စက္သုံးဆီေစ်း ေ႐ႊေစ်းအျပင္ ေရသန႔္ေစ်းႏႈန္းပါ ေစ်း၂ဆေက်ာ္ျမင့္တက္လာ

Unicode

ရွှေဈေး စက်သုံးဆီဈေးအပြင် ရေသန့်ဈေးနှုန်းပါ ဈေး ၂ ဆကျော်မြင့်တက်လာ

ရန်ကုန်မှာ မတ်လ ၈ ရက်နေ့မနေ့ကစပြီး Alpineရေသန့်ဗူး ၂၀ လီတာဗူးကြီးတစ်ဗူးကို ၁,၅၀၀ ကျပ်နဲ့ ဈေးနှုန်း၂ ဆကျော်တိုးမြှင့်ရောင်းချတော့မှာဖြစ်ကြောင်းကိုAlpine

ရေသန့်စက်ရုံကအသိပေးထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့ထိ Alpine ရေသန့်ဘူးကြီးတစ်ဘူးကို

၆၅၀ကျပ်နှုန်းနဲ့ရောင်းချနေပေမယ့်မနေ့ကစပြီး ၁,၅၀၀ ကျပ်အထိတိုးမြှင့်ရောင်းချနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလျှပ်စစ်မီးပြတ်တောက်မှုတွေနေ့တိုင်းဖြစ်နေတာကြောင့်

Alpineရေသန့်စက်ရုံအပါအဝင် စက်ရုံအများအပြားဟာ

မီးစက်နဲ့လည်ပတ်နေရကာစက်သုံးဆီဈေးနှုန်းတွေဟာလည်းအဆမတန်မြင့်တက်နေတာကြောင့်အခုလိုဈေးတက်ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ

ကိုယ်စားလှယ်တွေကAlpineရေသန့် ၂၀လီတာဘူးကြီးတစ်ဘူးကို၁,၈၀၀ကျပ်ကနေ ၂,၀၀၀ကျပ်အထိ ရောင်းချနေတာတွေရှိတယ်လို့လည်းထွက်ပေါ်လာတဲ့သတင်းတွေအရသိရပါတယ်။

Source:Mercury Media

Zawgyi

ေ႐ႊေစ်း စက္သုံးဆီေစ်းအျပင္ ေရသန႔္ေစ်းႏႈန္းပါ ေစ်း ၂ ဆေက်ာ္ျမင့္တက္လာ

ရန္ကုန္မွာ မတ္လ ၈ ရက္ေန႔မေန႔ကစၿပီး Alpineေရသန႔္ဗူး ၂၀ လီတာဗူးႀကီးတစ္ဗူးကို ၁,၅၀၀ က်ပ္နဲ႔ ေဈးႏႈန္း၂ ဆေက်ာ္တိုးျမႇင့္ေရာင္းခ်ေတာ့မွာျဖစ္ေၾကာင္းကိုAlpine

ေရသန႔္စက္႐ုံကအသိေပးထုတ္ျပန္ထားပါတယ္။ၿပီးခဲ့တဲ့မတ္လ ၇ ရက္ေန႔ထိ Alpine ေရသန္႔ဘူးႀကီးတစ္ဘူးကို

၆၅၀က်ပ္ႏႈန္းနဲ႔ေရာင္းခ်ေနေပမယ့္မေန႔ကစၿပီး ၁,၅၀၀ က်ပ္အထိတိုးျမႇင့္ေရာင္းခ်ေနတာျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာလွ်ပ္စစ္မီးျပတ္ေတာက္မႈေတြေန႔တိုင္းျဖစ္ေနတာေၾကာင့္

Alpineေရသန္႔စက္႐ုံအပါအဝင္ စက္႐ုံအမ်ားအျပားဟာ

မီးစက္နဲ႔လည္ပတ္ေနရကာစက္သုံးဆီေစ်းႏႈန္းေတြဟာလည္းအဆမတန္ျမင့္တက္ေနတာေၾကာင့္အခုလိုေစ်းတက္ရတာျဖစ္တယ္လို႔လည္းသိရပါတယ္။ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္တခ်ိဳ႕မွာ

ကိုယ္စားလွယ္ေတြကAlpineေရသန႔္ ၂၀လီတာဘူးႀကီးတစ္ဘူးကို၁,၈၀၀က်ပ္ကေန ၂,၀၀၀က်ပ္အထိ ေရာင္းခ်ေနတာေတြရွိတယ္လို႔လည္းထြက္ေပၚလာတဲ့သတင္းေတြအရသိရပါတယ္။

Source:Mercury Media