ပထမဆုံးကိုယ္ပိုင္ေနအိမ္ ဝယ္ယူမယ့္သူေတြရဲ႕ မွားတတ္တဲ့အရာ (၃)ခုအေၾကာင္း

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူပွဲစားတွေ အချင်းချင်းအတွေ့အကြုံတွေ ဖလှယ်စကားဆိုကြတဲ့နေရာမှာ အများဆုံးပြောဖြစ်ကြတဲ့ အ ကြောင်းအရာကတော့ ပထမဆုံး အိမ်ခြံမြေဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားတွေအကြောင်းပါပဲ။

ဒီလိုအမှားတွေနဲ့ သိထားသင့်တဲ့ အိမ်ခြံမြေဗဟုသုတအကြောင်းအရာတွေကို အိမ်ခြံမြေအ ရောင်းအဝယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကျင်လည်ခဲ့ တဲ့ ဝါရင့်ပွဲစားကြီးတွေကသိနားလည်အောင်ဆိုပြီး

စေတနာနဲ့အသိပေးတဲ့အခါတွေမှာ အချို့ဝယ်လက်တွေက မယုံကြည်တာတို့၊ နားမထောင်တာတို့၊ ကိုယ်နဲ့မရင်းနှီးတဲ့သူစိမ်းတွေ ဖြစ်နေတာ ကြောင့် စကားအရာမထင်မှတ်မှတ်သားသားမရှိတတ်ကြပါဘူး။

အရောင်းအဝယ်ပွဲဖြစ်ဖို့အရေးပဲ တိုက်တွန်းနေတဲ့ အရပ်ပွဲစားတွေရဲ့ မတတ်တခေါ အတွေ့အကြုံတွေနဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာကို ခုတုံးလုပ်တတ်တဲ့ ပွဲစားတွေရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး လုပ်ချင်ရာဇွတ်လုပ်ကျတော့

နောက်ဆုံးအရောင်းမှား အဝယ်မှားဖြစ်ပြီး ကိုယ့်ရဲ့ပထမဆုံးနေအိမ်အတွက် စိတ်တိုင်းမကျဖြစ်ခဲ့ရကာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံတွေ့လာကြရတာကို တွေ့ရပါတယ်။ ဒီ့ အတွက်ကြောင့် ပထမဆုံး ကိုယ်ပိုင်နေအိမ်ဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားသုံးခုအကြောင်းကို သိနိုင်အောင် ဖော်ပြပေးလိုက်ပါရစေ…

၁။ ပထမဆုံး အိမ်ဝယ်ယူတော့မယ်ဆိုရင် အခကြေးငွေယူပြီး ပွဲစား လိုက်လုပ်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ စကားကိုအပြည့် အဝ မယုံကြည်သင့်ပါဘူး။ အကယ်၍ ဒီလိုအခြေအနေမျိုးကို ပြုလုပ်ခဲ့

မိပြီးရင်လည်း မြန်မြန်အဆုံးသတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ရင်းနှီးမှုက တစ်ခါတစ်ရံ အလုပ်သဘော အရလောက်ပဲရှိကာ တာဝန်ယူမှုကင်းမဲ့ပြီး ယုံကြည်ရလည်းခက်ခဲပါတယ်။

ဒီတော့ ကိုယ်တကယ် ယုံကြည်ရတဲ့အတွေ့အကြုံရှိ အိမ် ခြံမြေလုပ်ကိုင်သူ တစ်ဦးတည်းဆီမှာ ကိုယ်လိုချင်တဲ့ အိမ်အနေအထားမျိုး၊ တတ်နိုင်တဲ့ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြပါ။ ငွေရေးကြေးရေးနဲ့

အကြံဉာဏ်ယူတိုင်ပင်တာထက် ခင်မင်မှုအတိုင်း အတာနဲ့ အကြံပေးတာတွေကို လက်ခံယူပါ။ သိလိုတဲ့ မေးခွန်းတွေ၊ အိမ်နဲ့ပတ်သက်တဲ့ ဈေးနှုန်း၊ အိမ်အပြင်အဆင်အချက်အလက်တွေ စာချုပ်စာတမ်း၊ ပိုင်ဆိုင်မှုအချက်အလက်ခိုင်လုံမှုရှိမရှိ စတာတွေကို ပြည့်ပြည့်စုံစုံ ရောင်းချမယ့်သူထံကနေ မေးမြန်းပါ။

