ျမန္မာႏိုင္ငံတြင္တစ္ဆူတည္းသာရွိသည့္သမိုင္း ဝ င္ “ေလးဆူဓာတ္ေတာ္ကိုယ္ေတာ္ေပ်ာက္ဘုရား”

Unicode

မြန်မာနိုင်ငံတွင် တစ်ဆူတည်း သာရှိသည့် သမိုင်း ဝ င် “လေးဆူဓာတ်တော် ကိုယ်တော် ပျောက်ဘုရား”

မြန်မာနိုင်ငံတွင် တစ်ဆူတည်း သာရှိသည့် သမိုင်းဝ င် “လေးဆူဓာတ်တော် ကိုယ်တော် ပျောက်ဘုရား” နှင့် ဂေါတမဘုရား၏ “လက်တော်ရာ” မြတ်ကို စစ် ကိုင်းတိုင်း ဒေသကြီ

း မုံရွာခရိုင် ချောင်းဦးမြို့နယ် ချောင်းဦး- အမြင့်သွား ကားလမ်း၏ လက်ဝဲဘက်ချောင်းဦးမြို့နှင့် ငါးမိုင်အကွာ မုံရွာမြို့နှင့် ၁၅ မိုင် အ ကွာ တောကျောင်းလေး ကျေးရွာ အုပ်စုတွင် တည် ရှိသည်။

မြန်မာနိုင်ငံ ဒေသအနှံ့ ခြေတော်ရာ ထုလုပ်ကိုးကွယ်မှု အလွန်များပြားစွာ ဖူးတွေ့ရ သော်လည်း လက်တော် ရာဘုရားကိုမူ တစ်နိုင်ငံလုံးတွင် ချောင်း

ဦးမြို့နယ် တွင်သာ ဖူးတွေ့ရ မည်ဖြစ်သည်။ လက်တော်ရာ ဘုရားသမိုင်းအရ ကကုသန် ဘုရားရှင် ၏ ညှပ်ရိုးတော်၊ ကောဏဂုံ ဘုရားရှင်၏

ရင်အုပ်တော် ၊ကဿပ ဘုရားရှင်၏ နဖူးတော်နှင့် လည်ချောင်းတော်တို့ ဌာပနာထား ရှိကြောင်း ဖော်ပြသည်။“ဂေါတမဘုရား သက်တော်ထင်ရှား ရှိတုန်းက ဒေ သ စာရီကြွစဉ်

တန့်ကြည့်တောင်မှာ ရပ်တော်မူပြီး သာသနာတော် ထွန်းကား ပြန့်ပွားမယ့် မြောက်စူးစူးကို လက်ညိုးညွှန်ပြီး ရှေးနောင်တော် ဘုရားသုံးဆူရဲ့ သရီရဓာတ်တွေ ကိန်းအောင်းဖူးမြော်ဖို့ ဆန္ဒပြု

တဲ့အခါ ပစ္စေကဗုဒ္ဓ အလောင်းတော် ဓနုသီဟမင်း ကြီးတည်ထားတဲ့ ကိုယ်တော်ပျောက် စေတီတည်တဲ့ နေရာ အရောက်မှာသိကြား

မင်းကဘုရားရှင်ရဲ့ ဆန္ဒပြည့်စေဖို့ မြေနှစ်လွှာခွဲပြီး ဖန်ဆင်းစေ ရာမှာ နော င်တော်ဘုရား သုံးဆူတို့ရဲ့ သရီရဓာတ်တော် တွေကို

ဖူးတွေ့ရပြီး လက်ယာရစ် ခုနစ်ပတ်လှည့်ပြီး ဖူးမြေ ာ်ခဲ့တယ်လို့ သမိုင်းမှာ တွေ့ရပါတယ်။ အဲဒီနောက် မန္တလာဂီရိ တောင်ကို ကြွမယ်အလုပ်မှာ ကိုးသောင်းလောက်ရှိတဲ့

ဘီလူး တွေထဲက ငါးသောင်းလောက်ရှိတဲ့ ဘီလူးတွေ ထွက်ပြေးကြလို့ ကျန်တဲ့ ဘီလူး

လေး သောင်းက ဘုရားကို လာဦးခိုက် ကြပါတယ်။ အဲဒါကို အရှင်အာနန္ဒာက မေးရာမှာ မြတ်စွာဘုရားရှင်က တလင်းသာယာ အင်္ဂါခုနစ်ပါးနဲ့ ပြည့်စုံတဲ့မြေနေရာကို

လက်ယာလက်တော်နဲ့ သုံးသပ်ရာက လက်တော်ရာ ဖြစ်ပေါ်လာခဲ့တာလို့ သမိုင်းမှာ ပြဆိုထားပါတယ်” ဟု လက်တော်ရာ ဘုရား ဂေါပကအဖွဲ့ဝင် တ စ်ဦးက

