ကိုရီးယားေရာက္တဲ့ေန႔မွာပဲသိျမင္လာရတဲ့ကႀကီးခေကြးရဲ႕တန္ဖိုး

Unicode

ကိုရီးယား ရောက်တဲ့ နေ့မှာပဲ သိမြင်လာရတဲ့ ကကြီး ခကွေးရဲ့ တန်ဖိုး..

ကိုရီးယား ရောက်တဲ့ နေ့မှာပဲ ကကြီး ခကွေးရဲ့ တန်ဖိုးကို သိရပါတော့တယ်။ ကကြီး ခကွေးအကြောင်း ကိုယ်ဘယ်လောက်သိလဲ အရင်ဆုံး စဉ်းစားကြည့်ပေးပါနော်။

ကကြီး ခကွေး ရွတ်တတ်ရုံ၊ ဗျည်း ၃၃ လုံး ရှိတယ်ဆိုတာ သိရုံထက်မပိုကြဘူး ထင်ပါတယ်။ဒါဆို ကကြီးကို က၊ ခကွေးကိုခ၊ ဂငယ်ကို ဂ စသဖြင့် အသံ ထွက်ရွတ်ကြည့်လိုက်စမ်းပါ။

ရွတ်နေရင်းကိုယ့်လျှာကိုသတိထားကြည့်ပါ။အာခေါင်ဘယ်နေရာထိလဲဆိုတာ။တကယ်သတိထားရင်ကခဂဃင မှာလျှာဟာတဖြည်းဖြည်းအတွင်းကိုပိုပို ရောက်လာတာ တွေ့ပါလိမ့်မယ်။

စ ဆ ဇ ဈည မှာလည်းဒီအတိုင်းပဲနော်။တထဒဓနအသံထွက် ရွတ်ကြည့်ပါဦး။လျှာထောက်တဲ့ နေရာအတွင်းကို ရွေ့ ရွေ့သွားတယ်နော်။

ပ ဖ ဗ ဘ မ ကြည့်မလား။နှုတ်ခမ်းဖျားမှာအသံထွက်တဲ့အုပ်စုလေ။သူလည်းပါးစပ်ဖျားကနေ တဖြည်းဖြည်း နောက်ရောက်လာတာပါပဲ။ ဟ ဠ အ ကြည့်လိုက်။ ပါးစပ်ဖွင့် ပြောရတဲ့ အုပ်စု။

ကြည့်စမ်း။ မြန်မာစာ ဘယ်လောက် စနစ်ကျလိုက်လဲ။ အုပ်စုတူရာတွေ စုလို့၊ ရှေ့ကနောက်ကို လျှာထောက်တဲ့နေရာတွေ ညီလို့။ ရှေး မြန်မာတွေရဲ့ တော်ချက်။ စနစ်ကျချက်။ ကကြီး ခကွေးမှာ တွေ့နိုင်ပါတယ်။

ဖြစ်တည်ချိန် ကြည့်မလား။ ရာဇကုမာရ် ကျောက်စာကနေတွက်ရင် အနှစ် တစ်ထောင်ကျော်ပြီ။ ဒါတောင် ပျူစာသက်တမ်း ထည့်မတွက်သေးလို့။

ကိုရီးယားတွေမှာတော့ ၁၅ ရာစုအထိ သူတို့အက္ခရာ မရှိပါတဲ့။ စာရေးရင် တရုတ်စာလုံးတွေ ယူရေးရပါသတဲ့။ ဒါကို စိတ်မကောင်းတာနဲ့ ၁၄၄၆ မှာ ဆယ်ဂျုံး မင်းကြီးက

ကိုရီးယား အက္ခရာ တီထွင်ပေးခဲ့လို့ ကိုရီးယားစာ ပေါ်လာပါသတဲ့။

ဆယ်ဂျုံးမင်းကြီး ကိုရီးယားစာ တီထွင်တဲ့ အောက်တိုဘာ ၉ ရက်နေ့ဟာ ကိုရီးယားအက္ခရာနေ့ ရုံးပိတ်ရက်ပါတဲ့။

ခုဆို သူတို့ အက္ခရာ သက်တမ်း နှစ် ခြောက်ရာ ရှိပြီတဲ့။ သူတို့က သူတို့စာ နှစ်ခြောက်ရာရှိတာ ဂုဏ်ယူနေချိန်မှာ ကျွန်တော်တို့ မြန်မာ လူငယ်တွေက မြန်မာစာကို ဘယ်လိုသဘောထားနေကြပါသလဲ။

