ညဖက္ေရာက္ရင္ အသက္ဝင္ၿပီး လိုက္ခိုးတဲ့ သူခိုးနကၡတ္နဲ႔ အ႐ုပ္

လှဆောင် တစ်ယောက် ပြုံးရွှင်သောမျက်နှာဖြင့် ကွမ်းလေးဝါးရင်း ရွာသို့ပြန်လာခဲ့သည်။ လက်ထဲတွင် နိုင်ပွဲဆာလောင်စိတ်ပြင်းပြသော ကြက်နီဖကြီးကိုပိုက်ရင်း “မိုက်ချက်ကတော့ ကမ်းကုန်ပဲကွာ အနှောင့်ကလည်းကျ (အတက်ဆူး) တွဲမိလို့ကတော့ မျက်လုံးအပါပဲ ကြမ်းလိုက်တဲ့ ဖေ့သားကြီး ပိုက်ဆံရှာတော်ပါ့” တစ်ယောက်တည်း ဝမ်းသာအားရ စကားများပြောနေသည်။

လှဆောင် သည် ခေသူမဟုတ်။ တစ်ဗွေတည်း ရွာစဉ်လှည့် ကာကြက်တိုက်နေသော ကြေးစား ကြက်သမားကြီးဖြစ်သည်။ သဘောကောင်းသည် သို့သော် လက်သီးပြင်း၏။ ကတိတည် သလို ဓားထိုးပတ်စက်သည်။ ထို့ကြောင့် မည်သူမျှမလှန်ရဲပေ။ “ကိုယ့်ရွာမှာ ကြက်ဖ သူများရွာရောက်လျှင်ကြက်မ” ဆိုသော

စကားသည် လှဆောင် အဖို့ဟာသ ဆန်လိမ့်မည်။ သူကတော့ ဘယ်ရောက်ရောက် ကြက်ဖဖြစ်သည်။ လှဆောင် တိုက်သော ကြက်များရှုံးပွဲကြုံလျှင် ချက်စားဖို့ဝေးစွ အနာကျက်အောင်ကုပေးပြီးမှ တောထဲသို့ဘေးမဲ့ လွတ်ပေးသည်။ ကြက်သားဆို လုံးဝမစားသော ကတိတည် သစ္စာစောင့် ကြက်သမားစစ်စစ်ဖြစ်ပေသည်။

ယခုလည်းတောင်ဘက်ရွာမှ ကြက်တိုက်ပြီး အနိုင်ရကာ ပြန်လာခြင်း ဖြစ်သည်။ ရွာအဆက် ချောင်းကူးတံတားသို့ရောက်လျှင် “ဟ ဘာလေးပါလိမ့်” ချောင်းထဲတွင်မျှောလာသော အရာဝထ္တုလေးကို ကြည့်ရင်း အံသြနေမိသည်။ အနီးနားရောက်လာမှ တံတားပေါ် ထိုင်ချရင်း ရေထဲမှ ပစ္စည်းလေးကို

ဆယ်ယူကာ “ဝါးးး အတော် လက်ရာမြောက်တာပဲ အမယ် တစ်ကိုယ်လုံးမည်းနက်နေတာ မျက်လုံးနားလေးကွပ်ပြီး ဖြူနေတယ် လက်ထဲမှာလဲ အထုပ်နီလေး နဲ့” တစ်တောင် ခန့်ရှိသော အရုပ်ကိုကြည့်ပြီး သဘောကြနေသည်။ ထို့နောက် ဘေးစလွယ်သိုင်းလာသော လွယ်အိတ်ထဲသို့ထိုးထည့်ကာ ရွာသို့ပြန်လာသည်။

တစ်ကိုယ်ရည် တစ်ယောက်တည်းသမား တစ်ကောင်ကြွက်ဖြစ်၍ ကြိုနေမည့်လူတော့မရှိ။ သို့သော် အိမ်ထဲသို့ဝင်လိုက်လျှင် အောင်နက် က အပြေးလာကြိုသည်။ လှဆောင် အဖို့တော့ အောင်နက် သည် အကောင်းဆုံးမိတ်ဆွေဖြစ်သလို အတော်ဆုံး အိမ်တော်ထိန်းဖြစ်သည်။

မွေးထားသမျှကြက်များကို အခြားသူများမခိုးအောင်ကာကွယ်ပေးသည်။ “ဟိတ်ကောင် အမြှီးနှံမနေနဲ့ မင်းတွက်ဘာမှမပါဘူး ခနနားပြီးမှ မင်းတွက် ထန်းလျက်ခဲဝယ်ပေးမယ် တူတူစားကြတာပေါ့။”

လှဆောင် လည်း အိမ်ပေါ်ထပ်သို့ ယိုင်နဲ့နဲ့လှေကားထစ်များမှတက်ကာ တစ်ရေးတမော အိပ်လိုက်သည်။ “ဝုပ် ဝုပ် အီ အီ အီ” အိမ်အောက်ထပ်မှ အောင်နက်အော်နေခြင်းဖြစ်သည်။ ထိုအသံကြားမှ လှဆောင်တစ်ယောက်နိုးလာကာ လွယ်အိတ်ထဲက ပိုက်ဆံကို နိုက်လိုက်သည်။ အရုပ်က ရှုပ်နေသဖြင့်

