ေရလႊမ္းမိုးမႈေၾကာင့္ ကိုယ့္ကိုယ္တိုင္လည္း ဒုကၡေရာက္ေနတဲ့အၾကား ေရနစ္ေနတဲ့ႏြားတစ္ေကာင္ကို ႏွာေခါင္းကေနဆြဲၿပီး ရေအာင္ ကယ္ဆယ္ေပးခဲ့ၾကတဲ့ ၾကင္နာသူအမ်ိဳးသားႏွစ္ဦး

Unicode

မကြာသေးမီက မလေးရှား ကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းပြည်နယ်များဖြစ်တဲ့ Kelantan နှင့် Terengganu ပြည်နယ်တို့၌ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုဟာ လူများစွာကို

အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေခဲ့ပါတယ်။ ကယ်ဆယ်ရန် စောင့်ဆိုင်းနေစဉ် လူအများအပြား သောင်တင်နေခဲ့ရပြီး အဆုံးမဲ့ရေကြီးလာမှုကြောင့် ၎င်းတို့ ပစ္စည်းများကိုပါ ဆုံးရှုံးခဲ့ကြရပါတယ်။

ထို့ကဲ့သို့ အခြေအနေပိုဆိုးလာချိန်မှာ လူအများအပြားက ထွက်ပြေးတိမ်းရှောင်လာတဲ့အဖြစ်အပျက်တွေရှိခဲ့ပေမယ့် ရေဘေးကနေ ဒုက္ခရောက်နေတဲ့ နွားတစ်ကောင်နဲ့

နွားသငယ်တစ်ကောင်ကို ကယ်ဆယ်နေတဲ့ လှေပေါ်မှ အမျိုးသားနှစ်ဦးတို့ရဲ့ နှလုံးသားနွေးထွေးစရာ ဗီဒီယိုတစ်ခုက လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

၎င်းနွားများက ပိုင်ရှင်ရှိ၊မရှိ သို့မဟုတ် အဆိုပါအမျိုးသားနှစ်ဦးတို့ရဲ့နွားတွေလားဆိုတာပိုတော့ သေချာမသိရသေးပေမဲ့လည်း၊ ဤဇာတ်လမ်းဟာ “သူ

ရဘေးသင့်နွားတစ်ကောင်ကို ကယ်တင်နိုင်ခဲ့ပြီ” ဆိုတဲ့ caption တစ်ခုအပေါ်ကိုသာ အခြေခံထားပါတယ်။ အဆိုပါ အမျိုးသားတစ်ဦးဟာ ရေထဲက

နွားတစ်ကောင်ကို ခြောက်သွေ့တဲ့ကုန်းမြေပေါ် ပို့ဆောင်နိုင်ဖို့ ၎င်းရဲ့နှာခေါင်းကို လှေပေါ်ကနေ ထိုင်ပြီး ထိန်းကိုင်ထားပေးရင်း ကင်မရာရိုက်နေတဲ့ကျန်အမျိုးသားကလည်း စက်လှေကို အမြန်နှုန်းနဲ့ မောင်းခုတ်နေခဲ့ပါတယ်။

ထို့ပြင် လှေထဲမှာ ထိုင်နေတဲ့ ကယ်ဆယ်ထားတဲ့နွားသငယ်တစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ နွားနှစ်ကောင်လုံးက ကြောက်လန့်ပြီး ငြိမ်သက်နေပုံရနေခဲ့ပါတယ်။

ဒါ့ပြင် နွားကိုထိန်းထားတဲ့အမျိုးသားက “ငါတို့ သက်တောင့်သက်သာရှိနေတဲ့အချိန်ဆို ကမ္ဘာကြီးက ငါတို့ကို သတိထားမိနေတယ်။ ဒီလို ရုန်းကန်နေရချိန်မှာတော့

ဘယ်သူမှ သတိမထားမိကြဘူး။ ဒီလိုအချိန်မျိုးမှာ ငွေကြေးအကူအညီရဖို့ အရမ်းခက်ခဲလို့ ငါတို့ အစာအိမ်နဲ့ ခါးနာတာက အရမ်းပြင်းထန်တယ်။”လို့လည်းကင်မရာဆီလှည့်ပြောနေခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းကိုမသိလိုက်ရပေမဲ့လည်းအဆိုပါသူရဲကောင်းနှစ်ဦးနှင့်၎င်းတို့ရဲ့နွားလေးတွေလည်း ဘေးကင်းပြီး ခြောက်သွေ့တဲ့ကုန်းမြေဆီရောက်သွားမယ်လို့

မျှော်လင့်မိသလိုအသက်ရှိနေသေးသရွေ့လူသားသို့မဟုတ်တိရစ္ဆာန်တွေဟာကယ်တင်ထိုက်တာမို့အင်တာနက်သုံးစွဲသူများစွာကလည်းအဆိုပါအမျိုးသားနှစ်ဦးတို့ရဲ့

စိတ်ဓာတ်ကို ချီးကျူးပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

Mia (KB Chimmy one)