သမိုင်းကို ကိုးကားပြောပြသည်။ အဆက် ဆက် ထိန်းသိမ်းစောင့် ရှောက်လာသော ကိုယ်တော်ပျောက်ဘုရားနှင့် လက်တော်ရာ ဘုရားကြီး၏ ဂန္ဓ ကုဋိတိုက်တော်ကို ၁၃၅၈ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး

၁၃၇၅ ခုနှစ်တွင် အသစ် တစ်ဖန် ပြန်လည် မွမ်းမံထားရာ ဘုံပြာသာဒ် ရွှေထီးတော်တို့ဖြင့် ခမ်းနား ထ ည်ဝါ လှသည်ကို တွေ့ရသည်။ ကိုယ်တော်ပျောက် ဘုရားနှင့်

လက်တော်ရာဘုရားတို့၏ ဝိသေသထူး ခြားချက် ၂၇ ချက်ကို သမိုင်းအကျဉ် းစာအုပ်တွင်

ဖော်ပြထားရာ၌ မြန်မာနိုင်ငံတွင် တစ်ဆူတည်းသာ ပေါ်ပေါက်ခြင်း၊ ဂေါတမဘုရားရှင်ကိုယ်တော်တိုင်ကြွချီပူဇော်ခဲ့ခြင်း၊ ကကုသန်ဘုရား ညှပ်ရိုးတော်၊ ကောဏဂုံဘုရားရင်အုပ်တော်၊ ကဿပဘုရား၏ နဖူးတော်၊ လည်ချောင်းတော်နှင့် ဂေါတမဘုရား

လက်ယာ လက်ရုံးတော်များ ဌာပနာ ပူဇော်ထားသ ည့် ဓာတုစေတီမြတ်ဖြစ်ခြင်း စသည်တို့ပါဝင်သည်။ တောကျောင်း လေးရွာအား ရှေးဘုရင်လက်ထက်တော်က

လက် ရာတော်ဘုရားကို အမှီ ပြုကာ လက်တော်ရာ ရွာဟုခေါ်ဆိုခဲ့ကြပြီး အမြင့်မြို့အနီး ချင်း

တွင်းမြစ်အတွင်း တော်သလင်းလ လှေပြိုင်ပွဲကျင်း ပရာတွင် လက်တော်ရာ ရွာအပါအဝင် ၁၅ ရွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။ လက်တော်ရာ ကျောင်းတိုက် အနောက်ဘက် လမ်း မ ကြီးသည် ယခင်က ကကုသန်ဘုရား အလောင်း

တော် ရွှေဟင်္သာမင်း ဖြစ်တော်မူရာ၊ ကဿပဘုရား အလောင်းတော် ငါးရံ့မင်းဖြစ်တော်မူရာ အင်းကြီးရှိခဲ့သော် လည်း လက်ရှိ အချိန်တွင် အင်းမှာ ကောသွားပြီး

လမ်းမကြီး ဖြစ်နေပြီဖြစ်သည်။တောကျော င်းလေးရွာဟု အမည်တွင် လာရခြင်းမှာ အမြင့်မြို့

ဟောင်း အရှေ့ဘက်တွင် ရှင်အရဟံမထေရ်နှင့် သံ ဃာတော်များ တောရကျောင်း ဆောက်တည် ခဲ့ခြင်းကြောင့် တောရ ကျောင်းရွာဟု ခေါ်တွင်ခဲ့သည်။

သ မိုင်းဝင် ထင်ရှား လက်တော်ရာ ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် ဝါဆိုလဆန်း ၁၄ ရက်တွင် ကျင်းပ

ရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ အနေဖြင့် သွားလ မ်းသာ၍ လာလမ်း ကောင်း သော အညာပုဂံဟု သ မိုင်းတွင် ခေါ်သော ချောင်းဦး ဒေသသို့ အရောက်လှမ်းကာ

ဘုရားဖူးကု သိုလ်နှင့်အတူ ဗဟုသုတကိုပါ ရယူနိုင်ရန် လာရောက်နိုင်ပါကြောင်း ဖိတ်ခေါ် လိုက်ရပါ၏။

Crd

Zawgyi

ျမန္မာႏိုင္ငံတြင္ တစ္ဆူတည္း သာရွိသည့္ သမိုင္း ဝ င္ “ေလးဆူဓာတ္ေတာ္ ကိုယ္ေတာ္ ေပ်ာက္ဘုရား”

ျမန္မာႏိုင္ငံတြင္ တစ္ဆူတည္း သာရွိသည့္ သမိုင္းဝ င္ “ေလးဆူဓာတ္ေတာ္ ကိုယ္ေတာ္ ေပ်ာက္ဘုရား” ႏွင့္ ေဂါတမဘုရား၏ “လက္ေတာ္ရာ” ျမတ္ကို စစ္ ကိုင္းတိုင္း ေဒသႀကီ

