အိမ္ရွင္မမ်ားအတြက္အသုံးဝင္ေစမဲ့ေဆာစ့္လုပ္နည္း ၇ နည္း

အိမ်ရှင်မများအတွက်အသုံးဝင်စေမဲ့ဆောစ့်လုပ်နည်း ၇ နည်း

မန်ကျည်းနှစ်ဆော့စ်

ခရမ်းချဉ်သီးဆော့စ်ထဲမှာပါ၀င်သော ပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။မန်ကျည်းအနှစ်ကို စားပွဲဇွန်း ၁၀ ဇွန်းထည့်ပြီး ရှလကာရည်ကို လျှော့ထည့်ပါ။ပျားရည်အစား သကြားသုံးပါ။ လုပ်နည်းကတော့

ခရမ်းချဉ် သီးဆော့စ်နည်းအတိုင်းပါ။စားခါနီးဆော့စ်ထဲ ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ပူစီနံ (သို့) နံနံပင်ဖြူးပြီးအကြော်နဲ့တွဲစားလျှင် သိပ်ကောင်းပါတယ်။ဘူးသီးကြော်နှင့်စားလျှင် လိုက်ဖက်ပါတယ်။ Crd.Syi Lwin

ခရမ်းချဉ်သီးဆော့စ်

ခရမ်းချဉ်သီးရဲရဲနီ အမှည့်ကို လေးစိတ်စိတ်ပြီး ရေနည်းနည်းထည့် အဖုံးအုပ်ပြီး အိနပ်နေအောင်ပြုတ်ပါ။ ပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါ။ ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ။ (အစေ့နဲ့ အခွံ မပါစေရ) ရလာတဲ့ အနှစ်ကို ဆား၊ သကြား ၂ ဆ၊ ရှာလကာရေ ၁ ဆ၊

အရောင်တင်မှုန့်( ငရုတ်သီးမှုန့်အရောင်အတွက်)၊ ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ။အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်။(ဘယ် အရောင်ဆိုးဆေး(food colour)မှ ထည့်စရာ မလိုပါ။)ရေ ကျန် မကျန် သိလိုပါက အနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ။

(ရေစိမ့်ထွက် မလာပါက ရပါပြီ။)ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။မိမိစားလိုတဲ့အချိန်မှာ စားလို့ရအောင် အခန်းအပူချိန်အတိုင်း အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။ စားချင်တဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ။ Credit

ထိုင်းဆော့စ်

ထိုင်းအကင် ဝက်ဂုတ်သားကင်တွေမှာ များသောအားဖြင့် တွဲစားတဲ့ ဆော့စ်ပါ။ထန်းလျက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ နံနံပင်မြစ် ထောင်းပါ၊ ကြိုပါ။ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ ငြုပ်ကြမ်းမှုန့်၊ နံနံပင် ထည့်ရုံပါပဲ

ဘိတ်ချဉ်

ကြက်သွန်ဖြူ ဥတစ်လုံး၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ ငံပြာရည်၊ ဟင်းခပ်မှုန့်၊အားလုံးရောပီး စိမ်ထားရုံပါပဲ။ ဟင်းခပ်မှုန့် ကတော့ မိမိအကြိုက် အနည်း အများ ထည့်ပါ။ ကျမက ဘိတ်ချဉ်ဆို အရမ်းကြိုက်ပါတယ်။

ဒါကြောင့် အိမ်မှာ အဆင်သင့် အမြဲလုပ်ထားပါတယ်။ ထမင်းပေါင်း,ထမင်းကြော်,ကြာဇံကြော်,ကြက်ကင် ဘာပဲလုပ်စားစား ဘိတ်ချဉ်ရှိတော့ အဆင်သင့်စားရုံပါပဲ။Hot Pot နဲ့ စားရင်တော့ ခုစိမ်ထားတဲ့ ဘိတ်ချဉ်ထဲကို

သကြား ထပ်ထည့်ပီး စားပါတယ်။ အရောင်ပါတဲ့ အချဉ်တွေထက် ဘိတ်ချဉ်ကို ပိုကြိုက်ပါတယ်။ကော်ဗူးက ကြာရင် ကော်နံ့ထွက်တတ်တာမို့ ပုလင်းနဲ့စိမ်တာက ပိုကောင်းပါတယ်။ခုလို စိမ်ထားတော့

ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို အရသာစိမ့်ဝင်နေပြီး ပိုစားကောင်းပါတယ်။ ကင်းမွန် ငံပြာရည်ထည့်ထည့် ဗမာငံပြာရည်ထည့်လည်း ရပါတယ်။ ရေမရောရပါဘူး။ Credit – ပဲခူးဒေါ်ထွေးရီ

ကိုရီယားစတိုင်ဆော့စ်

၀က်ခေါက် သုပ်ရာမှာ ထည့်နယ်နိုင်သလို အသီးအရွက်တွေနဲ့ဘဲ နယ်ပြီး ၀က်ခေါက်ကင်ပေါ်တင်၍သုံးဆောင်နိုင်ပါတယ်။ ကြက်သွန်ဖြူ ၅မွှာ၊ ငရုပ်သီးစိမ်း ၃ တောင့် တို့ကို ရောထောင်းထားပါ၊ကြက်သွန်မြိတ်၁ ပင် ကြမ်းကြမ်းလေးလှီထားပါ၊

ပဲငံပြာရည် အကျဲ ၂ စားပွဲဇွန်း၊ပျားရည် ၁ စားပွဲဇွန်း၊ ကိုရီးယား ငရုပ်သီးမှုန့် ၂ လက်ဘက်ရည်ဇွန်း၊ ကိုရီးယားငရုပ်သီး နှစ် ၂ စားပွဲဇွန်း၊ ပအုန်းရည် /ရှာလကာရည် အပျော့ ၁ စားပွဲဇွန်း၊ နှမ်းဆီမွှေး ၁ လက်ဘက်ရည်ဇွန်း၊ နှမ်းလှော် ၁ လက်ဘက်ရည်ဇွန်း၊ ဆား သင့် ရုံ၊ ပါ၀င်ပစ္စည်း အားလုံးကိုရောမွှေပါ။အပေ့ါ၊ အငံ လိုအပ်သလို ပြုပြင်ပါ Crd.meemee

ထိုင်းငရုတ်အချိုဆော့စ်

လက်ညှိုးအရွယ်ရှိတဲ့ ငရုတ်အနီအစိုသီးအတောင့် ၂၀ မှာ စပ်တဲ့ငရုတ်အနီအစိုအသေးတောင့် ၅ တောင့်ထည့်ပါ။ ကြက်သွန်ဖြူ ၅ မွှာနဲ့ ခွဲကြမ်းဖြစ်အောင်ထောင်းပါ။(သိပ်မကြေသလို / သိပ်ပြီးအဖတ် မကြီးစေရ) ထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို

ရေ (အနေတော်ထည့်)၊ ဆား၊ သကြား၊ ရှာလကာရေ ထည့်ပြီး ပွက်ပွက်ဆူဆောင် ကျိုပါ။ ( အရသာမှာ ချိုချဉ် ) အရသာ စိတ်တိုင်းကျပြီဆိုရင် ကော်မှုန့်ကို ရေ နဲ့ အနေတော်ဖျော်ပြီးမပျစ် မကျဲ အနေအထားရောက်အောင် ထည့်မွှေပေးပါ။ဆော့စ်အေးသွားပြီးနောက် စားခါနီး သံပုရာရေ အနည်းငယ် ညှစ်ထည့်ပါကအနံ့ပိုမွှေးပါတယ်။

စားခါနီးမှာ ရှောက်ရွက်လေး သေးမျှင်လှီးပြီး အလှဆင် တင်စားလို့ရပါတယ် အအေးခံပြီး ဗူးသန့်သန့် နဲ့ထားပါက နှစ်ချီအထားခံပါတယ်။တချို့ကတော့ငရုတ်သီးအစိုတောင့်နေရာမှာအိမ်မှာရှိတဲ့ငရုတ်သီးအစိမ်းမှုန့်ခွဲကြမ်းကိုလဲသုံးကြပါတယ်။အနောက်နိုင်ငံတွေမှာခရမ်းချဉ်သီးပါတဲ့အစားအစာတိုင်းမှာသကြားအမြဲသုံးလေ့ရှိကြပါတယ်။Credit

