အညာေဒသမွာေတာင္သူလယ္သမားေတြပူေဇာ္ပသေလ့ရွိတဲ့ပုန္းမၾကည္နတ္ရဲ႕ ေၾကကြဲဖြယ္ သမိုင္းေၾကာင္း

Unicode

ပုန်းမကြည်နတ်ပူဇော် ရိုးရာပွဲ

အညာဒေသမှာ ကောက်ကြီးသိမ်းပြီးတဲ့အချိန် တပေါင်းလမှာ ပုန်းမကြည်နတ်တင်တဲ့ပွဲ ရှိပါတယ်

တပေါင်းလဆန်း ၁ ရက် ၂ ရက်မှာရိုးရာမုန့်တွေ ကြော်ပြီးတော့တပေါင်းလဆန်း (၃)ရက်နေ့မှာ ပုန်းမကြည် (ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ကိုင်း၊ကျွန်းလုပ်တဲ့လူတိုင်းပူဇော်တင်မြှောက်ပသကြတဲ့နေ့ပါပဲ

အိမ်တိုင်း အိမ်တိုင်း ဆန်မှုန့်နဲ့တောင်သူသုံးပစ္စည်း၊အိမ်သုံးပစ္စည်းတွေ ဖြစ်တဲ့ နွား၊ ထွန်၊ ထယ်၊ လှည်း၊ ကျောက်ပျဉ်၊လက်ကောက်

အစရှိတဲ့တာတွေကို‌ကြော်၊နောက်ပြီး မုန့်ဆီကြော်ကို ကြော်၊ငါးကြော်လ္ဘက်နဲ့ပုန်းမကြည်ရှင်မကို ပူဇော်ပသတဲ့ နေ့ဖြစ်ပါတယ်။

ပုန်းမကြည် ရှင်မက စပါး၊ပဲ၊နှမ်း၊ဝါ စတဲ့အပင်တွေကို များများရအောင်ကူညီစောင့်ရှောက်တဲ့နတ်လို့လည်း ယူဆကြပါတယ်

တစ်ရွာတစ်ပုဒ်ဆန်း၊တစ်ကျောင်းတစ်ဂါထဆိုသလိုပါပဲနယ်မြေဒေသကိုလိုက်ပြီးကွဲပြားမှုတွေလည်းရှိကောင်းရှိမှာပါ။

လဆန်း(၁)ရက်နေ့မှာလေတိုက်ရင်မိုးဦးကောင်းမယ် လဆန်း(၂)ရက်နေ့မှာလေတိုက်ရင် မိုးလယ်ကောင်းမယ် လဆန်း(၃)ရက်နေ့မှ

ာ လေတိုက်ရင်မိုးနှောင်းကောင်းမယ်ဆိုပြီး တောသူ၊ တောင်သားတွေက မိုးလေဝသကိုလည်း ခန့်မှန်းတတ်ကြပါတယ်။

ကောက်ရိတ်ချိန်နဲ့ပုန်းမကြည်ဆက်စပ်ပုံကိုလည်း နည်းနည်းလောက် ပြောပြပါရစေ….

လယ်တစ်ခင်းရိတ်လို့ အဲဒီလယ်ခင်းထဲက စပါးပင်မှာ အရုပ်(ပုန်းမကြည်ရုပ်)နဲ့တူတဲ့၊အဲဒီအရုပ်လေးပါတဲ့စပါးပင်ကို ရိတ်မိတဲ့သူကို လယ်ရိတ်ခအပြင်

စပါးတစ်ခွဲ(၈)ပြည် ပေးရပါတယ်တဲ့အဲဒီအရုပ်လေးကို စပါးကြည်ထဲမှာ ထည့်ထားရင် စီးပွားလာဘ်လာဘ ကောင်းတယ်၊ ဆန်ရေစပါးပေါများတယ်ဆိုတဲ့ အယူအဆကြောင့်ပါ။

ပုန်းမကြည်နတ်တင်တဲ့အခါမှာတော့တင်တဲ့သူတွေက“ဆန်မုန့်နဲ့ပြုလုပ်ထားတဲ့ဟာတွေကို တင်ပါတယ်၊ မြှောက်ပါတယ်မုန့်ဆီကြော်လည်း ပါပါတယ်၊

လ္ဘက်ဆီဆမ်းလည်း ပါပါတယ် ဝါးပါ၊ စားပါ၊ ပြီးရင်လည်း မိုးသုံးချက်၊လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်းအောင်မြင်ဖြစ်ထွန်းအောင်

မ,စပါပုန်းမကြည် အရှင်သခင်မ” ဆိုပြီး ဆုတွေတောင်းပါတော့တယ်။နတ်တင်ပြီး ချလာတဲ့မုန့်တွေကိုအ၀ အပြဲစားရလို့ပေါ့ မုန့်ဖြူကို ထန်းလျက်ရည်နဲ့

