳးအျမတ္အေနျဖင့္ ငါးအေသအေပ်ာက္နည္းလွ်င္ ပိုမိုရရွိေၾကာင္းသိရပါသည္။ရခိုင္၊ ၿမိတ္ကြၽန္းစု၊

ဧရာဝတီတိုင္းႏွင့္ ေခ်ာင္းသာ၊ ေငြေဆာင္ ပင္လယ္ကမ္းေျခေဒသ ပတ္ဝန္းက်င္ ေက်း႐ြာတို႔မွ ဖမ္းမိၾကေသာ ျပည္ပေဈးကြက္ဝင္ ေက်ာက္ငါးအရွင္မ်ားကို ရန္ကုန္သို႔ တင္ပို႔ၾကပါသည္။

ေက်ာက္ငါးမ်ားကို အမ်ားအားျဖင့္ ပြင့္လင္းရာသီ ေအာက္တိုဘာလမွ မိုးမက်မီ ဧၿပီလအထိသာ ေဈးကြက္တြင္ အေရာင္းအဝယ္ရွိၿပီး အေကာင္ေသးလွ်င္

၃၅ က်ပ္သားမွ အေကာင္ႀကီးလွ်င္ ၁ ပိႆာေက်ာ္ထိ ပင္လယ္ျပင္မွ ဖမ္ဆီးရမိေၾကာင္း သိရပါသည္။ ရန္ကုန္သို႔ တင္ပို႔ရာတြင္ ေဖာ့ပုံးတစ္ပုံးလွ်င္

ေက်ာက္ငါးအရွင္ (၉) ပိႆာ ခန႔္ဝင္ဆန႔္ၿပီး ေရငန္ထည့္သြင္း၍ တင္ပို႔ၾကၿပီး ရန္ကုန္မွ တဆင့္ ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ၾကေၾကာင္း သိရပါသည္။

ေက်ာက္ငါးႏွင့္ ပတ္သက္၍ နာမည္ႀကီးဟင္းလ်ာမ်ားမွာ ေက်ာက္ငါးကင္၊ ေက်ာက္ငါးေပါင္း၊ ေက်ာက္ငါးခ်ိဳခ်ဥ္ေၾကာ္၊ ေသာက္ဆမ္း၊၊ အႂကြပ္ေၾကာ္

၊ ေက်ာက္ငါးေခါင္း ဟင္းခ်ိဳ၊ အစိမ္းသုပ္၊ စြပ္ျပဳတ္၊ ေၾကာ္ခ်က္ ဟင္းလ်ာမ်ားမွာ လူႀကိဳက္မ်ားသည့္ ဟင္းမ်ား ျဖစ္ၾကပါသည္။

ထို႔ျပင္ ေက်ာက္ငါးကို ငါးေျခာက္ျပဳလုပ္၍ ေက်ာက္ငါး ငါးေျခာက္ဆားေပါ့မ်ားလည္း ေဈးေကာင္းၾကပါသည္။

သို႔ပါေသာေၾကာင့္ ေက်ာက္ငါးမ်ားမွာ အရသာ ထူးျခားေကာင္းမြန္ၿပီး တန္ဖိုးျမင့္ ငါးလည္းျဖစ္၊ ေမြးျမဴေရးငါးအျဖစ္လည္း ေမြးျမဴေနၾကေသာ

ျပည္ပေဈးကြက္ဝင္ ငါးတစ္မ်ိဳးျဖစ္ေၾကာင္းကို ေလ့လာေရးသားလိုက္ရပါသည္။

Crd