မဂၤလာဝတ္စုံဝတ္ထားတဲ့ သတို႔သမီးတစ္ဦးကဲ့သို႔ အသြင္အျပင္ေပၚေနၿပီး စိတ္ဝင္စားစရာေနာက္ကြယ္ရာဇာဝင္နဲ႔အတူလည္ပတ္သူေတြလည္း မ်ားျပားေနတဲ့ ေရတံခြန္

Unicode

ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့လှပသော ရှုခင်းများဖြင့် ကြီးကျယ်ခမ်းနားသော ရေတံခွန်များ ရှိနေပြီး၎င်းတို့ဟာ မည်သူမဆိုရဲ့ နှလုံးသားကိုတုန်လှုပ်စေနိုင်ပါတယ်။

၎င်းတို့အထဲမှာမှလှပသောသဘာဝ၊ ဖော်ရွေသောလူမျိုးများနှင့်အတူကျော်ကြားသောတိုင်းပြည်ဖြစ်တဲ့ပီရူးသမ္မတနိုင်ငံ (ပစိဖိတ်သမုဒ္ဒရာကို

မျက်နှာမူသော တောင်အမေရိကတိုက် အနောက်တောင်ပိုင်းရှိ နိုင်ငံ) ရှိ သတို့သမီးရေတံခွန်”ဟုလည်းလူသိများတဲ့ Casada la Novia ဟူသော

ထူးခြားတဲ့အမည်ဖြင့် ရေတံခွန်ကိုလည်း မမေ့ထားသင့်ပါဘူး။ နာမည်ကိုကြားတော့ဒီရေတံခွန်ကိုဘာလို့သတို့သမီးရေတံခွန်” လို့ခေါ်တာလဲဆိုတာကို

သိချင်လာမိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ ဖြူစင်သော သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသည့် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ဦးကဲ့သို့ အသွင်အပြင်ပုံပေါ်နေလို့ပါဘဲ။

ဒီရေတံခွန်ရဲ့ ထူးခြားချက်ကတော့ မိုးသည်းထန်စွာရွာတိုင်း မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သတို့သမီးရဲ့ ပုံရိပ်ပေါ်လာတာပါပဲ။ ဧည့်သည်များက ရေစီးသန်တဲ့အချိန်၌

လာရောက်လည်ပတ်ရမှာဖြစ်ပြီး မှန်ကန်သောကြည့်ရှုထောင့်ကိုလည်း ကိုယ့်ကိုကိုယ် ချိန်ညှိပြီးကြည့်မှ “သတို့သမီး” ရဲ့ပုံပေါ်လာမှာပါ။ ၎င်းကဲ့သို့ ချိန်ညှိပြီးကြည့်ရတော့

အချို့သောသူတွေက ၎င်းဟာ မှန်ကိုကြည့်နေသည့် “သတို့သမီး” ရဲ့မြင်ကွင်းဖြစ်ကြောင်း တွေးဆထားကြပါတယ်။ ထို့ကြောင့်၊ ဤအံ့ဖွယ်ပုံသဏ္ဍာန်ကို

တွေ့မြင်ရဖို့က လူတိုင်း ကံမကောင်းနိုင်ပါဘူး။ ဒါ့ပြင် ဒီရေတံခွန်ကိုသွားတဲ့လမ်းကလည်း မလွယ်ပါဘူး။ Casada la Novia ရေတံခွန်ဟာ

ပီရူးသမ္မတနိုင်ငံ၊ Cajamrca မြို့ရဲ့ Namora မြို့ငယ်လေးမှာ တည်ရှိပြီး ၊ပထမဦးစွာ၊ Cajamarca မြို့မှ Namora မြို့သို့ မိနစ် 30 ကြာ ခရီးသွားမှဖြစ်သလို ၊

အဲဒီနောက် ၎င်းမြို့ကနေ ၂ နာရီခန့်အကွာအဝေးကိုထပ်သွားရမှာဖြစ်ကာ ဧည့်သည်များဟာ လမ်းတွေက ကျောက်တုံးများနှင့် ချုံပုတ်များရှိသော

အန္တရာယ်မြေမျက်နှာသွင်ပြင်များစွာကို ဖြတ်သန်းရတဲ့အတွက်ကြောင့် ၎င်းသို့ရောက်ဖို့ ထရပ်ကားဖြင့် သွားလာရပါတယ်။

ဒါပေမယ့် သင်အဲဒီကိုရောက်တာနဲ့၊ ကြိုးစားမှုတွေအားလုံးက တန်ဖိုးရှိလာမှာပါ။ Must See Global ၏အဆိုအရ ၎င်း “သတို့သမီးရေတံခွန်” ဟူသော

