သူတို႔ကိုအစာေကြၽးေလ့ရွိတဲ့အမ်ိဳးသမီးကိုလက္ေဆာင္ေတြ ျပန္ေပးတတ္တဲ့က်ီးငွက္ေလးေတြ

Unicode

၎င်းတို့ရဲ့အိမ်တွေကို မကြာခဏလာရောက်လည်ပတ်ကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ကြည်နူးစရာကောင်းတဲ့ သံယောဇဉ်နှောင်ကြိုးကို

ခံစားဖူးသူတွေ အများကြီးရှိပါတယ်။အထူးသဖြင့်အမျိုးသမီးတစ်ဦးဟာ ကျီးကန်းမိသားစုတစ်စုနှင့် အချင်းချင်း လက်ဆောင်တွေဖလှယ်ကြတဲ့အထိ ချိုမြိန်တဲ့ရင်းနှီးမှုအသစ်တစ်ခုကိုရရှိခဲ့ပါတယ်။

အဆိုပါ Tango Steinkeအမည်ရှိအမျိုးသမီးဟာအမေရိကန်Virginia ပြည်နယ်ရှိ သူမရဲ့နေအိမ်သို့ ပြောင်းရွှေ့လာတဲ့အခါ သူမမှာ

ဆူညံတဲ့အိမ်နီးနားချင်းအချို့ရှိနေကြောင်းသူမသိလိုက်ရပြီးသူမရဲ့အိမ်နောက်မှာ သိုက်သိုက်ဝန်းဝန်းရှိနေတဲ့ကျီးကန်းစုံတွဲတစ်တွဲက သူမကို

သက်တောင့်သက်သာရှိနေခဲ့ကြတာကြောင့်သူမကလည်း၎င်းကျီးကန်းစုံတွဲကို Doc နှင့် Dottie လို့နာမည်ပေးပြီး ၊

သူမသိတဲ့အကောင်းဆုံးနည်းဖြင့် ၎င်းတို့နဲ့အမြန်မိတ်ဖွဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။လူတိုင်းတွင် ဤလျှို့ဝှက်ဆန်းကြယ်ငှက်များနှင့် မိတ်ဖွဲ့နိုင်သည့်

သတ္တိရှိပြီး စွမ်းရည်မရှိပေမဲ့လည်းSteinke ကတော့၎င်းတို့အားမြေပဲကျွေးခြင်းဖြင့်စတင်ခဲ့ပါတယ်။ သူမဟာ ငှက်တွေကို အမာခံချစ်မြတ်နိုးသူဖြစ်ပြီး၊

သူမအိမ်မှာရှိတဲ့ ငှက်များနှင့် ရှဉ့်များကို အစာကျွေးပြီး၎င်းကျီးနက်တွေကိုလည်းအလားတူအစာကျွေးပေးလာခဲ့ပါတယ်။ ဆောင်းရာသီရောက်လာတဲ့အခါ

အစာရှားပါးလာတာကြောင့် Doc နဲ့ Dottie တို့ဟာ Stienkeဆီကို နေ့တိုင်းနီးပါးလာရောက်လည်ပတ်ကြပြီး ပိတ်ရက်တွေမှာ

သူမ အိပ်ရာကနေ မနိုးမချင်း သူမရဲ့ပြတင်းပေါက်ကိုလာလာကုပ်နေတတ်ကြပါတယ်။ဒါပေမဲ့ ၎င်းကျီးကန်းနှစ်ကောင်က

တစ်ခုခုပြန်မပေးဘဲ မယူတတ်သလို ဆောင်းရာသီတစ်လျှောက်လုံး Steinke ရဲ့ရက်ရောမှုကို တုံ့ပြန်ဖို့အတွက် ၎င်းတို့ရဲ့တန်ပြန်ကျေးဇူးတရားကို ပြသခဲ့ကြပါတယ်။

၎င်းတို့ရဲ့ကြင်နာသောအိမ်နီးချင်းထံမှ မြေပဲအများအပြားကို လက်ခံပြီးနောက်မှာ ၎င်းကျီးကန်းတွေဟာ “ကျေးဇူး” လက်ဆောင်တွေကို စတင်ပေးလာခဲ့ကြပါတယ်။

တကယ်လည်း ကျီးကန်းတွေဟာ သူတို့ကို အာရုံစိုက်ပြီး ကျွေးမွေးသူတွေကို လက်ဆောင်လေးတွေ ပေးတယ်လို့ လူသိများပါတယ်။ Steinke ကလည်း

ကျီးကန်းလေးတွေရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကို လူအများအား ပြသဖို့ သူမရဲ့TikTok မှာ ၎င်းလက်ဆောင်ပစ္စည်းဗီဒီယိုကို တင်ပေးခဲ့ပြီး ၊