အရုပ်ကို အရင်ထုတ်ကာ ဘုရားစင်ပေါ်တင်ထားလိုက်သည်။ ပြီးမှ နှစ်ရာတန်တစ်ရွက်ထုတ်ကာ အောင်နက်ကိုခေါ်ပြီး ထန်းလျက်သွားဝယ်သည်။ လှဆောင် လည်း ထမင်းနှင့်ထန်းလျက်နယ်ကာ အောင်နက်နှင့်တစ်ယောက်တစ်ဇလုံစီစားကြသည်။ ညစာက အရမ်းကောင်းလွန်းသည်။

လှဆောင် တစ်ယောက် ဗိုက်လည်းတင်းသဖြင့် အပေါ်တက်လာစဉ် “ဟာ ဒီအရုပ်က ဘာလို့ ငါ့အိပ်ယာပေါ်ရောက်နေတာလဲ ကြက်တွေတက်ပြီး သောင်းကျန်းသွားတာထင်တယ်” အရုပ်ကို ဘုရားစင်ပေါ်တင်ထားလိုက်ပြန်သည်။ တစ်နေကုန်ပင်ပန်းလာသဖြင့် ခေါင်းအုံးနှင့်ခေါင်းထိလျှင် အိပ်ပျော်သွားတော့သည်။

“အောက် အီး အီး အွတ်” ခေါင်းရင်း သရက်ပင်ပေါ်မှ ကြက်နီဖကြီး၏ တွန်သံကြောင့် လှဆောင် လည်း အိပ်မရတော့ဘဲ အိပ်ရာပေါ်တွင် ငုပ်တုတ်ထိုင်ပြီး ထမည်အလုပ် “ဟဲ့ သောက်ပလုတ်တုတ်” အိပ်ယာဘေးတွင် ရပ်နေသော အရုပ်ကို မြင်လိုက်ရသည်။

ညက သေချာပေါက် ဘုရားစင်ပေါ်တင်ထားသော်လည်း ယခု သူ့ဘေးတွင်ရောက်နေသဖြင့် အံသြနေသည်။ လေတိုက်လျှင်လည်း အရုပ်ကထောင်လျက်ကျမည်လား။ အတွေးများဖြင့် လှဆောင် တစ်ယောက် ဝေခွဲမရပေ။ထို့နောက် ကြက်များကိုကျွေးရန် ဆန်အိုးထဲမှဆန်များကိုနှိုက်စဉ် “ဟ

မာမာကြီး ဘာပါလိမ့်” လှဆောင်လည်း ချက်ချင်းထုတ်ကြည့်လိုက်သည်။ ဆယ်လက်မ ပတ်လည်ရှိ သနပ်ခါးလိမ်းတဲ့ ကျောက်ပျဉ်ဖြစ်နေသည်။ သနပ်ခါးမလိမ်းသော လှဆောင်အိမ်တွင် ကျောက်ပျဉ်ရောက်နေခြင်းမှာ ထူးဆန်းလှပေသည်။

လှဆောင် လည်း ကျောက်ပျဉ်ကို ဘေးချကာ ဆန်များယူပြီး “တီ တီ တီ လာကြဟေ့ ဖေ့သားကြီးတို့ ချစ်သမီးတို့ စားကြ စားကြ တီ တီ တီ..” အောင်နက်ကိုတော့ မနေ့ကထန်းလျက် လက်ကျန်ကျွေးလိုက်သည်။ ထို့နောက် ပဲပြုတ်သည်ဆီမှ စားတော်ပဲ တစ်ရာဖိုးဝယ်လိုက်သည်။

မျက်နှာသစ်ပြီး ထမင်းကြမ်းခဲနှင့်ပဲပြုတ်ကို အားရပါးရစားရန်ပြင်လိုက်သည်။ ”ဝုန်း” အပေါ်ထပ်မှ အသံကြီးဖြစ်သည်။ လှဆောင်လည်း ကြက်တွေခုန်တယ်ဆိုပြီး ထမင်းကိုပဲ ဆက်စားနေစဉ် “ဝုန်း ဒုန်း ဒုန်း” ခြေစောင့်သံပါ ကြားလာသဖြင့်

အပေါ်သို့တက်သွားစဉ် ”အောင်မလေး” အရုပ်မှာ လှေခါးအပေါ်ဆုံးထပ်တွင် ပြူးပြူးကြီး ရပ်ကြည့်နေသည်။ မျက်လုံးများမှောက်သလားဆိုပြီး သေချာပြန်ကြည့်မှ အရုပ်မှာ လဲနေသဖြင့် ပြန်ကောက်ယူကာ ဘုရားစင်ပေါ်တွင်ပြန်တင်ထား လိုက်ပြန်သည်။

ကြက်များကိုအစာကျွေးလိုက်၊ ကြက်ဖများကိုအိုးမည်းသုပ် ခွတ်လပ်ကြည့်၊ ကြက်များဖြင့်သာ တစ်နေ့တာကုန်ဆုံးသွားတော့သည်။ နေ့ဘက်ပင်ပန်း သဖြင့်ညစောစွာ အိပ်ပျော်သွားသည်။ “ဝုတ် ဝုတ် ဝုတ်” စူးစူးဝါးဝါး ထိုးဟောင်နေသော အောင်နက်အသံ၊