ငရုတ်အစပ်ဆော့စ်

ဒါကလဲ အပေါ်က ခရမ်းချဉ်သီး လုပ်နည်း အတိုင်း အသုံးပြုပါ( ခရမ်းချဉ်သီးပြုတ်တဲ့ အချိန်မှာ မိမိလိုသလောက်သာ အစပ်အတွက် ငရုတ်သီးခြောက် ထည့်ပြုတ်ပါ ) ကျန်တဲ့ လုပ်ထုံး လုပ်နည်း အတူတူပင်

Credit….

Zawgyi

အိမ္ရွင္မမ်ားအတြက္အသုံးဝင္ေစမဲ့ေဆာစ့္လုပ္နည္း ၇ နည္း

မန္က်ည္းႏွစ္ေဆာ့စ္

ခရမ္းခ်ဥ္သီးေဆာ့စ္ထဲမွာပါ၀င္ေသာ ပစၥည္းမ်ား အားလုံးအတိုင္းထည့္ပါ။မန္က်ည္းအႏွစ္ကို စားပြဲဇြန္း ၁၀ ဇြန္းထည့္ၿပီး ရွလကာရည္ကို ေလွ်ာ့ထည့္ပါ။ပ်ားရည္အစား သၾကားသုံးပါ။ လုပ္နည္းကေတာ့

ခရမ္းခ်ဥ္ သီးေဆာ့စ္နည္းအတိုင္းပါ။စားခါနီးေဆာ့စ္ထဲ င႐ုတ္သီးစိမ္းေလးညႇပ္ထည့္ၿပီး ပူစီနံ (သို႔) နံနံပင္ျဖဴးၿပီးအေၾကာ္နဲ႔တြဲစားလွ်င္ သိပ္ေကာင္းပါတယ္။ဘူးသီးေၾကာ္ႏွင့္စားလွ်င္ လိုက္ဖက္ပါတယ္။ Crd.Syi Lwin

ခရမ္းခ်ဥ္သီးေဆာ့စ္

ခရမ္းခ်ဥ္သီးရဲရဲနီ အမွည့္ကို ေလးစိတ္စိတ္ၿပီး ေရနည္းနည္းထည့္ အဖုံးအုပ္ၿပီး အိနပ္ေနေအာင္ျပဳတ္ပါ။ ၿပီးရင္ blender နဲ႔ ေၾကေအာင္ႀကိတ္ပါ။ ႀကိတ္ၿပီးရင္ ဆန္ခါ အစိပ္နဲ႔ အႏွစ္တိုက္ခ်ပါ။ (အေစ့နဲ႔ အခြံ မပါေစရ) ရလာတဲ့ အႏွစ္ကို ဆား၊ သၾကား ၂ ဆ၊ ရွာလကာေရ ၁ ဆ၊

အေရာင္တင္မႈန္႔( င႐ုတ္သီးမႈန္႔အေရာင္အတြက္)၊ ေရအနည္းငယ္ထည့္ၿပီး မီးေအးေအးနဲ႔ အဆက္မျပတ္ ၄၅ မိနစ္ေလာက္ ေမႊေပးပါ။အလိုလို နီရဲၿပီး ပ်စ္လာတာကို ေတြ႕ရပါမယ္။(ဘယ္ အေရာင္ဆိုးေဆး(food colour)မွ ထည့္စရာ မလိုပါ။)ေရ က်န္ မက်န္ သိလိုပါက အနည္းငယ္ ယူၿပီး ပန္းကန္ ႏႈတ္ခမ္းမွာ တင္ၾကည့္ပါ။

