ေက်ာင္းဒကာမအလႉ႔ဒကာမႀကီး ျဖစ္ခဲ့တဲ့ဆင္မႀကီးမေငြစိန္အေၾကာင္း

Unicode

အလှူ့အမ ကျောင်းအမကြီးမငွေစိန် (သို့မဟုတ်) ဆင်မကြီး မငွေစိန်

တစ်ကယ်တော့ မငွေစိန်ဆိုတာ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဆင်မကြီး ရဲ့ နာမည်ပါ။ မငွေစိန်ရဲ့ ဇာတ်လမ်း က ဒီလိုပါ။ ဟိုရှေး က မုံရွာမြို့ မြောက်ဘက်

၂၉-မိုင်ခန့် အကွာ ရှေး အခေါ် အလုံမြို့နယ် ထဲက (ဝက်ရဲရွာ) ရှိလယ်ယာ လုပ်ခင်းတွေ ကို တောဆင်ရိုင်းတို့ မကြာခဏ ဝင်ရောက်ဖျက်ဆီးတတ်ပါတယ်။

ရွာသားတို့ကလည်း မကြာခဏပင်နည်းမျိုးစုံသုံး ကာ မောင်းထုတ် ကြရပါတယ်။တစ်ခါမှာတော့ မပြေးနိုင်တော့တဲ့ ဆင်မငယ်လေး တစ်ကောင် မ်းဆီးရရှိရာ ရွာဘုန်းကြီး ကျောင်းမှာ ပို့လှူ ကြပါတယ်။

၁၂၄၈-ခုနှစ်လောက် ကပါ။ ရွာဘုန်းတော်ကြီး ဦးဃောသ က ကောင်းစွာလက်ခံ ကျွေးမွေး စောင့်ရှောက်လို့ဆင်ယဉ်လေးတစ်ကောင် ဖြစ်လာပါတယ်။

သူ့ကို (ငွေစိန်)လို့နာမည်ပေးပါတယ်။ဆင်မလေး ငွေစိန်ဟာဘုန်းတော်ကြီးကိုချစ်ခင်အားကိုးလှလို့ဘုန်းတော်ကြီး ကြွလေရာနောက် တကောက်ကောက်လိုက်ပါတယ်။

သာမှုနာမှု ကိစ္စ နဲ့ တစ်ခြားရွာများကြွရင်လည်း မျက်ခြေပြတ် မခံ လိုက်ပါတယ်။ဘုန်းကြီးကျောင်းသားလေးများ ဘုန်းကြီး ကို နှိပ်နယ် ပြုစုပုံ ကို အတုယူ ကာ

သူ့လက် ကိုကွေးပြီး တံတောင်ဆစ်နဲ့ ထောက်ကာ ထောက်ကာနှိပ်နယ် ပေးတတ်ပါတယ်။

လူစကား ကို တော်တော် နားလည်ပါတယ်။ ဆင်မလေး တော်တော်ကြီးလာတဲ့ အခါ သူ့ကို ကျွေးမွေး စောင့်ရှောက်ရတဲ့ တာဝန်ကြီးလာလို့ တောထဲ အကြိမ်ကြိမ် ပြန်လွှတ်ပေမယ့် ကျောင်းကိုသာ ပြန်လာနေပါတယ်။

နောက်တော့ ဘုန်းကြီးက ငွေစိန်..နင်က ဆင်မ ဖြစ်တယ်။ ငါ့ကျောင်းနေလို့ မထိုက်တန်ဘူး။ ဒါ့ကြောင့် တောထဲသွားပြီး ဆင် အပေါင်းအဖေါ်တွေနဲ့ သာနေပေတော့

လို့ အမိန့်ရှိတဲ့ အခါ ငွေစိန်ဟာမျက်ရည်တွေတွေကျကာမလှမ်းချင်လှမ်းချင်နဲ့ တောထဲဝင်သွားတယ်လို့ဆိုပါတယ်။

တစ်မိုးကုန်တော့ ငွေစိန်ဟာသူ့ အဖေါ်ဆင်ထီးလေးတစ်ကောင်နဲ့အတူကျောင်းရောက်လာပါတယ်။ ဘုန်းတော်ကြီး ကို လှူဖို့ ငှက်ပျော တစ်ခိုင်ပင် ပါလာပါသေးတယ်။