“ကတော် ကတော် ကတော်” ကြက်များပါ အော်နေသဖြင့် သူခိုးတော့ ကပ်ပြီအထင်နှင့် လှဆောင်လည်း အိပ်ရာမှပြာပြာ သလဲထကာ လက်ထဲတွင် လေးခွကိုင်ပြီး အပေါ်မှ ချောင်းကြည့်စဉ် အနက်ရောင် ဝတ်စုံဖြင့် အနီရောင်အိတ်ကို ကျောမှာ လွယ်ထားသော သူခိုးတစ်ယောက်ကိုတွေ့သဖြင့် တွေဝေမနေဘဲ လေးခွဖြင့် ခေါင်းတည့်တည့်ဆော်ချလိုက်သည်။ သူခိုးလည်း ထွက်ပြေးသွားသည်။

“တောက်ကွာ ငါ့အိမ်ကိုများ ဘယ်သူခိုးက လာခိုးရဲပါလိမ့်” မချိတင်ကဲ ရေရွတ်ရင်း လှဆောင် တစ်ယောက် အိပ်ယာဘေးတွင်ချိတ်ထားသော ငှက်ကြီးတောင်ဓားကို ဆွဲယူပြီး သူခိုးနောက် အပြေးလိုက်သည်။ အရိပ်အယောင်ပင်မတွေ့လိုက်တော့ပေ။

ဒေါသစိတ်နှင့်ပြေးလိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိ။ မောမောဖြင့် သစ်ပင်တစ်ပင်အောက်သို့ ထိုင်ချလိုက်သည်။အပုပ်နံကြီးထောင်းခနဲ ထွက်လာသည်။ ”ကျွတ် သူခိုးမမိရတဲ့အထဲ ခွေးသေကောင်အနံ့ နဲ့လာတိုးနေတယ် ကံကိုမကောင်းဘူး ပြန်တာပဲအေးပါတယ်ကွာ”

တစ်ယောက်တည်းစကားပြောပြီး ထလိုက်စဉ် လှဆောင် တစ်ယောက် ထမရပေ ပုဆိုးကို တစ်စုံတစ်ခုက ဆွဲထားသည်။လှဆောင်လည်း အမှတ်တမဲ့ လန့်ကာ လက်ထဲကဓားဖြင့် ဆွဲထားသောအရာကို မမြင်မစမ်း ပိုင်းချပစ်လိုက်သည်။

“ဒုတ်” သေချာကြည့်မှ သစ်ပင်အခြေမှ ငုပ်နှင့်ပုဆိုးညှိ နေခြင်းဖြစ်တော့သည်။ လရောင်ဝိုးတဝါးလေးဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြက်သီးမွေးညှင်းများထောင်ပြီး ခေါင်းပါကြီးသွားသည်။ ပြည့်ကြပ်နေသော ထုံးဖြူဖြူ အုတ်ဂူများနှင့် မြေမို့မို့မောက်မောက်များရှိရာ ရွာနောက်ဘက်က နာမည်ကြီး သချိၤုင်းကြီး ဖြစ်နေတော့သည်။

ညဘက်သွားရန်မပြောနှင့် နေ့ခင်းဘက်တောင် မည်သူမျှ ခြေဦးမလှည့်သောနေရာဖြစ်သည်။ လှဆောင်သည် လူချင်းထိုးရဲသော်လည်း သရဲတော့အသေကြောက်သည်။ ငယ်ငယ်က ဖားရိုက်ထွက်ရင်း ခေါင်းပြတ်သရဲနှင့် ကြုံခဲ့ရဖူးသော နေရာဖြစ်၍ ကြောက်စိတ်များပိုတိုးလာသည်။

ရသမျှ ဘုရားစာများရွတ်ကာ အားတင်းပြီး သချိၤုင်းကို ဖြတ်ပြန်မည်အလုပ် “ဝုန်း” “အောင်မလေးဗျ” သစ်ပင်ပေါ်မှ တစ်စုံတစ်ခုခုန်ချလာခြင်း ဖြစ်ဟန်တူသည် လှည့်မကြည့်ဘဲ ခြေကုန်သုတ် ထွက်ပြေးလိုက်တော့သည်။

မည်သို့မည်ပုံ အိမ်ရောက်လာသည်မသိ ရေတစ်ခွက်အဝသောက်ကာ စောင်ကိုခေါင်းမြှီးခြုံပြီး ချွေးဇောများပြန်နေသည်။ ”ဟောဟဲ ဟောဟဲ ဟူးးး မောလိုက်တာ” တိုးတိုးလေး ညည်းရင်း လှဆောင်တစ်ယောက် အကြောက်မပြေသေးပေ။ ”ဝူးးး အူးးး ဝုတ် ဝုတ်”အောင်နက်ရဲ့ ဆွဲငင်စွာ

အူသံ ကြောင့် လှဆောင် ပို၍ကြောက်လာသည်။ ခြေသံ တိုးတိုး နားထဲဝင်လာသည်။ ”ဒေါက် ဒေါက်” လှေကားမှတစ်ဆင့်အိပ်ပေါ်သို့ တစ်ခုခုထောက်ကာ တက်လာနေသည်။ ”ဟာ သွားပြီ” လှဆောင်သတိဝင်ကာ ဘုရားစင်ဘက်ကို လှိမ့်ရှောင်လိုက်သည်။