Reference : worldofbuzz

Crd

Zawgyi

မၾကာေသးမီက မေလးရွား ကြၽန္းဆြယ္ အေရွ႕ဘက္ ကမ္း႐ိုးတန္းျပည္နယ္မ်ားျဖစ္တဲ့ Kelantan ႏွင့္ Terengganu ျပည္နယ္တို႔၌ျဖစ္ေပၚခဲ့တဲ့ ေရႀကီးေရလွ်ံမႈဟာ လူမ်ားစြာကို

အိုးမဲ့အိမ္မဲ့ ျဖစ္သြားေစခဲ့ပါတယ္။ ကယ္ဆယ္ရန္ ေစာင့္ဆိုင္းေနစဥ္ လူအမ်ားအျပား ေသာင္တင္ေနခဲ့ရၿပီး အဆုံးမဲ့ေရႀကီးလာမႈေၾကာင့္ ၎တို႔ ပစၥည္းမ်ားကိုပါ ဆုံးရႈံးခဲ့ၾကရပါတယ္။

ထို႔ကဲ့သို႔ အေျခအေနပိုဆိုးလာခ်ိန္မွာ လူအမ်ားအျပားက ထြက္ေျပးတိမ္းေရွာင္လာတဲ့အျဖစ္အပ်က္ေတြရွိခဲ့ေပမယ့္ ေရေဘးကေန ဒုကၡေရာက္ေနတဲ့ ႏြားတစ္ေကာင္နဲ႔

ႏြားသငယ္တစ္ေကာင္ကို ကယ္ဆယ္ေနတဲ့ ေလွေပၚမွ အမ်ိဳးသားႏွစ္ဦးတို႔ရဲ႕ ႏွလုံးသားေႏြးေထြးစရာ ဗီဒီယိုတစ္ခုက လတ္တေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

၎ႏြားမ်ားက ပိုင္ရွင္ရွိ၊မရွိ သို႔မဟုတ္ အဆိုပါအမ်ိဳးသားႏွစ္ဦးတို႔ရဲ႕ႏြားေတြလားဆိုတာပိုေတာ့ ေသခ်ာမသိရေသးေပမဲ့လည္း၊ ဤဇာတ္လမ္းဟာ “သူ

ရေဘးသင့္ႏြားတစ္ေကာင္ကို ကယ္တင္ႏိုင္ခဲ့ၿပီ” ဆိုတဲ့ caption တစ္ခုအေပၚကိုသာ အေျခခံထားပါတယ္။ အဆိုပါ အမ်ိဳးသားတစ္ဦးဟာ ေရထဲက

ႏြားတစ္ေကာင္ကို ေျခာက္ေသြ႕တဲ့ကုန္းေျမေပၚ ပို႔ေဆာင္ႏိုင္ဖို႔ ၎ရဲ႕ႏွာေခါင္းကို ေလွေပၚကေန ထိုင္ၿပီး ထိန္းကိုင္ထားေပးရင္း ကင္မရာ႐ိုက္ေနတဲ့က်န္အမ်ိဳးသားကလည္း စက္ေလွကို အျမန္ႏႈန္းနဲ႔ ေမာင္းခုတ္ေနခဲ့ပါတယ္။

ထို႔ျပင္ ေလွထဲမွာ ထိုင္ေနတဲ့ ကယ္ဆယ္ထားတဲ့ႏြားသငယ္တစ္ေကာင္ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ႏြားႏွစ္ေကာင္လုံးက ေၾကာက္လန္႔ၿပီး ၿငိမ္သက္ေနပုံရေနခဲ့ပါတယ္။

ဒါ့ျပင္ ႏြားကိုထိန္းထားတဲ့အမ်ိဳးသားက “ငါတို႔ သက္ေတာင့္သက္သာရွိေနတဲ့အခ်ိန္ဆို ကမာၻႀကီးက ငါတို႔ကို သတိထားမိေနတယ္။ ဒီလို ႐ုန္းကန္ေနရခ်ိန္မွာေတာ့

ဘယ္သူမွ သတိမထားမိၾကဘူး။ ဒီလိုအခ်ိန္မ်ိဳးမွာ ေငြေၾကးအကူအညီရဖို႔ အရမ္းခက္ခဲလို႔ ငါတို႔ အစာအိမ္နဲ႔ ခါးနာတာက အရမ္းျပင္းထန္တယ္။”လို႔လည္းကင္မရာဆီလွည့္ေျပာေနခဲ့ပါေသးတယ္။

ေနာက္ဆုံးရသတင္းကိုမသိလိုက္ရေပမဲ့လည္းအဆိုပါသူရဲေကာင္းႏွစ္ဦးႏွင့္၎တို႔ရဲ႕ႏြားေလးေတြလည္း ေဘးကင္းၿပီး ေျခာက္ေသြ႕တဲ့ကုန္းေျမဆီေရာက္သြားမယ္လို႔

ေမွ်ာ္လင့္မိသလိုအသက္ရွိေနေသးသေ႐ြ႕လူသားသို႔မဟုတ္တိရစာၦန္ေတြဟာကယ္တင္ထိုက္တာမို႔အင္တာနက္သုံးစြဲသူမ်ားစြာကလည္းအဆိုပါအမ်ိဳးသားႏွစ္ဦးတို႔ရဲ႕

စိိတ္ဓာတ္ကို ခ်ီးက်ဴးၿပီး ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကပါတယ္။

Mia (KB Chimmy one)

Reference : worldofbuzz

Crd