“ ပထမဆုံး ကျွန်မရဲ့အခန်းထဲမှာ မီးခိုရောင်ကျောက်စရစ်ခဲတစ်လုံးက်ု တွေ့ခဲ့တယ် ၊ အဲဒီအချိန်ကစပြီး သူတို့တွေက လက်ဆောင်မျိုးစုံဖြစ်တဲ့ ကြယ်သီးတစ်လုံး၊

သစ်သီးစေ့တွေ၊ သတ္တုအပိုင်းအစတွေ၊ ထုထားတဲ့ စကျင်ကျောက်တွေ၊ မြေအိုးအရိုးအကာတွေနဲ့ ဆိုဒါခွက်တွေကို ကျွန်မအခန်းထဲမှာ ချန်ထားခဲ့ကြတယ်” လို့ဆိုခဲ့ပါတယ်။ ဒါ့ပြင် Steinke က သူမဟာ တစ်လလျှင် တစ်ကြိမ်ခန့် လက်ဆောင်များကို ပုံမှန်လက်ခံရရှိပြီး ၊

၎င်းတို့ရဲ့ စိတ်ကြိုက်လက်ဆောင်များအားလုံးကို အိုးလေးတစ်လုံးထဲမှာ စုဆောင်းထားကြောင်းလည်း ပြောပြခဲ့ပါတယ်။ ၎င်းချိုမြိန်သောလက်ဆောင်များအပြင်

၊ ပြီးခဲ့တဲ့နွေဦးပေါက်ရာသီမှာ နို့သောက်တဲ့အရွယ် ကျီးကန်းပေါက်လေးတစ်ကောင်လည်း သူမထံ ထပ်မံရောက်ရှိလာခဲ့ပါတယ်။ ယခုအခါမှာတော့

သုံးကောင်ရှိပြီဖြစ်တဲ့ ၎င်းကျီးကန်းမိသားစုဟာ Steinke ရဲ့အိမ်နီးချင်းများထက် ပိုပြီးဖြစ်လာခဲ့ကာ ၎င်းတို့ဟာ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။

Mia (KB Chimmy one)

Reference : mymodernmet

Zawgyi

၎တို႔ရဲ႕အိမ္ေတြကို မၾကာခဏလာေရာက္လည္ပတ္ၾကတဲ့ ေတာ႐ိုင္းတိရိစာၦန္ေတြနဲ႔ ၾကည္ႏူးစရာေကာင္းတဲ့ သံေယာဇဥ္ေႏွာင္ႀကိဳးကို

ခံစားဖူးသူေတြ အမ်ားႀကီးရွိပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးတစ္ဦးဟာ က်ီးကန္းမိသားစုတစ္စုႏွင့္ အခ်င္းခ်င္း လက္ေဆာင္ေတြဖလွယ္ၾကတဲ့အထိ ခ်ိဳၿမိန္တဲ့ ရင္းႏွီးမႈအသစ္တစ္ခုကို ရရွိခဲ့ပါတယ္။

အဆိုပါ Tango Steinke အမည္ရွိအမ်ိဳးသမီးဟာ အေမရိကန္ Virginia ျပည္နယ္ရွိ သူမရဲ႕ေနအိမ္သို႔ ေျပာင္းေ႐ႊ႕လာတဲ့အခါ သူမမွာ

ဆူညံတဲ့အိမ္နီးနားခ်င္းအခ်ိဳ႕ရွိေနေၾကာင္း သူမသိလိုက္ရၿပီး သူမရဲ႕အိမ္ေနာက္မွာ သိုက္သိုက္ဝန္းဝန္းရွိေနတဲ့က်ီးကန္းစုံတြဲတစ္တြဲက သူမကို

သက္ေတာင့္သက္သာ ရွိေနခဲ့ၾကတာေၾကာင့္ သူမကလည္း ၎က်ီးကန္းစုံတြဲကို Doc ႏွင့္ Dottie လို႔နာမည္ေပးၿပီး ၊

သူမသိတဲ့ အေကာင္းဆုံးနည္းျဖင့္ ၎တို႔နဲ႔ အျမန္မိတ္ဖြဲ႕ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ လူတိုင္းတြင္ ဤလွ်ိဳ႕ဝွက္ဆန္းၾကယ္ငွက္မ်ားႏွင့္ မိတ္ဖြဲ႕ႏိုင္သည့္

သတၱိရွိၿပီး စြမ္းရည္မရွိေပမဲ့လည္း Steinke ကေတာ့ ၎တို႔အား ေျမပဲေကြၽးျခင္းျဖင့္ စတင္ခဲ့ပါတယ္။ သူမဟာ ငွက္ေတြကို အမာခံခ်စ္ျမတ္ႏိုးသူျဖစ္ၿပီး၊

