ဆိုလာပြားဖြစ်ရင် ပြီးရောဆိုပြီးမဝယ်ပါနဲ့ကားဘက်ထရီကအကောင်းဆုံးလို့ထင်နေတုန်းလား.ဒါလေးကိုဖတ်ကြည့်ပါ.
Unicode
Solar system တစ်ခုဟာ watt ချင်းတူရင် စဝယ်ချိန်မှ မီးစက်တစ်လုံးဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ်များပါတယ်.. ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာကအများကြီးတွက်ခြေကိုက်တယ်..
Solar system မှာဘာတွေသိသင့်လဲဆိုတော့ပထမဆုံးsolar panel ပါ.. လက်ရှိ solar panel မှာ Poly, Mono, Thin film solar ရယ်ဆိုပြီးသုံးမျိုးရှိပါတယ်.Thin film solarThin film solar
ကအကောင်းဆုံးဆိုပေမယ့် ဈေးများတယ် အသုံးနည်းတယ်.Satellites တွေမှာလောက်ပဲ သုံးတယ်လို့သိပါတယ်.. Poly နဲ့ Mono က အသုံးအများဆုံးပါ..Thin film solaPoly က
အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး Monoကတော့သန့်စင်ထားတဲ့ silicon ကနေထုတ်တယ် အလွယ်ခွဲလို့ရတာက poly ဆိုအပြာရောင်အကွက်နဲ့ Mono ဆို
အမည်းရောင် နက်ပြာရောင်ဆိုပြီးတွေ့ရပါတယ်Poly solaPoly solar တွေရဲ့အကွက်အရောင်တွေက မညီညာဖူး Mono ကတော့ တညီတညာထဲပါ..Poly တွေက ရေးထားတဲ့
watt ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ပဲထွက်ပြီးMono ကတော့ ၉၉ရာခိုင်နှုန်းလောက်ထိ ထုတ်ပေးပါတယ်.Mono Solaဈေးကလည်း အနည်းငယ်လောက်ပိုများတယ်..Warranty အနေနဲ့
poly ကို 15 years လောက်ပေးတယ် Mono ဆို၂၅နှစ် လောက်ထိပေးပါတယ်ဒါတောင်မပျက်စီးသေးပါဘူး.power efficiency လျော့သွားတာမျိုးပဲရှိပါသေးတယ်.Mono မှ
ာ half cell ဆိုပြီး ထပ်ခွဲထားတာရှိတယ်.အတွင်းထဲမှာbypass diode တွေအကြောင်းလည်းသိသင့်တယ်ဗျ.. အဲ့ diode တွေကဆိုလာအလုပ်လုပ်အောင်ဆိုတာထက်အရိပ်ကျတဲ့အခါ
ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင်တပ်ထားတာပါ..diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင်ပုံမှန်အတိုင်း
ထွက်ပါတယ်.. တစ်ခုရှိတာကခုနောက်ပိုင်းဆိုလာတွေမှာcellအတုတွေပါလာတာပါ.. အဲ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ်.ဒီတော့ ရေးထားတဲ့ watt နဲ့
တကယ်ထွက်တာကအတော်ကြီးကွာပါတယ်.ဂျင်းတွေပေါ့ဗျာSolarဝယ်မယ်ဆိုတကယ် warranty ရှိပြီးသား brand ကိုဝယ်သုံး brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့် မပြည့်
တိုင်းပြီး ဝယ်တအဆင်အပြေဆုံးပါပဲ.Solar cable တွေကတော့အနည်းဆုံးဆယ်စုနှစ်တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာရွေးဝယ်သင့်ပါတယ်သူကရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါ.Solar ကြိုးတွေက
efficiency အမြင့်ဆုံးရအောင်ကောရာသီဥတုဒါဏ်ခံအောင်ပါ ထုတ်ထားပါတယ်.Copper 99% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ်..ကြိုးတွေက ငွေရောင်ပါကြေးခြစ်လိုက်မှ
ကြေးရောင်ထွက်ပါတယ်.ဒါကအလွယ်ပြောတာပါ.. ပိုပြောရင် အများကြီးရှိပါသေးတယ်.နောက်တစ်ခုကတော့ solar system မှာအရေးအကြီးဆုံး controllerပါ..သူက နှစ်မျိုးရှ်ပါတယ်
PWM (Pulse Width Modulation) နဲ့ MPPT (Maximum Power Point Tracking) controller တွေပါ.. PWM ကတော့battery ကို ဘယ်အချိန်သွင်းမယ် ဘယ်လောက်သွင်းမယ်
ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိကထားပါတယ်.. PV ကနေလာတဲ့ powerကို တိုးမြင့်ပေးတာမရှိပါ.. MPPT ကတော့ PV ရဲ့ power ကို
တိုးမြင့်လုပ်ဆောင်ပေးပါတယ်.. မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကိုအမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ်.. inverter ဈေးထက်တောင်ကြီးတဲ့ MPPT တွေရှိပါတယ်..
