ေျခေစာင့္ဘီလူးေမွာ္

ခြေစောင့်ဘီလူးမှော်

ခြေစောင့်ဘီလူးပညာသည် ဘီလူးကိုခြေစောင့်ထားခြင်းဖြစ်ပြီး ခြေစောင့်ဘီလူးဆေးနှင့် အပ်နှံထိုးနှံခြင်းသည်သာ အဓိကကျလေသည်။ ဘီလူးကိုခြေစောင့်ထားရာ၌ ပေါရိသာဒကို ခြေစောင့်ထားခြင်း၊ ပုဏ္ဏကကို ခြေစောင့်ထားခြင်း၊ အာဠာဝကကို ခြေစောင့်ထားခြင်း၊ ဘုမ္မာဒေဝါကို ခြေစောင့်ထားခြင်း၊ ထိုကဲ့သို့ ခြေစောင့်သွင်းပုံခြင်းကွဲသည်။

ကွဲသည်မှာ ခြေစောင့်ထားမည့်ပုဂ္ဂိုလ်၏ မူလစိတ်နှင့် ၎င်း၏စရိုက်ကိုလိုက်၍ သင့်ရာကို ဆရာလုပ်သူက သွင်းနှံပေးရခြင်းမျိုးဖြစ်သည်။ခြေစောင့်ဘီလူးထိုးနှံခြင်းသည် ယခင်ခေတ်ကလည်းရှားပါးပြီး ယခုခေတ်လည်းရှားပါးဆဲဖြစ်သည်။ ထိုးနှံပေးနိုင်သော ဆရာရှိသော်လည်း ထိုးနှံခံချင်တိုင်းထိုးနှံပေးလေ့မရှိပါ။

ခြေစောင့်ဘီလူးဆေးထိုးနှံလို၍ မက်လောက်စရာအခကြေးငွေပေးပြီး အထိုးခံချင်သူများ ကျွန်တော်ကြုံဖူးပါသည်။ လူတိုင်းသည် ငွေကိုချစ်ကြပါသည်။ သို့သော်လည်း လုပ်ပေး၍မရသောကြောင့် မလုပ်ဖြစ်သောသူများပါသည်။ကျွန်တော့်ဆီဖြစ်စေ မည်သည့်ဆရာထံတွင်မဆို ခြေစောင့်ဆေးထိုးနှံလိုလျှင် လိုအပ်ချက်များ

ဆောင်ရန်ရှောင်ရန်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ခြေစောင့်ဘီလူးထိုးခြင်း၏ အကျိုးအကြောင်းများကို အကျဥ်းရေးသားဖော်ပြပေးပါမည်။ခြေစောင့်ဘီလူးထိုးနှံလိုသူသည် နတ်ကြီးဆေးမျိုးဖြစ်သော နတ်ကြီး၁၂ပါးမှော် အရင်အောင်ထားမှသာ ထိုး၍ရပါသည်။ မအောင်လျှင် ထိုးပေး၍မရပါ။ မအောင်ဘဲထိုးနှံလျှင် ပညာရပ်အရ ထိုးပေးသောဆရာသည် ခံရမည့်ပြစ်ဒဏ်များရှိပါသည်။

မှော်လည်းမဝင်ပါ။ အတောင်၂၀ ဝင်းခင်းပညာအတိုင်း ပွဲစုံမှထိုး၍ရသည်။ သည်နေရာမှာ သည်အတိုင်း အိမ်မှာထိုးပေးတဲ့ဆရာတွေရှိတယ် ၊ သည်လိုပြောတဲ့သူကြုံဖူးပါတယ်။ အဲ့လိုဆို အဲ့သည်ဆရာဆီသွားထိုး အဲ့တာသူ့အပိုင်း ကျွန်တော်နဲ့မဆိုင်ဘူး သည်လိုပြောခဲ့ဖူးပါတယ်။ ဒါတွေက မရှိဘူးလို့ကျွန်တော်မပြောပါဘူး၊