အမည်ဟာ ဒေသခံများကြား ပျံ့နှံ့နေသည့် ဒဏ္ဍာရီတစ်ခုနှင့် ဆက်စပ်နေပါတယ်။ ရှေးယခင်က ယောက်ျားလေးနှင့်မိန်းမငယ်နှစ်ဦးတို့ဟာ ချစ်မိသွားခဲ့ကြပေမဲ့လည်း ၎င်းတို့ရဲ့နှစ်ဖက်မိသားစုများထံမှ တားမြစ်ခံခဲ့ရပါတယ်။

၎င်းစုံတွဲဟာ မိသားစုများက ကန့်ကွက်နေပေမဲ့လည်း လက်ထပ်ရန် ဆုံးဖြတ်ထားဆဲဖြစ်ပြီး ၎င်းတို့ရဲ့နေ့ထူးနေ့မြတ်မှာ

သတို့သမီးရဲဖခင်ဟာသတို့သားကိုတိုက်ရိုက်ပစ်ဖို့ သေ/ နတ်ကို အသုံးပြုခဲ့ပါတယ်။ ထို့နောက် သတို့သမီးဟာချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို

မခံနိုင်တော့ဘဲမင်္ဂလာဆောင်ဝတ်စုံကိုဝတ်ထားရင်း တောင်ပေါ်ကို အပြေးအလွှား သွားခဲ့ပြီး သူမဟာ Apu တောင်နှင့် Mother Earth Pachamama ၏

ဘုရားသခင်အားသူမအားထာဝရကြည့်ရှုနိုင်ရန် လှပသောရေတံခွန်အဖြစ် ပြောင်းလဲပေးဖို့အတွက် ဆုတောင်းပန်ကြားခဲ့ကြောင်း

ဒဏ္ဍာရီတစ်ခုအရသိရှိခဲ့ရပါတယ်။လက်ရှိမှာတော့ Casada la Novia ရေတံခွန်ဟာကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများလာရောက်ကြည့်ရှုရန်ဆွဲဆောင်မှုတစ်ခု ဖြစ်လာနေပါတယ်။

Mia (Mckzone daily)

Crd

Zawgyi

ကမာၻေပၚမွာ မေရမတြက္ႏိုင္တဲ့ လွပေသာ ရႈခင္းမ်ားျဖင့္ ႀကီးက်ယ္ခမ္းနားေသာ ေရတံခြန္မ်ား ရွိေနၿပီး ၎တို႔ဟာ မည္သူမဆိုရဲ႕ ႏွလုံးသားကို တုန္လႈပ္ေစႏိုင္ပါတယ္။

၎တို႔အထဲမွာမွ လွပေသာသဘာဝ၊ ေဖာ္ေ႐ြေသာလူမ်ိဳးမ်ားႏွင့္အတူေက်ာ္ၾကားေသာတိုင္းျပည္ျဖစ္တဲ့ ပီ႐ူးသမၼတႏိုင္ငံ (ပစိဖိတ္သမုဒၵရာကို

မ်က္ႏွာမူေသာ ေတာင္အေမရိကတိုက္ အေနာက္ေတာင္ပိုင္းရွိ ႏိုင္ငံ) ရွိ “သတို႔သမီးေရတံခြန္” ဟုလည္းလူသိမ်ားတဲ့ Casada la Novia ဟူေသာ

ထူးျခားတဲ့အမည္ျဖင့္ ေရတံခြန္ကိုလည္း မေမ့ထားသင့္ပါဘူး။ နာမည္ကိုၾကားေတာ့ ဒီေရတံခြန္ကို ဘာလို႔ “သတို႔သမီးေရတံခြန္” လို႔ေခၚတာလဲဆိုတာကို

သိခ်င္လာမိၾကမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၎ဟာ ျဖဴစင္ေသာ သတို႔သမီးဝတ္စုံကို ဝတ္ဆင္ထားသည့္ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးတစ္ဦးကဲ့သို႔ အသြင္အျပင္ပုံေပၚေနလို႔ပါဘဲ။

ဒီေရတံခြန္ရဲ႕ ထူးျခားခ်က္ကေတာ့ မိုးသည္းထန္စြာ႐ြာတိုင္း မဂၤလာဝတ္စုံဝတ္ထားတဲ့ သတို႔သမီးရဲ႕ ပုံရိပ္ေပၚလာတာပါပဲ။ ဧည့္သည္မ်ားက ေရစီးသန္တဲ့အခ်ိန္၌

လာေရာက္လည္ပတ္ရမွာျဖစ္ၿပီး မွန္ကန္ေသာၾကည့္ရႈေထာင့္ကိုလည္း ကိုယ့္ကိုကိုယ္ ခ်ိန္ညႇိၿပီးၾကည့္မွ “သတို႔သမီး” ရဲ႕ပုံေပၚလာမွာပါ။ ၎ကဲ့သို႔ ခ်ိန္ညႇိၿပီးၾကည့္ရေတာ့