း မုံ႐ြာခ႐ိုင္ ေခ်ာင္းဦးၿမိဳ႕နယ္ ေခ်ာင္းဦး- အျမင့္သြား ကားလမ္း၏ လက္ဝဲဘက္ေခ်ာင္းဦးၿမိဳ႕ႏွင့္ ငါးမိုင္အကြာ မုံ႐ြာၿမိဳ႕ႏွင့္ ၁၅ မိုင္ အ ကြာ ေတာေက်ာင္းေလး ေက်း႐ြာ အုပ္စုတြင္ တည္ ရွိသည္။

ျမန္မာႏိုင္ငံ ေဒသအႏွံ႔ ေျခေတာ္ရာ ထုလုပ္ကိုးကြယ္မႈ အလြန္မ်ားျပားစြာ ဖူးေတြ႕ရ ေသာ္လည္း လက္ေတာ္ ရာဘုရားကိုမူ တစ္ႏိုင္ငံလုံးတြင္ ေခ်ာင္း

ဦးၿမိဳ႕နယ္ တြင္သာ ဖူးေတြ႕ရ မည္ျဖစ္သည္။ လက္ေတာ္ရာ ဘုရားသမိုင္းအရ ကကုသန္ ဘုရားရွင္ ၏ ညႇပ္႐ိုးေတာ္၊ ေကာဏဂုံ ဘုရားရွင္၏

ရင္အုပ္ေတာ္ ၊ကႆပ ဘုရားရွင္၏ နဖူးေတာ္ႏွင့္ လည္ေခ်ာင္းေတာ္တို႔ ဌာပနာထား ရွိေၾကာင္း ေဖာ္ျပသည္။“ေဂါတမဘုရား သက္ေတာ္ထင္ရွား ရွိတုန္းက ေဒ သ စာရီႂကြစဥ္

တန႔္ၾကည့္ေတာင္မွာ ရပ္ေတာ္မူၿပီး သာသနာေတာ္ ထြန္းကား ျပန႔္ပြားမယ့္ ေျမာက္စူးစူးကို လက္ညိဳးၫႊန္ၿပီး ေရွးေနာင္ေတာ္ ဘုရားသုံးဆူရဲ႕ သရီရဓာတ္ေတြ ကိန္းေအာင္းဖူးေျမာ္ဖို႔ ဆႏၵျပဳ

တဲ့အခါ ပေစၥကဗုဒၶ အေလာင္းေတာ္ ဓႏုသီဟမင္း ႀကီးတည္ထားတဲ့ ကိုယ္ေတာ္ေပ်ာက္ ေစတီတည္တဲ့ ေနရာ အေရာက္မွာသိၾကား

မင္းကဘုရားရွင္ရဲ႕ ဆႏၵျပည့္ေစဖို႔ ေျမႏွစ္လႊာခြဲၿပီး ဖန္ဆင္းေစ ရာမွာ ေနာ င္ေတာ္ဘုရား သုံးဆူတို႔ရဲ႕ သရီရဓာတ္ေတာ္ ေတြကို

ဖူးေတြ႕ရၿပီး လက္ယာရစ္ ခုနစ္ပတ္လွည့္ၿပီး ဖူးေျမ ာ္ခဲ့တယ္လို႔ သမိုင္းမွာ ေတြ႕ရပါတယ္။ အဲဒီေနာက္ မႏၲလာဂီရိ ေတာင္ကို ႂကြမယ္အလုပ္မွာ ကိုးေသာင္းေလာက္ရွိတဲ့

ဘီလူး ေတြထဲက ငါးေသာင္းေလာက္ရွိတဲ့ ဘီလူးေတြ ထြက္ေျပးၾကလို႔ က်န္တဲ့ ဘီလူး

ေလး ေသာင္းက ဘုရားကို လာဦးခိုက္ ၾကပါတယ္။ အဲဒါကို အရွင္အာနႏၵာက ေမးရာမွာ ျမတ္စြာဘုရားရွင္က တလင္းသာယာ အဂၤါခုနစ္ပါးနဲ႔ ျပည့္စုံတဲ့ေျမေနရာကို

လက္ယာလက္ေတာ္နဲ႔ သုံးသပ္ရာက လက္ေတာ္ရာ ျဖစ္ေပၚလာခဲ့တာလို႔ သမိုင္းမွာ ျပဆိုထားပါတယ္” ဟု လက္ေတာ္ရာ ဘုရား ေဂါပကအဖြဲ႕ဝင္ တ စ္ဦးက