ဆင်ထီးလေး က ကျောင်းထဲ မဝင်ရဲပေမယ့် ငွေစိန် ကတော့ အလွန်ပျော်ရွှင်စွာ ဘုန်းတော်ကြီးဆီ အရင်ကလိုပဲ ရင်းရင်းနှီးနှီး ဝင်ရောက် လာပါတယ်။ဘုန်းတော်ကြီး က လူတို့ရဲ့ လယ်ယာလုပ်ကွက်တွေ ကို မဖျက်ဆီးဖို့၊

ဘေးရန်ကင်းစေရန် တောနက်ထဲမှာသာနေဖို့ ဆုံးမစကား ပြောကြားတာ ကို သေသေချာချာ နားထောင်ပါတယ်။ နောက်မှ ဆင်ထီးလေးနဲ့ အတူ တောအုပ်ဆီ ပြန်သွားတာ ကျောင်းသား၊ ကိုရင်လေးများနဲ့ ဒကာများ တွေ့မြင်လိုက်ရ ပါတယ်။

တောမှာမပျော်တဲ့ ငွေစိန်ဟာ မကြာမီ ကျောင်း ကိုပြန်ရောက်လာပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ဘုန်းတော်ကြီးရဲ့ အစီအစဉ် နဲ့ သခွတ်တနယ်ရွာ ရွာသူကြီး

ဦမင်းကောင်း ထံ အပ်နှံ ပါတယ်။(ဦးမင်းကောင်းဆိုတာ မြန်မာ့ အသံ ကနီ ဦးလူညွန့် ရဲ့ ဖခင်ပါ။

ကျနော်တို့ ငယ်စဉ်က ကနီ ဦးလူညွန့် ရဲ့ မှတ်သားဖွယ် အသံလွှင့်ချက်တွေ မကြာမကြာ နားဆင်ခဲ့ ရပါတယ်)။ ဦးမင်းကောင်းလည်း အချိန်ကြာကြာ ကျွေးမွေးပါတယ်။

ကြာလာတဲ့ အခါ ဝန်လေးလာလို့ တောထဲ ပြန်လွှတ်ပါတယ်။ ငွေစိန်ဟာ တောထဲ က ပြန်ထွက်လာပြီး ရွာနီးဝန်းကျင်မှာ လွတ်လွတ် လပ်လပ် လှည့်လည်ကာနေပါတော့တယ်။

လူတို့ကျွေးသမျှစားပါတယ်။ လူများ ကို ရန်မရှာပါဘူး။ နောက်တော့ ဦးမင်းကောင်း က ငွေစိန် ကို ပြန်သိမ်းကာ ဆင်ဦးစီးတစ်ယောက်ထံ အပ်ပါတယ်။ ဆင်ခ ရရင် မင်းသုံးစွဲပါ။ ဆင်ကိုလည်းကျွေးပါ။

လို့အမှာစကားထားပါတယ်။အကင်းပါးတဲ့ ဆင်ဦးစီးဟာ လိမ္မာလှတဲ့ ငွေစိန်နဲ့ အတူ ရွှေဘို၊ မုံရွာနယ်တစ်ခွင် အနှံ့လှည့်လည်ကာ အလှူပွဲများ က ဖိတ်ကြားသမျှ အငှားလိုက်နေပါတော့တယ်။

ငွေစိန်တု့ိ ဝင်ငွေကောင်းလာပါတယ်။ နောက်တော့ စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်နယ် အထိနယ်ကျယ်လာပါတော့တယ်။

အလှူပွဲများမှာ ရှင်လောင်းလှည့်ရမည်ဆိုရင် ငွေစိန် အလွန်ပျော်ပါတယ်။ (နိုင်ငံကျော် ဓမ္မကထိက ဆရာ ဦးလှသိန်း ရှင်ပြုစဉ် က ငွေစိန် ကို ငှား ကာ ရှင်လောင်းလှည့် ခဲ့တယ်လို့ သူ့အတ္ထုပ္ပတ္တိ မှာပါပါတယ်။)

ဘုန်းကြီးပျံ ပွဲ များ ကိုတော့ငွေစိန်မလိုက်လိုပါဘူး၊ အလွန်ငြင်းဆန်ပါတယ်။ငွေစိန်တို့ ကျောက်ဆည်နယ်ရောက်နေစဉ် ဦးမင်းကောင်း က ဆင်ဦးစီးနဲ့ တကွ ငွေစိန် ကို ပြန်ကောက်ကာမန္တလေးမာရ်အောင်ကျောင်းဆရာတော်ထံ အပ်ပါတယ်။