တို့စားပါတယ်မုန့်ဆီကြော်ကိုတော့ ဒီတိုင်းစားတာပေါ့။ပုန်းမကြည်နတ်ဘယ်ကစပေါ်လာတယ်ဆိုတာကို နည်းနည်းလောက်သိအောင်ပြောပြပါရစေ

ပုန်းမကြည်နတ်လို့ ပြောတာထက်ပုန်းမကြည်ဘီလူးမလို့ပြောလျှင်ပိုမှန်ပါလိမ့်မယ်။ထိုပုန်းမကြည် ဘီလူးမသည်လူသူမရှိသော

ဆိတ်ငြိမ်သောအရပ်တွင် ပုန်းအောင်းနေရမှ စိတ်ကြည်လင်သည့်အတွက် ပုန်းမကြည်မလို့ ခေါ်တွင်သည်။ပုန်းမကြည်မအကြောင်းပြောရမည်ဆိုလျှင်မြတ်စွာ

ဘုရားဟောကြားခဲ့သောကာဠိယက်ခိနီဘီလူးမရဲ့ဝတ်ထု၏အကြောင်းကို ပြောပြရပေမည်မြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းတော်မှာ

သက်တော်ထင်ရှားရှိစဉ်တုန်းကပုဏ္ဏားသူကြွယ် လုလင်တစ်ယောက်မှာမယားတစ်ယောက် ရှိပါသည်အဲဒီမယားကြီးမှာကံအကြောင်းမလှ၍

သားသမီးမရနိုင် ဖြစ်ခဲ့လေတော့ပုဏ္ဏားသူကြွယ်လုလင်လေးမှာနေ့စဉ်နှင့်အမျှ စိတ်မကောင်းဖြစ်နေရတာပေါ့အဲဒီလိုဖြစ်နေတာကိုမယားလုပ်တဲ့သူက

မျိုးဆက်မပြတ်ရေးအတွက်နောက်မိန်းမထပ်ယူဖို့ ယောက်ျားကို ပြောလိုက်တော့ ယောက်ျားကလည်းနောက်မိန်းမယူလိုက်တာပေါ့နာက်မိန်းမယူပြီး

မကြာခင်မှာပဲမယားငယ်လေးကကိုယ်ဝန်လွယ်ရပါတော့တယ်မယားကြီးက စိတ်ပြောင်း သွားပြီးတော့မယားငယ်၏ကိုယ်ဝန်ပျက်ဖို့အမျိုးမျိုးကြံတော့တာပါပဲ။

ကိုယ်ဝန်ရလာလိုက်မယားကြီးကဆေးတိုက်ပြီး ဖျက်ချလိုက်နဲ့ (၃)ဗိုက်မြောက်မှာတော့ အသက်ဆုံးရှုံးသွားပါတယ်

အသက်မဆုံးရှုံးခင်မှာမယားငယ်ကကျိန်စာတိုက်သစ္စာဆိုသွားပါတဖစ်လေရာ ဘဝမှာ မယားကြီးနဲ့မယားကြီးကမွေးတဲ့ ကလေးတွေကိုစားရပါလို၏လို့ကျိန်စာဆိုပြီးမှ သေသွားပါတယ်

မယားငယ် သေသွားတဲ့အကြောင်းကို ယောက်ျားသိတော့မယားကြီးကိုရိုက်နက်၍ ဆုံးမပါတယ်အဲဒီ ဒါဏ်ကြောင့်ပဲမယားကြီးမှာလည်း သေသွားရပြန်ပါတယ်

မယားငယ်ကအဲဒီသူကြွယ်အိမ်မှာကြောင်မသွားဖြစ်ပါတယ်မယားကြီးကတော့ကြက်မ သွားဖြစ်ပါတယ်သူတို့ ရဲ့ဆုတောင်းတွေကြောင့်ကြက်မမွေးတိုင်းကြောင်မကစားပါတယ်။

နောက်ပိုင်း ကြက်မကလည်းဆုတောင်းပြန်ပါတယ်နောင်ဘဝမှာ ကြောင်မမှ မွေးသော သားသမီးတိုင်းကိုစားရပါလို၏လို့ဆုတောင်းလိုက်ပါတယ်

အဲဒီဆုတောင်းကြောင့်နောက်ဘဝမှာ ကြောင်မက သမင်မ သွားဖြစ်ပါတယ် ကြက်မကကျားသစ်မ ဖြစ်ပါတယ်

သမင်မမွေးတဲ့ကလေးတွေကိုကျားသစ်မကအမြဲစားပါတယ်အဲလိုနဲ့သမင်မသတော့ နောက်ဘဝမှာကားသစ်မကို နိုင်တဲ့သူ ဖြစ်ပါစေဆိုပြီး

