တိုင္းတပါးကိုေရာက္ေနတဲ့ျမန္မာ့အေမြႏွစ္စစ္စစ္ဆင္စြယ္ပန္းပုေစတီေတာ္

Unicode

ဗြိတိသျှ ပြတိုက် ရောက်နေတဲ့ မြန်မာ့အမွေအနှစ် စ စ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပု စေတီတော်

၁၉ ရာစု အစောပိုင်းက ဆင်စွယ်ဖြင့် ပြုလုပ်ထားတဲ့ စေတီတော်ပုံစံပန်းပုလက်ရာ ဖြစ်ပြီး ဒီဆင်စွယ် ပ န်းပုကို မြန်မာနိုင်ငံ မော်လမြိုင်မှ ပြုလုပ် သည် ဟု၍ ဖော် ပြထားပါတယ်။ယခု ဖော်ပြပါဆင်စွယ်ပန်းပု

သည်အမြင့်၂၈.၅ စင်တီမီတာအမြင့်ရှိပြီးဆင်စွ ယ် ပန်းပုတွင် အပိုင်း ၄ ပိုင်းတို့ဖြင့် ပေါင်းစပ် ပြု လုပ်ထားပါသည်။အပိုင်းအလိုက်

ပြုလုပ်ထားသောပန်းပုများရှိပြီးအပိုင်းတစ်ခုခြင်း ဖော်ပြရလျှင်…၁ ။ အပေါ်ဆုံးထိပ်ပိုင်းတွင် ဗောဓိပင်ရင်း အောက် ပလ္လင်ပေါ်မှ ဗုဒ္ဓ မြတ်စွာဘုရား၏ ပုံတော်ကို ဆင် စွယ် ဖြင့်ထုလုပ်ပြီး ထည့်သွင်းကာ ပူဇော်ထား ပါတယ်။

၂ ။ ဒုတိယအပိုင်းတွင်တော့ ကြာပလ္လင်ပေါ်တွင် ဘူမိမုဒြာဖြင့်ထိုင်တော်မူသောဗုဒ္ဓမြတ်စွာဘုရားရှင်အား လက်ဝဲ လက်ယာမှ နတ်နှစ်ပါးမှ ရှိခိုးနေဟန် ထုလုပ်ထားသည်။

၃ ။ တတိယအပိုင်းတွင် ပဉ္ဖဝဂီ ငါးဦးအား ရည်ညွှ န်းတဲ့ ရဟန်း ၅ပါး၏ ရှိခိုးနေကြပုံကို ထွင်းထုထား ပါသည်။

၄ ။ အောက်ဆုံး စတုတ္ထအပိုင်းတွင်တော့… တိရစ္ဆ ာန်လေးကောင်၏ ရုပ်ပုံတို့ကို ထွင်းထုထားပြီး…ဆင်၊ ကျား၊ ခြင်္သေ့ နှင့်အောက်ဆုံးအခြေဘက်တွင် သစ်ပင်အောက်မှ သမင်တစ်ကောင်ရဲ့ပုံ ထွင်းထု ထားပါသည်။

ဆင်စွယ် တစ်ချောင်းလုံးကို အခေါင်း ဖေါက်ထွင်းပြီး အထဲမှာ စေတီတော်တို့ရှိ ဌာပနာတိုက်ပုံစံ စိတ် ကူး ဖြင့် ဗုဒ္ဓရုပ်ပွားတော် အသေးကို (ဆင်စွယ် ၏ ထိပ်ဖျားပိုင်းဖြင့်)ထုလုပ်ကာ

ထည့်သွင်း ထားသည် ။လက်ရှိ ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်းပြသထားပါသည်။

Crd

Zawgyi

ၿဗိတိသွ် ျပတိုက္ ေရာက္ေနတဲ့ ျမန္မာ့အေမြအႏွစ္ စ စ္စစ္ တန္ဖိုးႀကီး ဆင္စြယ္ပန္းပု ေစတီေတာ္

၁၉ ရာစု အေစာပိုင္းက ဆင္စြယ္ျဖင့္ ျပဳလုပ္ထားတဲ့ ေစတီေတာ္ပုံစံပန္းပုလက္ရာ ျဖစ္ၿပီး ဒီဆင္စြယ္ ပ န္းပုကို ျမန္မာႏိုင္ငံ ေမာ္လၿမိဳင္မွ ျပဳလုပ္ သည္ ဟု၍ ေဖာ္ ျပထားပါတယ္။ယခု ေဖာ္ျပပါဆင္စြယ္ပန္းပု

သည္အျမင့္၂၈.၅ စင္တီမီတာအျမင့္ရွိၿပီးဆင္စြ ယ္ ပန္းပုတြင္ အပိုင္း ၄ ပိုင္းတို႔ျဖင့္ ေပါင္းစပ္ ျပဳ လုပ္ထားပါသည္။အပိုင္းအလိုက္

ျပဳလုပ္ထားေသာပန္းပုမ်ားရွိၿပီးအပိုင္းတစ္ခုျခင္း ေဖာ္ျပရလွ်င္…၁ ။ အေပၚဆုံးထိပ္ပိုင္းတြင္ ေဗာဓိပင္ရင္း ေအာက္ ပလႅင္ေပၚမွ ဗုဒၶ ျမတ္စြာဘုရား၏ ပုံေတာ္ကို ဆင္ စြယ္ ျဖင့္ထုလုပ္ၿပီး ထည့္သြင္းကာ ပူေဇာ္ထား ပါတယ္။

၂ ။ ဒုတိယအပိုင္းတြင္ေတာ့ ၾကာပလႅင္ေပၚတြင္ ဘူမိမုျဒာျဖင့္ထိုင္ေတာ္မူေသာဗုဒၶျမတ္စြာဘုရားရွင္အား လက္ဝဲ လက္ယာမွ နတ္ႏွစ္ပါးမွ ရွိခိုးေနဟန္ ထုလုပ္ထားသည္။

၃ ။ တတိယအပိုင္းတြင္ ပၪၹဝဂီ ငါးဦးအား ရည္ၫႊ န္းတဲ့ ရဟန္း ၅ပါး၏ ရွိခိုးေနၾကပုံကို ထြင္းထုထား ပါသည္။

၄ ။ ေအာက္ဆုံး စတုတၳအပိုင္းတြင္ေတာ့… တိရစၦ ာန္ေလးေကာင္၏ ႐ုပ္ပုံတို႔ကို ထြင္းထုထားၿပီး…ဆင္၊ က်ား၊ ျခေသၤ့ ႏွင့္ေအာက္ဆုံးအေျခဘက္တြင္ သစ္ပင္ေအာက္မွ သမင္တစ္ေကာင္ရဲ႕ပုံ ထြင္းထု ထားပါသည္။

ဆင္စြယ္ တစ္ေခ်ာင္းလုံးကို အေခါင္း ေဖါက္ထြင္းၿပီး အထဲမွာ ေစတီေတာ္တို႔ရွိ ဌာပနာတိုက္ပုံစံ စိတ္ ကူး ျဖင့္ ဗုဒၶ႐ုပ္ပြားေတာ္ အေသးကို (ဆင္စြယ္ ၏ ထိပ္ဖ်ားပိုင္းျဖင့္)ထုလုပ္ကာ

ထည့္သြင္း ထားသည္ ။လက္ရွိ ၿဗိတိသွ်ျပတိုက္တြင္ ထိန္းသိမ္းျပသထားပါသည္။

Crd