အရာရာေဈးႀကီးေနတဲ့ကာလႀကီးမွာအသီးအ႐ြက္ေတြဝယ္ထားၿပီး လႊင့္မျပစ္ရေလေအာင္ထိန္းသိမ္းနည္း

Unicode

အရာရာဈေးကြီးနေတဲ့ကာလကြီးမှာအသီးအရွက်တွေဝယ်ထားပြီးလွှင့်မပြစ်ရလေအောင်ထိန်းသိမ်းနည်း

ဒေါ်လာဈေးကတက် ရွှေဈေးကတက်ဆိုတော့ကုန်ဈေးနှုန်းတွေကလည်းမိုးပေါ်ရောက်နတဲ့အချိန်မှာအိမ်ရှင်မတွေအတွက် မီးဖိုချောင်ထိန်းသိမ်းနိုင်တဲ့

နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဈေးသက်သာလို့ပဲ ဖြစ်ဖြစ် လမ်းကြုံလို့ပဲ ဖြစ်ဖြစ် အသီးအရွက်တွေကို အများကြီး ဝယ်ယူပြီးနောက် အသီးအရွက်ကို တစ်လခံအောင် ဒီလိုလုပ်ထားလို့ ရပါတယ်။

ဟင်း သီးဟင်းရွက်တွေ အချိန်ကြာကြာ သန့်ရှင်းလတ်ဆတ်အောင် ထားရမှာ အခက်တွေ့နေပါသလား။ ဒါမှမဟုတ် ကြာကြာအထားမခံလို့ အမြဲတမ်း စိတ်ပျက်နေရပါသလား။

ဒီအချက်က ဆလတ်ရွက်၊ တရုတ်နံနံကြီး၊အခြားဟင်းသီးဟင်းရွက်စတာတွေနဲ့ ပတ်သက်လာရင် အထူးလူသိများပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ ပိုမိုတာရှည်ခံအောင် ဒီအံ့မခန်းဖွယ်နည်းကို စမ်းသုံးကြည့်သင့်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို သေချာဆေးပြီး ရေတွေ ခါချပေးပါ။ အဲဒီဟင်းသီးဟင်းရွက်တွေကို အလုံပိတ်လို့ရတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ပါ။

အိတ်ထဲမှာ တစ်ရှုးနှစ်ခု ထည့်ထား၊ ပိတ်ပစ်ပြီး သိမ်းထားပါ။ ရက်အနည်းကြာတစ်ခါ စစ်ဆေးပြီး တစ်ရှုးတွေအသစ် လဲလှယ်ပေးပါတယ်။

ဒီနည်းက အကျိုးသက်ရောက်မှုကတော့ တစ်ရှုးထည့်ထားခြင်းအားဖြင့် ဟင်းသီးဟင်းရွက်ကို နွမ်းသွားတာ အရောင်ပြောင်းသွားတာတွေ မရှိတော့ပဲ တစ်ရှုးတွေက အစိုဓာတ်ကို စုပ်ယူပေးပါတယ်။

နံံနံပင်လေးတွေ တစ်လ အောက်ခံအောင်ဒီလိုလုပ်ပါ။ ဗမာဟင်းတွေကလည်းဘာလေးချက်ချက် နံံနံပင်လေးအုပ်ရမှ..ခပ်ရမှ…အသုတ်ထဲလည်းနံနံပင်…

အပြုတ်ထဲလည်းနံနံပင်ဆိုသလို..သိမ်းကြပါတယ်အမျိုးမျိုး…အထိုက်အလျောက်ခံပါတယ်။

ဒီတိုင်းသတင်းစာနဲ့အခြောက်ပတ်သိမ်းတာကတော့ ရိမသွားပေမဲ့ကြာရင်ဝါသွားခြောက်သွားတတ်တယ်။ အဝတ်ရေညှစ်ပတ်သိမ်းရင်လည်းကြာကြာမရဘူး…

စိမ်းနေပေမဲ့ရိလိုက်လာတတ်တယ်.။ မမျှော်လင့်ဘဲတွေ့တဲ့နည်းကတစ်လလောက်ထိ မရိမပုပ်..မဝါမခြောက်ဘဲခံလို့ အိမ်ရှင်မတို့ကိုဝမ်းသာအားရပြောပြမှာ…

နံနံံံပင်လတ်လတ်ဝယ်လာပြီဆိုရေမဆွတ်တော့ဘဲပလတ်စတစ်အိတ်မှာ လေလုံအောင်ကျစ်ကျစ်ထုပ်ပါ…သေချာအောင်သရေပင်ချည်လိုက်နော်ပီးမှ

.ရေစိုကိုညှစ်ထားတဲ့အဝတ်နဲ့ပြန်ပတ်.သူ့လည်းကျစ်ကျစ်ပတ် ..နောက်တခါပလတ်စတစ်အိတ်ထဲပြန်ထည့်ပတ်..လေထုတ်ပြီးကျစ်ကျစ်စည်းရိုးရိုးအခန်းအပူချိန်မှာထား…စားပေရော့စိမ်းစိမ်းနပေရော့တစ်လ

Crd

Zawgyi

အရာရာေဈးႀကီးေနတဲ့ကာလႀကီးမွာအသီးအ႐ြက္ေတြဝယ္ထားၿပီးလႊင့္မျပစ္ရေလေအာင္ထိန္းသိမ္းနည္း