ဆုတောင်းပြန်ပါတယ်။ သေတော့ နောက်ဘဝမှာသမင်မကဘီလူးမ ဖြစ်သွားပါတယ်ကျားသစ်မကတော့သာဝတ္ထိပြည်မှာမိန်းမသွားဖြစ်ပါတယ်

အဲဒီမိန်းကလေးအရွယ်ရောက်တော့အိမ်ထောင်ကျပြီးအမျိုးသမိး မီးဖွားတဲ့အချိန်မှာ ဘီလူးမကလူယောင်ဆောင်ပြီးတော့ကလေးကိုစားပါတယ်

နှစ်ခါမြောက်မွေးတဲ့အခါမှာလည်းစားပါတယ်အဲဒီလိုပါပဲသုံးကြိမ်မြောက်အခါတော့အမျိုးသမီကဘီလူးမကိုမြင်တာနဲ့ မြတ်စွာဘုရားရှင်

သတင်းသုံးတော်မူတဲ့ဇေတဝန်ကျောင်းတော်ထဲသို့သားလေးကိုပိုက်ပြီးအတင်းဝင်ပြေးသွားပြီးတော့

မြတ်စွာဘုရားရဲ့ ခြေထောက်ပေါ်ကိုတင်ပြီး

“သားငယ်အားလှူဒါန်းပါ၏၊သားငယ်အားအသက်ရှင်ခြင်းကိုပေးသနားတော်မူပါဘုရား”ဟု လျှောက်တင်လေ၏

မြတ်စွာဘုရားရှင်ကဘီလူးမကို

“အဘယ်ကြောင့်ဤသို့ပြုရပါသနည်း”ဟုမေးပြီးတော့နဟိဝေရေန ဝေရာနိအစချီသောဂါထာကို ဟောကြားတော်မူပါသည်

အဓိပ္ပါယ်ကတော့ရန်ကိုရန်ချင်းမတုန့်နှင်းနဲ့ရန်မလိုမှရန်ပြိုတယ်ရန်လိုလျှင်ရန်ပိုတတ်တယ် ရန်ငြိမ်းမှ ရန်အေးချမ်းတယ်လို့ ဟောပြီးတဲ့နောက်မှာတော့

ဘီလူးမဟာအသိဉာဏ်ပွင့်၍သောတာပန်တည်သွားပါတယ်အဲဒီနောက်မှာမြတ်စွာဘုရားရှင်ကအမျိုးသမီးအားသားလေးကို

ဘီလူးမအား ပေးတော်မူဖို့ပြောလေသောအခါအမျိုးသမီးငယ်ကမပေးဝံ့ကြောင်း မြတ်စွာဘုရားအားလျှောက်တင်လေသည်။မြတ်စွာဘုရားက

“ချစ်သမီးမကြောက်လေလင့်ဘီလူးမသည်အခုချိန်ကစပြီးသင့်သားကိုစားတော့မည်မဟုတ်”ဟု မြတ်စွာဘုရားကပြောလိုက်မှ

အမျိုးသမီးသညကလေးကိုဘီလူးမလက်ထဲသို့ထည့်ပေးလိုက်ပါသည်။ဘီလူးမလည်းကလေးကို နမ်းလိုက်ငိုလိုက်

လုပ်နေတာကို မြတ်စွာဘုရားကသိသွားတော့ဘီလူးမသင်အဘယ့်ကြောင့်ငိုကြွေးနေရပါသလဲမှန်လှပါဘုရားတပည့်တော်မ

အရင်တုန်းကသူများရဲအသက်ကိုသာသတ်ပြီး စားဖူးပါသည်အခုဘာကို စားရပါမလဲ မသိလို့ ငိုကြွေးမိကြောင်းပါဘုရား။

အဲဒီတော့မှမြတ်စွာဘုရားရှင်က

“ဘီလူးမအသင်မစိုးရိမ်လင့်”ဟုပြောပြီးတော့ ထိုအမျိုးသမီးကိုထမင်းဦး၊ ယာဂုစတဲ့အစားအသောက်တွေကို လုပ်ကျွေးလော့ဟု မိန့်တော်မူပါသည်

ဘီလူးမကိုတိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ထားပြီးတော့အမြဲတမ်း ယာဂု၊ထမင်းဦး စသည်တို့ကိုသွားသွားပို့လေသည်

အဲလိုပို့ပါများလာတော့

တစ်ဦးကစေတနာ၊တစ်ဦးမေတ္တာဆိုသလိုပါပဲဘီလူးမကမိန်းမပျိုအားဒီနှစ်မိုးကောင်းမယ်ကုန်းအရပ်ပါ စပါးစိုက်ပျိုး၊ဒီနှစ်မိုးခေါင်မယ်ချိုင့်ဝှမ်းတွေမှ

ာ စိုက်ပျိုးဖို့”ပြောပြောပေးတော့မိန်းမပျိုတို့မိသားစုကတစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာပါတယ်။