တကယ်သုံးမယ်ဆိုရင်တော့ MPPT ကို ရွေးပါ..နောက်မှာတော့ inverter ကတော့ ပုံစံ (၃) မျိုးရှိပါတယ်.. ဒါက solar grid system နဲ့ ဆိုင်ပါတယ်.. On grid, Off grid နဲ့ hybrid ပါ..On grid ကတော့
မီးအမြဲရတဲ့နေရာတွေ (မီးမပျက်) လျှပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ.. Backup အတွက် battery မပါပါ.. Solar ကထွက်တဲ့ power
ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့ power ကို အစိုးရဆီပြန်ရောင်းပါတယ်)သုးတာက solar power ထက်များရင် main grid ကနေလိုသလောက် ယူသုံးပေးပါတယ်.Off grid ကတော့ solar
ရယ် battery ရယ်ပဲသုံးပါတယ်..မီးလာနေရင်မီးနဲ့သုံးပြီး မီးမရရင် solarကနေသုံးတယ်..ညဖက်လိုမျိုးဆို backup ထားတဲ့ battery ကနေပြန်သုံးပါတယ်..
Hybrid ကတော့ အထက်ကနှစ်မျိုးကို ပေါင်းထားတာ ဒါပေမယ့် ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီပြန်ပို့မရပါဘူး..
ဘယ်အမျိုးအစား inverter မျိုးသုံးသုံး pure sine wave ဖြစ်ဖို့လိုအပ်ပါတယ်.. modified sine wave ဆိုရေးထားတဲ့ watt ရဲ့
တဝက်ပဲသုံးလို့ရမယ်.. Freezer တွေ aircon တွေ motor တွေသုံးမယ်ဆိုPeak Powerမြင့်တဲ့ ow frequency pure sine wave တွေဝယ်ရပါမယ်..Battery မှာတော့ lead acid Normal plate,
tubular tall, Gel type, Calcium battery, Ni-cad (နီကယ်-ကက်), Lifepo4 ဆိုပြီးထွက်ပါတယ်..Normal plate battery တွေက solar system မှာ သုံးမရပါဘူး.. ကျတော်တို့ဆီမှာ သုံးနေတဲ့ ကားအိုး
3K TOYO အစရှိတာတွေပါ..ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ.. Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubular tall ကနေစသုံးရပါမယ်..(tubular tall ဘက်ထရီ အမျိုးအစားများ)ပြီးရင်
Gel Type deep cycle တွေ Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ.. Charge rate မြင့်သလို peak power လည်း မြင့်တယ်..(Gel Type deep cycle ဘက်ထရီ အမျိုးအစားများ)ရိုးရိုး lead acid 200A
တစ်လုံးနဲ့ယှဉ်ကြည့်ရင် Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်.. ဈေးနဲ့ တွက်ရင်များပေမယ့် 5 years လောက်စိတ်ချလက်ချသုံးရမယ်.. ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တခုချင်း လဲလို့ရမယ်
ဒီလိုအားသာချက်တွေရှိပါတယ်။ တော်သေးပြီ။Written by Wai Yanမူရင်းရေးသားသူအား လေးစားမှုဖြင့် ပြန်လည် မျှဝေပါသည်။
Zawgyi
Solar system တစ်ခုဟာ watt ချင်းတူရင် စဝယ်ချိန်မှာ မီးစက်တစ်လုံးဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ်များပါတယ်.. ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်..
ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့ power ကို အစိုးရဆီပြန်ရောင်းပါတယ်) သုံးတာက solar power ထက်များရင် main grid ကနေလိုသလောက် ယူသုံးပေးပါတယ်.Off grid ကတော့ solar