သမိုင္းကို ကိုးကားေျပာျပသည္။ အဆက္ ဆက္ ထိန္းသိမ္းေစာင့္ ေရွာက္လာေသာ ကိုယ္ေတာ္ေပ်ာက္ဘုရားႏွင့္ လက္ေတာ္ရာ ဘုရားႀကီး၏ ဂႏၶ ကုဋိတိုက္ေတာ္ကို ၁၃၅၈ ခုႏွစ္က ေဆာက္လုပ္ခဲ့ၿပီး

၁၃၇၅ ခုႏွစ္တြင္ အသစ္ တစ္ဖန္ ျပန္လည္ မြမ္းမံထားရာ ဘုံျပာသာဒ္ ေ႐ႊထီးေတာ္တို႔ျဖင့္ ခမ္းနား ထ ည္ဝါ လွသည္ကို ေတြ႕ရသည္။ ကိုယ္ေတာ္ေပ်ာက္ ဘုရားႏွင့္

လက္ေတာ္ရာဘုရားတို႔၏ ဝိေသသထူး ျခားခ်က္ ၂၇ ခ်က္ကို သမိုင္းအက်ဥ္ းစာအုပ္တြင္

ေဖာ္ျပထားရာ၌ ျမန္မာႏိုင္ငံတြင္ တစ္ဆူတည္းသာ ေပၚေပါက္ျခင္း၊ ေဂါတမဘုရားရွင္ကိုယ္ေတာ္တိုင္ႂကြခ်ီပူေဇာ္ခဲ့ျခင္း၊ ကကုသန္ဘုရား ညႇပ္႐ိုးေတာ္၊ ေကာဏဂုံဘုရားရင္အုပ္ေတာ္၊ ကႆပဘုရား၏ နဖူးေတာ္၊ လည္ေခ်ာင္းေတာ္ႏွင့္ ေဂါတမဘုရား

လက္ယာ လက္႐ုံးေတာ္မ်ား ဌာပနာ ပူေဇာ္ထားသ ည့္ ဓာတုေစတီျမတ္ျဖစ္ျခင္း စသည္တို႔ပါဝင္သည္။ ေတာေက်ာင္း ေလး႐ြာအား ေရွးဘုရင္လက္ထက္ေတာ္က

လက္ ရာေတာ္ဘုရားကို အမွီ ျပဳကာ လက္ေတာ္ရာ ႐ြာဟုေခၚဆိုခဲ့ၾကၿပီး အျမင့္ၿမိဳ႕အနီး ခ်င္း

တြင္းျမစ္အတြင္း ေတာ္သလင္းလ ေလွၿပိဳင္ပြဲက်င္း ပရာတြင္ လက္ေတာ္ရာ ႐ြာအပါအဝင္ ၁၅ ႐ြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။ လက္ေတာ္ရာ ေက်ာင္းတိုက္ အေနာက္ဘက္ လမ္း မ ႀကီးသည္ ယခင္က ကကုသန္ဘုရား အေလာင္း

ေတာ္ ေ႐ႊဟသၤာမင္း ျဖစ္ေတာ္မူရာ၊ ကႆပဘုရား အေလာင္းေတာ္ ငါးရံ႕မင္းျဖစ္ေတာ္မူရာ အင္းႀကီးရွိခဲ့ေသာ္ လည္း လက္ရွိ အခ်ိန္တြင္ အင္းမွာ ေကာသြားၿပီး

လမ္းမႀကီး ျဖစ္ေနၿပီျဖစ္သည္။ေတာေက်ာ င္းေလး႐ြာဟု အမည္တြင္ လာရျခင္းမွာ အျမင့္ၿမိဳ႕

ေဟာင္း အေရွ႕ဘက္တြင္ ရွင္အရဟံမေထရ္ႏွင့္ သံ ဃာေတာ္မ်ား ေတာရေက်ာင္း ေဆာက္တည္ ခဲ့ျခင္းေၾကာင့္ ေတာရ ေက်ာင္း႐ြာဟု ေခၚတြင္ခဲ့သည္။

သ မိုင္းဝင္ ထင္ရွား လက္ေတာ္ရာ ဘုရား ဗုဒၶပူဇနိယပြဲေတာ္ကိုႏွစ္စဥ္ ဝါဆိုလဆန္း ၁၄ ရက္တြင္ က်င္းပ

ရာ ရပ္နီးရပ္ေဝးမွ ဘုရားဖူးမ်ား အေနျဖင့္ သြားလ မ္းသာ၍ လာလမ္း ေကာင္း ေသာ အညာပုဂံဟု သ မိုင္းတြင္ ေခၚေသာ ေခ်ာင္းဦး ေဒသသို႔ အေရာက္လွမ္းကာ

ဘုရားဖူးကု သိုလ္ႏွင့္အတူ ဗဟုသုတကိုပါ ရယူႏိုင္ရန္ လာေရာက္ႏိုင္ပါေၾကာင္း ဖိတ္ေခၚ လိုက္ရပါ၏။

Crd