သာဝတ္ထိမြိုသူ၊မြိုသားတို့သည်လည်းအဲဒီအချိန်က စပြီးအစားအသောက်တို့ကိုဘီလူးမဆီကို သွားသွားပို့လေသည်

ဘီလူးမသည်လည်းအားလုံးကို ကြည့်ရှု့မစစောင့်ရှောက်ခဲ့သောကြောင့်တစ်မြို့လုံးစည်ပင်သာယာ ဝပြောလေတော့သည်

အဲဒီအယူအဆကနေပြီးတော့ပုန်းမကြည်နတ်ကိုတင်မြှောက်ပူဇော်ပသတဲ့ ဓလေ့ဖြစ်လာတာပါ တဲ့၊

“ပုန်းမကြည်”လို့နောက်တစ်နည်းခေါ်တာကတော့ ဘီလူးမကအင်မတန်ရုပ်ဆိုး အကျည်းတန်ပြီးမျက်နှာက ကြောက်မက်ဖွယ် ဖြစ်နေတော့လူတွေကသူ့ဆီကို

စားဦးစားဖျားလာတင်တဲ့အခါ ရှက်လွန်းလိုပုန်းပုန်းနေသတဲ့အဲ့ဒီလိုခဏခဏပုန်းနေတော့ လူအများကသူ့ကို “ပုန်းမကြီး”လို့ခေါ်သတဲ့

ကာလ ရွေ့လျောလာရာကနေ “ပုန်းမကြီး”မှ”ပုန်းမကြည်”ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။

(မှတ်)ဘုရားတရားသံဃာရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်စရာမရှိပါရိုးရာဓလေ့ အကြောင်းများသိရှိစေရန်အတွက်သာထပ်မံ၍ ဖော်ပြပေးရခြင်း ဖြစ်ပါသည်((သည်တပေါင်း ))

ရွက်ရွှေကလေးလည်ချာချာဝင်းထိန်လို့ဝါ။ပီကလာသံသာနှောငှက်ရွှေဥသြ။ဥဩကလေး ညိုတိုတိုတေးဖွဲ့လို့ ငို။ကြည်ချိုချိုသူ့သံကြားရင်လွမ်းဆွတ်သနား။တပေါင်းနဲ့ ရွက်ရွှေဝါ

ဥဩကလေးကသာ။ကိုယ်တို့မှာသာနိုင်ဘဲဟေစာမေးပွဲ။ဖောင်တိန်ကလေး အသင့်ပြင်ဖိုလှိုက် ရွှေရင်။တုန်ကယင်ပျာရာခတ်စာမေ့မတတ်။အမေတို့ရွာဆီလွမ်းမိပြန်ပြီ။

ပုန်းမကြည်နတ်တင်ပွဲမို့မုန့်အဝခဲ။ကလေးမညိုပြာပြာမွှေးတဲ့သဒ္ဓါ။အခါတော် မုန့်ချိုကျွေးတယ်ဝမ်း အဝ လွေး။ရွက်ကြွေကလေးနဲ့တူတူရွာသို့တူရူ။ပြန်ချင်သူ နွဲ့နှလုံး

ကြိမ်မီးနှင့်အုံး။ငှက်ကလေး တေးသံချိုချိုမန်းတက္ကသိုလ်။ပြန်မယ်ဆို မဖြစ်သေးလို့မေးခွန်းလွှာ ရှုပ်အထွေးကိုဖြေဦးမယ်လေး။ ။

တင်မိုး၁၉၅၈၊မတ်၊အမှတ်၉၅မျှဝေပေးလိုက်ပါသည်။လမ်းမှန်ညွှန်ပြ မြတ်ဗုဒ္ဓ

Crd

Zawgyi

ပုန္းမၾကည္နတ္ပူေဇာ္ ႐ိုးရာပြဲ

အညာေဒသမွာ ေကာက္ႀကီးသိမ္းၿပီးတဲ့အခ်ိန္ တေပါင္းလမွာ ပုန္းမၾကည္နတ္တင္တဲ့ပြဲ ရွိပါတယ္

တေပါင္းလဆန္း ၁ ရက္ ၂ ရက္မွာ႐ိုးရာမုန္႔ေတြ ေၾကာ္ၿပီးေတာ့တေပါင္းလဆန္း (၃)ရက္ေန႔မွာ ပုန္းမၾကည္ (ပုဗၺၾကယ္) နတ္ကို ေတာင္သူလယ္သမား၊ကိုင္း၊ကြၽန္းလုပ္တဲ့လူတိုင္းပူေဇာ္တင္ေျမႇာက္ပသၾကတဲ့ေန႔ပါပဲ