သူမေ့ကျန်ခဲ့သော ဓားဖြင့် ဝတ်ရုံနက်ဝတ်ထားသူက လိုက်ခုတ်တော့သည်။ လူလူချင်းဆိုတဲ့ အသိနဲ့လှဆောင်တစ်ယောက် သွေးရဲလာသည်။ အောက်သို့ဆင်းကာ ခြံစည်းရိုးက ဝါးလုံးဆွဲဖြုတ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကြသည်။ အောင်နက်ကလည်း အဆက်မပြတ်ဟောင်နေသည်။ သို့သော် အိမ်နီးချင်းများ မနိုးကြပေ။ တစ်နေကုန်ယာထဲ ကိုင်းထဲဝင်နေကြရသဖြင့် ပင်ပန်းကာ အိပ်မောကြနေဟန်တူသည်။

တိုက်ခိုက်ချိန်မည်မျှ ကြာသည်မသိ အရှေ့ဘက်မှရောင်နီဦးပေါ်လာသည်။ လှဆောင်တစ်ယောက် ခုခံကာကွယ်နေရသဖြင့် လက်ပန်းများကျလာသည်။ ဝတ်ရုံနက်ဖြင့်လူက လှဆောင်ရဲ့ရင်ဝသို့ တစ်ချက်ကန်ချလိုက်သည်။ လှဆောင် တစ်ယောက်နောက်သို့လဲကျသွားစဉ် ဘယ်ချိန်ကရှိနှင့်နေတဲ့ အုတ်ခဲနှင့်ခေါင်းမိတ်ဆက်ကာ သတိလစ်သွားတော့သည်။ ”အွတ် အီးး အီးးး အွတ်” “အားးး ကျွတ် ကျွတ် ကျွတ်” လှဆောင်တစ်ယောက် ကောင်းကိုပွတ်ကာ သတိပြန်လည်လာသည်။ လူးလဲထလိုက်သည်။

ရှည်လျားသော ငှက်ကြီးတောင်ဓားကို ပုခုံးပေါ်ထမ်းထားသော တစ်တောင်ခန့်ရှိ အရုပ်က ပြူးကြည့်နေတော့သည်။ လှဆောင်လည်း လှန့်ဖြတ်ကာ အရုပ်ကို ချက်ချင်းကောက်ပြီး ရွာအစပ်ချောင်းကူးတံတားပေါ်သို့ သုပ်ခြေတင် ပြေးကာ ချောင်းထဲသို့အရုပ်ကို လွင့်ပစ်လိုက်တော့သည်။ ထိုနေ့တွင် အပျိုကြီး ဒေါ်မြတင် တစ်ယောက် သူ့ကျောက်ပျဉ်ပျောက်၍ တစ်ရွာလုံးကို ပြသနာရှာပါတော့သည်။ လှဆောင်လည်း သူ့အိမ်ဝင်ရှာလျှင် တွေ့မည်စိုးရိမ်သဖြင့် ညဘက် ခြံထဲတွင်မြှုပ်ထားလိုက်သည်။

နောက်တစ်နေ့တွင် အပျိုကြီးဒေါ်မြတင် တစ်ယောက် ယာထဲတွင်ပိုးထိ၍ ဆုံးသွားသည်။ လှဆောင်လည်း စိတ်မကောင်းဖြစ်ကာ တစ်ညလုံး အိပ်မပျော်ပေ။ ”ဝူးးးး အူးးးး ဝူးးး” အောင်နက်ကလည်း အူပဲ အူနိုင်လွန်းသည်။ လှဆောင်တစ်ယောက် အပေါ့သွားချင်စိတ်ဖြစ်လာသဖြင့်

အောက်ကိုဆင်းကာ အပေါ့သွားစဉ် ကျောက်ပျဉ် မြှုပ်ထားသောနေရာတွင် လူတစ်ယောက်ကုန်းကုန်းကွကွ နှင့် မြေများတူးနေသည်ကို နောက်ကျောဘက်မှမြင်ရသဖြင့် “ဟိတ် ငါ့ခြံဝိုင်းထဲ ဘာလာလုပ်တာလဲ”အော်ငေါက်ပစ်သည်။ ထိုသူမှာ လှဆောင်ဘက်တစ်ဖြည်းဖြည်းလှည့်လာသည် “ဟင် ဒေါ်မြတင်” ။

လေးစားလျှက် – အလွမ်းသစ် (ကာရံ)

Zawgyi

လွေဆာင္ တစ္ေယာက္ ၿပဳံး႐ႊင္ေသာမ်က္ႏွာျဖင့္ ကြမ္းေလးဝါးရင္း ႐ြာသို႔ျပန္လာခဲ့သည္။ လက္ထဲတြင္ ႏိုင္ပြဲဆာေလာင္စိတ္ျပင္းျပေသာ ၾကက္နီဖႀကီးကိုပိုက္ရင္း “မိုက္ခ်က္ကေတာ့ ကမ္းကုန္ပဲကြာ အေႏွာင့္ကလည္းက် (အတက္ဆူး) တြဲမိလို႔ကေတာ့ မ်က္လုံးအပါပဲ ၾကမ္းလိုက္တဲ့ ေဖ့သားႀကီး ပိုက္ဆံရွာေတာ္ပါ့” တစ္ေယာက္တည္း ဝမ္းသာအားရ စကားမ်ားေျပာေနသည္။