ရှိပါတယ် ကျွန်တော့်ကိစ္စမှမဟုတ်တာ။ ကျွန်တော်ကတော့ အဲလိုမထိုးပေးပါဘူး။ ကိုယ့်ပညာမဟုတ်တဲ့အတွက် သမားစဥ်အတိုင်း မှော်နည်းအတိုင်းဘဲ လုပ်ပါတယ်။ အဲလိုလုပ်ပေးလို့မရဘူးလားဆိုရင် ဘီလူးအစောင့်သွင်းပေးလို့ရပါတယ်။ ခြေစောင့်ပညာမဟုတ်ပါဘူး။ ခြေစောင့်ပညာလိုအသုံးပြုလို့လည်းမရပါဘူး။

မှော်ဆိုတာ ပညာစဥ်မြောက်အောင်သွင်းမမှော်အောင်တာပါ ပညာစဥ်မမြာက်ဘူး အကျုံးမဝင်ဘူးဆိုရင် မှော်မအောင်ပါဘူး။အသုံးပြုလို့လည်းမရပါဘူး။
ခြေစောင့်ဘီလူးထိုးပြီဆိုရင် လုပ်ပေးတဲ့ဆရာကို ဆရာအဖြစ်သတ်မှတ်ကျိုးနွံရမှုက တခြားမှော်တွေထက်ပိုပြီး စည်းကမ်းတင်းကြပ်ပါတယ်။ တကယ်လို့ ဆရာကိုမလေးစားဘူးဆိုရင် နင်လား ငါလား ပညာပြိုင်တဲ့အခါ မနိုင်တော့ပါဘူး။

ဒါလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ထိုးပေးတဲ့ဆရာကလည်း အထိုးခံမယ့်တပည့်ရဲ့ ဆိုးကျိုးတွေကို ဆရာကတာဝန်ခံရတဲ့အတွက် လူမိုက်ကိုသွားထိုးပေးမိရင် ထိုးပေးတဲ့ဆရာ သေအောင်လှိမ့်ခံရပါတယ်။ အဲတာကြောင့်လည်း ခြေစောင့်ဘီလူးဆိုရင် တက်တဲ့ဆရာတွေ လူတိုင်းထိုးမပေးဘဲ ကိုယ့်ရဲ့တပည့် အယုံကြည်ရဆုံးလူတွေကိုဘဲ ထိုးနှံပေးကြတာပါ။

နောက်တချက်က ဆေးရဲ့ရှားပါးမှုပြဿနာပါဘဲ။ အများစုက လက်ဆင့်ကမ်း ရှေးဆေးတွေနဲ့ဘဲ ထိုးကြတာပါ။ ရာကျော်ဆေးတွေဖြစ်ပြီး နည်းနည်းဘဲရှိကြတော့ပါတယ်။ ပါဝင်ပစ္စည်းနဲ့ ဖော်စပ်ပုံကို အထူးလှို့ဝှက်ထားခဲ့တဲ့အတွက် ကျမ်းတွေထဲတောင် မဖော်ပြထားပါဘူး။ သိဒ္ဓိဆေးရိုးထက်ဖော်ရခက်ပြီး ပါဝင်ပစ္စည်းတွေက

တကယ်ကိုရှားပါးပစ္စည်း တသက်နဲ့တကိုယ် ရဖို့မဖြစ်နိုင်လောက်တဲ့ ဆေးမယ်တွေ ပါဝင်နေပါတယ်။ တကယ်လို့ ဆေးမယ်အစုံရရင်တောင် သွင်းရမယ့်ကိစ္စက မလွယ်ပါဘူး။ မှော်ဆေးအဆင့်ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ရှေးကတည်း သည်းခြေစောင့်ဘီလူးမှော်က ရှားပါးနေတာပါ။
ခြေစောင့်ဘီလူးပညာက

သမားအဆင့်တွေသာ သုံးတဲ့မှော်ဖြစ်ပြီး မှော်စုံမထိုးရတဲ့ဆေးမျိုးတွေပါ။ ပညာချင်းပြိုင်တဲ့ပုံစံမျိုး ဖြစ်လာမှသာထုတ်သုံးရတာပါ။ မိမိတို့ ခြေစောင့်ထားတဲ့ ဘီလူးမျိုး၊ ယက္ခမျိုးတွေ အာဏာစက်နဲ့ စေခိုင်းရတဲ့ပညာမျိုးဖြစ်ပါတယ်။ ခြေစောင့်မှော်အောင်ထားတဲ့သူက မိမိရဲ့ကိုယ်ခန္တာထဲမှာ ဘီလူးစက်ဝင်နေပါတယ်။ အချိန်မရွေး မိမိက တခုခုအမှားခံတာနဲ့ နီးတဲ့ဘီလူးဆိုးတွေကပ်ပြီး လူကို ပြန်ဒုက္ခပေးတက်ပါတယ်။ ဒ