မြန်မာစာ မေဂျာဆိုတာ ဆယ်တန်းအမှတ် အနည်းဆုံးတွေ အများစု သွားရာ နေရာပါ။ မြန်မာစာနဲ့ ကျောင်းပြီးရင် ဘာဖြစ်လဲမေး။ ဘာမှမဖြစ်ပါ။

ဟိုး အင်္ဂလိပ်ခေတ်မှာတော့ မြန်မာစာ ပါမောက္ခ ဦဖေမောင်တင်ဟာ အင်္ဂလိပ်တွေသာရတဲ့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ရာထူးကို မြန်မာထဲက ပထမဆုံးရခဲ့ပါတယ်။

ပထမဆုံး မြန်မာစာ ကျောင်းသား မောင်စိန်တင် (သိပ္ပံမောင်ဝ) ဟာ မြန်မာတွေကို ပေးခဲတဲ့ အိုင်စီအက်စ် ဖြစ်ခဲ့ပါတယ်။ လယ်တီဆရာတော်ကို D. Lit ဘွဲ့ ပေးခဲ့ပါတယ်။

ဒီအချိန်မှာ သခင်ဘသောင်းက ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါလို့ ကြွေးကြော်ပြီး ဗမာတွေ ဗမာစာကို ချစ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အခုနေများ သခင်ဘသောင်းသာ ရှိသေးရင် ဘယ်လိုများ ကြွေးကြော်လိုက်လေမလဲ စဉ်းစားရင်း..

(ဆယ်ဂျုံးဘုရင်ကြီး ရုပ်တုရှေ့မှာ ဓါတ်ပုံရိုက်ရင်း တွေးမိတဲ့ အတွေးလေးတွေပါ။)

Credit Than Min Htut

Zawgyi

ကိုရီးယား ေရာက္တဲ့ ေန႔မွာပဲ သိျမင္လာရတဲ့ ကႀကီး ခေကြးရဲ႕ တန္ဖိုး..

ကိုရီးယား ေရာက္တဲ့ ေန႔မွာပဲ ကႀကီး ခေကြးရဲ႕ တန္ဖိုးကို သိရပါေတာ့တယ္။ ကႀကီး ခေကြးအေၾကာင္း ကိုယ္ဘယ္ေလာက္သိလဲ အရင္ဆုံး စဥ္းစားၾကည့္ေပးပါေနာ္။

ကႀကီး ခေကြး ႐ြတ္တတ္႐ုံ၊ ဗ်ည္း ၃၃ လုံး ရွိတယ္ဆိုတာ သိ႐ုံထက္မပိုၾကဘူး ထင္ပါတယ္။ဒါဆို ကႀကီးကို က၊ ခေကြးကိုခ၊ ဂငယ္ကို ဂ စသျဖင့္ အသံ ထြက္႐ြတ္ၾကည့္လိုက္စမ္းပါ။

႐ြတ္ေနရင္းကိုယ့္လွ်ာကိုသတိထားၾကည့္ပါ။အာေခါင္ဘယ္ေနရာထိလဲဆိုတာ။တကယ္သတိထားရင္ကခဂဃင မွာလွ်ာဟာတျဖည္းျဖည္းအတြင္းကိုပိုပို ေရာက္လာတာ ေတြ႕ပါလိမ့္မယ္။

စ ဆ ဇ စ်ည မွာလည္းဒီအတိုင္းပဲေနာ္။တထဒဓနအသံထြက္ ႐ြတ္ၾကည့္ပါဦး။လွ်ာေထာက္တဲ့ ေနရာအတြင္းကို ေ႐ြ႕ ေ႐ြ႕သြားတယ္ေနာ္။

ပ ဖ ဗ ဘ မ ၾကည့္မလား။ႏႈတ္ခမ္းဖ်ားမွာအသံထြက္တဲ့အုပ္စုေလ။သူလည္းပါးစပ္ဖ်ားကေန တျဖည္းျဖည္း ေနာက္ေရာက္လာတာပါပဲ။ ဟ ဠ အ ၾကည့္လိုက္။ ပါးစပ္ဖြင့္ ေျပာရတဲ့ အုပ္စု။