လွေဆာင္ သည္ ေခသူမဟုတ္။ တစ္ေဗြတည္း ႐ြာစဥ္လွည့္ ကာၾကက္တိုက္ေနေသာ ေၾကးစား ၾကက္သမားႀကီးျဖစ္သည္။ သေဘာေကာင္းသည္ သို႔ေသာ္ လက္သီးျပင္း၏။ ကတိတည္ သလို ဓားထိုးပတ္စက္သည္။ ထို႔ေၾကာင့္ မည္သူမွ်မလွန္ရဲေပ။ “ကိုယ့္႐ြာမွာ ၾကက္ဖ သူမ်ား႐ြာေရာက္လွ်င္ၾကက္မ” ဆိုေသာ

စကားသည္ လွေဆာင္ အဖို႔ဟာသ ဆန္လိမ့္မည္။ သူကေတာ့ ဘယ္ေရာက္ေရာက္ ၾကက္ဖျဖစ္သည္။ လွေဆာင္ တိုက္ေသာ ၾကက္မ်ားရႈံးပြဲႀကဳံလွ်င္ ခ်က္စားဖို႔ေဝးစြ အနာက်က္ေအာင္ကုေပးၿပီးမွ ေတာထဲသို႔ေဘးမဲ့ လြတ္ေပးသည္။ ၾကက္သားဆို လုံးဝမစားေသာ ကတိတည္ သစၥာေစာင့္ ၾကက္သမားစစ္စစ္ျဖစ္ေပသည္။

ယခုလည္းေတာင္ဘက္႐ြာမွ ၾကက္တိုက္ၿပီး အႏိုင္ရကာ ျပန္လာျခင္း ျဖစ္သည္။ ႐ြာအဆက္ ေခ်ာင္းကူးတံတားသို႔ေရာက္လွ်င္ “ဟ ဘာေလးပါလိမ့္” ေခ်ာင္းထဲတြင္ေမွ်ာလာေသာ အရာဝထၱဳေလးကို ၾကည့္ရင္း အံၾသေနမိသည္။ အနီးနားေရာက္လာမွ တံတားေပၚ ထိုင္ခ်ရင္း ေရထဲမွ ပစၥည္းေလးကို

ဆယ္ယူကာ “ဝါးးး အေတာ္ လက္ရာေျမာက္တာပဲ အမယ္ တစ္ကိုယ္လုံးမည္းနက္ေနတာ မ်က္လုံးနားေလးကြပ္ၿပီး ျဖဴေနတယ္ လက္ထဲမွာလဲ အထုပ္နီေလး နဲ႔” တစ္ေတာင္ ခန႔္ရွိေသာ အ႐ုပ္ကိုၾကည့္ၿပီး သေဘာၾကေနသည္။ ထို႔ေနာက္ ေဘးစလြယ္သိုင္းလာေသာ လြယ္အိတ္ထဲသို႔ထိုးထည့္ကာ ႐ြာသို႔ျပန္လာသည္။

တစ္ကိုယ္ရည္ တစ္ေယာက္တည္းသမား တစ္ေကာင္ႂကြက္ျဖစ္၍ ႀကိဳေနမည့္လူေတာ့မရွိ။ သို႔ေသာ္ အိမ္ထဲသို႔ဝင္လိုက္လွ်င္ ေအာင္နက္ က အေျပးလာႀကိဳသည္။ လွေဆာင္ အဖို႔ေတာ့ ေအာင္နက္ သည္ အေကာင္းဆုံးမိတ္ေဆြျဖစ္သလို အေတာ္ဆုံး အိမ္ေတာ္ထိန္းျဖစ္သည္။

ေမြးထားသမွ်ၾကက္မ်ားကို အျခားသူမ်ားမခိုးေအာင္ကာကြယ္ေပးသည္။ “ဟိတ္ေကာင္ အျမႇီးႏွံမေနနဲ႔ မင္းတြက္ဘာမွမပါဘူး ခနနားၿပီးမွ မင္းတြက္ ထန္းလ်က္ခဲဝယ္ေပးမယ္ တူတူစားၾကတာေပါ့။”

လွေဆာင္ လည္း အိမ္ေပၚထပ္သို႔ ယိုင္နဲ႔နဲ႔ေလွကားထစ္မ်ားမွတက္ကာ တစ္ေရးတေမာ အိပ္လိုက္သည္။ “ဝုပ္ ဝုပ္ အီ အီ အီ” အိမ္ေအာက္ထပ္မွ ေအာင္နက္ေအာ္ေနျခင္းျဖစ္သည္။ ထိုအသံၾကားမွ လွေဆာင္တစ္ေယာက္ႏိုးလာကာ လြယ္အိတ္ထဲက ပိုက္ဆံကို ႏိုက္လိုက္သည္။ အ႐ုပ္က ရႈပ္ေနသျဖင့္

အ႐ုပ္ကို အရင္ထုတ္ကာ ဘုရားစင္ေပၚတင္ထားလိုက္သည္။ ၿပီးမွ ႏွစ္ရာတန္တစ္႐ြက္ထုတ္ကာ ေအာင္နက္ကိုေခၚၿပီး ထန္းလ်က္သြားဝယ္သည္။ လွေဆာင္ လည္း ထမင္းႏွင့္ထန္းလ်က္နယ္ကာ ေအာင္နက္ႏွင့္တစ္ေယာက္တစ္ဇလုံစီစားၾကသည္။ ညစာက အရမ္းေကာင္းလြန္းသည္။