ါကတော့ ဖြစ်ခဲပါတယ်။ ဘာကြောင့်မဖြစ်တာလဲဆိုတော့ လူသေချာစစ်ပြီး မထိုးပေးတာမျိုးဖြစ်လို့။ လူမိုက်တွေကို မထိုးကြလို့ပါဘဲ။ သည်းခံနိုင်စွမ်း စောင့်ထိန်းနိုင်စွမ်းရှိတဲ့ သူတွေဘဲ မှော်တက်ကြတာဖြစ်တဲ့အတွက် ခြေစောင့်ဘီလူးမှော် တက်ထားတဲ့သူဆိုရင် လောကီပညာသမားအချင်းချင်း လေးစားကြပါတယ်။

အများစုကတော့ကြောက်လို့ လို့ထင်ကြပါတယ်၊ တကယ်တော့မဟုတ်ပါဘူး။ မှော်စုံ မှော်ကြီး တော်တော်များများ အောင်ထားပြီး မထိုးလို့ရတာဖြစ်လို့ ပညာအဆင့်ကိုလေးစားကြတာပါ။ နောက်ပြီး သည်မှော်တက်ထားတဲ့သူတွေက တအားသည်းခံရတဲ့အတွက် ကတိသစ္စာပိုင်းမှာ သာမန်မှော်တွေထက် အဆင့်မြင့်တဲ့ပညာမျိုးဖြစ်လို့ပါ။ ပညာရပ်နဲ့ သူ့ရဲ့အဆင့်အတန်းကို လေးစားကြတာပါ။

တကယ်လောကီပညာတက်တဲ့ လိုက်စားတဲ့ ဆရာတွေအများစု သည်မှော်ကို မထိုးရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ အများစုက ဂိုဏ်းပညာနဲ့သွားကြတာဆိုတော့မှော်မစုံပါဘူး။ မှော်မစုံရင်မထိန်းနိုင်ပါဘူး ဒါကြောင့်မထိုးကြတာပါ။ခြေစောင့်ထိုးထားရင် ဘီလူးစက်က အမြဲတမ်း ကိုယ်ထဲကိန်းနေတဲ့အတွက် ဒုတ်,ဓားစတဲ့ ကာယသိဒ္ဓိဖက်မှာ ပြီးစီးစေပါတယ်။ သည်အတိုင်းတော့ ပြီးတာမျိုးမဟုတ်ပါဘူး

တကယ်ဘေးတွေ့လာရင် ကံကြောင့်မဟုတ်ဘူးဆိုရင် အကုန်ပြီးပါတယ်။ သွေးထွက်သံယိုကိစ္စတွေ ခိုက်ရန်ဖြစ်ပွါးတာတွေ တိုက်ခိုက်တာတွေ ကိုယ့်သွားမယ့်လမ်းမှာရှိနေရင် ရှောင်ကွင်းပြီး သွားရပါတယ်။ အသားကြီးတွေမစားရပါဘူး။ ရှောင်ရပါတယ်။ အနံ့ပြင်းတဲ့အသားတွေလည်း မစားရပါဘူး။ အံမကြိတ်ရပါဘူး၊ ဖနောင့်မကြိတ်ရပါဘူး။

ညစ်ညမ်းတဲ့စကားမျိုးတွေ ဆဲရေးတိုင်းထွာတဲ့စကားမျိုးတွေ မပြောရပါဘူး။ စကားပြောနေရင်း တဖက်နဲ့တဖက် အမျက်စောင်နိုင်တဲ့ စကားမျိုးတွေမပြောရပါဘူး။ အဲ့တာတွေရှောင်ရပါတယ်။
မရှောင်ရင်ဘာဖြစ်လဲ မရှောင်ရင် ကိုယ့်မှာထိခိုက်မှုတွေရှိပါတယ်။ သက်တမ်း တိုစေတက်ပါတယ်။ ဥပစ္စေဒကကံမျိုးနဲ့သေဆုံးရပါတယ်။