အခ်ိဳ႕ေသာသူေတြက ၎ဟာ မွန္ကိုၾကည့္ေနသည့္ “သတို႔သမီး” ရဲ႕ျမင္ကြင္းျဖစ္ေၾကာင္း ေတြးဆထားၾကပါတယ္။ ထို႔ေၾကာင့္၊ ဤအံ့ဖြယ္ပုံသ႑ာန္ကို

ေတြ႕ျမင္ရဖို႔က လူတိုင္း ကံမေကာင္းႏိုင္ပါဘူး။ ဒါ့ျပင္ ဒီေရတံခြန္ကိုသြားတဲ့လမ္းကလည္း မလြယ္ပါဘူး။ Casada la Novia ေရတံခြန္ဟာ

ပီ႐ူးသမၼတႏိုင္ငံ၊ Cajamrca ၿမိဳ႕ရဲ႕ Namora ၿမိဳ႕ငယ္ေလးမွာ တည္ရွိၿပီး ၊ပထမဦးစြာ၊ Cajamarca ၿမိဳ႕မွ Namora ၿမိဳ႕သို႔ မိနစ္ 30 ၾကာ ခရီးသြားမွျဖစ္သလို ၊

အဲဒီေနာက္ ၎ၿမိဳ႕ကေန ၂ နာရီခန႔္အကြာအေဝးကိုထပ္သြားရမွာျဖစ္ကာ ဧည့္သည္မ်ားဟာ လမ္းေတြက ေက်ာက္တုံးမ်ားႏွင့္ ခ်ဳံပုတ္မ်ားရွိေသာ

အႏၲရာယ္ေျမမ်က္ႏွာသြင္ျပင္မ်ားစြာကို ျဖတ္သန္းရတဲ့အတြက္ေၾကာင့္ ၎သို႔ေရာက္ဖို႔ ထရပ္ကားျဖင့္ သြားလာရပါတယ္။

ဒါေပမယ့္ သင္အဲဒီကိုေရာက္တာနဲ႔၊ ႀကိဳးစားမႈေတြအားလုံးက တန္ဖိုးရွိလာမွာပါ။ Must See Global ၏အဆိုအရ ၎ “သတို႔သမီးေရတံခြန္” ဟူေသာ

အမည္ဟာ ေဒသခံမ်ားၾကား ပ်ံ႕ႏွံ႔ေနသည့္ ဒ႑ာရီတစ္ခုႏွင့္ ဆက္စပ္ေနပါတယ္။ ေရွးယခင္က ေယာက္်ားေလးႏွင့္မိန္းမငယ္ႏွစ္ဦးတို႔ဟာ ခ်စ္မိသြားခဲ့ၾကေပမဲ့လည္း ၎တို႔ရဲ႕ႏွစ္ဖက္မိသားစုမ်ားထံမွ တားျမစ္ခံခဲ့ရပါတယ္။

၎စုံတြဲဟာ မိသားစုမ်ားက ကန႔္ကြက္ေနေပမဲ့လည္း လက္ထပ္ရန္ ဆုံးျဖတ္ထားဆဲျဖစ္ၿပီး ၎တို႔ရဲ႕ေန႔ထူးေန႔ျမတ္မွာ

သတို႔သမီးရဲဖခင္ဟာသတို႔သားကိုတိုက္႐ိုက္ပစ္ဖို႔ ေသ/ နတ္ကို အသုံးျပဳခဲ့ပါတယ္။ ထို႔ေနာက္ သတို႔သမီးဟာခ်စ္သူကိုဆုံးရႈံးလိုက္ရတဲ့ ေဝဒနာကို

မခံႏိုင္ေတာ့ဘဲမဂၤလာေဆာင္ဝတ္စုံကိုဝတ္ထားရင္း ေတာင္ေပၚကို အေျပးအလႊား သြားခဲ့ၿပီး သူမဟာ Apu ေတာင္ႏွင့္ Mother Earth Pachamama ၏

ဘုရားသခင္အားသူမအားထာဝရၾကည့္ရႈႏိုင္ရန္ လွပေသာေရတံခြန္အျဖစ္ ေျပာင္းလဲေပးဖို႔အတြက္ ဆုေတာင္းပန္ၾကားခဲ့ေၾကာင္း

ဒ႑ာရီတစ္ခုအရသိရွိခဲ့ရပါတယ္။လက္ရွိမွာေတာ့ Casada la Novia ေရတံခြန္ဟာကမာၻတစ္ဝွမ္းမွ ခရီးသြားမ်ားလာေရာက္ၾကည့္ရႈရန္ဆြဲေဆာင္မႈတစ္ခု ျဖစ္လာေနပါတယ္။

Mia (Mckzone daily)

Crd