အိမ္တိုင္း အိမ္တိုင္း ဆန္မႈန္႔နဲ႔ေတာင္သူသုံးပစၥည္း၊အိမ္သုံးပစၥည္းေတြ ျဖစ္တဲ့ ႏြား၊ ထြန္၊ ထယ္၊ လွည္း၊ ေက်ာက္ပ်ဥ္၊လက္ေကာက္

အစရွိတဲ့တာေတြကို‌ေၾကာ္၊ေနာက္ၿပီး မုန္႔ဆီေၾကာ္ကို ေၾကာ္၊ ငါးေၾကာ္ လၻက္နဲ႔ ပုန္းမၾကည္ရွင္မကို ပူေဇာ္ပသတဲ့ ေန႔ျဖစ္ပါတယ္။

ပုန္းမၾကည္ ရွင္မက စပါး၊ပဲ၊ႏွမ္း၊ဝါ စတဲ့အပင္ေတြကို မ်ားမ်ားရေအာင္ ကူညီေစာင့္ေရွာက္တဲ့ နတ္လို႔လည္း ယူဆၾကပါတယ္

တစ္႐ြာတစ္ပုဒ္ဆန္း၊တစ္ေက်ာင္းတစ္ဂါထာ”ဆိုသလိုပါပဲ နယ္ေျမေဒသကိုလိုက္ၿပီးကြဲျပားမႈေတြလည္းရွိေကာင္းရွိမွာပါ။

လဆန္း(၁)ရက္ေန႔မွာေလတိုက္ရင္ မိုးဦးေကာင္းမယ္ လဆန္း(၂)ရက္ေန႔မွာေလတိုက္ရင္ မိုးလယ္ေကာင္းမယ္ လဆန္း(၃)ရက္ေန႔မွ

ာ ေလတိုက္ရင္ မိုးေႏွာင္းေကာင္းမယ္ ဆိုၿပီး ေတာသူ၊ ေတာင္သားေတြက မိုးေလ၀သကိုလည္း ခန္႔မွန္းတတ္ၾကပါတယ္။

ေကာက္ရိတ္ခ်ိန္နဲ႔ ပုန္းမၾကည္ ဆက္စပ္ပုံကိုလည္း နည္းနည္းေလာက္ ေျပာျပပါရေစ….

လယ္တစ္ခင္းရိတ္လို႔ အဲဒီလယ္ခင္းထဲက စပါးပင္မွာ အ႐ုပ္(ပုန္းမၾကည္႐ုပ္)နဲ႔တူတဲ့၊အဲဒီအ႐ုပ္ေလးပါတဲ့စပါးပင္ကို ရိတ္မိတဲ့သူကို လယ္ရိတ္ခအျပင္

စပါးတစ္ခြဲ(၈)ျပည္ ေပးရပါတယ္တဲ့အဲဒီအ႐ုပ္ေလးကို စပါးၾကည္ထဲမွာ ထည့္ထားရင္ စီးပြားလာဘ္လာဘ ေကာင္းတယ္၊ ဆန္ေရစပါးေပါမ်ားတယ္ဆိုတဲ့ အယူအဆေၾကာင့္ပါ။

ပုန္းမၾကည္နတ္တင္တဲ့အခါမွာေတာ့တင္တဲ့သူေတြက“ဆန္မုန္႔နဲ႔ျပဳလုပ္ထားတဲ့ဟာေတြကို တင္ပါတယ္၊ ေျမႇာက္ပါတယ္မုန္႔ဆီေၾကာ္လည္း ပါပါတယ္၊

လၻက္ဆီဆမ္းလည္း ပါပါတယ္ ဝါးပါ၊ စားပါ၊ ၿပီးရင္လည္း မိုးသုံးခ်က္၊ေလသုံးခ်က္နဲ႔ညီၿပီး စိုက္တဲ့သီးႏွံတိုင္းေအာင္ျမင္ျဖစ္ထြန္းေအာင္

မ,စပါပုန္းမၾကည္ အရွင္သခင္မ” ဆိုၿပီး ဆုေတြေတာင္းပါေတာ့တယ္။နတ္တင္ၿပီး ခ်လာတဲ့မုန္႔ေတြကိုအ၀ အၿပဲစားရလို႔ေပါ့ မုန္႔ျဖဴကို ထန္းလ်က္ရည္နဲ႔

တို႔စားပါတယ္မုန္႔ဆီေၾကာ္ကိုေတာ့ ဒီတိုင္းစားတာေပါ့။ပုန္းမၾကည္နတ္ဘယ္ကစေပၚလာတယ္ဆိုတာကို နည္းနည္းေလာက္သိေအာင္ေျပာျပပါရေစ

ပုန္းမၾကည္နတ္လို႔ ေျပာတာထက္ပုန္းမၾကည္ဘီလူးမလို႔ေျပာလွ်င္ပိုမွန္ပါလိမ့္မယ္။ထိုပုန္းမၾကည္ ဘီလူးမသည္လူသူမရွိေသာ