သည်လောက်ဆို ဆောင်ရန်ရှောင်ရန်နဲ့ သည်မှော်ထိုးရင် ဘာတွေလိုအပ်လဲ ဒါတွေနားလည်နိုင်ပါပြီ။ခြေစောင့်ပညာမှာ အမြင့်ဆုံးပညာက ဘုမ္မာဒေဝပညာခန်းက ကျောချင်းဆိုင် တဖက်၃မှော် ၂ဖက်၆မှော်ထိုးတဲ့ ပညာခန်းက အမြင့်ဆုံးပါဘဲ။ အများစုက တဖက်တမှော်ထိုးတာရယ် နှစ်ဖက်လုံး တမှော်တည်းထိုးတာရယ် သည်လိုထိုးနည်းက များပါတယ်။ တဖက်၃မှော်က မြင်ဖူးဖို့တောင် မလွယ်ပါဘူး။ ထိုးရတာလည်း တော်တော်ကြီးခက်ပါတယ်။
နိဋ္ဌိတံ

crd-စစ်သည် (လောကီပညာအစီရင် page)

Zawgyi

ေျခေစာင့္ဘီလူးေမွာ္

ေျခေစာင့္ဘီလူးပညာသည္ ဘီလူးကိုေျခေစာင့္ထားျခင္းျဖစ္ၿပီး ေျခေစာင့္ဘီလူးေဆးႏွင့္ အပ္ႏွံထိုးႏွံျခင္းသည္သာ အဓိကက်ေလသည္။ ဘီလူးကိုေျခေစာင့္ထားရာ၌ ေပါရိသာဒကို ေျခေစာင့္ထားျခင္း၊ ပုဏၰကကို ေျခေစာင့္ထားျခင္း၊ အာဠာဝကကို ေျခေစာင့္ထားျခင္း၊ ဘုမၼာေဒဝါကို ေျခေစာင့္ထားျခင္း၊ ထိုကဲ့သို႔ ေျခေစာင့္သြင္းပုံျခင္းကြဲသည္။

ကြဲသည္မွာ ေျခေစာင့္ထားမည့္ပုဂၢိဳလ္၏ မူလစိတ္ႏွင့္ ၎၏စ႐ိုက္ကိုလိုက္၍ သင့္ရာကို ဆရာလုပ္သူက သြင္းႏွံေပးရျခင္းမ်ိဳးျဖစ္သည္။ေျခေစာင့္ဘီလူးထိုးႏွံျခင္းသည္ ယခင္ေခတ္ကလည္းရွားပါးၿပီး ယခုေခတ္လည္းရွားပါးဆဲျဖစ္သည္။ ထိုးႏွံေပးႏိုင္ေသာ ဆရာရွိေသာ္လည္း ထိုးႏွံခံခ်င္တိုင္းထိုးႏွံေပးေလ့မရွိပါ။

ေျခေစာင့္ဘီလူးေဆးထိုးႏွံလို၍ မက္ေလာက္စရာအခေၾကးေငြေပးၿပီး အထိုးခံခ်င္သူမ်ား ကြၽန္ေတာ္ႀကဳံဖူးပါသည္။ လူတိုင္းသည္ ေငြကိုခ်စ္ၾကပါသည္။ သို႔ေသာ္လည္း လုပ္ေပး၍မရေသာေၾကာင့္ မလုပ္ျဖစ္ေသာသူမ်ားပါသည္။ကြၽန္ေတာ့္ဆီျဖစ္ေစ မည္သည့္ဆရာထံတြင္မဆို ေျခေစာင့္ေဆးထိုးႏွံလိုလွ်င္ လိုအပ္ခ်က္မ်ား