မန္တလေးမှာ ငွေစိန်တို့ ပိုစန်းပွင့် ကာ ဝင်ငွေလည်း ပိုကောင်းလာပါတယ်။ မာရ်အောင်ကျောင်းမှာနေစဉ် ပန်ကာ၊ မီးသီးများ ကို မငွေစိန် နာမည်နဲ့ လှူဒါန်းပါတယ်။

ဒါ့အပြင်၁၃၀၂-ခုနှစ်က ဆင်းရဲနွမ်းပါးသူ မိဘများ ရဲ့ သားတို့ ကို ရှင်ပြုပေးလို့ (အလှူ့အမ မငွေစိန် )လို့ အမည် ရလာပါတယ်။ အဲဒီအလှူ မှာ အလွန်ပျော်ရွှင်နေတဲ့မငွေစိန် ကိုတွေ့မြင်ကြရပါတယ်။

မုံရွာခရိုင် ကနီမြို့မှာနေစဉ် ကလည်း သူရတဲ့ အခကြေးငွေနဲ့ ဘုတလင်မြို့နယ် သခွတ်တနယ်ရွာ အလယ်တန်းကျောင်း နဲ့ အိမ်ခြေ ၁၅၀-လောက်ရှိတဲ့ ဝင်မနားရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်းဆောက်လုပ်လှူဒါန်းပါတယ်။

တစ်ခါ သခွတ်တနယ်ရွာ ရှိ ကျောင်းကြီးကျောင်း အမည်ရှိ တဲ့ ကျောင်း ကိုလည်း ဆောက်လုပ်လှူဒါန်းပြန်ပါတယ်။ ဒါ့ကြောင့် (ကျောင်း အမကြီး မငွေစိန်) လို့ နာမည်ရပြန်ပါတယ်။ (ဦးမင်းကောင်း ကဦးစီးကာ ဆောက်လုပ်ပါတယ်) ။

တစ်ခါ ဝက်ရဲရွာ ရှိ ရှေးဟောင်းစေတီကြီးတစ်ဆူ ကို လည်း သူ့လုပ်အားခနဲ့ ပြုပြင်ပြန်လို့ (ဘုရားအမကြီး မငွေစိန်) လို့ အမည်တွင်ပြန်ပါတယ်။ဒါ့အပြင် ရုပ်ရှင် ဒါရိုက်တာ ရဲ့အလို ကျ ပီပီပြင်ပြင် လုပ်ဆောင်တတ်လို့

အေဝမ်းရုပ်ရှင် က ရိုက်ကူးတဲ့ အေဝမ်းညွန့်မောင်၊မေမြင့် တို့နဲ့ အတူ မြိင်ယံဘွား ဇာတ်ကားမှာ ပါဝင်ခဲ့ရလို့ မငွေစိန် ကို (ရုပ်ရှင်ဇာတ်လိုက် မငွေစိန် ) လို့လည်းခေါ်ပြန်ပါသေးတယ်

တက္ကသိုလ်ကျောင်းသားဘဝက ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) သည် ကိုသိန်းဖေ(သိန်းဖေမြင့်) ရှိရာ ဘုတလင်မြို့သို့ အလည်လာခိုက် ဆင်မလေး မငွေစိန်ကျောပေါ်မှ ဓာတ်ပုံရိုက်ခဲ့ဖူးပါတယ်။

ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ မငွေစိန် ဘေးမသီရန်မခဘဲ ဦးမင်းကောင်း ဆီပြန်ရောက်သွားပါတယ်။ သူ့ကို အငြိမ်းစားပေးကာ ကျွေးမွေးထားပါတယ်။ အေးချမ်းစွာ နေထိုင်ကြရင်း အသက် အရွယ်ကြီးရင့်လာတဲ့ ဦးမင်းကောင်း ၁၃၂၄-ခုနှစ်မှာ ကွယ်လွန်ပါတယ်။ မငွေစိန် မျက်ရည်တွေတွေကျကာ ငိုပါတယ်။

အဲဒီနေ့ကစလို့ မငွေစိန် အစား သိပ်မစားတော့ပါဘူး။ ဦး မင်းကောင်း ကွယ်လွန်တဲ့ တစ်လတိတိ ပြည့်တဲ့နေ့မှာ သခွတ်တနယ်ရွာရှိ သူ့ကိုထားတဲ့

