နံ့စော်နေတဲ့ သခင်ဖြစ်သူရဲ့ခြေထောက်ကို စပ်စုပြီး ရှုကြည့်ရင်း ထိတ်လန့်သွားခဲ့တဲ့ ကြောင်လေးရဲ့ရယ်စရာတုံ့ပြန်မှု (ရုပ်သံ)

Unicode

တစ်ခါတစ်ရံမှာအထူးသဖြင့်တစ်နေကုန်ရှူးဖိနပ်စီးပြီးနောက်နံစော်နေတဲ့သင့်ခြေထောက်တွေကိုပြန်ရှုကြည့်ဖူးလားဗျာ ။ဂျပန် YouTuberတစ်ဦးဟာ

မကြာသေးမီက၎င်းရဲ့အနံ့အသက်ဆိုးရွားနေတဲ့ခြေဖဝါးများကိုရှုကြည့်လိုက်ပြီးနောက်ရယ်မောဖွယ် တုံ့ပြန်ခဲ့တဲ့ ၎င်းကြောင်လေးရဲ့ဗီဒီယိုဖိုင်တစ်ခုကို

လွှင့်တင်ပေးခဲ့ပါတယ်။ဗီဒီယိုအစကိုတော့ ကြောင်လေးကထိုအမျိုးသားရဲ့ခြေထောက်ကို ဆော့ကစားနေခြင်းဖြင့်စတင်ထားပါတယ်။

တွန့်လိမ်နေတဲ့ခြေချောင်းတွေရဲထိတွေ့မှုကိုခံရပြီးနောက်မှာ ကြောင်လေးကအဲဒီ့မှာဘာတွေဖြစ်နေလဲဆိုတာကိုစစ်ဆေးရှူကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထို့နောက် တစ်ခုခုတော့ မှားနေပြီဆိုတာကိုကနဦးသဘောပေါက်လာတဲ့ကြောင်လေးက စပ်စုပြီး ၎င်းခြေချောင်းတွေကို

လျှာနဲ့ ယက်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ခေါင်းကိုနောက်ပြန်မော့ပြီး ခြေချောင်းတွေနဲ့ ဝေးရာကိုခေါင်းရှောင်သွားခဲ့ပါတယ်။

အဆိုပါအမျိုးသားရဲ့ခြေချောင်းတွေကဘယ်လောက်တောင်အနံ့ဆိုးထွက်နေလဲဆိုတာ ကြောင်လေးရဲ့မျက်နှာအမူအရာကသက်သေပါဘဲ။

အံ့သြစရာကောင်းတာက၊၎င်းကြောင်လေးရဲ့တုံ့ပြန်မှုကို ကင်မရာမှာဖမ်းယူထားခဲ့မိပြီး ၎င်းကသင့်ကိုရယ်မောစေနိုင်ပါတယ်။

ဒီတော့သင်ကိုယ်တိုင ကြောင်လေးရဲ့သရုပ်ဆောင်မှုနှင့်ဒရာမာဇာတ်လမ်းကို အောက်ဖော်ပြပါပုံတွေမှာ ကြည့်ရှုနိုင်ပြီး ကြောင်လေးရဲ့တုံ့ပြန်မှုကအဖိုးမဖြတ်နိုင်အောင်ဖြစ်နေတာကို တွေ့မြင်နိုင်ပါတယ်။

Crd

Vedio

Zawgyi










Crd