ေဆာင္ရန္ေရွာင္ရန္မ်ားကို ႀကိဳတင္ျပင္ဆင္ႏိုင္ရန္အတြက္ ေျခေစာင့္ဘီလူးထိုးျခင္း၏ အက်ိဳးအေၾကာင္းမ်ားကို အက်ဥ္းေရးသားေဖာ္ျပေပးပါမည္။ေျခေစာင့္ဘီလူးထိုးႏွံလိုသူသည္ နတ္ႀကီးေဆးမ်ိဳးျဖစ္ေသာ နတ္ႀကီး၁၂ပါးေမွာ္ အရင္ေအာင္ထားမွသာ ထိုး၍ရပါသည္။ မေအာင္လွ်င္ ထိုးေပး၍မရပါ။ မေအာင္ဘဲထိုးႏွံလွ်င္ ပညာရပ္အရ ထိုးေပးေသာဆရာသည္ ခံရမည့္ျပစ္ဒဏ္မ်ားရွိပါသည္။

ေမွာ္လည္းမဝင္ပါ။ အေတာင္၂၀ ဝင္းခင္းပညာအတိုင္း ပြဲစုံမွထိုး၍ရသည္။ သည္ေနရာမွာ သည္အတိုင္း အိမ္မွာထိုးေပးတဲ့ဆရာေတြရွိတယ္ ၊ သည္လိုေျပာတဲ့သူႀကဳံဖူးပါတယ္။ အဲ့လိုဆို အဲ့သည္ဆရာဆီသြားထိုး အဲ့တာသူ႔အပိုင္း ကြၽန္ေတာ္နဲ႔မဆိုင္ဘူး သည္လိုေျပာခဲ့ဖူးပါတယ္။ ဒါေတြက မရွိဘူးလို႔ကြၽန္ေတာ္မေျပာပါဘူး၊

ရွိပါတယ္ ကြၽန္ေတာ့္ကိစၥမွမဟုတ္တာ။ ကြၽန္ေတာ္ကေတာ့ အဲလိုမထိုးေပးပါဘူး။ ကိုယ့္ပညာမဟုတ္တဲ့အတြက္ သမားစဥ္အတိုင္း ေမွာ္နည္းအတိုင္းဘဲ လုပ္ပါတယ္။ အဲလိုလုပ္ေပးလို႔မရဘူးလားဆိုရင္ ဘီလူးအေစာင့္သြင္းေပးလို႔ရပါတယ္။ ေျခေစာင့္ပညာမဟုတ္ပါဘူး။ ေျခေစာင့္ပညာလိုအသုံးျပဳလို႔လည္းမရပါဘူး။

ေမွာ္ဆိုတာ ပညာစဥ္ေျမာက္ေအာင္သြင္းမေမွာ္ေအာင္တာပါ ပညာစဥ္မျမာက္ဘူး အက်ဳံးမဝင္ဘူးဆိုရင္ ေမွာ္မေအာင္ပါဘူး။အသုံးျပဳလို႔လည္းမရပါဘူး။
ေျခေစာင့္ဘီလူးထိုးၿပီဆိုရင္ လုပ္ေပးတဲ့ဆရာကို ဆရာအျဖစ္သတ္မွတ္က်ိဳးႏြံရမႈက တျခားေမွာ္ေတြထက္ပိုၿပီး စည္းကမ္းတင္းၾကပ္ပါတယ္။ တကယ္လို႔ ဆရာကိုမေလးစားဘူးဆိုရင္ နင္လား ငါလား ပညာၿပိဳင္တဲ့အခါ မႏိုင္ေတာ့ပါဘူး။

ဒါလည္း အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ ထိုးေပးတဲ့ဆရာကလည္း အထိုးခံမယ့္တပည့္ရဲ႕ ဆိုးက်ိဳးေတြကို ဆရာကတာဝန္ခံရတဲ့အတြက္ လူမိုက္ကိုသြားထိုးေပးမိရင္ ထိုးေပးတဲ့ဆရာ ေသေအာင္လွိမ့္ခံရပါတယ္။ အဲတာေၾကာင့္လည္း ေျခေစာင့္ဘီလူးဆိုရင္ တက္တဲ့ဆရာေတြ လူတိုင္းထိုးမေပးဘဲ ကိုယ့္ရဲ႕တပည့္ အယုံၾကည္ရဆုံးလူေတြကိုဘဲ ထိုးႏွံေပးၾကတာပါ။