ဆိတ္ၿငိမ္ေသာအရပ္တြင္ ပုန္းေအာင္းေနရမွ စိတ္ၾကည္လင္သည့္အတြက္ ပုန္းမၾကည္မလို႔ ေခၚတြင္သည္။ပုန္းမၾကည္မအေၾကာင္းေျပာရမည္ဆိုလွ်င္ျမတ္စြာ

ဘုရားေဟာၾကားခဲ့ေသာကာဠိယက္ခိနီဘီလူးမရဲ႕ဝတ္ထု၏အေၾကာင္းကို ေျပာျပရေပမည္ျမတ္စြာဘုရားရွင္ေဇတဝန္ေက်ာင္းေတာ္မွာ

သက္ေတာ္ထင္ရွားရွိစဥ္တုန္းကပုဏၰားသူႂကြယ္ လုလင္တစ္ေယာက္မွာမယားတစ္ေယာက္ ရွိပါသည္အဲဒီမယားႀကီးမွာကံအေၾကာင္းမလွ၍

သားသမီးမရႏိုင္ ျဖစ္ခဲ့ေလေတာ့ပုဏၰားသူႂကြယ္လုလင္ေလးမွာေန႔စဥ္ႏွင့္အမွ် စိတ္မေကာင္းျဖစ္ေနရတာေပါ့အဲဒီလိုျဖစ္ေနတာကိုမယားလုပ္တဲ့သူက

မ်ိဳးဆက္မျပတ္ေရးအတြက္ေနာက္မိန္းမထပ္ယူဖို႔ ေယာက္်ားကို ေျပာလိုက္ေတာ့ ေယာက္်ားကလည္းေနာက္မိန္းမယူလိုက္တာေပါ့နာက္မိန္းမယူၿပီး

မၾကာခင္မွာပဲမယားငယ္ေလးကကိုယ္ဝန္လြယ္ရပါေတာ့တယ္မယားႀကီးက စိတ္ေျပာင္း သြားၿပီးေတာ့မယားငယ္၏ကိုယ္၀န္ပ်က္ဖို႔အမ်ိဳးမ်ိဳးႀကံေတာ့တာပါပဲ။

ကိုယ္ဝန္ရလာလိုက္မယားႀကီးကေဆးတိုက္ၿပီး ဖ်က္ခ်လိုက္နဲ႔ (၃)ဗိုက္ေျမာက္မွာေတာ့ အသက္ဆုံးရႈံးသြားပါတယ္

အသက္မဆုံးရႈံးခင္မွာမယားငယ္ကက်ိန္စာတိုက္သစၥာဆိုသြားပါတဖစ္ေလရာ ဘ၀မွာ မယားႀကီးနဲ႔မယားႀကီးကေမြးတဲ့ ကေလးေတြကိုစားရပါလို၏လို႔က်ိန္စာဆိုၿပီးမွ ေသသြားပါတယ္

မယားငယ္ ေသသြားတဲ့အေၾကာင္းကို ေယာက္်ားသိေတာ့မယားႀကီးကို႐ိုက္နက္၍ ဆုံးမပါတယ္အဲဒီ ဒါဏ္ေၾကာင့္ပဲမယားႀကီးမွာလည္း ေသသြားရျပန္ပါတယ္

မယားငယ္ကအဲဒီသူႂကြယ္အိမ္မွာေၾကာင္မသြားျဖစ္ပါတယ္မယားႀကီးကေတာ့ၾကက္မ သြားျဖစ္ပါတယ္သူတို႔ ရဲ႕ဆုေတာင္းေတြေၾကာင့္ၾကက္မေမြးတိုင္းေၾကာင္မကစားပါတယ္။

ေနာက္ပိုင္း ၾကက္မကလည္းဆုေတာင္းျပန္ပါတယ္ေနာင္ဘ၀မွာ ေၾကာင္မမွ ေမြးေသာ သားသမီးတိုင္းကိုစားရပါလို၏လို႔ဆုေတာင္းလိုက္ပါတယ္

အဲဒီဆုေတာင္းေၾကာင့္ေနာက္ဘ၀မွာ ေၾကာင္မက သမင္မ သြားျဖစ္ပါတယ္ ၾကက္မကက်ားသစ္မ ျဖစ္ပါတယ္

သမင္မေမြးတဲ့ကေလးေတြကိုက်ားသစ္မကအၿမဲစားပါတယ္အဲလိုနဲ႔သမင္မသေတာ့ ေနာက္ဘ၀မွာကားသစ္မကို ႏိုင္တဲ့သူ ျဖစ္ပါေစဆိုၿပီး

ဆုေတာင္းျပန္ပါတယ္။ ေသေတာ့ ေနာက္ဘ၀မွာသမင္မကဘီလူးမ ျဖစ္သြားပါတယ္က်ားသစ္မကေတာ့သာ၀တၳိျပည္မွာမိန္းမသြားျဖစ္ပါတယ္