လွေဆာင္ တစ္ေယာက္ ဗိုက္လည္းတင္းသျဖင့္ အေပၚတက္လာစဥ္ “ဟာ ဒီအ႐ုပ္က ဘာလို႔ ငါ့အိပ္ယာေပၚေရာက္ေနတာလဲ ၾကက္ေတြတက္ၿပီး ေသာင္းက်န္းသြားတာထင္တယ္” အ႐ုပ္ကို ဘုရားစင္ေပၚတင္ထားလိုက္ျပန္သည္။ တစ္ေနကုန္ပင္ပန္းလာသျဖင့္ ေခါင္းအုံးႏွင့္ေခါင္းထိလွ်င္ အိပ္ေပ်ာ္သြားေတာ့သည္။

“ေအာက္ အီး အီး အြတ္” ေခါင္းရင္း သရက္ပင္ေပၚမွ ၾကက္နီဖႀကီး၏ တြန္သံေၾကာင့္ လွေဆာင္ လည္း အိပ္မရေတာ့ဘဲ အိပ္ရာေပၚတြင္ ငုပ္တုတ္ထိုင္ၿပီး ထမည္အလုပ္ “ဟဲ့ ေသာက္ပလုတ္တုတ္” အိပ္ယာေဘးတြင္ ရပ္ေနေသာ အ႐ုပ္ကို ျမင္လိုက္ရသည္။

ညက ေသခ်ာေပါက္ ဘုရားစင္ေပၚတင္ထားေသာ္လည္း ယခု သူ႔ေဘးတြင္ေရာက္ေနသျဖင့္ အံၾသေနသည္။ ေလတိုက္လွ်င္လည္း အ႐ုပ္ကေထာင္လ်က္က်မည္လား။ အေတြးမ်ားျဖင့္ လွေဆာင္ တစ္ေယာက္ ေဝခြဲမရေပ။ထို႔ေနာက္ ၾကက္မ်ားကိုေကြၽးရန္ ဆန္အိုးထဲမွဆန္မ်ားကိုႏႈိက္စဥ္ “ဟ

မာမာႀကီး ဘာပါလိမ့္” လွေဆာင္လည္း ခ်က္ခ်င္းထုတ္ၾကည့္လိုက္သည္။ ဆယ္လက္မ ပတ္လည္ရွိ သနပ္ခါးလိမ္းတဲ့ ေက်ာက္ပ်ဥ္ျဖစ္ေနသည္။ သနပ္ခါးမလိမ္းေသာ လွေဆာင္အိမ္တြင္ ေက်ာက္ပ်ဥ္ေရာက္ေနျခင္းမွာ ထူးဆန္းလွေပသည္။

လွေဆာင္ လည္း ေက်ာက္ပ်ဥ္ကို ေဘးခ်ကာ ဆန္မ်ားယူၿပီး “တီ တီ တီ လာၾကေဟ့ ေဖ့သားႀကီးတို႔ ခ်စ္သမီးတို႔ စားၾက စားၾက တီ တီ တီ..” ေအာင္နက္ကိုေတာ့ မေန႔ကထန္းလ်က္ လက္က်န္ေကြၽးလိုက္သည္။ ထို႔ေနာက္ ပဲျပဳတ္သည္ဆီမွ စားေတာ္ပဲ တစ္ရာဖိုးဝယ္လိုက္သည္။

မ်က္ႏွာသစ္ၿပီး ထမင္းၾကမ္းခဲႏွင့္ပဲျပဳတ္ကို အားရပါးရစားရန္ျပင္လိုက္သည္။ ”ဝုန္း” အေပၚထပ္မွ အသံႀကီးျဖစ္သည္။ လွေဆာင္လည္း ၾကက္ေတြခုန္တယ္ဆိုၿပီး ထမင္းကိုပဲ ဆက္စားေနစဥ္ “ဝုန္း ဒုန္း ဒုန္း” ေျခေစာင့္သံပါ ၾကားလာသျဖင့္

အေပၚသို႔တက္သြားစဥ္ ”ေအာင္မေလး” အ႐ုပ္မွာ ေလွခါးအေပၚဆုံးထပ္တြင္ ျပဴးျပဴးႀကီး ရပ္ၾကည့္ေနသည္။ မ်က္လုံးမ်ားေမွာက္သလားဆိုၿပီး ေသခ်ာျပန္ၾကည့္မွ အ႐ုပ္မွာ လဲေနသျဖင့္ ျပန္ေကာက္ယူကာ ဘုရားစင္ေပၚတြင္ျပန္တင္ထား လိုက္ျပန္သည္။

ၾကက္မ်ားကိုအစာေကြၽးလိုက္၊ ၾကက္ဖမ်ားကိုအိုးမည္းသုပ္ ခြတ္လပ္ၾကည့္၊ ၾကက္မ်ားျဖင့္သာ တစ္ေန႔တာကုန္ဆုံးသြားေတာ့သည္။ ေန႔ဘက္ပင္ပန္း သျဖင့္ညေစာစြာ အိပ္ေပ်ာ္သြားသည္။ “ဝုတ္ ဝုတ္ ဝုတ္” စူးစူးဝါးဝါး ထိုးေဟာင္ေနေသာ ေအာင္နက္အသံ၊