ဆင်တင်းကုတ်မှာ ညင်သာစွာသေဆုံးသွားပါတယ်။ မငွေစိန်သေဆုံးချိန်မှာ သူ့ အသက် ၇၅-နှစ်လောက်ရှိပါပြီ။

အဘိဓမ္မာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအရ (ကုသိုလ်ကောင်းမှု ပြုခွင့် များစွာ မရတဲ့ဘုံ ) ကို အပါယ် ၄-ဘုံ လို့ခေါ်ပါတယ်။ မငွေစိန်ဟာ အပါယ် ၄-ဘုံဖြစ်တဲ့ တိရစ္ဆာန်ဘုံ မှာ ဖြစ်ရပေမယ့

ထူးထူးခြားခြား ကုသိုလ် ကောင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ အလွန်ရှားပါးလှတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒါ့ကြောင့် တိရစ္ဆာန်တို့ ကို ခိုင်းစေကာ အသက် မွေးဝမ်းကြောင်းပြုကြသူတို့ မငွေစိန် ရဲ့ ဘဝ၊ မငွေစိန်ရဲ့ ဒါန ကိုသိရှိ နားလည်သင့်ပါတယ်။

တိရစ္ဆာန်တို့ ကို ကျွေးမွေးရုံ သက်သက်သာ မက၊ သူတို့ ရဲ့ လုပ်အားခ အဖို့အစုကို စုဆောင်းကာ (တိရစ္ဆာန်ဘဝက လွတ်မြောက်စေခြင်းငှာ) သူတို့ ကိုယ်စား ဒါန ကုသိုလ်

အစုစု ပြုလုပ်ပေးသင့်လှပါတယ်။ဒါဟာအကူအညီမဲ့နေတဲ့သနားစရာတိရစ္ဆာန်များ အပေါ် မေတ္တာ၊ကရုဏာထား ကူညီရာရောက်လှ ပါတော့တယ်

ကိုးကား။

၁။ဘုရားအမကြီး မငွေစိန်၊တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ၊ဓမ္မဗျူဟာစာစောင်၊အတွဲ(၂၀) အမှတ်(၁၂)။

၂။သံသရာဝဋ်ကိုလွတ်အောင်ရုန်းကြစို့ရဲ့၊တောင်တန်းသာသနာပြုဆရာတော် အရှင်ဦးဥတ္တမသာရ၊စတုတ္ထအကြိမ်၊ဦးသိန်းရွှေအောင်(ရွှေလဝင်းစာပေ)စုဆောင်းပူဇော်သည်၊စာ-၁၂၅-၁၅၀။

၃။ မြန်မာ့သာသနာမော်ကွန်းတင် ဓမ္မဒူတ တတိယတွဲ၊ရုပ်ရှင်ဇာတ်လိုက် ကျောင်းအမကြီးမငွေစိန်၊ဓမ္မာစရိယ ဦးဌေးလှိုင်၊စာ-၃၄-၅၉။

၄။ အငြင်းပွား အမှတ်လွဲ လူသိနည်းမြန်မာ့ဖြစ်ရပ်(၁၀၀)၊မောင်ကြည်သန့်၊ စာ-၁၅၂-၁၅၃။

ရေးသားသူ ဦးမင်းဆွေ အားလေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ။ ရှေးခေတ်မြန်မာပုံရိပ်များမှ ပြန်လည်မျှဝေပါသည်။ (Sai Min Thant)

Zawgyi

အလႉ႔အမ ေက်ာင္းအမႀကီးမေငြစိန္ (သို႔မဟုတ္)ဆင္မႀကီး မေငြစိန္

တစ္ကယ္ေတာ့ မေငြစိန္ဆိုတာတစ္ေခတ္တစ္ခ်ိန္က နာမည္ေက်ာ္ခဲ့တဲ့ ဆင္မႀကီး ရဲ႕ နာမည္ပါ။ မေငြစိန္ရဲ႕ ဇာတ္လမ္း က ဒီလိုပါ။ ဟိုေရွး က မုံ႐ြာၿမိဳ႕ ေျမာက္ဘက္

၂၉-မိုင္ခန႔္ အကြာ ေရွး အေခၚအလုံၿမိဳ႕နယ္ ထဲက (ဝက္ရဲ႐ြာ) ရွိလယ္ယာ လုပ္ခင္းေတြ ကို ေတာဆင္႐ိုင္းတို႔ မၾကာခဏ ဝင္ေရာက္ဖ်က္ဆီးတတ္ပါတယ္။