(ေရစိမ့္ထြက္ မလာပါက ရပါၿပီ။)ေရမက်န္ပါက ႏွစ္ခ်ီၿပီး အထားခံပါတယ္။မိမိစားလိုတဲ့အခ်ိန္မွာ စားလို႔ရေအာင္ အခန္းအပူခ်ိန္အတိုင္း အေအးခံၿပီး ဗူးသန္႔သန္႔နဲ႔ ေလလုံေအာင္ ထည့္ပိတ္ထားပါ။ စားခ်င္တဲ့အခါ ဇြန္း အသန္႔နဲ႔ယူစားပါ။ Credit

ထိုင္းေဆာ့စ္

ထိုင္းအကင္ ဝက္ဂုတ္သားကင္ေတြမွာ မ်ားေသာအားျဖင့္ တြဲစားတဲ့ ေဆာ့စ္ပါ။ထန္းလ်က္၊ ငါးငံျပာရည္၊ ပဲငံျပာရည္၊ သၾကား၊ ၾကက္သြန္ျဖဴ၊ နံနံပင္ျမစ္ ေထာင္းပါ၊ ႀကိဳပါ။ ဆန္ေလွာ္မႈန္႔၊ ၾကက္သြန္နီ၊ ျငဳပ္ၾကမ္းမႈန္႔၊ နံနံပင္ ထည့္႐ုံပါပဲ

ဘိတ္ခ်ဥ္

ၾကက္သြန္ျဖဴ ဥတစ္လုံး၊ င႐ုတ္သီးစိမ္း၊ ရွာလကာရည္၊ ငံျပာရည္၊ ဟင္းခပ္မႈန္႔၊အားလုံးေရာပီး စိမ္ထား႐ုံပါပဲ။ ဟင္းခပ္မႈန္႔ ကေတာ့ မိမိအႀကိဳက္ အနည္း အမ်ား ထည့္ပါ။ က်မက ဘိတ္ခ်ဥ္ဆို အရမ္းႀကိဳက္ပါတယ္။

ဒါေၾကာင့္ အိမ္မွာ အဆင္သင့္ အၿမဲလုပ္ထားပါတယ္။ ထမင္းေပါင္း,ထမင္းေၾကာ္,ၾကာဇံေၾကာ္,ၾကက္ကင္ ဘာပဲလုပ္စားစား ဘိတ္ခ်ဥ္ရွိေတာ့ အဆင္သင့္စား႐ုံပါပဲ။Hot Pot နဲ႔ စားရင္ေတာ့ ခုစိမ္ထားတဲ့ ဘိတ္ခ်ဥ္ထဲကို

သၾကား ထပ္ထည့္ပီး စားပါတယ္။ အေရာင္ပါတဲ့ အခ်ဥ္ေတြထက္ ဘိတ္ခ်ဥ္ကို ပိုႀကိဳက္ပါတယ္။ေကာ္ဗူးက ၾကာရင္ ေကာ္နံ႔ထြက္တတ္တာမို႔ ပုလင္းနဲ႔စိမ္တာက ပိုေကာင္းပါတယ္။ခုလို စိမ္ထားေတာ့

ၾကက္သြန္ျဖဴနဲ႔ င႐ုတ္သီးစိမ္းထဲကို အရသာစိမ့္ဝင္ေနၿပီး ပိုစားေကာင္းပါတယ္။ ကင္းမြန္ ငံျပာရည္ထည့္ထည့္ ဗမာငံျပာရည္ထည့္လည္း ရပါတယ္။ ေရမေရာရပါဘူး။ Credit – ပဲခူးေဒၚေထြးရီ

ကိုရီယားစတိုင္ေဆာ့စ္

၀က္ေခါက္ သုပ္ရာမွာ ထည့္နယ္ႏိုင္သလို အသီးအ႐ြက္ေတြနဲ႔ဘဲ နယ္ၿပီး ၀က္ေခါက္ကင္ေပၚတင္၍သုံးေဆာင္ႏိုင္ပါတယ္။ ၾကက္သြန္ျဖဴ ၅မႊာ၊ င႐ုပ္သီးစိမ္း ၃ ေတာင့္ တို႔ကို ေရာေထာင္းထားပါ၊ၾကက္သြန္ၿမိတ္၁ ပင္ ၾကမ္းၾကမ္းေလးလွီထားပါ၊