၂။ အိမ်အရောင်းအဝယ်နဲ့ပတ်သက်ပြီး ကြိုတင်ပြီး စကားခံချုပ်ဆို ထားတဲ့ စာချုပ်စာတမ်းတွေ၊ ကတိကဝတ်ပြုတာတွေ မလုပ်ပါနဲ့။ နေ အိမ်ပိုင်ဆိုင်မှု အရောင်းအဝယ်ဆိုတာ သီးပင်စားပင်ဝယ်သလောက် မလွယ်ကူပါဘူး။

ကိုယ်တစ်သက်တာ ပိုင်ဆိုင်မှုနဲ့ထိုးပြီး အဝယ်လုပ် လိုက်ရတာပါ။ တစ်ချက်ကလေးတောင် အမှားမရှိရပါဘူး။ ဒီ့အ တွက် ကျိန်းသေပေါက် ဝယ်ယူဖို့မဖြစ်သေးတဲ့ အရောင်းအဝယ်ကို ပါးစပ်ကတိပေးပြီး မလုပ်ထားသင့်ပါဘူး။

နောက် အပြင်ပိုင်းပဲကြည့် ရုံနဲ့ စိတ်တိုင်းကျလို့ အရောင်းအဝယ်ဖြစ်သွားအောင်၊ ကိုယ်လိုချင် တဲ့ ဈေးရအောင်လို့ဆိုပြီး အလုပ်မဖြစ်ခင် နှစ်ဦးသားသာသိတဲ့ စာချုပ်ချုပ်ထားတာတို့ မလုပ်သင့်ပါဘူး။

ကိုယ်တကယ်ဝယ်ယူ မယ့်အချိန်မှ အိမ်ရဲ့စိတ်တိုင်းမကျတဲ့ အခြေအနေတွေပေါ်လာတဲ့ အချိန် အချင်းချင်းမျက်နှာပျက်စရာဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး တစ်ကြိမ်အရောင်းအဝယ်မှာ ကမောက်ကမဖြစ်သွားခဲ့ရင်

နောက် တစ်ကြိမ်မှာလည်း အဆင်ပြေနိုင်ဖို့ ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အိမ်ခြံမြေအရောင်းလောကမှာ စကားအရာပျံ့ဖို့ကအရမ်း ကိုလျင်မြန်ပြီး အရောင်းအဝယ်ပွဲစားတစ်ဦးနဲ့ တစ်ဦးကလည်း အချိတ်အဆက်ကောင်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အမှားတွေနဲ့ ကိုယ်လိုချင်တဲ့ ဈေးတွေအကြောင်း သိပြီးသားမို့ပါပဲ။

၃။ ကိုယ်ပိုင်အိမ်နဲ့ ပထမဆုံးဝယ်နေဖို့အတွက် အရမ်းဈေးကြီးတဲ့ နေအိမ်မျိုးဝယ်မနေသင့်ပါဘူး။ ဈေးအသင့်အတင့်နဲ့ ကိုယ်တတ် နိုင်သလောက်ပဲ အရင်ဆုံးဝယ်နေလိုက်ပါ။ ဒါကလည်း ပထမဆုံး

ကိုယ်ပိုင်အိမ်နဲ့နေထိုင်မယ့် သူတွေအများဆုံး မှားတတ်ကြတဲ့ အမှားမျိုးပါပဲ။ အရင်ကိုယ်ပိုင် အိမ်မရခင်ကတည်းက ကြိုပြီးစိတ်ကူး ယဉ်တတ်ကြတဲ့ လက်တွေ့မဆန်တဲ့ စိတ်ကူးတွေကြောင့် ဆန္ဒစော သွားတာတွေကြောင့်လည်း ဖြစ်ပါတယ်။