အဲဒီမိန္းကေလးအ႐ြယ္ေရာက္ေတာ့အိမ္ေထာင္က်ၿပီးအမ်ိဳးသမိး မီးဖြားတဲ့အခ်ိန္မွာ ဘီလူးမကလူေယာင္ေဆာင္ၿပီးေတာ့ကေလးကိုစားပါတယ္

ႏွစ္ခါေျမာက္ေမြးတဲ့အခါမွာလည္းစားပါတယ္အဲဒီလိုပါပဲသုံးႀကိမ္ေျမာက္အခါေတာ့အမ်ိဳးသမီကဘီလူးမကိုျမင္တာနဲ႔ ျမတ္စြာဘုရားရွင္

သတင္းသုံးေတာ္မူတဲ့ေဇတ၀န္ေက်ာင္းေတာ္ထဲသို႔သားေလးကိုပိုက္ၿပီးအတင္း၀င္ေျပးသြားၿပီးေတာ့

ျမတ္စြာဘုရားရဲ႕ ေျခေထာက္ေပၚကိုတင္ၿပီး

“သားငယ္အားလႉဒါန္းပါ၏၊သားငယ္အားအသက္ရွင္ျခင္းကိုေပးသနားေတာ္မူပါဘုရား”ဟု ေလွ်ာက္တင္ေလ၏

ျမတ္စြာဘုရားရွင္ကဘီလူးမကို

“အဘယ္ေၾကာင့္ဤသို႔ျပဳရပါသနည္း”ဟုေမးၿပီးေတာ့နဟိေဝေရန ေဝရာနိအစခ်ီေသာဂါထာကို ေဟာၾကားေတာ္မူပါသည္

အဓိပၸါယ္ကေတာ့ရန္ကိုရန္ခ်င္းမတုန္႔ႏွင္းနဲ႔ရန္မလိုမွရန္ၿပိဳတယ္ရန္လိုလွ်င္ရန္ပိုတတ္တယ္ ရန္ၿငိမ္းမွ ရန္ေအးခ်မ္းတယ္လို႔ ေဟာၿပီးတဲ့ေနာက္မွာေတာ့

ဘီလူးမဟာအသိဥာဏ္ပြင့္၍ေသာတာပန္တည္သြားပါတယ္အဲဒီေနာက္မွာျမတ္စြာဘုရားရွင္ကအမ်ိဳးသမီးအားသားေလးကို

ဘီလူးမအား ေပးေတာ္မူဖို႔ေျပာေလေသာအခါအမ်ိဳးသမီးငယ္ကမေပးဝံ့ေၾကာင္း ျမတ္စြာဘုရားအားေလွ်ာက္တင္ေလသည္။ျမတ္စြာဘုရားက

“ခ်စ္သမီးမေၾကာက္ေလလင့္ဘီလူးမသည္အခုခ်ိန္ကစၿပီးသင့္သားကိုစားေတာ့မည္မဟုတ္”ဟု ျမတ္စြာဘုရားကေျပာလိုက္မွ

အမ်ိဳးသမီးသညကေလးကိုဘီလူးမလက္ထဲသို႔ထည့္ေပးလိုက္ပါသည္။ဘီလူးမလည္းကေလးကို နမ္းလိုက္ငိုလိုက္

လုပ္ေနတာကို ျမတ္စြာဘုရားကသိသြားေတာ့ဘီလူးမသင္အဘယ့္ေၾကာင့္ငိုေႂကြးေနရပါသလဲမွန္လွပါဘုရားတပည့္ေတာ္မ

အရင္တုန္းကသူမ်ားရဲအသက္ကိုသာသတ္ၿပီး စားဖူးပါသည္အခုဘာကို စားရပါမလဲ မသိလို႔ ငိုေႂကြးမိေၾကာင္းပါဘုရား။

အဲဒီေတာ့မွျမတ္စြာဘုရားရွင္က

“ဘီလူးမအသင္မစိုးရိမ္လင့္”ဟုေျပာၿပီးေတာ့ ထိုအမ်ိဳးသမီးကိုထမင္းဦး၊ ယာဂုစတဲ့အစားအေသာက္ေတြကို လုပ္ေကြၽးေလာ့ဟု မိန္႔ေတာ္မူပါသည္

ဘီလူးမကိုတိတ္ဆိတ္ၿငိမ္သက္တဲ့ေနရာတစ္ခုမွာ ထားၿပီးေတာ့အၿမဲတမ္း ယာဂု၊ထမင္းဦး စသည္တို႔ကိုသြားသြားပို႔ေလသည္