႐ြာသားတို႔ကလည္း မၾကာခဏပင္နည္းမ်ိဳးစုံသုံး ကာ ေမာင္းထုတ္ ၾကရပါတယ္။တစ္ခါမွာေတာ့ မေျပးႏိုင္ေတာ့တဲ့ ဆင္မငယ္ေလး တစ္ေကာင္ မ္းဆီးရရွိရာ ႐ြာဘုန္းႀကီး ေက်ာင္းမွာ ပို႔လႉ ၾကပါတယ္။

၁၂၄၈-ခုႏွစ္ေလာက္ ကပါ။ ႐ြာဘုန္းေတာ္ႀကီး ဦးေဃာသ က ေကာင္းစြာလက္ခံ ေကြၽးေမြး ေစာင့္ေရွာက္လို႔ဆင္ယဥ္ေလးတစ္ေကာင္ ျဖစ္လာပါတယ္။

သူ႔ကို (ေငြစိန္)လို႔နာမည္ေပးပါတယ္။ဆင္မေလး ေငြစိန္ဟာဘုန္းေတာ္ႀကီးကိုခ်စ္ခင္အားကိုးလွလို႔ဘုန္းေတာ္ႀကီး ႂကြေလရာေနာက္ တေကာက္ေကာက္လိုက္ပါတယ္။

သာမႈနာမႈ ကိစၥ နဲ႔ တစ္ျခား႐ြာမ်ားႂကြရင္လည္း မ်က္ေျချပတ္ မခံ လိုက္ပါတယ္။ဘုန္းႀကီးေက်ာင္းသားေလးမ်ား ဘုန္းႀကီး ကို ႏွိပ္နယ္ ျပဳစုပုံ ကို အတုယူ ကာ

သူ႔လက္ ကိုေကြးၿပီး တံေတာင္ဆစ္နဲ႔ ေထာက္ကာ ေထာက္ကာႏွိပ္နယ္ ေပးတတ္ပါတယ္။

လူစကား ကို ေတာ္ေတာ္ နားလည္ပါတယ္။ ဆင္မေလး ေတာ္ေတာ္ႀကီးလာတဲ့ အခါ သူ႔ကို ေကြၽးေမြး ေစာင့္ေရွာက္ရတဲ့ တာဝန္ႀကီးလာလို႔ ေတာထဲ အႀကိမ္ႀကိမ္ ျပန္လႊတ္ေပမယ့္ ေက်ာင္းကိုသာ ျပန္လာေနပါတယ္။

ေနာက္ေတာ့ ဘုန္းႀကီးက ေငြစိန္..နင္က ဆင္မ ျဖစ္တယ္။ ငါ့ေက်ာင္းေနလို႔ မထိုက္တန္ဘူး။ ဒါ့ေၾကာင့္ ေတာထဲသြားၿပီး ဆင္ အေပါင္းအေဖၚေတြနဲ႔ သာေနေပေတာ့

လို႔ အမိန႔္ရွိတဲ့ အခါ ေငြစိန္ဟာမ်က္ရည္ေတြေတြက်ကာမလွမ္းခ်င္လွမ္းခ်င္နဲ႔ ေတာထဲဝင္သြားတယ္လို႔ဆိုပါတယ္။

တစ္မိုးကုန္ေတာ့ ေငြစိန္ဟာသူ႔ အေဖၚဆင္ထီးေလးတစ္ေကာင္နဲ႔အတူေက်ာင္းေရာက္လာပါတယ္။ ဘုန္းေတာ္ႀကီး ကို လႉဖို႔ ငွက္ေပ်ာ တစ္ခိုင္ပင္ ပါလာပါေသးတယ္။

ဆင္ထီးေလး က ေက်ာင္းထဲ မဝင္ရဲေပမယ့္ ေငြစိန္ ကေတာ့ အလြန္ေပ်ာ္႐ႊင္စြာ ဘုန္းေတာ္ႀကီးဆီ အရင္ကလိုပဲ ရင္းရင္းႏွီးႏွီး ဝင္ေရာက္ လာပါတယ္။ဘုန္းေတာ္ႀကီး က လူတို႔ရဲ႕ လယ္ယာလုပ္ကြက္ေတြ ကို မဖ်က္ဆီးဖို႔၊

