
Unicode

စားသောက်ဆိုင်မှာ Cashierအနေနဲ့အလုပ်လုပ်ကိုင်နေတဲ့ ခွေးလိမ္မာလေး

ဒီတစ်ခေါက်ဖော်ပြမဲ့ဗီယက်နမ်နိုင်ငံကခွေးလေးကတော့ စားသောက်ဆိုင်မှာ Cashier တစ်ယောက်အနေနဲ့စိတ်ရှည်သည်းခံစွာအလုပ်လုပ်ကိုင်နေကြလျက်ရှိပါတယ် ။

ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကြောင့်ဆိုင်ထိုင်ပြီးစားသောက်လို့မရလို့Customer တွေက ပါဆယ်လာရောက်ဝယ်ယူနေကြတာပါ ။

ဆိုင်ပိုင်ရှင်ကအချက်ပြလိုက်ရင် ခွေးလေးကCustomerဆီသွားပြီးပိုက်ဆံသွားယူကာဆိုင်ရှင်ဆီယူလာ ပေးခဲ့ပါတယ် ။

Customer တွေဆီကပိုက်ဆံရဖို့စိတ်ရှည်သည်းခံစွာအမြှီးလေးနပ်ပြီး စောင့်နေတဲ့သူ့ရဲပုံစံလေးက အတော်လေးချစ်ဖို့ကောင်းနေတာကိုvideoထဲမှာ မြင်တွေ့ရမှာပါ ။

တစ်ကယ့်ကိုသခင်နဲ့အတူဆိုင်မှာ ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေတဲ့ ခွေးလိမ္မာလေးပါပဲ။

Vedio

Crd

Zawgyi







Crd