လမ္း​ေဘးမွာ ​ေတာင္းရမ္း​ေနတဲ့​ေကာင္​ေလးကို လုပ္ငန္းအရင္းႏွီး​ေထာင္​ေပးတဲ့ ​ေစတနာရွင္

ယခုဖော်ပြထားတဲ့ ကောင်လေးနဲ့ပတ်သက်လို့ ပြည်သူတစ်ယောက်က သူ့ရဲ့ဖေ့ဘွတ်စ်မှာအခုလိုရေးသားထားတာက …”ဒီကလေးလေးကို စသိတာ လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကပါ။

ကားနှစ်စင်းကြားထဲ ပုန်းလျှိုးကွယ်လျှိုးလေး တောင်းနေတော့ စိတ်ထဲမကောင်းဖြစ်တာနဲ့ ၊ပိုက်ဆံပေးလိုက်ရင်လည်း အလုပ်လုပ်ချင်စိတ်မရှိမှာစိုးတာနဲ့ အနီးမှာရှိတဲ့ ကန်စွန်းဥပြုပ်လေး ဝယ်ပေးခဲ့လိုက်တယ်။..

လူသံကြားမှ ကားကြားထဲက ရုတ်တရက် ထွက်လာရင် လူတွေ လန့်မှာစိုးလို့ အရှေ့လေးနည်းနည်းထွက်ပြီးတောင်းဖို့နည်းပါ သင်ပေးခဲ့လိုက်တယ်ပေါ့ ။နောက် ပိုင်း ကိုယ်လည်း မေ့ မေ့ပျောက်ပျောက်ဖြစ်ပြီး၊..မတ်လလယ်လောက်မှာ ပြန်တွေ့ပါတယ်။ ကြုံရင်ကြုံသလို ၅၀၀-၁၀၀၀ မုန့်ဖိုးလေးတွေ ပေးပါတယ်။

တစ် ခါမတော့ မနေ့ကမှ ပေးထားတာကို နောက်နေ့ ထပ်တောင်းတာတော့ နည်းနည်း ဟောက်လိုက်မိတယ်။

အဲဒီအချိန် ဖြစ်သွားတဲ့ကလေးမျက်နှာကြည့်ပြီး စိတ်မကောင်းလွန်းလို့ သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ စဉ်းစ ားရင်းနဲ့ ဒီစိတ်ကူးလေး ပေါ်လာတာပါ။မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီး ရန်ကုန်မှာ ဆွေမျိုးမရှိပါဘူး။

ပဲခူးဘက်က ရွာလေးတစ်ရွာကနေ လာပြီး စမ်းချောင်းမှာ သူငယ်ချင်းတ စ်ယောက်နဲ့အတူနေပြီး ရတာလေးတွေ ခွဲဝေစားသောက်ကြတယ်တဲ့။ အိပ်တာက တော့ ကြုံသလိုလမ်းဘေးမှာတဲ့ အသက်ကတော့ ၁၂နှစ်ပါ။..

လောလောဆယ်တော့ ကိုယ်လက်လှမ်းမှီသလောက် အရင်းအနှီးလေးနဲ့ ရှမ်းခေါက်ဆွဲထုပ်လေးတွေရောင်းခိုင်းထားပါတယ်။ တစ်ထုပ်ကို ၆၀၀ ပါ ။ အမြတ်က တော့ ၅၀ ယူ ထားပါတယ်။

စမ်းချောင်းသူ/သားများ ငှက်ပျောတောလမ်းထိပ်မှာ လာရောက်အားပေးလို့ရပါတယ်”လို့ရေးသားထားပါတယ်။..

ခရက်ဒစ်

Zawgyi

ယခုေဖာ္ျပထားတဲ့ ေကာင္ေလးနဲ႔ပတ္သက္လို႔ ျပည္သူတစ္ေယာက္က သူ႔ရဲ႕ေဖ့ဘြတ္စ္မွာအခုလိုေရးသားထားတာက …”ဒီကေလးေလးကို စသိတာ လြန္ခဲ့တဲ့ ၁၁ လပိုင္းေလာက္ကပါ။

ကားႏွစ္စင္းၾကားထဲ ပုန္းလွ်ိဳးကြယ္လွ်ိဳးေလး ေတာင္းေနေတာ့ စိတ္ထဲမေကာင္းျဖစ္တာနဲ႔ ၊ပိုက္ဆံေပးလိုက္ရင္လည္း အလုပ္လုပ္ခ်င္စိတ္မရွိမွာစိုးတာနဲ႔ အနီးမွာရွိတဲ့ ကန္စြန္းဥျပဳပ္ေလး ဝယ္ေပးခဲ့လိုက္တယ္။..

လူသံၾကားမွ ကားၾကားထဲက ႐ုတ္တရက္ ထြက္လာရင္ လူေတြ လန႔္မွာစိုးလို႔ အေရွ႕ေလးနည္းနည္းထြက္ၿပီးေတာင္းဖို႔နည္းပါ သင္ေပးခဲ့လိုက္တယ္ေပါ့ ။ေနာက္ ပိုင္း ကိုယ္လည္း ေမ့ ေမ့ေပ်ာက္ေပ်ာက္ျဖစ္ၿပီး၊..မတ္လလယ္ေလာက္မွာ ျပန္ေတြ႕ပါတယ္။ ႀကဳံရင္ႀကဳံသလို ၅၀၀-၁၀၀၀ မုန႔္ဖိုးေလးေတြ ေပးပါတယ္။

တစ္ ခါမေတာ့ မေန႔ကမွ ေပးထားတာကို ေနာက္ေန႔ ထပ္ေတာင္းတာေတာ့ နည္းနည္း ေဟာက္လိုက္မိတယ္။

အဲဒီအခ်ိန္ ျဖစ္သြားတဲ့ကေလးမ်က္ႏွာၾကည့္ၿပီး စိတ္မေကာင္းလြန္းလို႔ သူ႔အတြက္ ဘာလုပ္ေပးႏိုင္မလဲ စဥ္းစ ားရင္းနဲ႔ ဒီစိတ္ကူးေလး ေပၚလာတာပါ။မိဘ ႏွစ္ပါးလုံး ဆုံးပါးသြားၿပီး ရန္ကုန္မွာ ေဆြမ်ိဳးမရွိပါဘူး။

ပဲခူးဘက္က ႐ြာေလးတစ္႐ြာကေန လာၿပီး စမ္းေခ်ာင္းမွာ သူငယ္ခ်င္းတ စ္ေယာက္နဲ႔အတူေနၿပီး ရတာေလးေတြ ခြဲေဝစားေသာက္ၾကတယ္တဲ့။ အိပ္တာက ေတာ့ ႀကဳံသလိုလမ္းေဘးမွာတဲ့ အသက္ကေတာ့ ၁၂ႏွစ္ပါ။..

ေလာေလာဆယ္ေတာ့ ကိုယ္လက္လွမ္းမွီသေလာက္ အရင္းအႏွီးေလးနဲ႔ ရွမ္းေခါက္ဆြဲထုပ္ေလးေတြေရာင္းခိုင္းထားပါတယ္။ တစ္ထုပ္ကို ၆၀၀ ပါ ။ အျမတ္က ေတာ့ ၅၀ ယူ ထားပါတယ္။

စမ္းေခ်ာင္းသူ/သားမ်ား ငွက္ေပ်ာေတာလမ္းထိပ္မွာ လာေရာက္အားေပးလို႔ရပါတယ္”လို႔ေရးသားထားပါတယ္။..

ခရက္ဒစ္