သူမအိမ္မွာရွိတဲ့ ငွက္မ်ားႏွင့္ ရွဥ့္မ်ားကို အစာေကြၽးၿပီး ၎က်ီးနက္ေတြကိုလည္း အလားတူ အစာေကြၽးေပးလာခဲ့ပါတယ္။ ေဆာင္းရာသီေရာက္လာတဲ့အခါ

အစာရွားပါးလာတာေၾကာင့္ Doc နဲ႔ Dottie တို႔ဟာ Stienke ဆီကို ေန႔တိုင္းနီးပါး လာေရာက္လည္ပတ္ၾကၿပီး ပိတ္ရက္ေတြမွာ

သူမ အိပ္ရာကေန မႏိုးမခ်င္း သူမရဲ႕ျပတင္းေပါက္ကို လာလာကုပ္ေနတတ္ၾကပါတယ္။ဒါေပမဲ့ ၎က်ီးကန္းႏွစ္ေကာင္က

တစ္ခုခုျပန္မေပးဘဲ မယူတတ္သလို ေဆာင္းရာသီတစ္ေလွ်ာက္လုံး Steinke ရဲ႕ရက္ေရာမႈကို တုံ႔ျပန္ဖို႔အတြက္ ၎တို႔ရဲ႕တန္ျပန္ေက်းဇူးတရားကို ျပသခဲ့ၾကပါတယ္။

၎တို႔ရဲ႕ၾကင္နာေသာအိမ္နီးခ်င္းထံမွ ေျမပဲအမ်ားအျပားကို လက္ခံၿပီးေနာက္မွာ ၎က်ီးကန္းေတြဟာ “ေက်းဇူး” လက္ေဆာင္ေတြကို စတင္ေပးလာခဲ့ၾကပါတယ္။

တကယ္လည္း က်ီးကန္းေတြဟာ သူတို႔ကို အာ႐ုံစိုက္ၿပီး ေကြၽးေမြးသူေတြကို လက္ေဆာင္ေလးေတြ ေပးတယ္လို႔ လူသိမ်ားပါတယ္။ Steinke ကလည္း

က်ီးကန္းေလးေတြရဲ႕ခ်စ္စရာေကာင္းတဲ့အျပဳအမူေတြကို လူအမ်ားအား ျပသဖို႔ သူမရဲ႕TikTok မွာ ၎လက္ေဆာင္ပစၥည္းဗီဒီယိုကို တင္ေပးခဲ့ၿပီး ၊

“ ပထမဆုံး ကြၽန္မရဲ႕အခန္းထဲမွာ မီးခိုေရာင္ေက်ာက္စရစ္ခဲတစ္လုံးက္ု ေတြ႕ခဲ့တယ္ ၊ အဲဒီအခ်ိန္ကစၿပီး သူတို႔ေတြက လက္ေဆာင္မ်ိဳးစုံျဖစ္တဲ့ ၾကယ္သီးတစ္လုံး၊

သစ္သီးေစ့ေတြ၊ သတၱဳအပိုင္းအစေတြ၊ ထုထားတဲ့ စက်င္ေက်ာက္ေတြ၊ ေျမအိုးအ႐ိုးအကာေတြနဲ႔ ဆိုဒါခြက္ေတြကို ကြၽန္မအခန္းထဲမွာ ခ်န္ထားခဲ့ၾကတယ္” လို႔ဆိုခဲ့ပါတယ္။ ဒါ့ျပင္ Steinke က သူမဟာ တစ္လလွ်င္ တစ္ႀကိမ္ခန႔္ လက္ေဆာင္မ်ားကို ပုံမွန္လက္ခံရရွိၿပီး ၊

၎တို႔ရဲ႕ စိတ္ႀကိဳက္လက္ေဆာင္မ်ားအားလုံးကို အိုးေလးတစ္လုံးထဲမွာ စုေဆာင္းထားေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။ ၎ခ်ိဳၿမိန္ေသာလက္ေဆာင္မ်ားအျပင္

၊ ၿပီးခဲ့တဲ့ေႏြဦးေပါက္ရာသီမွာ ႏို႔ေသာက္တဲ့အ႐ြယ္ က်ီးကန္းေပါက္ေလးတစ္ေကာင္လည္း သူမထံ ထပ္မံေရာက္ရွိလာခဲ့ပါတယ္။ ယခုအခါမွာေတာ့

သုံးေကာင္ရွိၿပီျဖစ္တဲ့ ၎က်ီးကန္းမိသားစုဟာ Steinke ရဲ႕အိမ္နီးခ်င္းမ်ားထက္ ပိုၿပီးျဖစ္လာခဲ့ကာ ၎တို႔ဟာ အေကာင္းဆုံးသူငယ္ခ်င္းေတြ ျဖစ္လာခဲ့ၾကပါတယ္။

Mia (KB Chimmy one)

Reference : mymodernmet