“ကေတာ္ ကေတာ္ ကေတာ္” ၾကက္မ်ားပါ ေအာ္ေနသျဖင့္ သူခိုးေတာ့ ကပ္ၿပီအထင္ႏွင့္ လွေဆာင္လည္း အိပ္ရာမွျပာျပာ သလဲထကာ လက္ထဲတြင္ ေလးခြကိုင္ၿပီး အေပၚမွ ေခ်ာင္းၾကည့္စဥ္ အနက္ေရာင္ ဝတ္စုံျဖင့္ အနီေရာင္အိတ္ကို ေက်ာမွာ လြယ္ထားေသာ သူခိုးတစ္ေယာက္ကိုေတြ႕သျဖင့္ ေတြေဝမေနဘဲ ေလးခြျဖင့္ ေခါင္းတည့္တည့္ေဆာ္ခ်လိုက္သည္။ သူခိုးလည္း ထြက္ေျပးသြားသည္။

“ေတာက္ကြာ ငါ့အိမ္ကိုမ်ား ဘယ္သူခိုးက လာခိုးရဲပါလိမ့္” မခ်ိတင္ကဲ ေရ႐ြတ္ရင္း လွေဆာင္ တစ္ေယာက္ အိပ္ယာေဘးတြင္ခ်ိတ္ထားေသာ ငွက္ႀကီးေတာင္ဓားကို ဆြဲယူၿပီး သူခိုးေနာက္ အေျပးလိုက္သည္။ အရိပ္အေယာင္ပင္မေတြ႕လိုက္ေတာ့ေပ။

ေဒါသစိတ္ႏွင့္ေျပးလိုက္ခဲ့သျဖင့္ ပတ္ဝန္းက်င္ကို သတိမထားမိ။ ေမာေမာျဖင့္ သစ္ပင္တစ္ပင္ေအာက္သို႔ ထိုင္ခ်လိုက္သည္။အပုပ္နံႀကီးေထာင္းခနဲ ထြက္လာသည္။ ”ကြၽတ္ သူခိုးမမိရတဲ့အထဲ ေခြးေသေကာင္အနံ႔ နဲ႔လာတိုးေနတယ္ ကံကိုမေကာင္းဘူး ျပန္တာပဲေအးပါတယ္ကြာ”

တစ္ေယာက္တည္းစကားေျပာၿပီး ထလိုက္စဥ္ လွေဆာင္ တစ္ေယာက္ ထမရေပ ပုဆိုးကို တစ္စုံတစ္ခုက ဆြဲထားသည္။လွေဆာင္လည္း အမွတ္တမဲ့ လန႔္ကာ လက္ထဲကဓားျဖင့္ ဆြဲထားေသာအရာကို မျမင္မစမ္း ပိုင္းခ်ပစ္လိုက္သည္။

“ဒုတ္” ေသခ်ာၾကည့္မွ သစ္ပင္အေျခမွ ငုပ္ႏွင့္ပုဆိုးညႇိ ေနျခင္းျဖစ္ေတာ့သည္။ လေရာင္ဝိုးတဝါးေလးျဖင့္ ပတ္ဝန္းက်င္ကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ၾကက္သီးေမြးညႇင္းမ်ားေထာင္ၿပီး ေခါင္းပါႀကီးသြားသည္။ ျပည့္ၾကပ္ေနေသာ ထုံးျဖဴျဖဴ အုတ္ဂူမ်ားႏွင့္ ေျမမို႔မို႔ေမာက္ေမာက္မ်ားရွိရာ ႐ြာေနာက္ဘက္က နာမည္ႀကီး သခ်ိၤုင္းႀကီး ျဖစ္ေနေတာ့သည္။

ညဘက္သြားရန္မေျပာႏွင့္ ေန႔ခင္းဘက္ေတာင္ မည္သူမွ် ေျခဦးမလွည့္ေသာေနရာျဖစ္သည္။ လွေဆာင္သည္ လူခ်င္းထိုးရဲေသာ္လည္း သရဲေတာ့အေသေၾကာက္သည္။ ငယ္ငယ္က ဖား႐ိုက္ထြက္ရင္း ေခါင္းျပတ္သရဲႏွင့္ ႀကဳံခဲ့ရဖူးေသာ ေနရာျဖစ္၍ ေၾကာက္စိတ္မ်ားပိုတိုးလာသည္။

ရသမွ် ဘုရားစာမ်ား႐ြတ္ကာ အားတင္းၿပီး သခ်ိၤုင္းကို ျဖတ္ျပန္မည္အလုပ္ “ဝုန္း” “ေအာင္မေလးဗ်” သစ္ပင္ေပၚမွ တစ္စုံတစ္ခုခုန္ခ်လာျခင္း ျဖစ္ဟန္တူသည္ လွည့္မၾကည့္ဘဲ ေျခကုန္သုတ္ ထြက္ေျပးလိုက္ေတာ့သည္။

မည္သို႔မည္ပုံ အိမ္ေရာက္လာသည္မသိ ေရတစ္ခြက္အဝေသာက္ကာ ေစာင္ကိုေခါင္းျမႇီးၿခဳံၿပီး ေခြၽးေဇာမ်ားျပန္ေနသည္။ ”ေဟာဟဲ ေဟာဟဲ ဟူးးး ေမာလိုက္တာ” တိုးတိုးေလး ညည္းရင္း လွေဆာင္တစ္ေယာက္ အေၾကာက္မေျပေသးေပ။ ”ဝူးးး အူးးး ဝုတ္ ဝုတ္”ေအာင္နက္ရဲ႕ ဆြဲငင္စြာ