ေဒၚလာေဈးကတက္ ေ႐ႊေဈးကတက္ဆိုေတာ့ကုန္ေဈးႏႈန္းေတြကလည္းမိုးေပၚေရာက္နတဲ့အခ်ိန္မွာအိမ္ရွင္မေတြအတြက္ မီးဖိုေခ်ာင္ထိန္းသိမ္းႏိုင္တဲ့

နည္းလမ္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ေဈးသက္သာလို႔ပဲ ျဖစ္ျဖစ္ လမ္းႀကဳံလို႔ပဲ ျဖစ္ျဖစ္ အသီးအ႐ြက္ေတြကို အမ်ားႀကီး ဝယ္ယူၿပီးေနာက္ အသီးအ႐ြက္ကို တစ္လခံေအာင္ ဒီလိုလုပ္ထားလို႔ ရပါတယ္။

ဟင္း သီးဟင္း႐ြက္ေတြ အခ်ိန္ၾကာၾကာ သန႔္ရွင္းလတ္ဆတ္ေအာင္ ထားရမွာ အခက္ေတြ႕ေနပါသလား။ ဒါမွမဟုတ္ ၾကာၾကာအထားမခံလို႔ အၿမဲတမ္း စိတ္ပ်က္ေနရပါသလား။

ဒီအခ်က္က ဆလတ္႐ြက္၊ တ႐ုတ္နံနံႀကီး၊အျခားဟင္းသီးဟင္း႐ြက္စတာေတြနဲ႔ ပတ္သက္လာရင္ အထူးလူသိမ်ားပါတယ္။ ဒါေၾကာင့္ ဟင္းသီးဟင္း႐ြက္ေတြ ပိုမိုတာရွည္ခံေအာင္ ဒီအံ့မခန္းဖြယ္နည္းကို စမ္းသုံးၾကည့္သင့္ပါတယ္။

ဟင္းသီးဟင္း႐ြက္ေတြကို ေသခ်ာေဆးၿပီး ေရေတြ ခါခ်ေပးပါ။ အဲဒီဟင္းသီးဟင္း႐ြက္ေတြကို အလုံပိတ္လို႔ရတဲ့ ပလတ္စတစ္အိတ္နဲ႔ ထည့္ပါ။

အိတ္ထဲမွာ တစ္ရႈးႏွစ္ခု ထည့္ထား၊ ပိတ္ပစ္ၿပီး သိမ္းထားပါ။ ရက္အနည္းၾကာတစ္ခါ စစ္ေဆးၿပီး တစ္ရႈးေတြအသစ္ လဲလွယ္ေပးပါတယ္။

ဒီနည္းက အက်ိဳးသက္ေရာက္မႈကေတာ့ တစ္ရႈးထည့္ထားျခင္းအားျဖင့္ ဟင္းသီးဟင္း႐ြက္ကို ႏြမ္းသြားတာ အေရာင္ေျပာင္းသြားတာေတြ မရွိေတာ့ပဲ တစ္ရႈးေတြက အစိုဓာတ္ကို စုပ္ယူေပးပါတယ္။

နံံနံပင္ေလးေတြ တစ္လ ေအာက္ခံေအာင္ဒီလိုလုပ္ပါ။ ဗမာဟင္းေတြကလည္းဘာေလးခ်က္ခ်က္ နံံနံပင္ေလးအုပ္ရမွ..ခပ္ရမွ…အသုတ္ထဲလည္းနံနံပင္…

အျပဳတ္ထဲလည္းနံနံပင္ဆိုသလို..သိမ္းၾကပါတယ္အမ်ိဳးမ်ိဳး…အထိုက္အေလ်ာက္ခံပါတယ္။

ဒီတိုင္းသတင္းစာနဲ႔အေျခာက္ပတ္သိမ္းတာကေတာ့ ရိမသြားေပမဲ့ၾကာရင္ဝါသြားေျခာက္သြားတတ္တယ္။ အဝတ္ေရညႇစ္ပတ္သိမ္းရင္လည္းၾကာၾကာမရဘူး…

စိမ္းေနေပမဲ့ရိလိုက္လာတတ္တယ္.။ မေမွ်ာ္လင့္ဘဲေတြ႕တဲ့နည္းကတစ္လေလာက္ထိ မရိမပုပ္..မဝါမေျခာက္ဘဲခံလို႔ အိမ္ရွင္မတို႔ကိုဝမ္းသာအားရေျပာျပမွာ…

နံနံံံပင္လတ္လတ္ဝယ္လာၿပီဆိုေရမဆြတ္ေတာ့ဘဲပလတ္စတစ္အိတ္မွာ ေလလုံေအာင္က်စ္က်စ္ထုပ္ပါ…ေသခ်ာေအာင္သေရပင္ခ်ည္လိုက္ေနာ္ပီးမွ

.ေရစိုကိုညႇစ္ထားတဲ့အဝတ္နဲ႔ျပန္ပတ္.သူ႔လည္းက်စ္က်စ္ပတ္ ..ေနာက္တခါပလတ္စတစ္အိတ္ထဲျပန္ထည့္ပတ္..ေလထုတ္ၿပီးက်စ္က်စ္စည္း႐ိုး႐ိုးအခန္းအပူခ်ိန္မွာထား…စားေပေရာ့စိမ္းစိမ္းနေပေရာ့တစ္လ

Crd