အခြေအနေတစ်ခုဆိုတာ ကြိုတင်မမြင်ရတဲ့အတွက် ဒီလိုမျိုး တန်ဖိုးကြီးကြီးအိမ်တစ်လုံး ကိုယ်ဝယ်နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် အခြားအသုံးစရိတ် တွေမကာနိုင်တော့ပါဘူး။ နေအိမ်တစ်လုံးမှာ နေထိုင်လို့အဆင်ပြေ ရင်

တစ်သက်တာလုံးအတွက် မပူပန်ရပေမဲ့ နေထိုင်လို့အဆင်မပြေ ရင်တော့ အလွန်ဆုံးနေနိုင် လေးငါးနှစ်ထက်မပိုပါဘူး။ အဲ့ဒီအခါကျ မှ ဒီလိုမျိုးဈေးကြီးကြီး အိမ်တစ်လုံးကို ပြန်ရောင်းထွက်ဖို့က သိပ်ကို ခဲသွားပါပြီ။

ပတ်ဝန်းကျင်ကလည်း အဆင်မပြေ၊ နေအိမ်ကလည်းနေလို့မကောင်းလို့ နောက်တစ်အိမ်ပြောင်းဖို့တောင် မလွယ်ကူနိုင်တော့ တဲ့အတွက်ကြောင့်ပါ။ Credit: iMyanmarHouse.com မှကူးယူဖော်ပြသည်။

Zawgyi

အိမ္ၿခံေျမလုပ္ငန္း လုပ္ကိုင္သူပြဲစားေတြ အခ်င္းခ်င္းအေတြ႕အႀကဳံေတြ ဖလွယ္စကားဆိုၾကတဲ့ေနရာမွာ အမ်ားဆုံးေျပာျဖစ္ၾကတဲ့ အ ေၾကာင္းအရာကေတာ့ ပထမဆုံး အိမ္ၿခံေျမဝယ္ယူမယ့္သူေတြရဲ႕ မွားတတ္တဲ့ အမွားေတြအေၾကာင္းပါပဲ။

ဒီလိုအမွားေတြနဲ႔ သိထားသင့္တဲ့ အိမ္ၿခံေျမဗဟုသုတအေၾကာင္းအရာေတြကို အိမ္ၿခံေျမအ ေရာင္းအဝယ္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့ တဲ့ ဝါရင့္ပြဲစားႀကီးေတြကသိနားလည္ေအာင္ဆိုၿပီး

ေစတနာနဲ႔အသိေပးတဲ့အခါေတြမွာ အခ်ိဳ႕ဝယ္လက္ေတြက မယုံၾကည္တာတို႔၊ နားမေထာင္တာတို႔၊ ကိုယ္နဲ႔မရင္းႏွီးတဲ့သူစိမ္းေတြ ျဖစ္ေနတာ ေၾကာင့္ စကားအရာမထင္မွတ္မွတ္သားသားမရွိတတ္ၾကပါဘူး။

အေရာင္းအဝယ္ပြဲျဖစ္ဖို႔အေရးပဲ တိုက္တြန္းေနတဲ့ အရပ္ပြဲစားေတြရဲ႕ မတတ္တေခါ အေတြ႕အႀကဳံေတြနဲ႔ ခင္မင္ရင္းႏွီးမႈ အတိုင္းအတာကို ခုတုံးလုပ္တတ္တဲ့ ပြဲစားေတြရဲ႕ ၫႊန္ၾကားခ်က္အတိုင္းလိုက္နာၿပီး လုပ္ခ်င္ရာဇြတ္လုပ္က်ေတာ့

ေနာက္ဆုံးအေရာင္းမွား အဝယ္မွားျဖစ္ၿပီး ကိုယ့္ရဲ႕ပထမဆုံးေနအိမ္အတြက္ စိတ္တိုင္းမက်ျဖစ္ခဲ့ရကာ ဆုံးရႈံးနစ္နာမႈေတြနဲ႔ ႀကဳံေတြ႕လာၾကရတာကို ေတြ႕ရပါတယ္။ ဒီ့ အတြက္ေၾကာင့္ ပထမဆုံး ကိုယ္ပိုင္ေနအိမ္ဝယ္ယူမယ့္သူေတြရဲ႕ မွားတတ္တဲ့ အမွားသုံးခုအေၾကာင္းကို သိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါရေစ…