အူသံ ေၾကာင့္ လွေဆာင္ ပို၍ေၾကာက္လာသည္။ ေျခသံ တိုးတိုး နားထဲဝင္လာသည္။ ”ေဒါက္ ေဒါက္” ေလွကားမွတစ္ဆင့္အိပ္ေပၚသို႔ တစ္ခုခုေထာက္ကာ တက္လာေနသည္။ ”ဟာ သြားၿပီ” လွေဆာင္သတိဝင္ကာ ဘုရားစင္ဘက္ကို လွိမ့္ေရွာင္လိုက္သည္။

သူေမ့က်န္ခဲ့ေသာ ဓားျဖင့္ ဝတ္႐ုံနက္ဝတ္ထားသူက လိုက္ခုတ္ေတာ့သည္။ လူလူခ်င္းဆိုတဲ့ အသိနဲ႔လွေဆာင္တစ္ေယာက္ ေသြးရဲလာသည္။ ေအာက္သို႔ဆင္းကာ ၿခံစည္း႐ိုးက ဝါးလုံးဆြဲျဖဳတ္ၿပီး သူေသကိုယ္ေသ တိုက္ခိုက္ၾကသည္။ ေအာင္နက္ကလည္း အဆက္မျပတ္ေဟာင္ေနသည္။ သို႔ေသာ္ အိမ္နီးခ်င္းမ်ား မႏိုးၾကေပ။ တစ္ေနကုန္ယာထဲ ကိုင္းထဲဝင္ေနၾကရသျဖင့္ ပင္ပန္းကာ အိပ္ေမာၾကေနဟန္တူသည္။

တိုက္ခိုက္ခ်ိန္မည္မွ် ၾကာသည္မသိ အေရွ႕ဘက္မွေရာင္နီဦးေပၚလာသည္။ လွေဆာင္တစ္ေယာက္ ခုခံကာကြယ္ေနရသျဖင့္ လက္ပန္းမ်ားက်လာသည္။ ဝတ္႐ုံနက္ျဖင့္လူက လွေဆာင္ရဲ႕ရင္ဝသို႔ တစ္ခ်က္ကန္ခ်လိုက္သည္။ လွေဆာင္ တစ္ေယာက္ေနာက္သို႔လဲက်သြားစဥ္ ဘယ္ခ်ိန္ကရွိႏွင့္ေနတဲ့ အုတ္ခဲႏွင့္ေခါင္းမိတ္ဆက္ကာ သတိလစ္သြားေတာ့သည္။ ”အြတ္ အီးး အီးးး အြတ္” “အားးး ကြၽတ္ ကြၽတ္ ကြၽတ္” လွေဆာင္တစ္ေယာက္ ေကာင္းကိုပြတ္ကာ သတိျပန္လည္လာသည္။ လူးလဲထလိုက္သည္။

ရွည္လ်ားေသာ ငွက္ႀကီးေတာင္ဓားကို ပုခုံးေပၚထမ္းထားေသာ တစ္ေတာင္ခန႔္ရွိ အ႐ုပ္က ျပဴးၾကည့္ေနေတာ့သည္။ လွေဆာင္လည္း လွန႔္ျဖတ္ကာ အ႐ုပ္ကို ခ်က္ခ်င္းေကာက္ၿပီး ႐ြာအစပ္ေခ်ာင္းကူးတံတားေပၚသို႔ သုပ္ေျခတင္ ေျပးကာ ေခ်ာင္းထဲသို႔အ႐ုပ္ကို လြင့္ပစ္လိုက္ေတာ့သည္။ ထိုေန႔တြင္ အပ်ိဳႀကီး ေဒၚျမတင္ တစ္ေယာက္ သူ႔ေက်ာက္ပ်ဥ္ေပ်ာက္၍ တစ္႐ြာလုံးကို ျပသနာရွာပါေတာ့သည္။ လွေဆာင္လည္း သူ႔အိမ္ဝင္ရွာလွ်င္ ေတြ႕မည္စိုးရိမ္သျဖင့္ ညဘက္ ၿခံထဲတြင္ျမႇဳပ္ထားလိုက္သည္။

ေနာက္တစ္ေန႔တြင္ အပ်ိဳႀကီးေဒၚျမတင္ တစ္ေယာက္ ယာထဲတြင္ပိုးထိ၍ ဆုံးသြားသည္။ လွေဆာင္လည္း စိတ္မေကာင္းျဖစ္ကာ တစ္ညလုံး အိပ္မေပ်ာ္ေပ။ ”ဝူးးးး အူးးးး ဝူးးး” ေအာင္နက္ကလည္း အူပဲ အူႏိုင္လြန္းသည္။ လွေဆာင္တစ္ေယာက္ အေပါ့သြားခ်င္စိတ္ျဖစ္လာသျဖင့္

ေအာက္ကိုဆင္းကာ အေပါ့သြားစဥ္ ေက်ာက္ပ်ဥ္ ျမႇဳပ္ထားေသာေနရာတြင္ လူတစ္ေယာက္ကုန္းကုန္းကြကြ ႏွင့္ ေျမမ်ားတူးေနသည္ကို ေနာက္ေက်ာဘက္မွျမင္ရသျဖင့္ “ဟိတ္ ငါ့ၿခံဝိုင္းထဲ ဘာလာလုပ္တာလဲ”ေအာ္ေငါက္ပစ္သည္။ ထိုသူမွာ လွေဆာင္ဘက္တစ္ျဖည္းျဖည္းလွည့္လာသည္ “ဟင္ ေဒၚျမတင္” ။

ေလးစားလွ်က္ – အလြမ္းသစ္ (ကာရံ)