အဲလိုပို႔ပါမ်ားလာေတာ့

တစ္ဦးကေစတနာ၊တစ္ဦးေမတၱာဆိုသလိုပါပဲဘီလူးမကမိန္းမပ်ိဳအားဒီႏွစ္မိုးေကာင္းမယ္ကုန္းအရပ္ပါ စပါးစိုက္ပ်ိဳး၊ဒီႏွစ္မိုးေခါင္မယ္ခ်ိဳင့္ဝွမ္းေတြမွ

ာ စိုက္ပ်ိဳးဖို႔”ေျပာေျပာေပးေတာ့မိန္းမပ်ိဳတို႔မိသားစုကတစ္ေန႔တစ္ျခား ႀကီးပြားတိုးတက္လာပါတယ္။

သာ၀တၳိၿမိဳသူ၊ၿမိဳသားတို႔သည္လည္းအဲဒီအခ်ိန္က စၿပီးအစားအေသာက္တို႔ကိုဘီလူးမဆီကို သြားသြားပို႔ေလသည္

ဘီလူးမသည္လည္းအားလုံးကို ၾကည့္ရႈ႕မစေစာင့္ေရွာက္ခဲ့ေသာေၾကာင့္တစ္ၿမိဳ႕လုံးစည္ပင္သာယာ ဝေျပာေလေတာ့သည္

အဲဒီအယူအဆကေနၿပီးေတာ့ပုန္းမၾကည္နတ္ကိုတင္ေျမႇာက္ပူေဇာ္ပသတဲ့ ဓေလ့ျဖစ္လာတာပါ တဲ့၊

“ပုန္းမၾကည္”လို႔ေနာက္တစ္နည္းေခၚတာကေတာ့ ဘီလူးမကအင္မတန္႐ုပ္ဆိုး အက်ည္းတန္ၿပီးမ်က္ႏွာက ေၾကာက္မက္ဖြယ္ ျဖစ္ေနေတာ့လူေတြကသူ႔ဆီကို

စားဦးစားဖ်ားလာတင္တဲ့အခါ ရွက္လြန္းလိုပုန္းပုန္းေနသတဲ့အဲ့ဒီလိုခဏခဏပုန္းေနေတာ့ လူအမ်ားကသူ႔ကို “ပုန္းမႀကီး”လို႔ေခၚသတဲ့

ကာလ ေ႐ြ႕ေလ်ာလာရာကေန “ပုန္းမႀကီး”မွ”ပုန္းမၾကည္”ျဖစ္လာေၾကာင္းလည္း ဆိုၾကပါတယ္။

(မွတ္)ဘုရားတရားသံဃာရတနာျမတ္သုံးပါးမွတစ္ပါး အျခားကိုးကြယ္စရာမရွိပါ႐ိုးရာဓေလ့ အေၾကာင္းမ်ားသိရွိေစရန္အတြက္သာထပ္မံ၍ ေဖာ္ျပေပးရျခင္း ျဖစ္ပါသည္((သည္တေပါင္း ))

႐ြက္ေ႐ႊကေလးလည္ခ်ာခ်ာဝင္းထိန္လို႔ဝါ။ပီကလာသံသာေႏွာငွက္ေ႐ႊဥၾသ။ဥဩကေလး ညိဳတိုတိုေတးဖြဲ႕လို႔ ငို။ၾကည္ခ်ိဳခ်ိဳသူ႔သံၾကားရင္လြမ္းဆြတ္သနား။တေပါင္းနဲ႔ ႐ြက္ေ႐ႊဝါ

ဥဩကေလးကသာ။ကိုယ္တို႔မွာသာႏိုင္ဘဲေဟစာေမးပြဲ။ေဖာင္တိန္ကေလး အသင့္ျပင္ဖိုလႈိက္ ေ႐ႊရင္။တုန္ကယင္ပ်ာရာခတ္စာေမ့မတတ္။အေမတို႔႐ြာဆီလြမ္းမိျပန္ၿပီ။

ပုန္းမၾကည္နတ္တင္ပြဲမို႔မုန္႔အဝခဲ။ကေလးမညိဳျပာျပာေမႊးတဲ့သဒၶါ။အခါေတာ္ မုန္႔ခ်ိဳေကြၽးတယ္ဝမ္း အဝ ေလြး။႐ြက္ေႂကြကေလးနဲ႔တူတူ႐ြာသို႔တူ႐ူ။ျပန္ခ်င္သူ ႏြဲ႕ႏွလုံး

ႀကိမ္မီးႏွင့္အုံး။ငွက္ကေလး ေတးသံခ်ိဳခ်ိဳမန္းတကၠသိုလ္။ျပန္မယ္ဆို မျဖစ္ေသးလို႔ေမးခြန္းလႊာ ရႈပ္အေထြးကိုေျဖဦးမယ္ေလး။ ။

တင္မိုး၁၉၅၈၊မတ္၊အမွတ္၉၅မွ်ေဝေပးလိုက္ပါသည္။လမ္းမွန္ၫႊန္ျပ ျမတ္ဗုဒၶ

Crd