ပဲငံျပာရည္ အက်ဲ ၂ စားပြဲဇြန္း၊ပ်ားရည္ ၁ စားပြဲဇြန္း၊ ကိုရီးယား င႐ုပ္သီးမႈန႔္ ၂ လက္ဘက္ရည္ဇြန္း၊ ကိုရီးယားင႐ုပ္သီး ႏွစ္ ၂ စားပြဲဇြန္း၊ ပအုန္းရည္ /ရွာလကာရည္ အေပ်ာ့ ၁ စားပြဲဇြန္း၊ ႏွမ္းဆီေမႊး ၁ လက္ဘက္ရည္ဇြန္း၊ ႏွမ္းေလွာ္ ၁ လက္ဘက္ရည္ဇြန္း၊ ဆား သင့္ ႐ုံ၊ ပါ၀င္ပစၥည္း အားလုံးကိုေရာေမႊပါ။အေပ့ါ၊ အငံ လိုအပ္သလို ျပဳျပင္ပါ Crd.meemee

ထိုင္းင႐ုတ္အခ်ိဳေဆာ့စ္

လက္ညႇိဳးအ႐ြယ္ရွိတဲ့ င႐ုတ္အနီအစိုသီးအေတာင့္ ၂၀ မွာ စပ္တဲ့င႐ုတ္အနီအစိုအေသးေတာင့္ ၅ ေတာင့္ထည့္ပါ။ ၾကက္သြန္ျဖဴ ၅ မႊာနဲ႔ ခြဲၾကမ္းျဖစ္ေအာင္ေထာင္းပါ။(သိပ္မေၾကသလို / သိပ္ၿပီးအဖတ္ မႀကီးေစရ) ေထာင္းထားတဲ့ င႐ုတ္သီးနဲ႔ ၾကက္သြန္ျဖဴကို

ေရ (အေနေတာ္ထည့္)၊ ဆား၊ သၾကား၊ ရွာလကာေရ ထည့္ၿပီး ပြက္ပြက္ဆူေဆာင္ က်ိဳပါ။ ( အရသာမွာ ခ်ိဳခ်ဥ္ ) အရသာ စိတ္တိုင္းက်ၿပီဆိုရင္ ေကာ္မႈန္႔ကို ေရ နဲ႔ အေနေတာ္ေဖ်ာ္ၿပီးမပ်စ္ မက်ဲ အေနအထားေရာက္ေအာင္ ထည့္ေမႊေပးပါ။ေဆာ့စ္ေအးသြားၿပီးေနာက္ စားခါနီး သံပုရာေရ အနည္းငယ္ ညႇစ္ထည့္ပါကအနံ႔ပိုေမႊးပါတယ္။

စားခါနီးမွာ ေရွာက္႐ြက္ေလး ေသးမွ်င္လွီးၿပီး အလွဆင္ တင္စားလို႔ရပါတယ္ အေအးခံၿပီး ဗူးသန္႔သန္႔ နဲ႔ထားပါက ႏွစ္ခ်ီအထားခံပါတယ္။တခ်ိဳ႕ကေတာ့င႐ုတ္သီးအစိုေတာင့္ေနရာမွာအိမ္မွာရွိတဲ့င႐ုတ္သီးအစိမ္းမႈန္႔ခြဲၾကမ္းကိုလဲသုံးၾကပါတယ္။အေနာက္ႏိုင္ငံေတြမွာခရမ္းခ်ဥ္သီးပါတဲ့အစားအစာတိုင္းမွာသၾကားအၿမဲသုံးေလ့ရွိၾကပါတယ္။Credit

င႐ုတ္အစပ္ေဆာ့စ္

ဒါကလဲ အေပၚက ခရမ္းခ်ဥ္သီး လုပ္နည္း အတိုင္း အသုံးျပဳပါ( ခရမ္းခ်ဥ္သီးျပဳတ္တဲ့ အခ်ိန္မွာ မိမိလိုသေလာက္သာ အစပ္အတြက္ င႐ုတ္သီးေျခာက္ ထည့္ျပဳတ္ပါ ) က်န္တဲ့ လုပ္ထုံး လုပ္နည္း အတူတူပင္

Credit….