ေဘးရန္ကင္းေစရန္ ေတာနက္ထဲမွာသာေနဖို႔ ဆုံးမစကား ေျပာၾကားတာ ကို ေသေသခ်ာခ်ာ နားေထာင္ပါတယ္။ ေနာက္မွ ဆင္ထီးေလးနဲ႔ အတူ ေတာအုပ္ဆီ ျပန္သြားတာ ေက်ာင္းသား၊ ကိုရင္ေလးမ်ားနဲ႔ ဒကာမ်ား ေတြ႕ျမင္လိုက္ရ ပါတယ္။

ေတာမွာမေပ်ာ္တဲ့ ေငြစိန္ဟာ မၾကာမီ ေက်ာင္း ကိုျပန္ေရာက္လာျပန္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဘုန္းေတာ္ႀကီးရဲ႕ အစီအစဥ္ နဲ႔ သခြတ္တနယ္႐ြာ ႐ြာသူႀကီး

ဦမင္းေကာင္း ထံ အပ္ႏွံ ပါတယ္။(ဦးမင္းေကာင္းဆိုတာ ျမန္မာ့ အသံ ကနီ ဦးလူၫြန႔္ ရဲ႕ ဖခင္ပါ။

က်ေနာ္တို႔ ငယ္စဥ္က ကနီ ဦးလူၫြန႔္ ရဲ႕ မွတ္သားဖြယ္ အသံလႊင့္ခ်က္ေတြ မၾကာမၾကာ နားဆင္ခဲ့ ရပါတယ္)။ ဦးမင္းေကာင္းလည္း အခ်ိန္ၾကာၾကာ ေကြၽးေမြးပါတယ္။

ၾကာလာတဲ့ အခါ ဝန္ေလးလာလို႔ ေတာထဲ ျပန္လႊတ္ပါတယ္။ ေငြစိန္ဟာ ေတာထဲ က ျပန္ထြက္လာၿပီး ႐ြာနီးဝန္းက်င္မွာ လြတ္လြတ္ လပ္လပ္ လွည့္လည္ကာေနပါေတာ့တယ္။

လူတို႔ေကြၽးသမွ်စားပါတယ္။ လူမ်ား ကို ရန္မရွာပါဘူး။ ေနာက္ေတာ့ ဦးမင္းေကာင္း က ေငြစိန္ ကို ျပန္သိမ္းကာ ဆင္ဦးစီးတစ္ေယာက္ထံ အပ္ပါတယ္။ ဆင္ခ ရရင္ မင္းသုံးစြဲပါ။ ဆင္ကိုလည္းေကြၽးပါ။

လို႔အမွာစကားထားပါတယ္။အကင္းပါးတဲ့ ဆင္ဦးစီးဟာ လိမၼာလွတဲ့ ေငြစိန္နဲ႔ အတူ ေ႐ႊဘို၊ မုံ႐ြာနယ္တစ္ခြင္ အႏွံ႔လွည့္လည္ကာ အလႉပြဲမ်ား က ဖိတ္ၾကားသမွ် အငွားလိုက္ေနပါေတာ့တယ္။

ေငြစိန္တု႔ိ ဝင္ေငြေကာင္းလာပါတယ္။ ေနာက္ေတာ့ စစ္ကိုင္း၊ မႏၲေလး၊ ေက်ာက္ဆည္နယ္ အထိနယ္က်ယ္လာပါေတာ့တယ္။

အလႉပြဲမ်ားမွာ ရွင္ေလာင္းလွည့္ရမည္ဆိုရင္ ေငြစိန္ အလြန္ေပ်ာ္ပါတယ္။ (ႏိုင္ငံေက်ာ္ ဓမၼကထိက ဆရာ ဦးလွသိန္း ရွင္ျပဳစဥ္ က ေငြစိန္ ကို ငွား ကာ ရွင္ေလာင္းလွည့္ ခဲ့တယ္လို႔ သူ႔အတၳဳပၸတၱိ မွာပါပါတယ္။)

ဘုန္းႀကီးပ်ံ ပြဲ မ်ား ကိုေတာ့ေငြစိန္မလိုက္လိုပါဘူး၊ အလြန္ျငင္းဆန္ပါတယ္။ေငြစိန္တို႔ ေက်ာက္ဆည္နယ္ေရာက္ေနစဥ္ ဦးမင္းေကာင္း က ဆင္ဦးစီးနဲ႔ တကြ ေငြစိန္ ကို ျပန္ေကာက္ကာမႏၲေလးမာရ္ေအာင္ေက်ာင္းဆရာေတာ္ထံ အပ္ပါတယ္။

