ပြင်းထန်စွာတိုက်ခတ်တဲ့လေပြင်းကြောင့် လေထဲပျံဝဲနေတဲ့ဂွန်ဒိုလာပေါ်ကနေအသက်ကိုဖက်နဲ့ထုပ်ထားရတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အထပ်မြင့်ဆောက်လုပ်ရေးလုပ်သားများ
Unicode
မကြာသေးမီကအင်ဒိုနီးရှားနိုင်ငံရဲ့လေပြင်းတိုက်ခတ်မှုဟာ ပြင်းထန်သောရာသီဥတုနှင့်သစ်ပင်များကိုနှုတ်ပယ်ခြင်းနှင့်
အခြားပျက်စီးခြင်းပုံစံများကို ဖြစ်ပေါ်စေသောကြောင့်စိုးရိမ်စရာများဖြစ်လာပါတယ်။ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ ရက်) တွင် ရုတ်တရက်
မိုးသည်းထန်စွာရွာသွန်းပြီးနောက်အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ TS Law Towerရှိ ပြတင်းပေါက်အပြင်မှ ဂွန်ဒိုလာပေါ်တွင်လိုက်ပါလာသည့် ဆောက်လုပ်ရေး
လုပ်သားအများအပြားဟာ လေပြင်းတိုက်ခတ်မှုကြောင့် လေထဲဝှေ့ရမ်းနေတဲ့ဂွန်ဒိုလာပေါ်ကနေအသက်ကိုဖက်နဲ့ထုပ်ထားခဲ့ရတဲ့အဖြစ်မျိုးနဲ့
ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။မုန်တိုင်းထန်တဲ့ရာသီဥတုမှာဖြစ်ပျက်ခဲ့တဲ့အဆိုပါအဖြစ်အပျက်ကိုတွေ့ရှိခဲ့တဲ့အသုံးပြုသူတွေက မြေပြင်အထက်
ပေရာနဲ့ချီမြင့်တဲ့ လေထဲမှာ ပြင်းထန်စွာလှုပ်ရမ်းနေတဲ့၎င်းဂွန်ဒိုလာရဲ့ဗီဒီယိုဖိုင်ကိုပြန်လည်မျှဝေကြပြီးနောက်လူမှုကွန်ရက်မှာလျင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။
အဆောက်အဦး၏တစ်ဖက်မအခြားသို့ ရွေ့လျားသွားသော ပြတင်းပေါက်များနှင့်အလင်းကာအချို့လည်း ပျက်စီးသွားကြောင်းအဆိုပါအဖြစ်အပျက်၌မြင်တွေ့ခဲ့ရပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲအလုပ်သမားအားလုံးဂွန်ဒိုလာပေါ်ကနေ ဘေးလွတ်ရာကိုတက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ကွာလာလမ်ပူမီးသတ်နှင့်
ကယ်ဆယ်ရေးဌာန၏အဆိုအရ၎င်းတို့ဟာMERS999 အရေးပေါ်ဖုန်းမတဆင့်ယမန်နေ့ 3:56 pm ခန့်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏
တည်ဆောက်သူကိုယ်စားလှယ်ထံမှအရန်စက်ကို နေရာသို့ပို့ဆောင်ခြင်းမပြုမီ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာသို့
မီးသတ်သမားလေးဦးပါ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ကြောင်းအဆိုပါဌာန၏ စစ်ဆင်ရေးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါသေးတယ်။သို့ပေမဲ့လည်း
စစ်ဆင်ရေးမှူး Junain Bahau၏ပြောကြားချက်အရမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာသည်နှင့်တပြိုင်နက်အဆိုပါဂွန်ဒိုလာပေါ်၌
သောင်တင်နေခဲ့တဲ့ဒဏ်ရာရသူများက၎င်းတို့အသက်ကိုကိုယ်တိုင်နိုင်ခဲ့ပြီး၎င်းဂွန်ဒိုလာပေါ်ကနေအောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။
Mia (KB Chimmy one)
Reference : worldofbuzz
Zawgyi
အဆောက်အဦး၏တစ်ဖက်မှအခြားသို့ ရွေ့လျားသွားသော ပြတင်းပေါက်များနှင့်အလင်းကာအချို့လည်း ပျက်စီးသွားကြောင်းအဆိုပါအဖြစ်အပျက်၌ မြင်တွေ့ခဲ့ရပါတယ်။
ကယ်ဆယ်ရေးဌာန၏အဆိုအရ၎င်းတို့ဟာMERS999 အရေးပေါ်ဖုန်းမှတဆင့်ယမန်နေ့ 3:56 pm ခန့်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏
Mia (KB Chimmy one)