ေနာက္တခ်က္က ေဆးရဲ႕ရွားပါးမႈျပႆနာပါဘဲ။ အမ်ားစုက လက္ဆင့္ကမ္း ေရွးေဆးေတြနဲ႔ဘဲ ထိုးၾကတာပါ။ ရာေက်ာ္ေဆးေတြျဖစ္ၿပီး နည္းနည္းဘဲရွိၾကေတာ့ပါတယ္။ ပါဝင္ပစၥည္းနဲ႔ ေဖာ္စပ္ပုံကို အထူးလႈိ႕ဝွက္ထားခဲ့တဲ့အတြက္ က်မ္းေတြထဲေတာင္ မေဖာ္ျပထားပါဘူး။ သိဒၶိေဆး႐ိုးထက္ေဖာ္ရခက္ၿပီး ပါဝင္ပစၥည္းေတြက

တကယ္ကိုရွားပါးပစၥည္း တသက္နဲ႔တကိုယ္ ရဖို႔မျဖစ္ႏိုင္ေလာက္တဲ့ ေဆးမယ္ေတြ ပါဝင္ေနပါတယ္။ တကယ္လို႔ ေဆးမယ္အစုံရရင္ေတာင္ သြင္းရမယ့္ကိစၥက မလြယ္ပါဘူး။ ေမွာ္ေဆးအဆင့္ေရာက္ဖို႔မလြယ္ပါဘူး။ ဒါေၾကာင့္ေရွးကတည္း သည္းေျခေစာင့္ဘီလူးေမွာ္က ရွားပါးေနတာပါ။
ေျခေစာင့္ဘီလူးပညာက

သမားအဆင့္ေတြသာ သုံးတဲ့ေမွာ္ျဖစ္ၿပီး ေမွာ္စုံမထိုးရတဲ့ေဆးမ်ိဳးေတြပါ။ ပညာခ်င္းၿပိဳင္တဲ့ပုံစံမ်ိဳး ျဖစ္လာမွသာထုတ္သုံးရတာပါ။ မိမိတို႔ ေျခေစာင့္ထားတဲ့ ဘီလူးမ်ိဳး၊ ယကၡမ်ိဳးေတြ အာဏာစက္နဲ႔ ေစခိုင္းရတဲ့ပညာမ်ိဳးျဖစ္ပါတယ္။ ေျခေစာင့္ေမွာ္ေအာင္ထားတဲ့သူက မိမိရဲ႕ကိုယ္ခႏၲာထဲမွာ ဘီလူးစက္ဝင္ေနပါတယ္။ အခ်ိန္မေ႐ြး မိမိက တခုခုအမွားခံတာနဲ႔ နီးတဲ့ဘီလူးဆိုးေတြကပ္ၿပီး လူကို ျပန္ဒုကၡေပးတက္ပါတယ္။ ဒ

ါကေတာ့ ျဖစ္ခဲပါတယ္။ ဘာေၾကာင့္မျဖစ္တာလဲဆိုေတာ့ လူေသခ်ာစစ္ၿပီး မထိုးေပးတာမ်ိဳးျဖစ္လို႔။ လူမိုက္ေတြကို မထိုးၾကလို႔ပါဘဲ။ သည္းခံႏိုင္စြမ္း ေစာင့္ထိန္းႏိုင္စြမ္းရွိတဲ့ သူေတြဘဲ ေမွာ္တက္ၾကတာျဖစ္တဲ့အတြက္ ေျခေစာင့္ဘီလူးေမွာ္ တက္ထားတဲ့သူဆိုရင္ ေလာကီပညာသမားအခ်င္းခ်င္း ေလးစားၾကပါတယ္။

အမ်ားစုကေတာ့ေၾကာက္လို႔ လို႔ထင္ၾကပါတယ္၊ တကယ္ေတာ့မဟုတ္ပါဘူး။ ေမွာ္စုံ ေမွာ္ႀကီး ေတာ္ေတာ္မ်ားမ်ား ေအာင္ထားၿပီး မထိုးလို႔ရတာျဖစ္လို႔ ပညာအဆင့္ကိုေလးစားၾကတာပါ။ ေနာက္ၿပီး သည္ေမွာ္တက္ထားတဲ့သူေတြက တအားသည္းခံရတဲ့အတြက္ ကတိသစၥာပိုင္းမွာ သာမန္ေမွာ္ေတြထက္ အဆင့္ျမင့္တဲ့ပညာမ်ိဳးျဖစ္လို႔ပါ။ ပညာရပ္နဲ႔ သူ႔ရဲ႕အဆင့္အတန္းကို ေလးစားၾကတာပါ။