မႏၲေလးမွာ ေငြစိန္တို႔ ပိုစန္းပြင့္ ကာ ဝင္ေငြလည္း ပိုေကာင္းလာပါတယ္။ မာရ္ေအာင္ေက်ာင္းမွာေနစဥ္ ပန္ကာ၊ မီးသီးမ်ား ကို မေငြစိန္ နာမည္နဲ႔ လႉဒါန္းပါတယ္။

ဒါ့အျပင္၁၃၀၂-ခုႏွစ္က ဆင္းရဲႏြမ္းပါးသူ မိဘမ်ား ရဲ႕ သားတို႔ ကို ရွင္ျပဳေပးလို႔ (အလႉ႔အမ မေငြစိန္ )လို႔ အမည္ ရလာပါတယ္။ အဲဒီအလႉ မွာ အလြန္ေပ်ာ္႐ႊင္ေနတဲ့မေငြစိန္ ကိုေတြ႕ျမင္ၾကရပါတယ္။

မုံ႐ြာခ႐ိုင္ ကနီၿမိဳ႕မွာေနစဥ္ ကလည္း သူရတဲ့ အခေၾကးေငြနဲ႔ ဘုတလင္ၿမိဳ႕နယ္ သခြတ္တနယ္႐ြာ အလယ္တန္းေက်ာင္း နဲ႔ အိမ္ေျခ ၁၅၀-ေလာက္ရွိတဲ့ ဝင္မနား႐ြာမွ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းေဆာက္လုပ္လႉဒါန္းပါတယ္။

တစ္ခါ သခြတ္တနယ္႐ြာ ရွိ ေက်ာင္းႀကီးေက်ာင္း အမည္ရွိ တဲ့ ေက်ာင္း ကိုလည္း ေဆာက္လုပ္လႉဒါန္းျပန္ပါတယ္။ ဒါ့ေၾကာင့္ (ေက်ာင္း အမႀကီး မေငြစိန္) လို႔ နာမည္ရျပန္ပါတယ္။ (ဦးမင္းေကာင္း ကဦးစီးကာ ေဆာက္လုပ္ပါတယ္) ။

တစ္ခါ ဝက္ရဲ႐ြာ ရွိ ေရွးေဟာင္းေစတီႀကီးတစ္ဆူကိုလည္းသူ႔လုပ္အားခနဲ႔ ျပဳျပင္ျပန္လို႔ (ဘုရားအမႀကီး မေငြစိန္) လို႔ အမည္တြင္ျပန္ပါတယ္။ဒါ့အျပင္ ႐ုပ္ရွင္ ဒါ႐ိုက္တာ ရဲ႕အလို က် ပီပီျပင္ျပင္ လုပ္ေဆာင္တတ္လို႔

ေအဝမ္း႐ုပ္ရွင္ က ႐ိုက္ကူးတဲ့ ေအဝမ္းၫြန႔္ေမာင္၊ေမျမင့္တို႔နဲ႔အတူ ၿမိင္ယံဘြားဇာတ္ကားမွာပါဝင္ခဲ့ရလို႔ မေငြစိန္ကို (႐ုပ္ရွင္ဇာတ္လိုက္ မေငြစိန္ ) လို႔လည္းေခၚျပန္ပါေသးတယ္

တကၠသိုလ္ေက်ာင္းသားဘဝက ကိုေအာင္ဆန္း(ဗိုလ္ခ်ဳပ္ေအာင္ဆန္း)သည္ကိုသိန္းေဖ(သိန္းေဖျမင့္)ရွိရာဘုတလင္ၿမိဳသို႔အလည္လာခိုက္ဆင္မေလး မေငြစိန္ေက်ာေပၚမွဓာတ္ပုံ႐ိုက္ခဲ့ဖူးပါတယ္။

ဒုတိယ ကမာၻစစ္ျဖစ္ေတာ့ မေငြစိန္ ေဘးမသီရန္မခဘဲ ဦးမင္းေကာင္း ဆီျပန္ေရာက္သြားပါတယ္။သူ႔ကိုအၿငိမ္းစားေပးကာ ေကြၽးေမြးထားပါတယ္။ ေအးခ်မ္းစြာ ေနထိုင္ၾကရင္းအသက္ အ႐ြယ္ႀကီးရင့္လာတဲ့ ဦးမင္းေကာင္း ၁၃၂၄-ခုႏွစ္မွာ ကြယ္လြန္ပါတယ္။ မေငြစိန္ မ်က္ရည္ေတြေတြက်ကာ ငိုပါတယ္။