၁။ ပထမဆုံး အိမ္ဝယ္ယူေတာ့မယ္ဆိုရင္ အခေၾကးေငြယူၿပီး ပြဲစား လိုက္လုပ္တဲ့ အိမ္ၿခံေျမအက်ိဳးေဆာင္ေတြရဲ႕ စကားကိုအျပည့္ အဝ မယုံၾကည္သင့္ပါဘူး။ အကယ္၍ ဒီလိုအေျခအေနမ်ိဳးကို ျပဳလုပ္ခဲ့

မိၿပီးရင္လည္း ျမန္ျမန္အဆုံးသတ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေငြေရး ေၾကးေရးနဲ႔ ပတ္သက္တဲ့ရင္းႏွီးမႈက တစ္ခါတစ္ရံ အလုပ္သေဘာ အရေလာက္ပဲရွိကာ တာဝန္ယူမႈကင္းမဲ့ၿပီး ယုံၾကည္ရလည္းခက္ခဲပါတယ္။

ဒီေတာ့ ကိုယ္တကယ္ ယုံၾကည္ရတဲ့အေတြ႕အႀကဳံရွိ အိမ္ ၿခံေျမလုပ္ကိုင္သူ တစ္ဦးတည္းဆီမွာ ကိုယ္လိုခ်င္တဲ့ အိမ္အေနအထားမ်ိဳး၊ တတ္ႏိုင္တဲ့ေဈးႏႈန္းကို ပြင့္ပြင့္လင္းလင္းနဲ႔ ေျပာျပပါ။ ေငြေရးေၾကးေရးနဲ႔

အႀကံဉာဏ္ယူတိုင္ပင္တာထက္ ခင္မင္မႈအတိုင္း အတာနဲ႔ အႀကံေပးတာေတြကို လက္ခံယူပါ။ သိလိုတဲ့ ေမးခြန္းေတြ၊ အိမ္နဲ႔ပတ္သက္တဲ့ ေဈးႏႈန္း၊ အိမ္အျပင္အဆင္အခ်က္အလက္ေတြ စာခ်ဳပ္စာတမ္း၊ ပိုင္ဆိုင္မႈအခ်က္အလက္ခိုင္လုံမႈရွိမရွိ စတာေတြကို ျပည့္ျပည့္စုံစုံ ေရာင္းခ်မယ့္သူထံကေန ေမးျမန္းပါ။

၂။ အိမ္အေရာင္းအဝယ္နဲ႔ပတ္သက္ၿပီး ႀကိဳတင္ၿပီး စကားခံခ်ဳပ္ဆို ထားတဲ့ စာခ်ဳပ္စာတမ္းေတြ၊ ကတိကဝတ္ျပဳတာေတြ မလုပ္ပါနဲ႔။ ေန အိမ္ပိုင္ဆိုင္မႈ အေရာင္းအဝယ္ဆိုတာ သီးပင္စားပင္ဝယ္သေလာက္ မလြယ္ကူပါဘူး။

ကိုယ္တစ္သက္တာ ပိုင္ဆိုင္မႈနဲ႔ထိုးၿပီး အဝယ္လုပ္ လိုက္ရတာပါ။ တစ္ခ်က္ကေလးေတာင္ အမွားမရွိရပါဘူး။ ဒီ့အ တြက္ က်ိန္းေသေပါက္ ဝယ္ယူဖို႔မျဖစ္ေသးတဲ့ အေရာင္းအဝယ္ကို ပါးစပ္ကတိေပးၿပီး မလုပ္ထားသင့္ပါဘူး။

ေနာက္ အျပင္ပိုင္းပဲၾကည့္ ႐ုံနဲ႔ စိတ္တိုင္းက်လို႔ အေရာင္းအဝယ္ျဖစ္သြားေအာင္၊ ကိုယ္လိုခ်င္ တဲ့ ေဈးရေအာင္လို႔ဆိုၿပီး အလုပ္မျဖစ္ခင္ ႏွစ္ဦးသားသာသိတဲ့ စာခ်ဳပ္ခ်ဳပ္ထားတာတို႔ မလုပ္သင့္ပါဘူး။