တကယ္ေလာကီပညာတက္တဲ့ လိုက္စားတဲ့ ဆရာေတြအမ်ားစု သည္ေမွာ္ကို မထိုးရဲပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ားစုက ဂိုဏ္းပညာနဲ႔သြားၾကတာဆိုေတာ့ေမွာ္မစုံပါဘူး။ ေမွာ္မစုံရင္မထိန္းႏိုင္ပါဘူး ဒါေၾကာင့္မထိုးၾကတာပါ။ေျခေစာင့္ထိုးထားရင္ ဘီလူးစက္က အၿမဲတမ္း ကိုယ္ထဲကိန္းေနတဲ့အတြက္ ဒုတ္,ဓားစတဲ့ ကာယသိဒၶိဖက္မွာ ၿပီးစီးေစပါတယ္။ သည္အတိုင္းေတာ့ ၿပီးတာမ်ိဳးမဟုတ္ပါဘူး

တကယ္ေဘးေတြ႕လာရင္ ကံေၾကာင့္မဟုတ္ဘူးဆိုရင္ အကုန္ၿပီးပါတယ္။ ေသြးထြက္သံယိုကိစၥေတြ ခိုက္ရန္ျဖစ္ပြါးတာေတြ တိုက္ခိုက္တာေတြ ကိုယ့္သြားမယ့္လမ္းမွာရွိေနရင္ ေရွာင္ကြင္းၿပီး သြားရပါတယ္။ အသားႀကီးေတြမစားရပါဘူး။ ေရွာင္ရပါတယ္။ အနံ႔ျပင္းတဲ့အသားေတြလည္း မစားရပါဘူး။ အံမႀကိတ္ရပါဘူး၊ ဖေနာင့္မႀကိတ္ရပါဘူး။

ညစ္ညမ္းတဲ့စကားမ်ိဳးေတြ ဆဲေရးတိုင္းထြာတဲ့စကားမ်ိဳးေတြ မေျပာရပါဘူး။ စကားေျပာေနရင္း တဖက္နဲ႔တဖက္ အမ်က္ေစာင္ႏိုင္တဲ့ စကားမ်ိဳးေတြမေျပာရပါဘူး။ အဲ့တာေတြေရွာင္ရပါတယ္။
မေရွာင္ရင္ဘာျဖစ္လဲ မေရွာင္ရင္ ကိုယ့္မွာထိခိုက္မႈေတြရွိပါတယ္။ သက္တမ္း တိုေစတက္ပါတယ္။ ဥပေစၥဒကကံမ်ိဳးနဲ႔ေသဆုံးရပါတယ္။

သည္ေလာက္ဆို ေဆာင္ရန္ေရွာင္ရန္နဲ႔ သည္ေမွာ္ထိုးရင္ ဘာေတြလိုအပ္လဲ ဒါေတြနားလည္ႏိုင္ပါၿပီ။ေျခေစာင့္ပညာမွာ အျမင့္ဆုံးပညာက ဘုမၼာေဒဝပညာခန္းက ေက်ာခ်င္းဆိုင္ တဖက္၃ေမွာ္ ၂ဖက္၆ေမွာ္ထိုးတဲ့ ပညာခန္းက အျမင့္ဆုံးပါဘဲ။ အမ်ားစုက တဖက္တေမွာ္ထိုးတာရယ္ ႏွစ္ဖက္လုံး တေမွာ္တည္းထိုးတာရယ္ သည္လိုထိုးနည္းက မ်ားပါတယ္။ တဖက္၃ေမွာ္က ျမင္ဖူးဖို႔ေတာင္ မလြယ္ပါဘူး။ ထိုးရတာလည္း ေတာ္ေတာ္ႀကီးခက္ပါတယ္။
နိ႒ိတံ

crd-စစ္သည္ (ေလာကီပညာအစီရင္ page)