အဲဒီေန႔ကစလို႔ မေငြစိန္ အစား သိပ္မစားေတာ့ပါဘူး။ ဦး မင္းေကာင္းကြယ္လြန္တဲ့တစ္လတိတိ ျပည့္တဲ့ေန႔မွာသခြတ္တနယ္႐ြာရွိသူ႔ကိုထားတဲ့

ဆင္တင္းကုတ္မွာ ညင္သာစြာေသဆုံးသြားပါတယ္။ မေငြစိန္ေသဆုံးခ်ိန္မွာသူ႔အသက္ ၇၅-ႏွစ္ေလာက္ရွိပါၿပီ။

အဘိဓမၼာ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြအရ (ကုသိုလ္ေကာင္းမႈ ျပဳခြင့္မ်ားစြာ မရတဲ့ဘုံ )ကိုအပါယ္ ၄ဘုံလို႔ေခၚပါတယ္။ မေငြစိန္ဟာ အပါယ္ ၄-ဘုံျဖစ္တဲ့ တိရစာၦန္ဘုံ မွာ ျဖစ္ရေပမယ့

ထူးထူးျခားျခား ကုသိုလ္ ေကာင္းမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ျဖစ္ေတာင့္ျဖစ္ခဲ အလြန္ရွားပါးလွတဲ့ ျဖစ္ရပ္တစ္ခုပါ။ ဒါ့ေၾကာင့္ တိရစာၦန္တို႔ ကို ခိုင္းေစကာ အသက္ ေမြးဝမ္းေၾကာင္းျပဳၾကသူတို႔ မေငြစိန္ ရဲ႕ ဘဝ၊ မေငြစိန္ရဲ႕ ဒါန ကိုသိရွိ နားလည္သင့္ပါတယ္။

တိရစာၦန္တို႔ ကို ေကြၽးေမြး႐ုံ သက္သက္သာ မက၊ သူတို႔ ရဲ႕ လုပ္အားခ အဖို႔အစုကို စုေဆာင္းကာ (တိရစာၦန္ဘဝက လြတ္ေျမာက္ေစျခင္းငွာ) သူတို႔ ကိုယ္စား ဒါန ကုသိုလ္

အစုစု ျပဳလုပ္ေပးသင့္လွပါတယ္။ဒါဟာအကူအညီမဲ့ေနတဲ့သနားစရာတိရစာၦန္မ်ား အေပၚ ေမတၱာ၊က႐ုဏာထား ကူညီရာေရာက္လွ ပါေတာ့တယ္

ကိုးကား။

၁။ဘုရားအမႀကီး မေငြစိန္၊ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီးဦးဥတၱမသာရ၊ဓမၼဗ်ဴဟာစာေစာင္၊အတြဲ(၂၀) အမွတ္(၁၂)။

၂။သံသရာဝဋ္ကိုလြတ္ေအာင္႐ုန္းၾကစို႔ရဲ႕၊ေတာင္တန္းသာသနာျပဳဆရာေတာ္ အရွင္ဦးဥတၱမသာရ၊စတုတၳအႀကိမ္၊ဦးသိန္းေ႐ႊေအာင္(ေ႐ႊလဝင္းစာေပ)စုေဆာင္းပူေဇာ္သည္၊စာ-၁၂၅-၁၅၀။

၃။ ျမန္မာ့သာသနာေမာ္ကြန္းတင္ ဓမၼဒူတ တတိယတြဲ၊႐ုပ္ရွင္ဇာတ္လိုက္ ေက်ာင္းအမႀကီးမေငြစိန္၊ဓမၼာစရိယ ဦးေဌးလႈိင္၊စာ-၃၄-၅၉။

၄။ အျငင္းပြား အမွတ္လြဲ လူသိနည္းျမန္မာ့ျဖစ္ရပ္(၁၀၀)၊ေမာင္ၾကည္သန႔္၊ စာ-၁၅၂-၁၅၃။

ေရးသားသူ ဦးမင္းေဆြ အားေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ။ ေရွးေခတ္ျမန္မာပုံရိပ္မ်ားမွ ျပန္လည္မွ်ေဝပါသည္။ (Sai Min Thant)