ကိုယ္တကယ္ဝယ္ယူ မယ့္အခ်ိန္မွ အိမ္ရဲ႕စိတ္တိုင္းမက်တဲ့ အေျခအေနေတြေပၚလာတဲ့ အခ်ိန္ အခ်င္းခ်င္းမ်က္ႏွာပ်က္စရာျဖစ္လာတတ္ပါတယ္။ ဒီလိုမ်ိဳး တစ္ႀကိမ္အေရာင္းအဝယ္မွာ ကေမာက္ကမျဖစ္သြားခဲ့ရင္

ေနာက္ တစ္ႀကိမ္မွာလည္း အဆင္ေျပႏိုင္ဖို႔ ခက္ခဲပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အိမ္ၿခံေျမအေရာင္းေလာကမွာ စကားအရာပ်ံ႕ဖို႔ကအရမ္း ကိုလ်င္ျမန္ၿပီး အေရာင္းအဝယ္ပြဲစားတစ္ဦးနဲ႔ တစ္ဦးကလည္း အခ်ိတ္အဆက္ေကာင္းတဲ့အတြက္ေၾကာင့္ ကိုယ့္ရဲ႕အမွားေတြနဲ႔ ကိုယ္လိုခ်င္တဲ့ ေဈးေတြအေၾကာင္း သိၿပီးသားမို႔ပါပဲ။

၃။ ကိုယ္ပိုင္အိမ္နဲ႔ ပထမဆုံးဝယ္ေနဖို႔အတြက္ အရမ္းေဈးႀကီးတဲ့ ေနအိမ္မ်ိဳးဝယ္မေနသင့္ပါဘူး။ ေဈးအသင့္အတင့္နဲ႔ ကိုယ္တတ္ ႏိုင္သေလာက္ပဲ အရင္ဆုံးဝယ္ေနလိုက္ပါ။ ဒါကလည္း ပထမဆုံး

ကိုယ္ပိုင္အိမ္နဲ႔ေနထိုင္မယ့္ သူေတြအမ်ားဆုံး မွားတတ္ၾကတဲ့ အမွားမ်ိဳးပါပဲ။ အရင္ကိုယ္ပိုင္ အိမ္မရခင္ကတည္းက ႀကိဳၿပီးစိတ္ကူး ယဥ္တတ္ၾကတဲ့ လက္ေတြ႕မဆန္တဲ့ စိတ္ကူးေတြေၾကာင့္ ဆႏၵေစာ သြားတာေတြေၾကာင့္လည္း ျဖစ္ပါတယ္။

အေျခအေနတစ္ခုဆိုတာ ႀကိဳတင္မျမင္ရတဲ့အတြက္ ဒီလိုမ်ိဳး တန္ဖိုးႀကီးႀကီးအိမ္တစ္လုံး ကိုယ္ဝယ္ေနလိုက္မယ္ဆိုရင္ ကိုယ့္အတြက္ အျခားအသုံးစရိတ္ ေတြမကာႏိုင္ေတာ့ပါဘူး။ ေနအိမ္တစ္လုံးမွာ ေနထိုင္လို႔အဆင္ေျပ ရင္

တစ္သက္တာလုံးအတြက္ မပူပန္ရေပမဲ့ ေနထိုင္လို႔အဆင္မေျပ ရင္ေတာ့ အလြန္ဆုံးေနႏိုင္ ေလးငါးႏွစ္ထက္မပိုပါဘူး။ အဲ့ဒီအခါက် မွ ဒီလိုမ်ိဳးေဈးႀကီးႀကီး အိမ္တစ္လုံးကို ျပန္ေရာင္းထြက္ဖို႔က သိပ္ကို ခဲသြားပါၿပီ။

ပတ္ဝန္းက်င္ကလည္း အဆင္မေျပ၊ ေနအိမ္ကလည္းေနလို႔မေကာင္းလို႔ ေနာက္တစ္အိမ္ေျပာင္းဖို႔ေတာင္ မလြယ္ကူႏိုင္ေတာ့ တဲ့အတြက္ေၾကာင့္ပါ။ Credit: iMyanmarHouse.com မွကူးယူေဖာ္ျပသည္။