ၾကည့္စမ္း။ ျမန္မာစာ ဘယ္ေလာက္ စနစ္က်လိုက္လဲ။ အုပ္စုတူရာေတြ စုလို႔၊ ေရွ႕ကေနာက္ကို လွ်ာေထာက္တဲ့ေနရာေတြ ညီလို႔။ ေရွး ျမန္မာေတြရဲ႕ ေတာ္ခ်က္။ စနစ္က်ခ်က္။ ကႀကီး ခေကြးမွာ ေတြ႕ႏိုင္ပါတယ္။

ျဖစ္တည္ခ်ိန္ ၾကည့္မလား။ ရာဇကုမာရ္ ေက်ာက္စာကေနတြက္ရင္ အႏွစ္ တစ္ေထာင္ေက်ာ္ၿပီ။ ဒါေတာင္ ပ်ဴစာသက္တမ္း ထည့္မတြက္ေသးလို႔။

ကိုရီးယားေတြမွာေတာ့ ၁၅ ရာစုအထိ သူတို႔အကၡရာ မရွိပါတဲ့။ စာေရးရင္ တ႐ုတ္စာလုံးေတြ ယူေရးရပါသတဲ့။ ဒါကို စိတ္မေကာင္းတာနဲ႔ ၁၄၄၆ မွာ ဆယ္ဂ်ဳံး မင္းႀကီးက

ကိုရီးယား အကၡရာ တီထြင္ေပးခဲ့လို႔ ကိုရီးယားစာ ေပၚလာပါသတဲ့။

ဆယ္ဂ်ဳံးမင္းႀကီး ကိုရီးယားစာ တီထြင္တဲ့ ေအာက္တိုဘာ ၉ ရက္ေန႔ဟာ ကိုရီးယားအကၡရာေန႔ ႐ုံးပိတ္ရက္ပါတဲ့။

ခုဆို သူတို႔ အကၡရာ သက္တမ္း ႏွစ္ ေျခာက္ရာ ရွိၿပီတဲ့။ သူတို႔က သူတို႔စာ ႏွစ္ေျခာက္ရာရွိတာ ဂုဏ္ယူေနခ်ိန္မွာ ကြၽန္ေတာ္တို႔ ျမန္မာ လူငယ္ေတြက ျမန္မာစာကို ဘယ္လိုသေဘာထားေနၾကပါသလဲ။

ျမန္မာစာ ေမဂ်ာဆိုတာ ဆယ္တန္းအမွတ္ အနည္းဆုံးေတြ အမ်ားစု သြားရာ ေနရာပါ။ ျမန္မာစာနဲ႔ ေက်ာင္းၿပီးရင္ ဘာျဖစ္လဲေမး။ ဘာမွမျဖစ္ပါ။

ဟိုး အဂၤလိပ္ေခတ္မွာေတာ့ ျမန္မာစာ ပါေမာကၡ ဦေဖေမာင္တင္ဟာ အဂၤလိပ္ေတြသာရတဲ့ ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္ ရာထူးကို ျမန္မာထဲက ပထမဆုံးရခဲ့ပါတယ္။

ပထမဆုံး ျမန္မာစာ ေက်ာင္းသား ေမာင္စိန္တင္ (သိပၸံေမာင္ဝ) ဟာ ျမန္မာေတြကို ေပးခဲတဲ့ အိုင္စီအက္စ္ ျဖစ္ခဲ့ပါတယ္။ လယ္တီဆရာေတာ္ကို D. Lit ဘြဲ႕ ေပးခဲ့ပါတယ္။

ဒီအခ်ိန္မွာ သခင္ဘေသာင္းက ဗမာစာသည္ တို႔စာ၊ ဗမာစကားသည္ တို႔စကား၊ တို႔စာကို ခ်ီးျမႇင့္ပါ၊ တို႔စကားကို ေလးစားပါလို႔ ေႂကြးေၾကာ္ၿပီး ဗမာေတြ ဗမာစာကို ခ်စ္ဖို႔ လႈံ႕ေဆာ္ခဲ့ပါတယ္။

အခုေနမ်ား သခင္ဘေသာင္းသာ ရွိေသးရင္ ဘယ္လိုမ်ား ေႂကြးေၾကာ္လိုက္ေလမလဲ စဥ္းစားရင္း..

(ဆယ္ဂ်ဳံးဘုရင္ႀကီး ႐ုပ္တုေရွ႕မွာ ဓါတ္ပုံ႐ိုက္ရင္း ေတြးမိတဲ့ အေတြးေလးေတြပါ။)

Credit Than Min Htut