ကိုင်မိယုံနဲ့ အဆိပ်တက်ပြီး သေစေနိုင်တဲ့ချစ်စရာအသွင်အပြင်နဲ့ပင်လယ်သတ္တဝါလေးတစ်ကောင်ကို တွေ့ခဲ့တဲ့လူငယ်လေး
Unicode
Aussie အမျိုးသားတစ်ဦးက သေးငယ်တဲ့ ပင်လယ်သတ္တဝါကြီးနဲ့ မတော်တဆ တွေ့ဆုံမှု ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ် ။ ဒီသတ္တဝါရဲ့ ပုံသဏ္ဍာန်နဲ့ မျက်နှာက ကမ်းခြေရှိ Pokémon နဲ့တူပါတယ် ။
Giuliano Bayd လို့ခေါ်တဲ့ ဒီအမျိုးသားက သူဟာ အဏ္ဏဝါကျွမ်းကျင်သူဖြစ်ပြီး ထိုသတ္တဝါ အဆိပ်ရှိရင်လည်း အဏ္ဏဝါသတ္တဝါများနဲ့ ဘယ်လိုဆက်ဆံရမှာကို ကျွမ်းကျင်တယ်လို့ အခိုင်အမာဆိုပါတယ် ။
Tiktok မှာ သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ Giuliano Bayd က “ဒီနေ့တော့ ငါ့တစ်သက်မှာ တွေ့ဖူးသမျှထဲမှာ အသေးဆုံး Blue Dragon ကို တွေ့လိုက်ရတယ်။
သူ့အရွယ်အစားကိုကြည့်ပါ၊ သူတို့က ငါတို့ကို တစ်ခါနမ်းပြီးဆိုရင် အဆိပ်တက်ပြီး သေစေနိုင်ပါတယ် ။ တွေ့ခဲ့မယ်ဆိုရင် တတ်နိုင်သမျှ ဝေးဝေးနေပါ။” လို့ ရေးသားထားပါတယ် ။
Blue Dragon က လှပပြီး အန္တရာယ်ကင်းတဲ့ သတ္တဝါလို့ ထင်ရပေမဲ့ သူတို့မှာ အဆိပ်ရှိပါတယ် ။ ဒီ Blue Dragonကို ‘သမုဒ္ဒရာထဲမှာ အလှပဆုံး ပင်လယ်သတ်သမား’ လို့ လူသိများပါတယ် ။
Blue Dragon (သို့) သိပ္ပံအမည် Glaucus Atlanticu က သမုဒ္ဒရာထဲမှာ နေထိုင်တဲ့ ပင်လယ်မျှော့တစ်မျိုးဖြစ်ပါတယ် ။ အပူပိုင်းရေပြင်နဲ့ ကမ္ဘာတစ်ဝှမ်း ပူနွေးတဲ့ရာသီဥတုများမှာ တွေ့ရတက်ပါတယ် ။
အဆိပ်ရှိတဲ့ ရေခူကို စားရတာ ကြိုက်ပြီး အဲဒီဆဲလ်တွေထဲ အဆိပ်တွေကို သူတို့ရဲ့ တစ်ရှူးတွေထဲ သိုလှောင်ပါတယ် ။ ကာကွယ်ရေး ယန္တရားအဖြစ် အသုံးပြုပြီး
သားကောင်များကို နှိမ်နင်းရာမှာ ၎င်းတို့က ဆဲလ်များမှ ခိုးယူထားတဲ့ အဆိပ်များက တိရစ္ဆာန်ထက် အဆိပ်ပိုစေပါတယ် ။
JRose (KB Chimmy one)
Reference : khaosod
Crd
Zawgyi
JRose (KB Chimmy one)
Reference : khaosod
Crd